YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Lethal Man E22 CM.mp4

253.33 MB 720p video/mp4 147 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Fault
8.3

My Fault (2023) ~ IMDb - 6.3/10, Rotten Tomatoes - 94% ~ စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။ နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။ စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ၂ဦးစိတ်ထဲမှာလည်း အချင်းချင်းစိတ်၀င်စားသလိုဖြစ်နေပါပြီ။ သူတို့ မသိကြတဲ့အချက်က နိုအာ့အဖေက ပြိုင်ကားမောင်းသမားဖြစ်ပြီး နိုအာကလည်း ဖအေ သင်ပေးထားလို့ ပြိုင်ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ်။ ဒီလိုနဲ့ ပွဲတစ်ခုမှာ မထင်မှတ်ဘဲ နိုအာ နစ်ရဲ့ကားနဲ့ပြိုင်မောင်းမိရာကနေ တစ်ဖက်ကညစ်တဲ့အတွက် ကားပေးလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာ နိုအာ့ဆီခြိမ်းခြောက်စာတွေ ရောက်ရောက်လာပါတယ်။ နိုအာ့ဆီ စာတွေပို့နေတာ ဘယ်သူဖြစ်မလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ သူတို့ ၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလား...စတာတွေကတော့ မင်းသားချောချော မင်းသမီးချောချောကို ငမ်းရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 910MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Animation • Family • Fantasy • Romance
8.3 2023 117 mins
My Fault
Mary Is Happy, Mary Is Happy
7.4

အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။ အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ထည့်ပြောမနေချင်ရင်တောင် ရုပ်ရှင်ရဲ့ World Premiere လို့ခေါ်တဲ့ ပထမဆုံး စ,ပြတာကို ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ ပြခွင့်ရခဲ့တာဖြစ်ပြီး Asia Premiere ကိုတော့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တာဖြစ်လို့ အထင်ကြီးစရာကောင်းနေပါပြီ။ အမွှန်းတင်တာတွေ အသာရပ်ပြီး ဇာတ်ကားအကြောင်းဘက် လှည့်ရမယ်ဆိုရင်တော့... အထက်တန်းနောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီးရှေ့ဆက်ဖို့ ကြိုးစားရဦးမယ့် အနာဂတ်၊ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါခံစားရမယ့် Coming of Age Comedy Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ Comedy ကတော့ Dark Comedy ဘက်ကိုသွားပါတယ်။ အပြင်မှာတကယ်ရှိတဲ့ မယ်ရီလွန်နီဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလးရဲ့ တွစ်တာပို့စ် (Tweets) အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အပြင်က မယ်ရီတစ်ယောက်လည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိပါရဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 7Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Romance
7.4 2013 127 mins
Mary Is Happy, Mary Is Happy
Un Rabon Con Corazon
6.5

Un Rabon Con Corazon(2022) **************************** အလှပဂေးလေးနဲ့ လူ့ဂွစာကြီးပါလို့ ကားနာမည်က အဓိပ္ပါယ်ရပါတယ်… အလှပဂေးလေးဆိုတဲ့အတိုင်း ကိုလံဘီယာမင်းသမီးချော Lina Tejeiroရဲ့ အလှအပတွေကိုတစ်ကားလုံးတစ်ဝကြီးမြင်တွေ့ရမှာပါ…။ ရိုးရိုးယဥ်ယဥ်လေးကတစ်နည်း ဆွဲဆောင်မှုပြင်းပြင်းကတစ်ဖုံနဲ့ကို ခံစားရမှာပါ…။ ဇာတ်လမ်းထဲမှာတော့ သူဟာ အမျိုးသားထု အသုံးတော်ခံရွှေကြာလေးအဖြစ်သရုပ်ဆောင်ထားပြီး ဘဝအတွက် ငွေရှာရင်းရုန်းကန်နေရသူပါ…။ တစ်နေ့မှာတော့ သူ့ဆီကို လူတစ်သိုက်က အလုပ်လာကမ်းလှမ်းပါတယ်…။ အလုပ်ကတော့ လူ့ဂွစာကြီးတစ်ယောက်ကိုပြုပြင်ပေးဖို့၊ လူ့ဂွစာကြီးနေထိုင်ရာတိုက်ခန်းကနေ ထွက်သွားအောင်ဖြားယောင်းပေးဖို့ပါ….။ ဒီလူ့ဂွစာကြီးကဟာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ညကြီးအချိန်မတော် သီချင်းတွေအကျယ်ကြီးဖွင့်လို့ဖွင့်၊ ကားကိုလည်း စည်းမရှိကမ်းမရှိ အပေါက်ဝပိတ်ရပ်လို့ရပ်နဲ့၊ ပြောမကုန်တဲ့ နည်းမျိုးစုံနဲ့ သူ့အိမ်နီးချင်းတွေကို ဒုက္ခမျိုးစုံပေးသူပါ….။ ကြာတော့ အိမ်နီးချင်းတွေက မခံနိုင်ဖြစ်လာပြီး ရွှေကြာလေးကို ငှားကာ လူ့ဂွစာကြီးကိုနှင်ချဖို့ကြံပါတယ်….။ ဒီတော့ အလှပဂေးလေးနဲ့ လူ့ဂွစာကြီးဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို မင်းသမီးကြည့်ရရုံနဲ့တန်တဲ့ ဒီSpanish Comedy Movieလေးထဲမှာကြည့်ရှုလို့ရပါပြီ။ File size… 1.5GB& 777MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by Phyo Pyae

