YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(NZ)Detour(2016).mp4

1.45 GB N/A video/mp4 274 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Flash
6.7

The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.8 GB) / (1.36 GB) / (900 MB) Quality............HDTC 1080p / 720p / 480p Duration.........2Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Mr.Anderson Encoder..........SWM, Aaron

Drama
6.7 2023 144 mins
The Flash
Losing Addison
8

ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Action • Science Fiction
8 2022 90 mins
Losing Addison
Run Lola Run
7.7

Run Lola Run (1998) IMDb – 7.7/10 နဲ့ Rotten Tomatoes – 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ…။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ…။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို စပြေးခိုင်းလိုက်ပါတော့နော်… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.52GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 20Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.7 1998 81 mins
Run Lola Run
Ca$h
5.9

Ca$h(2010) =========== ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့ အ‌‌မေရိကန် crime-thriller အမျိုးအစား ဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကား များဖြစ်တဲ့ The Lord of the Rings တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီး Sean Bean ၊Marvel ရဲ့ဇတ်ကားများတွင် မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသော ကမ္ဘာကျော်မင်းသားChris Hemsworth နှင့် မင်းသမီး Victoria Profeta တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်း မှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth) နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံ အပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီး သူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean ) တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကို ပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကို သုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့ လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ် ကြမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇတ်ကားက crime-thriller အမျိုးအစားလို့ဆိုပေမဲ့ thriller မကြိုက်တဲ့သူတွေတောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇတ်ကားမျိုးဖြစ်ပါတယ်။ File size…2.13GB / 942MB / 630MB Quality…Blu-Ray 1080p / 720p / 480p Format…mp4 Duration….1h 48m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Winter Bear

Action • Adventure • Drama • History • Thriller
5.9 2010 108 mins
Ca$h
Afwaah
5.2

Afwaah (2023) ********************* IMDb-5.2/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။ သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်)

5.2 2023 126 mins
Afwaah
Narcosis
7

Narcosis (2022) ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 891MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 50Min Genre – Drama, Mystery, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Action
7 2022
Narcosis
Bottoms
7.2

လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။ ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက် ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင် ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက် ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံ ပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမား တွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့် နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြော ထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါ ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.63 GB / 694 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
7.2 2023 91 mins
Bottoms
Lady Ballers
6.4

ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။ နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola

Animation • Action • Fantasy
6.4 2023 110 mins
Lady Ballers
Suka
3.2

ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက ရန်ငြိုးကြီးလာတဲ့ဂိုဏ်းနှစ်ခုအကြားက ရိုမီယို ဂျုလိယက်လို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ တရုတ်အက်ရှင်ကားဖြစ်ပါတယ်။ အိုးလ်ရေးဗားလို့အမည်ရတဲ့ လမ်းတလျှောက်မှာ ဒါဝုဂိုဏ်းနဲ့ ယန်းဂိုဏ်းတို့ဟာ ဈေးဆိုင်တွေကို ဆက်ကြေးတောင်း ပိုင်နက်လုတဲ့နေရာမှာ အားပြိုင်နေကြပါတယ်။ ဒီဂိုဏ်းတိုက်ပွဲဟာ ဒါဝုဂိုဏ်းရဲ့ခေါင်းဆောင်အသတ်ခံလိုက်ရအပြီးမှာတော့ တင်းမာမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါဝုဂိုဏ်းက ဝါစီယာဟာ သမီး‌ဖြစ်သူရဲ့လုံခြုံရေးအတွက် အဝေးတစ်နေရာမှာ ပညာသွားသင်ဖို့လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဝါစီယာရဲ့သမီးဖြစ်သူ ဟွေ ဟာ အရွယ်ရောက်လာတဲ့တစ်နေ့မှာ အမေဖြစ်သူကိုတွေ့ဖို့ မွေးဖွားရာဇာတိမြို့က အိုးလ်ရေးဗားလမ်းကိုပြန်လာခဲ့တဲ့နောက်မှာ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းကိုကြုံလိုက်ရပြီး ဒီအချစ်ဇာတ်လမ်းရဲ့ အကျိုးဆက်ကတော့ သွေးချောင်းစီးဖို့အကြောင်းဖန်လာတဲ့အခါမှာ…… File size…(1 GB)/(582 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:42 Genre…Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

