YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

OMG Vampire S01E02 720p CM.mp4

246.11 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kelly's Heroes
7.4

~ IMDb - 7.6/10, Rotten Tomatoes - 78%~ စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.4GB, 791MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 24Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
7.4 1970 144 mins
Kelly's Heroes
Ju-on: The Grudge
6.7

ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။ နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။ အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ သူတွေအတွက် ကားကောင်းတစ်ကားဖြစ်မှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Crime
6.7 2002 92 mins
Ju-on: The Grudge
The Protector
6

ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုးရဲ။ သူတို့က နာမည်ကြီး ဂုဏ်သရေရှိ လူဆိုးကြီးတစ်ယောက်ရဲ့ ပါတီပွဲကို သွားတက်တယ်။ အဲဒီလူကြီးရဲ့ သမီးက သူတို့ရှေ့တင်ပြန်ပေးဆွဲခံလိုက်ရတယ်။ စုံစမ်းကြည့်တော့ ဟောင်ကောင်က လူဆိုးဂိုဏ်းနဲ့ပတ်သက်နေလို့ ဟောင်ကောင်ကို အမှုလာလိုက်ကြရင်း ဟောင်ကောင်တစ်ခုလုံးကို ဩဇာညောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုအံတုကြမလဲ မြင်ရမှာပါ။ ဂျက်ကီချမ်းရဲ့ အက်ရှင်တွေ ဟာသတွေ တစ်ထောကြီးကို ကြည့်ရမယ့်ကားမို့ ဂျက်ကီဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဟာသအက်ရှင်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.94GB, 940MB, 555MB Quality - Remastered 1080p, 720p, 480p IMDb Rating - 5.7/10 Format - mp4 Duration - 1H 31Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
6 1985 91 mins
The Protector
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
To the Moon
5.8

To The Moon (2021) ဝေးလံခေါင်သီတဲ့ တောတွင်းတစ်နေရာမှာ ဆေးစွဲနေလို့ ပြုတ်ခဲ့တဲ့ မင်းသားပြုတ်တစ်ယောက်ဟာ ဆေးဖြတ်ဖို့ အားယူနေတယ်။ သူ့မိန်းမက သူ့ကို အားပေးရင်း သူကလည်း သူ့မိန်းမထဲကို အားတွေပြန်ပေးရင်း နေလာလိုက်တာ ကံဆိုးချင်တော့ သူ့ဆီက နှစ်ပေါင်းများစွာက မတွေ့ခဲ့ရတဲ့ သူ့အစ်ကို ရုတ်တရက်ကြီး ရောက်လာတယ်။ သူ့အစ်ကိုရဲ့နောက်ကြောင်းကိုတော့ မရှင်းထားဘူးပေမဲ့ သူ့အစ်ကိုက ရူးနေသလိုလို ဘာလိုလိုပဲ။ သူ့မိန်းမကိုပါ ဆိုက်ကိုသွင်းပြီး ရူး‌ကြောင်မူးကြောင်ဖြစ်အောင်လုပ် သူ့ဘက်အရခေါ်ဖို့ကြိုးစားနေတဲ့ သူ့အစ်ကိုရဲ့ ရူးကြောင်မူးကြောင်အကွက်တွေအောက်မှာ ဆေးဖြတ်ဖို့ကြိုးစားရင်း ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ သူဟာ ရူးကြောင်မူးကြောင်အရာတွေနဲ့ ကြုံလာရတော့တယ်။ ဒီကားနဲ့ပဲ American Film Festival ဒါရိုက်တာ ဆုရထားတဲ့ ဒါရိုက်တာရဲ့ ကားသစ်လေးပါ။ ပုံမှန် Thriller ကားတစ်ကားထက်ပိုတဲ့ Ending တစ်ခုကို ခံစားရမယ့်အပြင် ကာရိုက်တာသုံးယောက်ကြားက Chemistry နဲ့ အားပြိုင်မှုကိုပါ ကောင်းကောင်းကြီး ခံစားကြပါလိမ့်မယ်။ Low Budget ပေမဲ့ အတော်လေးကို ကြည့်ရ အဆင်ပြေရုံတင်မက စိတ်ပါကျေနပ်မယ့် ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 635MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 23Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Science Fiction • War
5.8 2021 81 mins
To the Moon
Snow Falls

