YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Wife E12 (1080p) CM.mp4

562.08 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Grandmother
5.9

ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size - 1.24GB, 591MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Thriller
5.9 2022 101 mins
The Grandmother
The Village
6.4

ရွာ... အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။ အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။ အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။ တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ တောအုပ်ကိုဖြတ်ကျော်နိုင်ပြီး ရွာလေးရဲ့အနာဂါတ်ကိုပြောင်းလဲပစ်နိုင်မလား။ ဒါမှမဟုတ် တောအုပ်ထဲကသတ္တဝါတွေ တိုက်ခိုက်ခံရလို့ ပျက်စီးရမှာလား။ The Village ရဲ့ ဒီဇာတ်လမ်းလေးက Thriller, Drama ဇာတ်လမ်းလို့ နာမည်တပ်ထားပေမဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါလို့ ပြောချင်ပါတယ်။ ဒီရွာလေးက လူ့အဖွဲ့အစည်းကိုပဲ သရော်ထားတာလား။ အဲဒီရွာက ရွာသူရွာသားတွေကိုပဲ သရော်ထားတာလားလို့တော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော ကြည့်ရတာ တန်တဲ့ ဇာတ်ကားလေးဆိုတာတော့ မမှားပါဘူး။ ခင်ဗျားက အတွေးသမားဆိုရင်တော့ ဒီရွာလေးကြောင့် လူအဖွဲ့အစည်းအကြောင်း၊ လူတွေရဲ့အကြောင်း တွေးစရာတွေပေါ်လာမှာသေချာပေါက်ပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.05GB, 1.02GB, 555MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 48Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance
6.4 2004 108 mins
The Village
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
Becky
6.4

နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီး (၄)ယောက်ရှိတယ်.. ဒီလူတွေက လူသတ်ဖို့ဝန်မလေးသလို အတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ..တစ်နေတော့ သူတို့ကို ထောင်ပြောင်းဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတွေကို သတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်.. သူတို့(၄)ယောက်ဟာ ထောင်က ထွက်လာပြီးတဲ့နော် ရည်ရွယ်ကြီးတစ်ခုလုပ်ဖို့ရှိတယ်.. အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာအရေးပါတဲ့သော့တစ်ချောင်းကို ထောင်မကျခင်က ဝှက်တဲ့ဟာဟာကိုသွားယူဖို့ပါပဲ.. ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီး အဲ့ဒီထဲမှာ ဘက်ကီဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်.. လူကြမ်းကြီး(၄)ယောက်နဲ့ ဒီမိသားစုနဲ့ တွေ့ဆုံချိန် ဘက်ကီလေးတစ်ယောက်ပဲ သူ့မိသားစုကိုကယ်ဖို့အခွင့်အရေးရှိလာတဲ့အခါမှာတော့... File Size :( 1.6GB)(623MB) Quality : BLU-RAY.1080P, 720p Format…mp4 Duration…01:33:00 Genre : Action, Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae

Action & Adventure • Drama • Mystery
6.4 2020 93 mins
Becky
The Westward: The City of Shadows
5.9

ဆရာတော် ၊ ဝူခုန်း နဲ့ ပါးကျဲ့ တို့ရဲ့ စွန့်စားရေး ခရီးစဥ်တွေကို အားလုံးရင်းနီးပြီးသားဖြစ်ကြမှာပါ ။ ဒီတစ်ခါမှာတော့ စွန့်စားခန်းတွေကို Animation အနေနဲ့ ဆန်းသစ်ပြီး ကြည့်ရှုလိုက်ရအောင်ပါနော် ။ ထန်စန်း နဲ့ သူရဲ့တပည့်တွေဖြစ်ကြတဲ့ ဝူခုန်း ၊ ပါးကျဲ့ ၊ ရှားဝူကျင့် ၊ အောင်ရွှယ် တို့ဟာ လောကကြီးအတွင်းက ခါးသီးမှုတွေ ရက်စက်မှုတွေကို ရပ်တန့်ပစ်ဖို့အတွက် အဆုံးမရှိတဲ့ ထာဝရမီးလျှံကို သယ်ဆောင်ဖို့ တစ်ခြားနယ်မြေတစ်ဖက်ဆီကို ခရီးဆက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ခရီးလမ်းမှာပဲ အရမ်းကိုမှ ထူးဆန်းလှတဲ့ ဒဏ္ဍာရီလာ ကျီလဲ့ရှန့် မြို့တော်ကို တွေ့ရှိခဲ့ပြီး အဲ့ဒီမြို့တော်အတွင်း ဝင်ရောက်လာခဲ့ပါတယ် ။ ထန်စန်းအပါအဝင် သူ့ရဲ့တပည့်တွေအားလုံးဟာ အမှောင်ထုဝိဉာဥ်မြို့တော် မြို့သခင်နဲ့ တွေ့ဆုံခဲ့ပြီး ပုံရိပ်ယောင်တွေထဲကို နစ်မြောဝင်ရောက်သွားခဲ့ကြပါတော့တယ် ။ နောက်ဆုံးမှာတော့ ထန်စန်းတစ်ယောက် ပုံရိပ်ယောင်တွေထဲ အကြိမ်ကြိမ် နစ်မြောပြီး ရုံးမထွက်နိုင်ဖြစ်လာတဲ့ အချိန်မှာတော့ ….? ❏ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ ? ❏ အမှောင်ထုဝိဉာဥ်မြို့တော်သခင်ကိုရော သူတို့တွေ အနိုင်ယူနိုင်ပါ့မလား ? ❏ အဆက်မပြတ် နစ်မြော ပေါ်ပေါက်လာနေတဲ့ ပုံရိပ်ယောင်တွေထဲကနေရော သူတို့တွေလွတ်မြောက်နိုင်ပါ့မလား ? ဆိုတာ ဒီ Animation ကားလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ။

