YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Merry Marriage (2024) E107 WEB-DL 1080p [CM].mp4

507.54 MB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Two Souls

Two Souls(2023) IMDb -7.9/10 နာမည်လေးအတိုင်း စိတ်ဝိဉာဉ်နှစ်ခုဆုံတွေကြတဲ့ ဇာတ်လမ်းလေးပါပဲ အာခေးလ်ဆိုတဲ့‌ကောင်လေးဟာ လက်ထပ်ရမဲ့ချစ်သူပရီယာက ဖောက်ပြန်သွားလို့သတ်သေဖို့ကြိုးစားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး မသေပဲမျောသွားပါရော စိတ်ဝိဉာဉ်ကလွင့်မျောသွားပြီး အဲဒီဆေးရုံမှာပဲမျောနေတဲ့ တခြားကောင်‌မလေးတစ်ယောက်နဲ့တွေ့ပါတော့တယ် အဲဒီကောင်မလေးကလည်း ပရီယာတဲ့ ဒီလိုနဲ့ပတ်ဝန်းကျင်နဲ့အကန့်တွေခြားနေတဲ့ သူတို့နှစ်ယောက် စကားတွေပြောရင်တွေဖွင့်ခံစားချက်တွေဖလှယ်ကြပေါ့ သူတို့ကိုလက်တွေ့ကမ္ဘာနဲ့ချိတ်ဆက်ပေးနေတဲ့ ချစ်စရာခွေးလေးတစ်ကောင်လည်း ရှိ‌နေပါသေးတယ် ဒီခွေးလေးနဲ့ ဒီနှစ်ယောက်ဝိဉာဉ်ကမ္ဘာမှာ ဘယ်လိုဖြတ်သန်းပြီး လက်တွေ့ကမ္ဘာနဲ့ဘယ်လိုတွေများချိတ်ဆက်သွားမလဲ အာခေးလ်ရဲ့သတ်သေချင်လောက်တဲ့အသဲကွဲ ဒဏ်ရာကြီးကုစားသွားပုံကို အသဲကွဲနေတဲ့ညိုကီတို့အတွက် မိုတီတစ်ဖြတ်အနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…1.63GB / 758MB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~ BpL~Thaik San~Moon

Action & Adventure • Drama • Sci-Fi & Fantasy
0 2023 134 mins
Two Souls
Little Dixie
5.8

Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ Doc Alexander အဖြစ် မင်းသားကြီး Frank Grillo ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမယ့် အသစ်စက်စက် Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 500MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Horror • Science Fiction
5.8 2023 105 mins
Little Dixie
Liar And True Love

ထိုင်းနိုင်ငံရဲ့ လမ်းမတစ်နေရာမှာ လက်တန်း သရုပ်ဆောင်လေ့ကျင့်နေတဲ့ တော်ဝင် အနုပညာ တက္ကသိုလ်မှ ကျောင်းသူ ယန်ကျန်းကျန်း.... ကပ္ပတိန် ကျန်းရော့ချန် က လမ်းပေါ်မှာ တကယ် ဒုက္ခရောက်နေတယ်ထင်ပြီး ယန်ကျန်းကျန်း ကို အကူအညီပေးခဲ့ပြီးနောက်ပိုင်းမှ အရာအားလုံးက လိမ်လည်လှည့်ဖြားခဲ့တာဆိုတာသိခဲ့လိုက်ရတယ်... နောက်ပြီး အကြောင်းအရင်းတချို့ကြောင့် ဦးလေးဝူ မိသားစုရဲ့ သမီး ဟွမ်းဟွမ်း အဖြစ်သို့ ပြောင်းလဲသွားပြီး မိသားစုမိတ်ဆွေ ဖြစ်ခဲ့ဖူးတဲ့ ကျန်းရော့ချန်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါ.... ယန်ကျန်းကျန်း က အထောက်အထားတွေကို ဖျောက်ဖျက် ကာ ဘယ်လိုနည်းပေါင်းစုံနဲ့ ကြိုးစားပြီး အန္တရာယ်မှ အကြိမ်ကြိမ် လွတ်မြောက်နိုင်မလဲ..... ကျန်းရော့ချန်ကရော ဦးလေးဝူအတွက် ဒီအတုအယောင်တွေကို ဘယ်လိုမျိုး ကူညီဖော်ထုတ်ပေးမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးနော်.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK

Drama • History
null 2017
Liar And True Love
As It's Remembered

ဇာတ်ကောင်ရဲ့ ကောင်လေးက သူတို့နှစ်ယောက်ချိန်းတွေ့တုန်းမှာ မျက်နှာဖုံးနဲ့လူတစ်ယောက် ဓားနဲ့ လာထိုးသတ်လို့ သေသွားတယ်။ ဇာတ်ကောင်က ဒီအဖြစ်အတွက် ဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီတော့ သူက အတိတ်ကိုပြန်ပြင်ဖို့ ကြိုးစားတယ်။ သူ့ကြိုးစားပုံက တစ်မျိုး။ စိတ်နဲ့ပဲ အချိန်ခရီးသွားတာမျိုးပဲ။ သူ့အတွေးအခေါ်က လူဟာ သူ့အရှိတရားရဲ့ အရှင်သခင်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိမြင်တဲ့လူက ကိုယ့်အရှိတရားကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်နိုင်မယ်။ ဘုရားသခင်လိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ရင် ကိုယ်ပြောင်းလဲသွားသလိုမျိုး သူက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူက တခြားတစ်နည်းနဲ့ပြောင်းလဲလက်ခံလိုက်ရင် အတိတ်ကိုပြင်ပြီးသားဖြစ်ပြီး အတိတ်က အရှိတရားကို သက်ရောက်ပြီး လက်ရှိအရှိတရားပြောင်းလဲသွားမယ်လို့ ယုံထားတယ်။ ဒီတော့ သူက စိတ်နဲ့ အချိန်ခရီးသွားတဲ့ စက်တစ်မျိုးထွင်ပြီး သူ့အတိတ်က သူ့မှတ်ဉာဏ်ကို ပြင်ဖို့ ကြိုးစားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ ဒီရုပ်ရှင်ဟာ ကြာချိန်လည်း တစ်နာရီကျော်ကျော်ပါပဲ။ အပြအားဖြင့်ဆိုရင်လည်း နေရာလေး သုံးနေရာကို တစ်လှည့်စီ လှည့်ပြထားရုံပါပဲ။ နောက်ထူးတာက သူက ပစ္စုပ္ပန်ကို အဖြူအမဲနဲ့ပြပြီး အတိတ်ကိုအရောင်နဲ့ပြထားတယ်။ ဒါကဇာတ်ကောင်ရဲ့ အချိန်နဲ့ပတ်သက်တဲ့ သီအိုရီနဲ့ ချိန်တွေးရင်း ဖြစ်သင့်တဲ့အရာပါပဲ။ Rating သွားပြေးကြည့်မယ့် လူတွေအတွက်တော့ ပြဿနာတော့ရှိတယ်။ ပေးထားတာက ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ ဆယ်ယောက်ပဲရှိသေးသလို ရုပ်ရှင်ကလည်း လူတိုင်းအတွက် အဆင်ပြေမယ့် ရုပ်ရှင်တော့မဟုတ်ဘူး။ Time Travel ကားပေမဲ့ Time Travel ထက် ဒဿနိကကိုနည်းနည်း တီးမိခေါက်မိရှိမှ ပိုအဆင်ပြေမှာပဲ။ ဖြစ်တည်မှုတို့ အရှိတရားတို့ သိမြင်မှုတို့ အကြောင်းကိုတော်တော် ပြောထားတာကိုး။ ဖြစ်တည်မှုပဓာန ဝါဒဆန်တဲ့ ဒိုင်တွေလည်း ပါသေးတယ်။ ဆိုတော့ လူတိုင်းအကြိုက်တွေ့မယ့် ရုပ်ရှင်တော့မဟုတ်ပါဘူး။ အချိန်ခရီးသွားသီအိုရီတို့ ဒဿနိကတို့ကို စိတ်ဝင်စားရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အကြောင်းအရာရော ထည့်သုံးသွားတဲ့ ဖလော်တွေကရော စိတ်ဝင်စားစရာကောင်းတာကြောင့် ပုဂ္ဂလိကအမြင်အရတော့ Rating 6 သို့ 7 လောက်ပေးသင့်တဲ့ရုပ်ရှင်လို့ မြင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 730MB Quality - 1080p, 720p Format - mp4 Duration - 1H 15Min Genre - Drama, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
0 2022 75 mins
As It's Remembered
Everything Everywhere All at Once
7.8

Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။ အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။ ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ... ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထဲ ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။ File size…(5.4 GB)/(2.7GB)/(1.29GB)/(668MB) Quality…. WEB-DL 4K HEVC/1080p/720p / 480p Format…mp4 Duration….02:19:00 Genre...Action /Aventure/ comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
7.8 2022 140 mins
Everything Everywhere All at Once
Padmini
8

Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ File size…1.7GB / 768MB Quality…1080p  WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ YH~ V~ Cherry~ BpL~ Yunni

Animation • Sci-Fi & Fantasy
8 2023 120 mins
Padmini
Justin Bieber: Never Say Never

Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာ Birthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆို ရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။ အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Clarification – Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre ….. Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