Eden ဟာဆေးကျောင်းသူတစ်ဦးဖြစ်ပြီးအမေဖြသ်သူက မကြာသေးခင်ကကင်ဆာနဲ့ဆုံးပါးသွားတာဖြစ်လို့ သူငယ်ချင်းတွေကစိတ်ပြေလက်ပျောက်ဖြစ်အောင် အပျော်ခရီးထွက်ဖို့ခေါ်လာပါတယ်။ အပန်းဖြေမယ့်အိမ်ကြီးရောက်ပြီး နောက်နေ့မှာပဲ နှင်းမုန်တိုင်းကျလို့လျှပ်စစ်မီးပျက်ကာ သူငယ်ချင်းတစ်သိုက်အိမ်ထဲမှာသောင်တင်နေပါတယ်။ ဒါပေမယ့် အအေးဒဏ်ကပိုပိုဆိုးလာပြီး လျှပ်စစ်မီးကလည်း ရက်နဲ့ချီပြတ်တောက်နေလို့ စားစရာနဲ့အနွေးဓာတ်ရဖို့ခက်ခဲလာပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် အာဟာရပြတ်လို့ ကယောင်ချောက်ခြားတွေဖြစ်လာချိန်မှာတော့ အားလုံးအသက်ရှင်လျက် ပြန်ထွက်နိုင်မလားဆိုတာ.. File size…(1.09GB) / (516.42MB) /263.69MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:19:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

0 2023
Snow Falls
Coraline
7.7

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

7.7 2009
Coraline
Sathiya Sothanai
7.6

Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ” IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ … ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှု‌ထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Adventure
7.6 2023
Sathiya Sothanai
Ek Tha Tiger
5.6

Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါး မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။ အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။ တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။ အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်)

5.6 2012
Ek Tha Tiger
Malicious

2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။ Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2023
Malicious
Parachute
6

CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့ IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ် ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်း မျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook, Instagram, Twitter အစရှိတဲ့ App မျိုးစုံကို ရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Media ပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့ based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေ မလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး မူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကို မြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ သူပေါ့။ ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကို အသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။ သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက် ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ထင်ပါတယ်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.87GB / 718MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

Horror • Thriller • Mystery
6 2024 108 mins
Parachute
The Professional Bridesmaid
6.2

2023 မှာထွက်ရှိခဲ့တဲ့ The Professional Bridesmaid ဆိုတဲ့Romance/Comedyဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မက်ဂီဟာ ပရော်ဖက်ရှင်နယ် သတို့သမီးအရံဆိုတဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သတို့သမီးဖြစ်သူစိတ်ဖိစီးမှုမရှိအောင် သူငယ်ချင်းအနေနဲ့ရော သတို့သမီးအရံတစ်ယောက်အနေနဲ့ပါ အစစအရာရာလိုက်ဖြည့်စည်းပေးရတဲ့အလုပ်လုပ်ကိုင်သူပါ။ တစ်နေ့တော့ မီဒီယာအာရုံစိုက်မှုများတဲ့ မြို့တော်ဝန်သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်ရပါတော့တယ်။ မြို့တော်ဝန်ဖြစ်သူကလည်း ဘာအလွဲအချော်မှမဖြစ်ဖို့အတန်တန်မှာထားပြီး ပွဲမှာ ရင်းနှီးသွားတဲ့ သတင်းထောက်လူချောလေးဟင်နရီပေါ် ခံစားချက်တွေရှိလာတဲ့အခါ လက်ထပ်ပွဲကအလွဲတွေတစ်ဖက် သူ့ရဲ့အကြောင်းစုံကိုဟင်နရီသိမှာစိုးရတာတစ်ကြောင်းနဲ့ မက်ဂီတစ်ယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရယ်စရာအလွဲလေးတွေနဲ့ ရှုစားလိုက်ကြပါဦး File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