5.9 2023
The Westward: The City of Shadows
Art Museum by the Zoo
7

Art Museum by the Zoo (1998) တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။ တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို… လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။ အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။ တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့… ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 708MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Crime
7 1998
Art Museum by the Zoo
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
Nandor Fodor and the Talking Mongoose
5.4

Review ဘဘာဝလွန်ဖြစ်ရပ်တွေဆိုတာကို ယုံကြည်ကြရဲ့လား တစ်မြို့လုံးက ဟုတ်ပါတယ်လို့ ဝိုင်းပြောနေတဲ့ ဖြစ်ရပ်ဆိုရင်ရော ကိုယ်တိုင် မတွေ့ပဲယုံနိုင်မလား ဒီဇာတ်ကားလေးကတော့ Simon Pegg ပါဝင်သရုပ်ဆောင်ထားတဲ့ comedy ကားလေးတစ်ခုပဲဖြစ်ပါတယ် ဒေါက်တာ ဖိုဒေါဆိုတဲ့ သူဟာ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင် ပညာရှင်တစ်ယောက်ပါ သူဟာ ကိုယ်တိုင် မမြင်ရမချင်း ယုံကြည်တတ်တဲ့သူမျိုးမဟုတ်ပါဘူး တစ်ရက်မှာတော့ သူဟာ စကားပြောတတ်တဲ့ မြွေပါတစ်ကောင်အကြောင်း စာတစ်စောင် လက်ခံရရှိတဲ့အခါမှာတော့ အရမ်းကိုစိတ်ဝင်စားသွားပါတော့တယ် ဒီစကားပြောတတ်တဲ့ မြွေပါရှိနေတာဟာ နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် ဒီလောက်အကြာကြီး ဘယ်သူမှ လိမ်စရာအကြောင်းအရင်းမရှိသလို ‌မြွေပါနေတဲ့အိမ်ကလည်း မြွေပါကိုတွေ့ရဖို့ အခကြေးငွေကောက်ခံတာမျိုးလည်းမရှိတာကြောင့် ဒေါက်တာ ဖိုဒေါတစ်ယောက် အရမ်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် သွားရောက် လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် File size…(1.2 GB)/(641 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Mystery, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

5.4 2023
Nandor Fodor and the Talking Mongoose
The Last Ride
6.8

The Last Ride (2016) CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig’s Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။ မင်းသားတွေကလည်း God’s Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ (စကားလုံးတွေ အပြုအမူတွေကြမ်းတမ်းတာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်လျော်ပါကြောင်း) အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Comedy Quality…. 1080p | 720p File size… 1.2GB | 571MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Blank

Action • Crime • Mystery • Thriller
6.8 2016
The Last Ride
Tenkiller
5.9

ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက်ဒရာမာကားလေးပဲဖြစ်ပါတယ်…. ဒီရုပ်ရှင်ကားလေးက ၁၈ နှစ်သား လီယွန်ဆိုတဲ့ machinist နဲ့သူ့ညီလေးအကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ… အချစ်ဆုံးသူငယ်ချင်းဖြစ်သူသေဆုံးပြီးတဲ့နောက် မိဘနှစ်ယောက်ကပါ အဆင်မပြေတဲ့အတွက် လီယွန်ဟာစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုရင်ဆိုင်လာရပါတယ်… ထို့အပြင်အမေဖြစ်သူရဲ့ ရည်စားက သူ့အလုပ်ကသူနဲ့မတည့်တဲ့ လူဆိုးလူမိုက်တစ်‌ယောက်ဖြစ်နေပါတယ်… ဒီရုပ်ရှင်ကားက ဒရာမာဆိုတဲ့အတိုင်း လီယွန်နဲ့သူညီလေးတို့အကြောင်းကိုပဲအဓိကထားပြီးရိုက်ကူးထားပါတယ်…. ခံစားကြည့်ရှုကြပါခင်ဗျာ…. File size…(1.7 GB)/(964 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