6.5 2022 94 mins
Un Rabon Con Corazon
Star Wars: Episode IV – A New Hope
8.6

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IV – A New Hope (1977) ဒီရုပ်ရှင်ဟာ StarWars ရုပ်ရှင်တွေရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ကားပါ။ StarWars ပထမဆုံး ၃ ကားရဲ့ ပထမဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ StarWars I II III အပြီး Jedi တွေ ပျောက်ကွယ်သွားချိန် အင်ပါယာ အာဏာရလာချိန်ကာလပဲ ဖြစ်ပါတယ်။ Rogue One ရဲ့ နောက်ဆက်တွဲကာလကို ပြသထားပါတယ်။ Rogue One ရဲ့ နောက်ဆုံးမှာ DeathStar ရဲ့ ပုံစံတွေကို မင်းသမီးလိုင်ယာဆီ ပို့ခဲ့ပြီးနောက်မှာ မင်းသမီးထွက်မပြေးနိုင်ခင် ဖမ်းမိသွားခဲ့ရာက စပါတယ်။ StarWars နောက်ထွက်ကားတွေမှာ CGI တွေ ဘယ်လိုပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ခေတ်မှီမှီ StarWars ဖန်တွေအတွက်တော့ ပထမဆုံး ၃ ကားဟာ Classic ပါပဲ။ ဒီဦးဆုံးရုပ်ရှင်တွေရဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ယခုချိန်ထိ ကျော်ကြားဆဲဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ပေါင်းများစွာမှာ reference အဖြစ်ပြန်လည်အသုံးပြုခံနေရတာပါပဲ။ ဒါ့အပြင် မင်းသမီးလိုင်ယာ နဲ့ ဟန်ဆိုလို တို့ရဲ့တွဲဖက်ညီမှုဟာ အနာကင်စကိုင်းဝေါ်ကာ နဲ့ ပါ့ဒ်မီ တို့ထက် အများကြီးသာလွန်တယ်လို့ မြင်မိပါတယ်ဗျာ။ ခံစားနိုင်ပါပြီ။

Horror • Thriller
8.6 1977 121 mins
Star Wars: Episode IV – A New Hope
Don’t Turn Out the Lights
5.5