3.2 2023
Suka
Neighbors 2: Sorority Rising
5.7

Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကို ဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက် နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီး မြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာ သူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ် အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက် နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့ သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်း တက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရော သူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
5.7 2016 92 mins
Neighbors 2: Sorority Rising
Batman: Gotham Knight
6.6

Batman Gotham knight ‐———————————– ဒီmovie ဟာ batman animated movie ​တွေထဲက ထူးခြားတဲ့ movieတစ်ခုဖြစ်ပါတယ်။ အပိုင်းငယ် ၆ ပိုင်းပါရှိပြီး animation style ၊ story နဲ့ plot မတူညီကြပါဘူး။ အပိုင်းတစ်ပိုင်းစီက ဆာဘတ်တစ်​ယောက် Gotham ရဲ့ protector အ​နေနဲ့ ဘယ်လို​​လေ့ကျင့်ခဲ့တယ် ဘယ်လို အခက်အခဲ​တွေ ​ကိုရင်ဆိုင်လွှားရတယ်ဆိုတာကို မတူညီတဲ့ animation style​တွေနဲ့ပြသ​ပေးသွားမှာဖြစ်တဲ့အတွက် ရှု့စားကြည့်ကြပါဦးခင်ဗျာ… Batman assault on arkham ————————————— ဒီဇာတ်လမ်းက​တော့ Batman ဆို​ပေမဲ့ suicide squad အဖွဲ့ဝင်​တွေဖြစ်တဲ့ Harley Quinn , Deadshot စတဲ့ Batman villain ​တွေကိုအသား​ပေးပြသထားတာဖြစ်ပါတယ်။ storyက​တော့ Riddler ခိုးယူသွားတဲ့ ပစ္စည်းတစ်ခုကိုပြန်ယူဖို့ Amanda Wallerဟာ Suicide squad ကိုထပ်ဖွဲ့စည်းပြီး စိတ္တဇအကျဥ်း​ထောင် Arkhamကို ဝင်​ဖောက်​စေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Arkham ​က အဓိက villain ​တွေကို ဖမ်းထားတဲ့​နေရာဖြစ်တဲ့အတွက် လုံခြုံ​ရေးကအရမ်းတင်းကြပ်ပါတယ်။ အဲ့ဒါအပြင် ဆာဘတ် ရဲ့ရန်ကိုလဲ ​ကြောက်ကြရတဲ့ suicide squad အဖွဲ့ဝင်​တွေက သူ​တို့ရဲ့ missionကိုဘယ်လိုလုပ်သွားကြမလဲ…. ထုံးစံအတိုင်း mission အပြီး ဘယ်သူ​တွေအသက်ဆက်ရှင်ကြမလဲဆိုတာကို​တော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကြပါဦးခင်ဗျာ… File size… 1.7 GB / 667 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Animation/Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jack Senpai

6.6 2008
Batman: Gotham Knight
Mozart and the Whale
6.7

Mozart and the Whale (2005) **************************** IMDb… 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ် အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေက လူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်း ကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါ အားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း Autism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူး စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်က Mozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်း နာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့ အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က ဒေါ်နယ်တည်ထောင်ထားတဲ့ ဝေဒနာရှင်အချင်းချင်း ဖေးမကူညီပေးတဲ့အဖွဲ့မှာ စတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒေါ်နယ်က ဝေဒနာခံစားနေရပေမဲ့ သင်္ချာမှာ သာမန်လူတွေထက်ကို ပိုမိုထူးကဲကျွမ်းကျင်ပြီး အစ်စဘဲလ်ကလည်း အနုပညာကိုရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့စတွေ့ပြီး သိပ်မကြာခင်မှာတင် အစ်စဘဲလ်က အချစ်ငတ်နေသူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒေါ်နယ့်ကို ရေလာမြောင်းပေးလုပ်ရင်းနဲ့မှ သူတို့နှစ်ယောက်ကြားက သာမန်နဲ့မတူတဲ့ အချစ်ခရီးစဉ်လေးက ဘယ်လိုဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲရှုစားလိုက်ကြဖို့ ညွှန်းပေးလိုက်ချင်တဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်) File Size : 2.01GB/ 900MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:34:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff

6.7 2005 92 mins
Mozart and the Whale
Like Friends
6.5

Like Friends (2025) IMDb Rating (6.5) အာချီလီလို့ခေါ်တဲ့ စတော့ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့စတော့ကစားသမားထဲမှာ ထိပ်တန်း ၁၀ ဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခုက လူမှုဆက်ဆံရေးမကောင်းတာပါ။ သူ့နားကို တော်ရုံမိန်းမတွေကပ်တာမခံသလို သူနဲ့ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့မိန်းမတွေဆိုရင်လည်း သူနဲ့ကြာကြာမခံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူ့ဆီကိုအီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ထဲမှာ သူ့ကို လူသားတုပဉာဏ်နဲ့ပြုလုပ်ထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို လက်ဆောင်ရထားကြောင်းပြောလာပါတယ်။ ဒါကိုတွေ့ပြီး စိတ်ဝင်စားသွားတဲ့ အာချီလီဟာ အတည်ပြုလိုငြားဆိုပြီးတော့ အီးမေးလ်ပို့လာတဲ့ကုမ္ပဏီကိုပြန်ဆက်သွယ်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ တကယ်လည်း စက်ရုပ်ကြီးတစ်ရုပ်သူ့အိမ်ရောက်လာတဲ့အချိန် အာချီလီတစ်ယောက် အံ့အားသင့်သွားရပါတယ်။ ဒီလိုနဲ့ အာချီလီနဲ့ သူ့အတွက်အဖော်မွန်ဖြစ်မယ်လို့ ကြော်ငြာခံထားရတဲ့ စက်ရုပ်မတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.1 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:24:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Action • Thriller
6.5 2025 83 mins
Like Friends
Kryptic
4.3

Kryptic (2024) IMDb Rating (4.3) / Rotten Tomatoes (63%) ကေးဟောလ်ဟာ အမျိုးသမီးတောင်တက်အဖွဲ့တစ်ဖွဲ့နဲ့အတူ ခရီးစဉ်တစ်ခုအတူလိုက်ပါခဲ့ရင်း တောအုပ်ထဲမှာလူကွဲသွားရာကနေ ထူးဆန်းပြီး ပဟေဠိဆန်တဲ့ သတ္တဝါတစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။ သေချာတာ တစ်ခုကတော့ သူဟာ အရင်က ဒီနားတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပဟေဠိဆန်တဲ့သတ္တဝါဆိုင်ရာကျွမ်းကျင်သူ ဘာ့ဘ်ဗယ်လင်တိုင်းဆိုသူနဲ့ တစ်ထေရာတည်းတူနေတယ်ဆိုတာပါပဲ။ အဲ့ဒီတစ်ခုကလွဲလို့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါလဲ ဘာအလုပ်လုပ်လဲဆိုတာ မမှတ်မိတော့တဲ့အတွက် ဘာ့ဘ်ဗယ်လင်တိုင်း ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အတိုင်းခြေရာကောက်လိုက်ရှာဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူမြင်မြင်လာတတ်တဲ့ အိမ်မက်ဆိုးဆန်ဆန်၊ တစ်ခါတစ်လေကျတော့လည်း ရမ္မက်သွေးကြွစရာ ပုံရိပ်တွေ၊ အမြင်တွေဟာ လက်ရှိဖြစ်ရပ်တွေနဲ့ဘယ်လိုပတ်သက်နေလဲ၊ သူနဲ့ရင်ဆိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဟာ တကယ်ရှိနေတာလား? ဒါမှမဟုတ် သူ့စိတ်ရဲ့စေ့ဆော်မှုတွေထဲက တစ်ခုလား? ပဟေဠိဆန်ဆန်အဖြေရှာရတာတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီကားကိုသဘောကျကြလိမ့်မယ်ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Mystery, Thriller Duration…. 01:43:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