5.9 2022 92 mins
Tenkiller
Half Baked: Totally High

စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။ File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Half Baked: Totally High
Kinds of Kindness
6.9

အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ File size…8.83GB / 2.67GB / 1.26GB Quality…WEB-DL 4k HEVC 1080p / 720p Format…mkv / mp4 Duration….2h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.9 2024
Kinds of Kindness
Omni Loop
5.5

Omni loopဆိုတဲ့ ဇာတ်ကားလေးက အချိန်ခရီးသွားခြင်းနဲ့ပတ်သတ်ပြီး ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ Rating 83% ရှိပြီး 1987 ကတည်းက သရုပ်ဆောင်လောကထဲကိုဝင်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင် Mary Louise Parkernရဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင်တစ်ယောက်ဟာ သူ့ကိုယ်သူ အချိန်လှည့်ကြောထဲမှာ ပိတ်နေမှန်းသိရပြီး သူအသက်ရှင်ဖို အချိန်ငါးရက်သာကျန်ပါတော့တယ်။ သူက သူကိုယ်သူပြန်ကယ်တင်ဖိုနဲ့ သူဖြစ်ချင်ခဲ့တဲ့အရာတွေကိုအချိန် နောက်ပြန်ဆုတ်ပြီး ပြန်လုပ်ဖို အချိန်သံသရာစက်ဝန်းရဲ့ ပြဿနာကို ဖြေရှင်းဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူက ထူးချွန်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့မထင်မှတ်ပဲ တွေ့ဆုံပြီး အချိန်စက်ဝန်း ပြဿနာကိုဖြေရှင်းကြတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာမလဲ…. သူ့မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမလား ဘာတွေရှာဖွေတွေ့ရှိသွားမလဲ ဒီဇာတ်ကားလေးက ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားမှုတွေကိုဖမ်းဆုတ်နိုင်ပြီး ဘဝရဲ့ အဓိပ္ပါယ် ကို လှလှပပဖော်ပြသွားတဲ့ ကားလေးဖြစ်ပါတယ်။ File size…1.39GB / 674MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.5 2024
Omni Loop
Eight Crazy Nights

IMDb – 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်‌ေဖြာင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။ File size…(1.2 GB)/(573 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Animation, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

0 2002
Eight Crazy Nights
Love Xiaoman’s little satisfaction
5.6

အထက်တန်းကျောင်းသူအဆိုတော်မလေးတစ်ယောက်ရဲ့ ဘာမှနားမလည်တဲ့ အခြေအနေကနေပြီးတော့ အောင်မြင်မှုနောက်ကွယ်ကအခက်အခဲတွေ တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါဘယ်လိုလုပ်မလဲ လျန့်ရှောင်မန်ဟာကျောင်းမှာဆိုရင်သာမန်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာဆိုရင်တော့ လူကြိုက်များတဲ့အဆိုတော်မလေးတစ်ယောက်ဖြစ်တယ်။ ဒီအဆိုတော်မလေးရဲ့ထူးခြားချက်ကတော့ မျက်နှာတစ်ဝက်ကို အုပ်ထားတဲ့မျက်နှာဖုံးတပ်ထားတာပါပဲ။ လျန့်ရှောင်မန်ဟာ မျက်နှာဖုံးတပ်ထားတဲ့သူကိုစစ်မှန်တဲ့သူလို့မခံစားရပဲ သူ့ကိုယ်သူလျန့်ရှောင်မန်အဖြစ်ချပြချင်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပီပီ အမှားတွေကိုစိတ်လိုက်မာန်ပါနဲ့လုပ်ခဲ့တယ်။ သူငယ်ချင်းတွေဆရာတွေရဲ့အကူအညီနဲ့ ဒီအခက်အခဲအမှားတွေကနေသူဘယ်လိုဖြတ်ကျော်နိုင်မလဲ

Family • Fantasy
5.6 2025
Love Xiaoman’s little satisfaction