YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Padre.Pio.2023.1080p.AMZN.WEB-DL[CM].mp4

2.09 GB N/A video/mp4 84 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Knights of the Zodiac
6.5

Knights of the Zodiac (2023) စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချပြီး နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေ ဆုတ်ခွာသွားခဲ့ရပြီး ကမ္ဘာကြီး ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားမ အသီနာ လူသားကောင်မလေးအဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေနဲ့မုန်တိုင်းတွေ ပြန်အစပျိုးလာပါတယ်။ အသီနာကို စောင့်ရှောက်မဲ့ သူရဲကောင်းတွေ လိုအပ်လာသလို အသီနာကို သတ်မဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။ အဲဒီအဖွဲ့တွေကြားထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… 2.24GB | 1GB | 485MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Adnerson Encoder ..... Aaron

Drama • Thriller
6.5 2023 112 mins
Knights of the Zodiac
Bajirao Mastani
7.3

ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်... နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်...သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်က ဘာသာတရားဖြစ်ပြီး ဘာသာတရားကြီးစိုးတဲ့ခေတ်မှာ သူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ...။ အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခု
ရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသ
စုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ File size…(4.6 GB) /(2.9 GB) / (1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

7.3 2015 158 mins
Bajirao Mastani
B Cut
5.2

ဒီ Action, Crime, Thriller အမျိုးအစား ရုပ်ရှင်လေးက ဖုံးကွယ်လိုသူ နဲ့ ဖော်ထုတ်လိုသူတို့အကြောင်းကို ရိုက်ကူးထားတာပါ။ ဆွန်းဟျွန်း ဆိုတဲ့ အမျိုးသားတစ်ယောက်က စမတ်ဖုန်းပြုပြင်ခြင်း အထူးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလေးတည်ထောင်ထားပါတယ်။ တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြုပြင်ဖို့အတွက် သူ့ဆီကို ရောက်လာခဲ့ပါတယ်။ ဆွန်းဟျွန်းကတော့ ဖုန်းကို ပြင်ရုံမက ဖျက်ထားတဲ့ ဓာတ်ပုံကစလို့ ဒေတာတွေကိုပါ ပြန်လည် ရယူပေးရာကနေ ဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတယ်။ A Cut နဲ့ B Cut ဆိုပြီး ခွဲပြီး ဒေတာတွေ ပြန်ဖော်ပေးလိုက်ပါတယ်။ A Cut ကတော့ လူတိုင်းကြည့်လို့ရနိုင်တာတွေဖြစ်ပြီး B Cut ကတော့ အထူးလျှို့ဝှက် တစ်ကိုယ်ရည်ပဲ သိသင့်တာမျိုးပေ့ါ။ B Cut ဒေတာတွေကနေ စလိုက်တဲ့ ဇာတ်လမ်းက တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ရဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေထိ ပေါ်ပေါက်လာပြီးနောက်မှာတော့ ... ဆန်းဟျွန်းတစ်ယောက် ဘယ်လို နောက်ခံအင်အားရှိတဲ့ လူတွေရဲ့ လူမှုရေးဖောက်ပြန်မှုကို ဖော်ထုတ်မိတာလဲ? သူ့ဆီကို ဘယ်လို အန္တရာယ်တွေ ကျရောက်လာမလဲ? ဖုံးကွယ်လိုသူနဲ့ ဖော်ထုတ်လိုသူတို့ကြား အားပြိုင်ဆိုင်မှုတွေက ဘယ်အတိုင်းအတာထိ ရောက်သွားမလဲ? စတာတွေကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ File Size          :  1.7GB, 599MB & 294MB Quality            : 1080p HDRip, 720p HDRip & 480p Format            : mp4 Duration         : 1hr & 35mins Genre              : Action, Crime, Thriller Translated by  Thynn Nu Swe Encoded by Kinnov