အကောင်အထည် မမြင်ရဘဲ creep အခန်းတွေနဲ့ ခြောက်လှန့်တာကို ကြည့်ချင်တဲ့ cm ရဲ့ Horror ပရိသတ်ကြီးကို ဒီတစ်ခါ Don’t turn out the lights ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းမှာ ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်း ဘော်ဒါတစ်သိုက်… ကောလိပ်အသီးသီး တက်နေကြရင်း အုပ်စုထဲက ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို လူစုံတက်စုံနဲ့ ရောက်လာခဲ့ကြပါတယ်။ မွေးနေ့ရှင် ကောင်မလေးက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူ ဘလူးလိုက် ဂီတပွဲတော် ပါတီကို တပတ်တာ ပိတ်ရက် အတူသွားဖို့ လက်မှတ်တွေ ယူလာတဲ့အပြင် အဲဒီကို သွားဖို့အတွက် အာဗီကားကိုပါ သူ့ရည်းစားက စီစဉ်ထားတာပါ။ ပွဲတော်ဆီကို မရောက်ခင် တစ်လမ်းလုံး ပျော်ကြရွှင်ကြ အပီအပြင်ကဲကြဖို့အတွက် ရေမီးအစုံနဲ့ ထွက်လာခဲ့တဲ့ သူငယ်ချင်း အုပ်စု သူတို့ မသိလိုက်တာက..ဒီလမ်းက သူတို့တွေအတွက် မပြန်လမ်းကို အရောက်ပို့မယ့် လမ်းကြောင်း တစ်ခုဖြစ်နေတာကို အချိန်နှောင်းမှ သိလိုက်ရတဲ့ အချိန်မှာတော့…။ File size…2.44GB / 1.06GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
Don’t Turn Out the Lights
The Cyclops

ဟိုးအရင် ဟောလိဝုဒ်ရဲ့ Special Effects တွေ CGI‌ တွေ မထွန်းကားသေးတဲ့ခေတ်တစ်ခေတ်မှာ Sci-fi Horror ကားတစ်ခုကို ရသမြောက်အောင် ဘယ်လိုမျိုးဖန်တီးကြလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဆူဆန် ဝင်တာစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ သူမရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ဘရုစ်ကို မက္ကဆီကိုနိုင်ငံရဲ့ တာရူမာရဲ တောင်တန်းတွေကြားမှာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားခဲ့တာ သုံးနှစ်ကြာခဲ့ပါပြီ။ သူ့ရဲ့ ဘရုစ်ကို ရှာပုံတော်ဖွင့်မယ့် ဒီခရီးကြီးမှာ လိုက်ပါလာသူတွေကတော့ လီ ဘရန်းဆိုတဲ့ အလုပ်လက်မဲ့ အရက်လက်ကမချတဲ့ လေယာဉ်မှူးတစ်ယောက်၊ ရှယ်ယာကစားသူတစ်ယောက်လည်းဖြစ်ပြီး တာရူမာရဲတောင်တန်းတွေမှာ ယူရေနီယမ်လာရှာတဲ့ မာတီဆိုတဲ့ စီးပွားရေးသမား လူလည်တစ်ယောက်၊ နောက်ဆုံးအနေနဲ့ကတော့ ဘရုစ်ရဲ့ မိတ်ဆွေလည်းဖြစ် ဆူဆန့်ကိုလည်း ချစ်နေတဲ့ ရက်စ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးတို့ပါ။ ဆူဆန်တို့တစ်သိုက်ရဲ့ ရှာပုံတော်ခရီးကြီးမှာ သာမန်မဟုတ်တဲ့ တိရစ္ဆာန်တွေအပြင် မျက်လုံးတစ်လုံးနဲ့ လူ့ဘီလူးကြီးတစ်ယောက်နဲ့ပါ ပက်ပင်းတိုးလာခဲ့တဲ့အခါမှာတော့ ဆူဆန်တို့တသိုက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူပေးကြပါဦးခင်ဗျ။ File Size : 5 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 6min Format : Mp4 Genre : Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

0 1957
The Cyclops
The Killer With No Name
5.7

ဒီတစ်ခါမှာတော့ ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ crime/drama ကားလေးကို တင်ဆက်ပေးပါမယ် ဇာတ်လမ်းလေးက နာမည်ကျော် podcast host တစ်ယောက်ဖြစ်သူ ဖီအိုနာမစ်ချယ်ဆန်ဟာ သူ့မိဘတွေရဲ့ နှစ်၄၀ပြည့်မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် ဇာတိမြို့ကိုပြန်ရောက်လာခဲ့ပါတယ် ပါတီပွဲမှာ အရင်ကမိတ်ဆွေဟောင်းတွေနဲ့ ပြန်နှုတ်ဆက်ကြရင်း သူ့ကို အခုလို နာမည်ကျော် မှုခင်းလေ့လာသူတစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ရဲမှူးကြီးနဲ့ ပြန်တွေ့ကြတယ် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းနဲ့ သူတို့မြို့က မဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုအကြောင်း စကားရောက်သွားကြရင်း ရဲမှူးကြီးက ဒီအမှုကို ပြန်စုံစမ်းစစ်ဆေးဖို့ကိစ္စမှာ ဖီအိုနာကို ပါဝင်မလား မေးလိုက်ပါတယ် ဖီအိုနာက စိတ်ဝင်စားတဲ့အတွက် ဒီအမှုကို နှစ်ယောက်အတူဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချပြီးချိန် နောက်တစ်နေ့မနက်ခင်းမှာ ရဲမှူးကြီးက သေနေခဲ့ပါပြီ ရဲမှူးကြီး ဘာကြောင့်သေဆုံးသွားရသလဲ သူတို့စုံစမ်းမယ့်အမှုက ဘယ်သူတွေနဲ့ဆက်စပ်နေတာလဲ ဆိုတာကို ဖီအိုနာနဲ့အတူ အဖြေရှာလိုက်ကြပါဦး File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

5.7 2024 90 mins
The Killer With No Name
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead
Tom and Jerry: A Nutcracker Tale
6.3

ခရစ္စမတ်အချိန်အခါ နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ငယ်စဉ်က သဘောကျခဲ့ရတဲ့ Tom and Jerryတို့ရဲ့ ခရစ္စမတ်ကာလ ဇာတ်ကား‌ကောင်းလေးတစ်ကားကို ပြန်ပြီးတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ဖူးသူအများစုရှိလောက်ပေမဲ့ ငယ်ဘဝအမှတ်တရအနေနဲ့ ပြန်ကြည့်နိုင်ဖို့ Quality updateပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ္စမတ်စစ်သားရုပ်ဘဲလေးပြဇာတ်ကို အရမ်းသဘောကျတဲ့ Jerryလေးတစ်ကောင် မထင်ထားတဲ့အံ့ဖွယ်မှော်အစွမ်းတစ်ခုကြောင့် သူကိုယ်တိုင် စစ်သားလေး ဖြစ်သွားသလို စံစားစရာ တိုင်းပြည်တစ်ခုကိုပါ ပိုင်ဆိုင်သွားပါတယ်။ ဒါပေမဲ့ အဲဒီမှော်အစွမ်းက Jerry ရဲ့ မဟာရန်ဘက် Tomတို့ ကြောင်အဖွဲ့ကိုပါ သက်ရောက်သွားတဲ့အခါ Jerryတို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှင်ထုတ်ပြီး အဲဒီတိုင်းပြည်လေးကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ ဒါကြောင့် Jerry နဲ့ သူ့ရဲ့မိတ်ဆွေတစ်သိုက်တို့ Tomတို့အဖွဲ့ရဲ့လက်ထဲကနေ သူတို့ပိုင်ဆိုင်တဲ့ တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားရပါတော့တယ်။ File Size : 1.1 GB, 540 MB Quality : Blu-Ray 1080p / 720p Running Time : 47min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.3 2007 46 mins
Tom and Jerry: A Nutcracker Tale
KM17
5

ဇာတ်လမ်းအကျဉ်ကတော့ ဂီဒီမြို့မှာလူတွေခဏခဏ ပျောက်နေတယ်။ရဲတွေကလည်းအဖြေရှာပေးမယ့် တရားခံကိုမတွေ့ဘူးဖြစ်နေတယ်။ ချက်ကာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာစိတ်ပျက် လက်ပျက်နဲ့တက္ကစီငှားပြီးအိမ်ပြန်လာနေတယ်။ မြို့ကရဲဌာနကိုမကျေနပ်ကြောင်းဖုန်းပြောနေတာ တွေ့တော့ ကားဆရာကမေးတယ်။ ဘာကြောင့်စိတ်ပျက်ဝမ်းနည်းနေတာလဲပေါ့။ ချက်ကာကလည်း သူ့အမေကသေသွားပြီဖြစ်ကြောင်း လက်ရှိမှာ သူ့အစ်မကလည်းပြန်ပေးဆွဲခံနေရကြောင်း ရဲတိုင်ပေမယ့်ရဲတွေကဘာအလုပ်မှမလုပ်ကြောင်း ပြောလိုက်တာပေါ့။ ကားဆရာကလည်းဓာတ်ပုံလေး ဘာလေးရှိရင်ပြဖို့ ပြောတဲ့အခါ သူ့ကားကိုငှားစီးခဲ့သူဖြစ်မှန်းသိသွားတဲ့အခါမှတော့….. File size… (916MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 24m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Romance • Drama
5 2024 84 mins
KM17
Rock-A-Doodle
6

Rock A Doodle 1991 ဒီဇာတ်ကားလေးကတော့ American Filmmaker & Animator တစ်ယောက်ဖြစ်တဲ့ Don Bluth ရဲ့လက်ရာဖြစ်ပါတယ်။ Don Bluth ဆိုတာနဲ့ The Land Before Time တို့ An American Tail တို့ကိုပြေးမြင်မိကြမှာပါ။ ဒါဆိုရင်တော့ Don Bluth နာမည်နဲ့တွဲပြီးတော့မှတ်ဖို့အတွက် ဒီဇာတ်ကားလေးလည်း တစ်ခုအပါအဝင်ဖြစ်လာမှာပါ။ Live Action နဲ့ Animation ကိုရောယှက်ထားပြီးတော့ Edmond ဆိုတဲ့ကောင်လေးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကနေတစ်ဆင့် တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ Fantasy World ထဲကိုအလည်သွားမယ့် ဇာတ်ကားလေးလို့ပြောရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Chanticleer ဆိုတဲ့ကြက်ဖလေးက သူ့ရဲ့တွန်သံကြောင့် နေထွက်တယ်လို့ယုံကြည်ထားပြီးတော့ ခြံထဲမှာလည်းသူ့ရဲ့အလုပ်က နေမင်းကိုနှိုးဖို့ပါ။ Chanticleer ခြံထဲကနေထွက်သွားတဲ့နေ့ကစလို့ နေကိုမမြင်ရတော့ပါဘူး။ ဒီတော့ Edmond နဲ့ Chanticleer ရဲ့ သူငယ်ချင်းဟောင်းတို့ Chanticleer ကိုဘယ်လို အခက်အခဲတွေကြားကနေ ခြံထဲကိုပြန်ခေါ်ပြီး သူ့တွန်သံနဲ့နေအလင်းရောင်ကို ကမ္ဘာမြေပေါ်ဖြန့်ကျဲနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Animation ဇာတ်ကားလေးဖြစ်ပေမယ့်လည်း အတုယူစရာ၊ သင်ယူစရာတွေလည်း ပြည့်နက်နေပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ Self-Belief ဘယ်လောက်အရေးပါတယ်၊ ယုံကြည်မှုနဲ့ စည်းလုံးမှုရဲ့ အင်အားတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ IMDB မှာလည်း Rating 6 ထိရထားတာမလို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာတော့ မလွဲမသွေပါပဲ။ ကလေးငယ်တွေအပြင် 90s Animation လေးတွေကို လွမ်းဆွတ်တမ်းတနေတဲ့လူတွေကို အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ File size… 2.8 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by edrikk

Drama • Romance
6 1991 77 mins
Rock-A-Doodle
One Piece: Chopper’s Kingdom on the Island of Strange Animals
6.2

One piece : Chopper’s kingdom on the island of strange animals (2002) IMDB – 6.2/10 ဒီကားကတော့ One piece animation movies တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်ပါ။ ထွက်တာကြာပြီဆိုပေမဲ့လို့ အခုတစ်ဖန် One piece ကို စကြည့်နေတဲ့သူတွေအတွက်တော့ ဒီကားလေးကိုကြည့်ဖို့ Recommended ပေးပါတယ်။ ဒီကားလေးက Luffy တို့ ပင်လယ်ကိုခရီးထွက်ခါစ Alabasta ကိုမရောက်ခင် ကြားထဲမှာဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့ Chopper ဟာ Luffy တို့ရဲ့ သင်္ဘောပေါ်ကို လိုက်ပါခါစအချိန် သူတို့ဟာ ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်။ Namiရဲ့ မြေပုံညွှန်းချက်အရတော့ ဒီကျွန်းဟာသရဖူကျွန်းလို့ခေါ်ကြတယ်တဲ့။ အဲ့ကျွန်းကိုဝင်ခါနီး ရုတ်တရက်ရေအောက်က မီးတောင်ပေါက်ကွဲမှုကြောင့် လှိုင်းလုံးနဲ့သင်္ဘောက လေပေါ်မြှောက်တက်သွားပြီး Chopper ဟာ အဖွဲ့သားတွေနဲ့ကွဲပြီး ကျွန်းပေါ်ကတောထဲကို ရောက်သွားခဲ့ရတယ်။ အဲ့ကျွန်းပေါ်မှာရှိတဲ့ အယူအဆက ကျွန်းဘုရင်အသစ်ဟာ တစ်နေ့ကောင်းကင်ဘုံကနေ ကျလာမယ်လို့ ယူဆကြတယ်။ Chopper လဲ ကွက်တိကျသွားတာနဲ့ ဘုရင်တင်ခံလိုက်ရပြီး ကျွန်းပေါ်မှာနေတဲ့ တစ်ဦးတည်းသောကောင်လေး Momambi နဲ့ သူငယ်ချင်းဖြစ်သွားတော့တယ်။ ဒါပေမဲ့ အဲ့ကောင်လေးကလဲ သူ့ဇာတ်ကြောင်းနဲ့သူ ပင်လယ်ဓားပြတွေကိုမုန်းနေတဲ့ အကြောင်းအရင်းရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကျွန်းမှာ Count Butler လို့ခေါ်တဲ့ လူဆိုးနဲ့သူ့အဖွဲ့တစ်သိုက်က တယောတစ်ခုနဲ့ ချိုစားကောင်ကြီး‌တွေကို ထိန်းချုပ်ပြီး ကျွန်းပေါ်ကဘုရင်ကြီးရဲ့ သရဖူရတနာကို ရှာနေကြတယ်။ အဲ့ဒီ သူတို့ကောက်ကျစ်တဲ့အကြံနဲ့ ကျွန်း‌ပေါ်က တိရိစ္ဆာန်‌တွေဒုက္ခပေးပြီး သရဖူရတနာရှာဖွေနေတာကို Luffy တို့တွေဟာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ Momambi ဆိုတဲ့ကောင်လေးရဲ့ ပင်လယ်ဓားပြတွေကို ဘာကြောင့်မုန်းရတယ် ဆိုတာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။ (အညွန်းနဲ့ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1.4 GB / 640 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Drama • Comedy
6.2 2002 56 mins
One Piece: Chopper’s Kingdom on the Island of Strange Animals
Sovereign
6.3

IMDb Rating (6.3) / Rotten Tomatoes (92%) ဒီတစ်ခါတော့ The Last of us (2023)မှာ Bill အဖြစ် သရုပ်ဆောင်ခဲ့ပြီး Emmy Award ဆု ရထားတဲ့နာမည်ကြီးသရုပ်ဆောင် Nick Offerman ရဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Christian Swegal ရဲ့ ပွဲဦးထွက်လက်ရာ ဒီရုပ်ရှင်ဟာ ၂၀၁၀ အာကန်ဆောမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Rotten Tomatoes မှာ 92% ရထားပြီး သားအဖဆက်ဆံရေးနဲ့အစွန်းရောက်ဝါဒကို ချိတ်ဆက်ပြီး အကောင်းဆုံးရိုက်ပြထားတာပါ။ Nick Offerman ရဲ့ ဂျယ်ရီကိန်းအဖြစ် သရုပ်ဆောင်မှုကို ဝေဖန်သူတွေက“ရင်သပ်ရှုမောဖွယ်” နဲ့ “ကာရိုက်တာလေ့လာမှုရဲ့အကောင်းဆုံး ဥပမာ” အဖြစ် ချီးကျူးထားပြီး သူ့ရဲ့အကောင်းဆုံး တင်ဆက်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ထားတယ်။ ဒီဇာတ်ကားကို လူမှုရေးသင်ခန်းစာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အသုံးပြုပြီး အစွန်းရောက်မှုရဲ့ အကျိုးဆက်တွေကို ဆန်းစစ်ဖို့ သင့်တော်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် အမေရိကန်အစိုးရကို ဆန့်ကျင်တဲ့ Sovereign Citizen လှုပ်ရှားမှုကို ယုံကြည်တဲ့အဖေဖြစ်သူဂျယ်ရီကိန်း (Nick Offerman – Emmy ဆုရှင် “The Last of Us”) နဲ့ သူ့သား ဂျိုးဇက် (Jacob Tremblay – “Room”) တို့ဟာ ဥပဒေသင်တန်းတွေ ပို့ချရင်း တစ်ဖက်တစ်လမ်းက ငွေရှာကြပါတယ်။ တစ်ဖက်မှာလည်း အကြွေးပြဿနာတွေနဲ့ရှိနေပြီး ဘဏ်နဲ့ အစိုးရရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းကြမလဲ…. သူတိုရဲ့ပြဿနာတွေက ပြေလည်သွားမှာလား ဒါမှမဟုတ် တစ်စတစ်စကြီးသထက် ကြီးလာမှာဆိုတာကိုတော့ ကြည့်ရှုသူတွေကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။ ဒီဇာတ်ကားမှာ ဂျယ်ရီကိန်းရဲ့ဒိုင်ယာလော့တွေက ဘယ်လိုအစွန်းရောက်ပြီး မိတ်ဆွေတို့ကို ဘယ်လိုအတွေးတွေရစေမလဲ။ မလုပ်သင့်မလုပ်အပ်တာတွေကို အစွန်းမရောက်ဖို့အကြံပေးရင် ဒီဇာတ်ကားကို အဆုံးထိကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ File Size… (1.38 GB) / (811 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 40m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Crime • Comedy
6.3 2025 100 mins
Sovereign
3BHK
7.6

3BHK (2025) နွေးထွေးတဲ့ အိပ်မက်အိမ်ကလေး IMDb -7.6/10 သာမန်မိသားစုလေးတစ်ခုရဲ့ ရိုးရှင်းနွေးထွေးတဲ့ အိပ်မက်လေးတစ်ခုအကြောင်းကို ဒရာမာခပ်နည်းနည်းနဲ့ တင်ပြထားတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အိမ်ပိုင်မဟုတ်တဲ့ အိမ်ထောင်စုလေးတစ်ခုရဲ့ အခန်းကိုယ်စီနဲ့အိမ်လေးရဖို့ ကြိုးစားမှုလေးက အတော်လေးချစ်စရာကောင်းတာမလို့ ခုပဲ ရှုစားလိုက်ရအောင်ပါ။ ဗာဆူဒေဗန်က သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ မိသားစုလေးရဲ့ အိမ်ထောင်ဦးစီး သူ့ရဲ့ ကာလရှည်ကြာအိပ်မက်တစ်ခုက မြို့ထဲမှာ အခန်းကိုယ်စီပါတဲ့ တိုက်ခန်းကောင်းကောင်းတစ်လုံး ဝယ်ဖို့ပါပဲ။ ဒါပေမဲ့ ရတဲ့လစာနဲ့ မိသားစုတွေစားစရိတ် သားသမီးတွေရဲ့ ကျောင်းစရိတ်က လောက်ငှရုံလေးဆိုတော့ အိပ်မက်က လိုက်လေပြေးလေ တွေးလေဝေးလေဖြစ်နေတာပေါ့။ ဒီလိုနဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ဝယ်တော့မယ်လို့အတွေး မြို့ထဲကတိုက်ခန်းကို ငေးကြည့်နေတဲ့ အဖေ့ရဲ့ဆွေးရိပ်ထင်နေတဲ့မျက်နှာကိုကြည့်ပြီး သူတို့တစ်မိသားစုလုံး အိမ်ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကဲ သူတို့အိပ်မက်ထဲက Home sweet homeလေးကို ပိုင်ဆိုင်ခွင့် ရသွားကြမလားကတော့ အတူရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)

Action • Drama
7.6 2025 139 mins
3BHK