YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Never Give Up E35 CM.mp4

168.99 MB N/A video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wandering Earth II
7.2

ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ အရင်ရိုက်တတ်တဲ့ တရုတ်သိပ္ပံကားတွေနဲ့ယှဉ်ရင်တော့ another level ကိုရောက်လာတဲ့ ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးဟာ Solar Crisis လို့ခေါ်တဲ့ နေမင်းကြီး ပေါက်ကွဲပြန့်ကားလာတဲ့အန္တရာယ်ကြောင့် နှစ်ပေါင်း ၃၀၀ နေရင် ကမ္ဘာပျက်တော့မယ့် အခြေအနေကိုရောက်လာပါပြီ။ ဒီအခြေအနေက‌နေ ရုန်းထွက်ဖို့ ကမ္ဘာ့နိုင်ငံပေါင်းစုံအဖြေရှာကြရင်းနောက်ဆုံးမှာတော့ ကမ္ဘာကြီးကို နေအဖွဲ့အစည်းကနေ ဝေးရာကိုသယ်ထုတ်သွားပြီး အခြားနေအဖွဲ့အစည်းတစ်ခုထဲမှာရှင်သန်ဖို့ ကမ္ဘာ့အင်ဂျင်ပေါင်း ၁၀၀၀၀ ကိုတည်ဆောက်ပြီး ခရီးသွားကမ္ဘာစီမံကိန်းကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီခရီးစဉ်ဟာ လဆွဲအားကနေ လွတ်အောင် လကို တွန်းထုတ်တာတွေ၊ အရံအစီအစဉ်အနေနဲ့ လကိုဖောက်ခွဲရတာတွေ စတဲ့အဆင့်ပေါင်းများစွာပါပြီး နှစ်ပေါင်း ၂၅၀၀ ကြာမြင့်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအစီအစဉ်ကို ဆန့်ကျင်ပြီး လူတွေကို Matrix ရုပ်ရှင်ထဲကလို ဒစ်ဂျစ်တယ်သက်ရှိတွေအဖြစ် ရှင်သင်စေချင်တဲ့အဖွဲ့ကလည်း လိုက်ပြီးတိုက်ခိုက်လာတဲ့အခါ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရပါတော့တယ်။ File size…(2.7 GB)/(1.4 GB)/(850 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:53:00 Genre...Drama, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Romance
7.2 2023 173 mins
The Wandering Earth II
Control
5.6

~ Rotten Tomatoes - 71% ~ သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။ စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 924MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
5.6 2022 89 mins
Control
Drifting
7.3

အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။ Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ အချိန်တွေကို ဆေးသုံးရင်း အကုန်မြန်အောင် လုပ်ပစ်တတ်ကြတဲ့သူတွေပါပဲ။ တစ်နေ့ကျ သူတို့အိမ်လို့သတ်မှတ်ထားတဲ့ လမ်းဘေးနေရာလေးကို စည်ပင်၀န်ထမ်းတွေက လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သူတို့အသုံးအဆောင်တွေ အားလုံးကို အမှိုက်တွေဆိုပြီး သူတို့တားနေကြတဲ့ကြားက အမှိုက်ကားပေါ် တင်ပစ်လိုက်ကြတယ်။ ဒါက သူတို့အတွက်တော့ အဖိုးတန်တွေပါ။ ဒီလိုနဲ့ သူတို့ စည်ပင်ကို တရားစွဲခဲ့ကြတယ်။ ဒါက‌တော့ကျောရိုးပါပဲ။ ဒီကျောရိုးကိုမှ အိမ်ခြေရာမဲ့တစ်ယောက်ချင်းစီရဲ့ အိမ်ခြေရာမဲ့မဖြစ်ခင်ဘ၀တွေ၊ ဖြစ်ပြီးနောက်ပိုင်း ရှင်သန်ပုံတွေ၊ သူတို့နေတဲ့ ဆင်းရဲသားရပ်ကွက်ကြီး တိုးတက်လာပြီး ကွန်ဒိုတွေဆောက်နေတဲ့နောက် သူတို့ရဲ့ အိမ်ဆိုတဲ့နေရာလေးပါ ပျောက်ရပုံတွေကို ပြန်ယှက်ဖောက်ပြီး heart-touchingဖြစ်တဲ့ ဇာတ်၀င်ခန်းများစွာနဲ့ ဒရာမာချိုးပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ‌ပြောရရင် ရှေ့ကို တဟုန်ထိုး သွားနေတဲ့ မြို့ကြီးတစ်မြို့က ပြန်ငဲ့ကြည့်ဖို့လိုတဲ့ ပိုခက်တဲ့ဘ၀တွေအကြောင်း ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Adventure • Animation • Science Fiction
7.3 2021 112 mins
Drifting
Eternally Younger Than Those Idiots
7.2