Mystery • Thriller
4.3 2024 96 mins
Kryptic
Madly FolleMente
7

Madly (2024) FolleMente IMDb Rating (7.0) အီတလီရဲ့ နာမည်ကြီး ဒါရိုက်တာ Paolo Genovese ရိုက်ထားတဲ့ ရိုမန်တစ်ဟာသဇာတ်လမ်းလေးပါ။ ရုပ်ရှင်က ၁ နာရီ ၃၇ မိနစ်ကြာ ပြသထားပြီး ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ မှာ အီတလီမှာ 01 Distribution က ဖြန့်ချီခဲ့ပါတယ်။ အီတလီမှာ သိပ်အောင်မြင်ခဲ့ပြီး box office မှာ ၁၇ သန်းကျော် ယူရိုဝင်ငွေ ရရှိခဲ့တယ်လို့ သိရတယ်။ IMDb မှာ 7.0/10 ရထားပြီး Nastri d’Argento ဆုပေးပွဲမှာ ဆန်ကာတင် ၅ ခုရခဲ့ပြီး ၂ ခုဆွတ်ခူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Lara နဲ့ Piero ဆိုတဲ့ လူနှစ်ယောက်ရဲ့ ပထမဆုံး ဒိတ်အကြောင်းကို အဓိကထားပြီး သူတို့ရဲ့ စိတ်ထဲက အတွေးတွေ၊ ခံစားချက်တွေကို ပုံဖော်ထားတာပါ။ Lara က ၃၅ နှစ်အရွယ် ပရိဘောဂပြုပြင်သူတစ်ယောက်၊ အချစ်ရေးမှာ သိပ်မအောင်မြင်ဖူးတဲ့သူ။ Piero ကတော့ ၅၀ အရွယ် အထက်တန်းကျောင်းဆရာ၊ ကွာရှင်းထားပြီး သမီးလေးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်။ သူတို့နှစ်ယောက်ဟာ ဘားတစ်ခုမှာ တွေ့ပြီး Lara ရဲ့အိမ်မှာ ညစာစားဖို့ ချိန်းကြတယ်။ ဒါပေမယ့် ဒီဒိတ်ဟာ သာမန်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲက “အသံတွေ” ဒါမှမဟုတ် ပင်ကိုယ်စရိုက်တွေကို လူအစစ်တွေလို ပုံဖော်ပြထားတာ။ Piero ရဲ့ စိတ်ထဲမှာ ဆင်ခြင်တွေးတောတတ်တဲ့ “ဆရာ”၊ ရိုမန်တစ်ဆန်တဲ့ “Romeo”၊ စိတ်အားထက်သန်တဲ့ “Eros” နဲ့ စိတ်ဓာတ်ကျနေတဲ့ “Valium” ဆိုတဲ့ စရိုက်တွေ ရှိတယ်။ Lara ဘက်မှာလည်း တင်းကြပ်တဲ့ “Alfa”၊ ဆွဲဆောင်မှုရှိတဲ့ “Trilli”၊ ဆိုးသွမ်းတဲ့ “Scheggia” နဲ့ အိပ်မက်မက်တတ်တဲ့ “Giulietta” ဆိုတဲ့ စရိုက်တွေ ပါဝင်တယ်။ ဒီစရိုက်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးဖို့ အခါခါ စကားများလာကြတာ၊ တစ်ခါတလေ ရန်ဖြစ်ကြတာလည်း ပါတယ်။ ဒီလိုနဲ့ ဒိတ်တစ်ခုဟာ တကယ်ကို “လူစည်ကားတဲ့” အဖြစ်အပျက်ဖြစ်လာပြီး ရယ်စရာ၊ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါမျိုးကို Pixar ရဲ့ “Inside Out” နဲ့ နှိုင်းယှဉ်လို့ရပေမယ့် ဒီရုပ်ရှင်က အီတလီဟာသပုံစံနဲ့ ပိုပြီး လူကြီးတွေအတွက် ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ထည့်ထားတာမျိုးပါ။ ဟာသချစ်သူတွေအတွက်တော့ ဒီရုပ်ရှင်က ရယ်မောရင်း စိတ်ထဲက အတွေးတွေရဲ့ အရှုပ်အထွေးကို ခံစားလို့ရတဲ့ ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1 GB) / (610 MB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Romance Duration…. 01:37:40 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Thriller
7 2024 97 mins
Madly FolleMente