Action • Drama • Romance
5.2 2022 95 mins
B Cut
Puppy Love
7.6

အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။ မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ပြဿနာတွေတက်ပြီး မပြေလည်ခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်တဲ့အကြောင်းအရင်းတွေနဲ့ အာဝုလေးတွေကို အကြောင်းပြုပြီး သူတို့နှစ်ဦးပြန်ဆုံတွေ့ရဖို့ ဖြစ်လာတဲ့အခါ။ အာဝုလေးနှစ်ကောင်၊ အဆင်လေးနှစ်ယောက်နဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ရယ်ရယ်မော မော ကြည့်ရမှာမို့ ခဏတာစိတ်အမောတွေပြေဖို့ ကြည့်ကြည့်လိုက်ရအောင်နော်။ (မက်စ်အဖြစ် flash series က မင်းသား Grant Gustin က ပါဝင်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'monမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ C'mon, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(2.5 GB) / (1.5 GB) / (624 MB) Quality............WEB-DL 4K HEVC / 1080p / 720p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......C'mon, Khant Sett Naing Encoder..........Zin Phyo Aung

Action • Crime • Thriller
7.6 2023 106 mins
Puppy Love
Making Wolf’s Path

Making Wolf’s Path (2022) Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 19Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

0 2022
Making Wolf’s Path
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
[18+] Tuhog
5.5

Tuhog (2023) အက်ဘီဟာ သူနာပြုအကူကောင်မလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူမိုက်ကယ်ကတော့ စစ်သားတစ်ယောက်ပါ။ ဖခင်နဲ့အဆင်မပြေတဲ့ မိုက်ကယ်ဟာ အက်ဘီနဲ့အတူသီးခြားနေခဲ့ပေမဲ့ သူ့ဖခင်နှလုံးရောဂါဖောက်ကြောင်း သတင်းရတဲ့အချိန်မှာတော့ အက်ဘီရဲ့ စေ့စပ်ပေးမှုနဲ့အတူ ဖခင်ကြီးနဲ့ပြန်အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ မိုက်ကယ်တစ်ယောက် ရှေ့တန်းပါသွားရင်း ကျဆုံးသွားခဲ့ပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။ အက်ဘီက သူ့ချစ်သူမရှိတော့တဲ့ အိမ်ကြီးမှာဆက်မနေနိုင်တော့ကြောင်းပြောဖို့ ကြိုးစားခဲ့ပေမဲ့ မိုက်ကယ့်ဖခင်ရဲ့တားမြစ်မှုကြောင့်နေဖြစ်ရာကနေ သန်တုန်းမြန်တုန်းယောက္ခမလောင်းကြီးနဲ့ သွေးသားဆူဖြိုးတဲ့အရွယ်ကိုမှ ယောက်ျားတွေရဲ့အထိအတွေ့နဲ့ဝေးတာကြာပြီဖြစ်တဲ့ အက်ဘီတို့ဟာ အိုးချင်းထား အိုးချင်းတီးကြပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းစပြီး မကြာခင်မှာပဲ သေပြီလို့မှတ်ယူထားခဲ့တဲ့ မိုက်ကယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့…။ Pantaxa Laiya ပြိုင်ပွဲဝင် Vivamax စင်တင်မင်းသမီးလေး Apple Dy ဦးဆောင်ပါဝင်ထားပြီး ထုံးစံအတိုင်း မင်းသမီးသစ်လေးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပေးပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 33Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.5 2023
[18+] Tuhog
The Three Musketeers Part II : Milady
6.5

The Three Musketeers Part II : Milady ( 2023 ) ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D’Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three Musketeersကို တန်ဖိုးထားတဲ့လူတွေချည်းပါပဲ။ ဒါရိုက်တာ Martin Bourboulonဆို Revenge of the Musketeersကို သူ့အဖေက ပရိုဂျူဆာလုပ်ခဲ့သလို ငယ်ငယ်ကတည်းက ဒီရိုက်ကွင်းကို ရိုက်ခဲ့ပြီး တော်တော်လေး အထင်ကြီးခဲ့တဲ့လူပါ။ ဒီထဲက နာမည်ကျော် ပြင်သစ်သရုပ်ဆောင် Vincent Casselဆိုလည်း သူ့အဖေက ပထမဆုံး1973ကားမှာ သရုပ်ဆောင်ဖူးသလို ဒါးတညံနေရာက သရုပ်ဆောင်တဲ့ François Civilဆိုလည်း ဒါးတညံနေရာက သရုပ်ဆောင်ဖို့က သူ့ငယ်ဘဝအိပ်မက်ဖြစ်ခဲ့ပါတယ်။ နောက်Louis Garrelနဲ့ Eva Greenတို့လို နာမည်ကျော်ပြင်သစ်သရုပ်ဆောင်တွေလည်းပါတယ်။ Eva Greenကတော့ ညှို့ဓာတ်ပြင်းသလို အဆိပ်လည်းပြင်းတဲ့ မိန်းမနေရာက သရုပ်ဆောင်တဲ့နေရာမှာ သက်ရှိထင်ရှားတဲ့သူ့ထက်သာတဲ့လူမရှီဘူးလို့ ပြောစမှတ်ပြုကြုတဲ့လူဆိုတော့ ဒီကားထဲက ဇာတ်ရုပ်ဟာ သူနဲ့အံကိုက်ပေါ့။ Part 2 မှာတော့ Part 1 မှာဖြစ်ခဲ့တဲ့ ဘုရင်ကို လုပ်ကြံဖို့ ပေါင်းကြံခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး ဒီပုန်ကန်မှုရဲ့ ကြိုးကိုင်သူကိုရှာဖို့ လုပ်နေကြပါပြီ။ ဇာတ်လမ်းနာမည်ကို Milady လို့တပ်ထားတဲ့အတိုင်းပဲ အီဗာဂရင်းရဲ့ဇာတ်ကောင် Miladyဟာ မွှေနည်းပေါင်းစုံနဲ့ ပတ်မွှေကောင်းတုန်းပါပဲ။ ဘုရင်ကိုလုပ်ကြံဖို့လုပ်ရဲမှာက ဘုရင့်အတွင်းစည်းထဲက လူတွေပဲလို့ Musketeerတွေက ယူဆပြီး ဒီလူကို ရှာဖို့လုပ်ကြတယ်။ ဘုရင့်ရဲ့ အတွင်းစည်းထဲက ဒီလိုသစ္စာဖောက်မှုကို Musketeerတွေ အာဏာချင်းမမျှပေမဲ့ ဘယ်လို သတ္တိတွေနဲ့ သက်သေပြကြမလဲကြည့်ကြရမှာပါ။ Part 2မှာလည်း ဇာတ်လမ်းဟာ အဆုံးမသတ်သေးဘဲ Part 3 ကို ဦးတည်ထားပါတယ်။ Part 3 ထွက်မထွက်တော့ မသိရသေးပေမဲ့ ထွက်ချင်လည်းထွက်လို့ရသေးတဲ့ အခြေအနေပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, History Quality…. 1080p | 720p File size… 1.7GB | 822MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama
6.5 2023
The Three Musketeers Part II : Milady
Nokturno
5

သဘာဝလွန် သည်းထိတ်ရင်ဖို Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင် Horror ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် ဖိလစ်ပိုင်မင်းသမီးချော Nadine Lustre, ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Eula Valdez, Ku Aquino တို့က ပါဝင်ထားပြီးတော့ ဒါရိုက်တာအဖြစ် Mikhail Red က ရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ပါးစပ်ပြော ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ညသန်းခေါင်ကျော်တဲ့အခါ တံခါးခေါက်သံ ကြားလို့ တံခါးဖွင့်ပေးလို့ရှိရင် အဲဒီတံခါးဖွင့်ပေးတဲ့သူဟာ Kumakatok ကျိန်စာသင့်သွားပြီးတော့ သုံးရက်အတွင်း ဝိညာဉ်တွေ လာခေါ်တာကိုခံရကာ သေသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျိန်စာကြောင့်သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ထူးခြားတဲ့သေဆုံးမှုကို အစ်မဖြစ်သူကစုံစမ်းရင်း သူပါကျိန်စာမိသွားပြီးတော့ အဲဒီကျိန်စာရဲ့ လက်ထဲကနေလွတ်မြောက်အောင် ကြိုးစားတဲ့ပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ Horror Genre ဖြစ်တာနဲ့အညီ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာ ဖြစ်ပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ File size… (1.06GB ) / (581MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
5 2024
Nokturno
Workers The Movie
5.9

ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့ လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့် စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊ အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာ ချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။ သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။ သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။ အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီး ပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.9 2023
Workers The Movie
A Hidden Life
7.5

A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ” – George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။

7.5 2019 173 mins
A Hidden Life
All About My Wife
6.6

All About My Wife (2012) ************************* IMDb….6.6 ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားလေးမှာတော့ My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving, Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီး Im Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best Supporting Actor ဆု, KOFRA Film Award Ceremony မှာ Best Supporting Actor ဆုတို့ကို ဆွတ်ခူးရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဒူဟျွန်း (Lee Sun Kyun)ဟာ လှပပြီး စမတ်ကျပေမဲ့လည်း ပူညံပူညံလုပ်တတ်တဲ့ ဇနီး( Im Soo Jung )ကို စိတ်ကုန်ပြီး ဇနီးသည်ရဲ့ အဝေးမှာပဲ နေချင်သူပါ… ။ တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်နီးနားချင်း ယောက်ျား( Ryu Seung ryoung)ဟာ မြာပွေပြီး မိန်းမတွေကို ဖြားယောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဆိုတာ သိလိုက်ရတဲ့ အခါမှာ .. သူ့ဇနီးကို ဖြားယောင်းခိုင်းပြီး ကွာရှင်းခွင့်ရဖို့ကြံစည်ပါတော့တယ်… တကယ်ပဲ သူကြံစည်ထားသလိုမျိုး ကွာရှင်းခွင့်ရသွားမှာလား .. ဇနီးဖြစ်သူရဲ့ တန်ဖိုးကိုရောနားလည်လာနိုင်ဦးမှာလားဆိုတာကိုတော့ Channel Myanmarနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…2.02GB / 833MB Quality… BluRayL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi & Htoo Pyae Encoded by AHtet

Drama • Science Fiction • Mystery
6.6 2012 121 mins
All About My Wife
Bringing Up Baby
7.4

Bringing Up Baby ရုပ်ရှင်ဇာတ်ကားဟာ ၁၉၃၈ ခုနှစ်မှာ ဒါရိုက်တာ Howard Hawks ရိုက်ကူးထားတဲ့ screwball comedy ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဒိုင်နိုဆောအမျိုးနွယ်ဝင်ဖြစ်တဲ့ brontosaurus ရုပ်ကြွင်းကို ပြီးဆုံးအောင် တပ်ဆင်နေတဲ့ ရုပ်ကြွင်းပညာရှင် David Huxley ဟာ သူ့ပြတိုက်အတွက် အလှူငွေရနိုင်အောင် ကြိုးစားနေအချိန် ပေါ့ပေါ့ပျက်ပျက်နဲ့ဘာကိုမှဂရုမစိုက်ဘဲ လုပ်တတ်တဲ့ Susan Vance နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက် ဂေါက်ကွင်းမှာ တွေ့ဆုံမှုကစပြီး နောက်ပိုင်း ဒိုင်နိုဆောအရိုးပျောက်လို့ ရှာပုံတော်ဖွင့်တာတွေ၊ Susan ရဲ့အဒေါ် Elizabeth အတွက် ပို့ပေးလိုက်တဲ့ ကျားသစ်ကို ရှာပုံတော်ဖွင့်တာတွေကစပြီး ဂယက်ပေါင်းသောင်းခြောက်ထောင်နဲ့အတူ သူ့ရဲ့ဘဝနဲ့ အနာဂတ်ကို ထိန်းသိမ်းဖိုကြိုးစားနေတဲ့ David နဲ့ သွက်လက်ပြီး ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့ Susan တို့အကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော် File size…(1.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

Adventure • Action • Comedy • Fantasy
7.4 1938 102 mins
Bringing Up Baby