Eternally younger than those idiots (2021) “မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ဖြစ်တည်မှုကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သူတွေကြောင့် ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးအိုမင်းလာ အားနည်းလာနေတာပါ။ မင်းကတော့ ဒီလူ့အန္ဓတွေထက် ထာဝရငယ်ရွယ်နုပျိုပါတယ်။” ဟိုရိဂအိ IMDb rating 7.1/10အထိရရှိထားပြီး dialogueတွေ​က လေးနက်မှုရှိနေတဲ့ ဒီကားလေးထဲမှာဆိုရင် ဟိုရိဂအိလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူက မကြာခင်ဘွဲ့ရတော့မှာဖြစ်ပြီး လုပ်စရာအလုပ်ကလည်း အသင့်ရှိနေပါပြီ။ ဒါပေမဲ့ နွေဦးရောက်မှ ဘွဲ့ရပြီးအလုပ်စလုပ်ရမှာမို့ ဖြုန်းစရာအချိန်တွေက ပိုနေပါတယ်။ သူလုပ်ရမဲ့အလုပ်က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာဖြစ်ပြီး ဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ကို တစ်နေ့မှာကယ်တင်နိုင်ဖို့ပါပဲ။ အလုပ်ကိုစောင့်ရင်း သူ့ဘွဲ့အတွက် စာတမ်းတစ်စောင်လည်း ​ပြုစုနေပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုကူညီရင်းနဲ့ အိနိုဂိဆိုတဲ့ introvertသူငယ်ချင်းတစ်ယောက်လည်း ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ငယ်စဉ်ကအနိုင်ကျင့်ခံခဲ့ရတဲ့စိတ်ဒဏ်ရာကိုယ်စီကြောင့် လက်ရှိမှာလည်း ပေါင်းသင်းဆက်ဆံရေးခက်ခဲ့နေခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိုရိဂအိက ကလေးစောင့်ရှောက်ရေးအလုပ်နဲ့မသင့်တော်ဘူးလို့ သူ့ကိုယ်သူထင်နေပါတယ်။ အိနိုဂိကတော့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သေလုမျောပါးခံစားရပြီးမှ​ လွတ်မြောက်ခဲ့ရတဲ့ကောင်မလေးပါ။ သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ခင်မင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုမှု အကြောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ ဟိုရိဂအိက သူရည်းစားတစ်ခါမှမထားရသေးဘဲ အပျိုဖြစ်နေသေးတာကို မကျေနပ်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာလို့ထင်နေတဲ့အရာထက် ပိုပြီး အရေးကြီး တဲ့လုပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာကို ဟိုရိဂအိသိလာခဲ့ပါတယ်။ ရုန်းကန်နေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ထက်ပို ခက်ခဲတဲ့စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရှင်သန်နေရတဲ့သူတွေ ပုံမှန်မဟုတ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့သူတွေ လည်းရှိနေပါသေးတယ်ဆိုတာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:58:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Romance
7.2 2021
Eternally Younger Than Those Idiots
Zombie Town
4.2

Zombie Town (2023) ================ ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း – ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။ အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ဒရမ်မာကိုပါ ရောနှောကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.75 GB) / (625 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….C’mon Encoder……….SWM

4.2 2023
Zombie Town
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
Upendra Gadi Adda
7.8

Upendra Gadi Adda (2023) “အောင်မြင်မှု” IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်း ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့ အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့ အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့ သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ် ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီး အူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ် ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့… အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Drama • Thriller
7.8 2023
Upendra Gadi Adda
Nemesis the Movie: Mystery of Golden Spiral
5

Eiga Nemesis : Ougon Rasen no Nazo (2023) ======================================= (2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ အဲလိုနဲ့ အန်နာတို့တွေ အိပ်မက်ဆိုးတွေကိုအဖြေရှာရင်း သုတေသနဒေတာတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ Plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thikeပါ ) File size_(1.4GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Crime • Drama
5 2023
Nemesis the Movie: Mystery of Golden Spiral
Lost in the Stars
6.5

မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူး ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့ တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ် အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့ အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။ (၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့ သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာ ရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။ မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား…… ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား…… ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား….. မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။

Thriller • Crime • Comedy • Drama
6.5 2023
Lost in the Stars
4th Republic
6.5

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Nigeria နိုင်ငံရေး thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Mabel King လို့ခေါ်တဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ဟာ အကြမ်းဖက်ခံ အခြိမ်းခြောက်ခံ အကျင့်ပျက်ချစားခံရပြီးတော့ ရွေးကောက်ပွဲကို ရှုံးသွားခဲ့ပါတယ်။ ဒီလို မတော်မတရား ရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့ Mabel King ဟာ တရားခွင်ဝင်ပြီးတော့ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ လာဘ်ပေး‌ လာဘ်ယူမှုတွေ သစ္စာဖောက်မှုတွေ ကို ကြံ့ကြံ့ခံပြီး တရားခွင်မှာ ကြာလာတာနဲ့ အမျှ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ Mabel King ရဲ့တိုက်ပွဲဟာ အာဏာအတွက်တင်မကပဲ နိုင်ငံရဲ့ စစ်မှန်တဲ့ Democracy ရေးအတွက်ပါ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးအမြင်အသစ်တွေ ပေးပြီးတော့ Nigeria ရဲ့ နိုင်ငံရေးတွေ၊ တရားမျှတမှု၊ ကျားမ ခွဲခြားမှုနှင့် ယိုယွင်းနေတဲ့ စနစ်ကြီးအကြောင်းကို တင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Nigeria နိုင်ငံရဲ့ ခက်ခဲခဲ့တဲ့ Democracy လမ်းကြောင်းကို မီးမောင်းထိုးရိုက်ပြထားတာဖြစ်လို့ ကြည့်ရတန်စေမှာပါ ခင်ဗျာ။ File Size : 1.5 GB / 770 MB Quality : WEB_DL 1080p / 720p Running Time : 1hr 59min Format :Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Moe Zac Encode by : Thit San Khant

6.5 2019
4th Republic
[18+] Sci-Fi Vixens From Beyond
5.5

(၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:15:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TRA

Family • Drama
5.5 2024
[18+] Sci-Fi Vixens From Beyond
Outbreak
5.5

ဒီတစ်‌ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲ‌ကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီး‌မောင်နှံနှစ်ယောက် Zombie ဆန်ဆန်‌ ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်‌ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်… File size… (1.30GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024
Outbreak
Segredos
5.8

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အိမ်ထောင်ရေး နဲ့ thriller ရောထားတဲ့ ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက် ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ နိုအာ နဲ့ နာအိုမီတို့ ဇနီးမောင်နှံရဲ့ အက်ကြောင်းထလာတဲ့ အိမ်ထောင်ရေးတစ်ခုဟာ မီးပျက်ည တစ်ည ပြီးတဲ့နောက် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာပါပဲ ။ ရေးလ်တက္ကသိုလ်မှာတည်းက မြင်မြင်ချင်း ချစ်မိပြီး လက်ထပ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အများအမြင်မှာတော့ လိုက်ဖက်ညီပြီးတော့ အောင်မြင်တဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ အတွင်းပိုင်းမှာတော့ အက်ကြောင်းတွေ ထနေတဲ့ သူတို့ ဆက်ဆံရေးကို နိုအာက အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက် ကြားမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေက လျစ်လျူမရှုနိုင်လောက်အောင် ကြီးမားလွန်းနေတာပါပဲ ။ ဒီလျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ အဆုံးသတ်မှာ သူတို့ ဆက်ဆံရေးက ပိုကောင်းလာမှာလား ပိုဆိုးသွားမှာလားဆိုတာကိုတော့ Secrets 2024 ရုပ်ရှင်မှာ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော် ။ File size… (1.39GB) / (839MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.8 2024
Segredos
[18+] Cat Girl
6.1

******************** ဂျွန်ချောက သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေး ဟျွန်းဂျူနဲ့ အတူနေနေပါတယ် .. ။ ဟျွန်းဂျူက လက်ထပ်ဖို့ ဆန္ဒရှိတာဖြစ်လို့ မိဘတွေနဲ့ ဂျွန်ချောကို တွေ့စေချင်နေပေမဲ့ ဂျွန်ချောကတော့ ဇာတ်လိုက်မင်းသားလုပ်ရပြီးနောက်မှပဲ မိဘတွေကို သွားတွေ့ပါရစေဆိုပြီး အချိန်ဆွဲထားတဲ့အတွက် ဟျွန်းဂျူလည်း ဂျွန်ချောကို ပြတ်မယ်ပြောပြီး အိမ်ကနေ နှင်ထုတ် လိုက်ပါတော့တယ် .. ။ ဂျွန်ချောတစ်ယောက် နေစရာမရှိဖြစ်နေချိန်မှာပဲ စီနီယာတစ်ယောက်က သူ အလုပ်ခရီးထွက်‌နေတုန်း သူ့အိမ်က ကြောင်လေးကို ကြည့်ပေးထားပါဆိုပြီး တောင်းဆိုလာပါတယ်။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်လိုက်တော့ ကြောင်လေးမဟုတ်ဘဲ စကားမပြောနိုင်တဲ့ အိမ်ပြေးကောင်မလေး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဂျွန်ချောနဲ့ ကြောင်မလေးလို့ ခေါ်တဲ့ အိမ်ပြေးကောင်မလေး‌နဲ့ အတူတူ နေထိုင်ဖြစ်သွားပြီး နှစ်ဦးသား ရင်းနှီးလာကြတဲ့အခါမှာတော့… File Size : 1.67GB, 551MB Quality : 1080p,720p Format…mp4 Duration…1 hr. 26 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • Comedy
6.1 2013
[18+] Cat Girl
The Manifestation
5

The Manifestation (2024) ဒီ သဲထိပ်ရင်ဖို စိတ္တဇဇာတ်လမ်းကတော့ ခေါင်းစဉ်ဆိုတဲ့အတိုင်း တစ်စုံတစ်ခုဖြစ်တည်လာတာကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ဖြစ်တည်လာတဲ့အရာကို ရည်ညွှန်းချင်တာမဟုတ်ဘဲ ဦးနှောက်အသိဉာဏ်ထဲကနေ စွဲလမ်းမှုအားကြီးလွန်းလို့ လက်တွေ့မှာတကယ်ဖြစ်လာတယ်လို့ ထင်ယောင်မှားရတဲ့ အရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စတီဖန်ဆိုတဲ့ အွန်လိုင်းစတော့ရှယ်ယာရောင်းဝယ်သူတစ်ယောက်ဟာ တစ်နေ့မှာ ငွေတွေအကုန်သုံးရင်း ရှိသမျှပိုက်ဆံအကုန်ဆုံးရှုံးသွားပါတယ်။ ရှုံးသွားတဲ့ငွေတွေကို ဘယ်လိုပဲရအောင်ပြန်ရှာဖို့ကြံကြံမဖြစ်တဲ့တစ်ဆုံးမှာတော့ သူ့ရဲ့အွန်လိုင်းက ဘဝနည်းပြဖြစ်တဲ့ မိုက်ကယ်ဆိုသူရဲ့ ဆုံးမဩဝါဒ အားပေးစကားတွေကို ပြန်နားထောင်ရင်းစွဲလမ်းသွားခဲ့ပါတယ်။ အားပေးစကားဗီဒီယိုတွေထဲမှာ ကိုယ့်ရဲ့စိတ်ကိုစုစည်းပြီး ဘယ်လိုတည်ငြိမ်လာအောင်လုပ်ရမလဲ၊ စိတ်ကိုအောင်နိုင်ရင် အရာရာအောင်နိုင်တယ်ဆိုတဲ့ ဩဝါဒအောက်မိသွားတဲ့ စတီဖန်၊ တစ်ချိန်တည်းမှာပဲ ရည်းစားရဲ့ပိုက်ဆံကိုအလွဲသုံးစားလုပ်မိလို့ ရည်စားနဲ့မပြေမလည်ဖြစ်နေတဲ့ စတီဖန်ဟာ တစ်နေ့မှာ စိတ်စွဲလန်းမှုတစ်ခုဖြစ်ပြီး သူ့ရည်းစားရဲ့ ပိုငယ်တဲ့ပုံစံမျိုးရှိတဲ့ စိတ်ကူးယဉ်အမျိုးသမီးတစ်ယောက်ကို ထင်ယောင်ထင်မှားစဖြစ်လာခဲ့ပါတယ်။ သူစတော့ရောင်းဝယ်လုပ်တိုင်း စိတ်ထဲမှာပေါ်ပေါ်လာတတ်တဲ့ ဗရော်နီကာလို့ခေါ်တဲ့ သူ့ရည်းစား ရော်နီရဲ့ ကိုယ်ပွားလေးဟာ သူ့ကိုဆက်တိုက်ဆိုသလို အချီကြီးတွေ ငွေသီးလာအောင်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စတီဖန်တစ်ယောက် သူ့ရဲ့မိန်းမဖြစ်လာတဲ့သူကိုလျှို့ဝှက်ထားတဲ့ ဒီအချက်ပေါက်ကြားသွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်အိမ်ထောင်ရေး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ရသမျိုးစုံနဲ့ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (590 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery, Thriller Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Comedy • Horror
5 2024 85 mins
The Manifestation