6.2 2023
The Professional Bridesmaid
The Brand New Testament
7.1

Dark Comedy ဟာသကားကိုမှ Rating ကောင်းကောင်းနဲ့ ဆုတွေ အများကြီးရထားတဲ့ ဇာတ်ကားကို ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့ ဒီ Brand New Testament ဆိုတဲ့ ဟာသ ဇာတ်ကားကို ကြည့်ဖို့ ၁၀၀ ရာခိုင်နှုန်း တိုက်တွန်း ချင်ပါတယ်။ ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့ အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲ ဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင် လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာ ပုံဖော်ထားတာပါ။ ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့ မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားက ဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူ အီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့ သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်း လာတာပါပဲ။ Brand New Testament က အတွေးအခေါ် အသစ်တွေကို ကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက် ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲ ပြောလိုက်ချင်ပါတယ်။ File size…1.59GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre …..Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

7.1 2015
The Brand New Testament
The First Omen
6.8

ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့ အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့ အစပထမကို ရိုက်ကူးထားတာပါ။ ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။ သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်း ရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာ လူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေ ဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင် ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင် Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက် တန်တန် ရထားတယ် ပြောရမှာပါပဲ။ မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာ ဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာ တင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲ Omen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း **************** ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေက ဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာ နည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီး ဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာ ကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့ အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာ ဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင် အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် အန္တိခရစ်က စေတန်ရဲ့ သားပါပဲ။ ဘုန်းကြီးတွေရဲ့အကြံက မကောင်းဆိုးဝါးကိုမွေးပြီး ထိန်းချုပ်မယ်၊ တစ်ကမ္ဘာလုံး ဒီကလေးကြောင့် ဒုက္ခရောက်အောင် လုပ်မယ်၊ ဒီတော့မှ လူတွေက ဘုရားကျောင်းတွေကို ပြန်ပြီး ယုံကြည်ကိုးကွယ်လာမယ်၊ သူတို့ တန်ခိုး ပြန်ထွားလာမယ်လို့ ယုံကြည်ကြတာပါ။ အဲဒီကြောက်စရာကိစ္စတွေမှာ အပြစ်မဲ့တဲ့ မိန်းကလေးတွေဘယ်လိုကြားညပ်ပြီး ရင်ဆိုင်ကြရမလဲ ကြည့်ရမှာပါ။ File size…2.42GB / 939MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.8 2024 119 mins
The First Omen
Mimang
6.5

Mimang (2024) ***************** IMDb…..6.5 အခုတစ်ခါတင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ In water,No Surprise မှ မင်းသား Ha Seong Guk, Perfect Tomorrow, Three Room မှ မင်းသမီး Lee Myung Ha တို့ ပါဝင်ထားတဲ့ ရိုမန့်စ်ကားလေးပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအကျဉ်း- အမြဲတမ်း တစ်နေရာတည်းမှာပဲ ရှိနေတယ်လို့ ထင်ရတဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေဟာလည်းပဲ နေ့စဉ်နှင့်အမျှ ဆောက်လုပ်ရေးလုပ်နေတဲ့ မြို့ကြီးတွေရဲ့ နေရာတွေလိုမျိုး ပြိုကျပျက်စီးပြီး ပြန်လည်ဆောက်လုပ်ခြင်းခံနေရပါတယ်။ အဲဒီလိုနဲ့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီး ရှိပေမဲ့ မပြောင်းလဲဘဲ ကျန်နေတဲ့အရာတွေထဲမှာ ကျွန်ုပ်တို့ဟာ ထပ်တလဲလဲဖြစ်မှုတွေနဲ့ ခြားနားမှုတွေကနေ တစ်ဆင့် တစ်နေရာရာကို ရှေ့ဆက်သွားနေကြရပါတယ်တဲ့…။ ဒီကားလေးထဲမှာတော့ ‘ mimang ‘ ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် 3 မျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်၊နေရာ၊ ဇာတ်ကောင်တွေရဲ့ ပြောင်းလဲမှုများကို အပိုင်း 3 ပိုင်းဖြင့် ရိုက်ကူးထားပြီး အထူးသဖြင့် ဆိုးလ်မြို့က သမိုင်းဝင်နေရာတွေရဲ့ ပြောင်းလဲမှုများကိုပါ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ရိုက်ကူးထားတာဖြစ်လို့ ဒီကားလေးကို ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ May Thet မှ ရေးသားထားပါတယ်။) File Size : 2.48GB/ 890MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:32:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Comedy • Romance
6.5 2024 92 mins
Mimang