0 2011
Justin Bieber: Never Say Never
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
The Hunger Games: Mockingjay – Part 1
6.6

The Hunger Games: Mockingjay – Part 1 (2014) IMDb Rating (6.6) / Rotten Tomatoes (70%) ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။

Romance • Crime • Thriller
6.6 2014 123 mins
The Hunger Games: Mockingjay – Part 1
Count Magnus

” A ghost story for christmas count magnus ” ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ 1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre… Horror, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2022
Count Magnus
The Real Bros of Simi Valley: The Movie

ဒီရုပ်ရှင်ကားက 2017 တုန်းက ထွက်ထားတဲ့ season 3ခုပါဝင်တဲ့ Reality Show ရဲ့ အဆက် ရုပ်ရှင်ပါ။ ဒီမှာကတော့ သူတို့ သူငယ်ချင်းအဖွဲ့က အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အလန်းစားပုံစံနဲ့ ပြန်သွားဖို့ အစီအစဥ်တွေ ချတာကို ကြည့်ရမှာပါ။ သူငယ်ချင်း အုပ်စုထဲမှာ Xanderက truckကားတွေကို အရမ်းရူးသွပ်တဲ့သူဖြစ်ပြီး ကျောင်းတွေ့ဆုံပွဲမှာ တစ်နှစ်တာ အမိုက်ဆုံးထရပ်ကား ဆုကို ရဖို့ ထရပ်ကားအသစ်ကြီး ဝယ်လိုက်ပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက အတန်းဖော်ဟောင်း Jatthew မှာ သူ့ထပ် ပိုလန်းတဲ့ truck ကားကို တွေ့ပြီးမှာ Simi Valley တစ်ခုလုံးမှာ အလန်းဆုံးဆိုတဲ့ ထရပ်ကားကို ရှာပုံတော် ဖွင့်ပါတော့တယ်။ သူ့ရှာပုံတော်မှာ သူငယ်ချင်းတွေကပါ ပါဝင်အားဖြည့်ပေးကြရင်း အလွဲတွေ ဟာသတွေကို ကြည့်ရမှာပါ။ ဒီကားရဲ့ seriesရော movie ရောရဲ့ program directorကတော့ Xander characterရဲ့ သရုပ်ဆောင် Jimmy Tatro ဆိုတဲ့ နာမည်ကြီး Youtuber ဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Comedy • Drama • Romance
0 2024
The Real Bros of Simi Valley: The Movie
Singham
6.8

ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီး ဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ် ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်က သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကို လာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ် ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့ လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ် သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့် နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်… ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားက ဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်

Horror • Thriller
6.8 2011 143 mins
Singham
Christmas on Windmill Way
5.2

Christmas on Windmill Way (2023) IMDb Rating (5.2) Chad Michal Murray ရဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Christmas On Windmill Way နဲ့ မိတ်ဆက်ပေးပါရစေ။ ပရိဘောဂတွေရောင်းတဲ့ စက်ရုံရဲ့ အမွေခံသမီးဖြစ်သူ Mia က ခရစ္စမတ် မုန့်ဖုတ်ပြိုင်ပွဲမှာ သူ့အဖွား Ann ရဲ့ မုန့်တွေ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် တက်တက်ကြွကြွနဲ့ အားပေးနေခဲ့တယ်။ ဒါပေမဲ့ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံပါဝင်တဲ့ခြံကြီးကို သူ့အဖွား Ann က ရောင်းလိုက်ပြီဆိုတာလည်းသိရော Mia ရဲ့ တက်ကြွနေတဲ့စိတ်တွေလည်း ချက်ချင်းထိုးကျသွားတယ်။ အဲဒီအပြင် သူတိုရဲ့ပိုင်နက်ထဲ ဟိုတယ်ဆောက်ဖို့ ဝယ်ခဲ့တဲ့ကုမ္ပဏီရဲ့ အိမ်ခြံမြေ developer က Mia ကို အထက်တန်းကျောင်းတုန်းက တွဲပြီးထားသွားတဲ့ သူ့ရည်းစားဟောင်း Brady ဖြစ်နေတာလည်းသိရော အခြေအနေတွေ ပိုရှုပ်ထွေးလာခဲ့တယ်။ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံကို ဖြိုချခံရဖို့ကိန်းဆိုက်လာလို့ Mia သူနဲ့ Brady ကြားက ခံစားချက်တွေကိုလည်း ဖြေရှင်းရင်း စက်ရုံကိုကယ်တင်ဖို့ အခက်အခဲတွေကြားက လုံးပန်းရမဲ့ကြိုးစားမှုတွေကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:25:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Comedy
5.2 2023 84 mins
Christmas on Windmill Way
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty