YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Dangerous Wife.2020.EP7.mp4

493.59 MB N/A video/mp4 1055 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Theerppu
7

ဒီတစ်ခေါက်မှာတော့ သိပ်မကြာခင်ကပဲ Jana Gana Mana တို့ Kaduva တို့မှာ သရုပ်ဆောင်ထားတဲ့ မင်းသား Prithviraj Sukumaran ရဲ့ ၂၀၂၂ မှာထပ်ထွက်လာတဲ့ မာလာရာလမ် စကားပြော Drama, Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDB 5.8 ရနေပေမယ့် မာလာရာလမ် ကားမို့ ဇာတ်အိမ်မခိုင်မှာတော့ပူစရာ မလိုတဲ့ရုပ်ရှင်ပါ ပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ မာရာကာ,နေယာ,မီနွန် နဲ့ ဘုန်းတော်ကြီး မိသားစုလေးစုဟာ တစ်ယောက်အခက်အခဲတစ်ယောက်ကူညီရင်းနေထိုင်ခဲ့ကြပါတယ်။ မိသားစုလေးစုရဲ့သားလေးယောက်ဟာလည်း ငယ်စဥ်ထဲကကစားဖော်ကစားဖက်တွေဖြစ်နေပြန်ပါတယ်။ မာရာကာ မိသားစုရဲ့ ဘိုးဘွားပိုင်မြေ ၈ ဧကထဲက ပင်လယ်ကမ်းစပ်ပြင်သစ်တွေကမ်းလှမ်းလာတဲ့အခါ ကျန်မိသားစု သုံးစုရဲ့တိုက်တွန်းချက်ကြောင့် ရောင်းချလိုက်ရင်း မာရာကာမိသားစု အခြေအနေဟာ ဆိုးရွားသွားခဲ့သလို တဖက်လှည့်နဲ့ဝယ်ခဲ့တဲ့ နေယာမိသားစုဟာ ချမ်းသာလာခဲ့ပါတယ်။ အဲ့ဒီ မြေနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့လုပ်ရင်း မိသားစုလေးစုရဲ့ သားလေးယောက်ပြန်ဆုံကြတဲ့အခါ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေ ထူးဆန်းမှုတွေကို ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ပါဦးခင်ဗျာ။ File size…2.7GB / 1.14GB Quality…1080p AVC / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Thet Ko & Shwe Pyae & Kham Mon & Lwin Htoo & Kevin Ag

Horror • Mystery • Thriller
7 2022 147 mins
Theerppu
The System
7.8

ကားအမျိုးအစားက Action, Crime ဆိုတော့ အချိန်တိုလေးအတွင်း အပျင်းပြေကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါပဲ။ အချိန်လည်းသိပ်မပေးချင် ဇာတ်လေးလေးပင်ပင်တွေလည်း မကြိုက်ဘဲ ပေါ့ပေါ့ပါပါး တိုက်လိုက် ခိုက်လိုက်ကားလေးနဲ့ စိတ်အပန်းဖြေချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါ။ မင်းသားတွေကတော့ ကတုံးကားမောင်း မြန်စေလျောင်းကားတွေမှာ အစကတည်းကနေ ကြားဖောက်ကားတွေကလွဲ 9 အထိပါခဲ့တဲ့၊ နောက်ကားတွေလည်း ဆက်ပါနေဦးမယ့် Tyrese Gibson နဲ့ မူလလက်ဟောင်း War Machine ကြီး Terrence Howard တို့ပါပဲ။ ရင်းနှီးပြီးသားမင်းသားတွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားလေးဆိုတော့ အားလုံး သဘောကျကြမှာပါ။ တယ်ရီဆဲဗေ့ဂျ်ဟာ တိုင်းပြည်အတွက် အသက်ပေးအမှုထမ်းခဲ့ပြီး စစ်မြေပြင်မှာ ဆုတွေအလီလီရတဲ့ထိတိုင်အောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူရဲကောင်းတစ်ယောက်ပေမဲ့ တာဝန်ပြီးလို့ အိမ်ပြန်ရောက်ချိန်မှာတော့ တိုင်းပြည်အစိုးရရဲ့ မျက်ကွယ်ပြုခြင်း ခံရပြီး ဘဝက ယိုယွင်းလာခဲ့တယ်။ အဲဒီလိုနဲ့ နောက်ဆုံး သူ့သမီးအသက်မသေရအောင် ဆေးဖိုးရှာဖို့ ကြံရာမရတဲ့နောက်မှာ ဒုစရိုက်သမားဆီက ထိပ်ကွက်ပြီး လုယူဖို့ကြိုးစားရင်း အဖမ်းခံလိုက်ရပြီးတော့ သမီးရော သူပါ ဘဝပျက်မယ့်အရေးနဲ့ ကြုံလာရတော့တယ်။ အဲဒီအချိန်မှာ ရဲမင်းကြီးဟာဗီက သူ့ကိုဆက်သွယ်လာပြီး သူတို့တိုက်ဖျက်လိုနေတဲ့ ပုဂ္ဂလိကအကျဥ်းထောင်တွေထဲက အကျင့်ပျက်ခြစားမှုကို ထောက်လှမ်းရာမှာ ဆဲဗေ့ဂျ်က သူလျှိုအနေနဲ့ အထောက်အထားယူပေးရင် ဆဲဗေ့ဂျ်ရဲ့ဒုက္ခတွေကို တာဝန်ယူရှင်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ တခြားရွေးစရာလမ်းမရှိတဲ့ ဆဲဗေ့ဂျ်တစ်ယောက် ခြစားနေတဲ့ထောင်ထဲက လျှို့ဝှက်ချက်တွေကိုရှာဖို့ ဝင်သွားခဲ့ပေမဲ့ သူတကယ်တွေ့ရှိလိုက်ရတဲ့ အမှန်တရားက သူရောက်နေတဲ့ငရဲတွင်းကို ပိုနက်သထက်နက်စေဖို့သာ ဖြစ်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 940MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

7.8 2022 97 mins
The System
Azor
6.4

ဒီကားလေးကတော့ ရိုးရိုးလေးပါပဲ။ 1980 ခုနှစ်လောက်က အာဂျင်တီးနားနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဘဏ်လုပ်ငန်းရှင် ကီးစ်ဆိုသူဟာ ဘွာနိုးဆိုင်းရက်စ်မြို့ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးဖို့ သူ့ရဲ့တွဲဖက်ဖြစ်သူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် အီဗန်ဟာ အာဂျင်တီးနားနိုင်ငံကို ဇနီးဖြစ်သူနဲ့အတူ ရောက်လာခဲ့တယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးမဲ့ အီဗန်ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အေးအေးဆေးဆေးလေးပဲ လိုက်ပါခံစားရမှာပါ။ ဒီကားထဲမှာဆိုရင် နိုင်ငံရေးစကားဝိုင်းတချို့တွေ့ရမယ်၊ စီးပွားရေးကိစ္စ ပြောဆိုတာတွေ တွေ့ရမယ်၊​ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းထဲမှာ ရှာရပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနဲ့ အက်ရှင်တွေပါမှ ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Rating အနေနဲ့ကတော့ IMDB မှာ 6.6 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။ (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size          :  1.4GB, 620MB & 303MB Quality            : 1080p Blu-ray, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 40mins Genre              : Drama, Thriller Translated by Jumper Neysman Encoded by Kinnov

Drama • Thriller
6.4 2021 100 mins
Azor
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Rucker the Trucker
4

Rucker the Trucker (2022) =================== ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်… ဘာပုံလဲဆိုတော့… လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့… ချစ်လှစွာသောဇနီးပုံလေးပေါ့ ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။ သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့… ကြာပါတယ်ဗျာ…. ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.66 GB) / (712 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator……Jo Jo Va Encoder……….SWM

4 2022
Rucker the Trucker
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
The Odds
4.9

2018 တုန်းကထွက်ရှိခဲ့တဲ့ The Odds ဆိုတဲ့ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာ Rating 4.9 သာရရှိထားပေမဲ့ကြည့်လို့ကောင်းတယ်လို့ပြောရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခန်းထဲမှာလူနှစ်ယောက်ရှိတယ်။ တစ်ယောက်ကအသက်နဲ့ရင်းပြီးကစားရတဲ့ Squid Game လိုကစားပွဲ တစ်ခုမှာလာပြိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘာလုပ်ရမယ်ဆိုတာတွေနဲ့ ကစားပွဲစဉ်းမျဉ်းတွေကိုသူ့ကိုရှင်းပြပေးပြီး ညွှန်ကြားပေးရတဲ့ လူတစ်ယောက်။အသက်နဲ့ရင်းပြီး ကစားရတယ်ဆိုပေမဲ့ လူအများကြီး စုပေါင်းပြီး ယှဉ်ပြိုင်ရတာမဟုတ်ဘဲ တခြားပြိုင်ပွဲဝင်တွေကလဲ တခြားအခန်းတွေထဲမှ ာကိုယ်စီကိုယ်စီယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့လူကတော့ ပိုက်ဆံတွေအများကြီးကိုပိုင်ဆိုင်ရမှာ ဖြစ်ပြီး တခြားလူတွေကတော့ ထွက်သွားရင်ထွက်သွား မသွားရင်သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီတော့ အဲ့ဒီလိုကစားပွဲကြီးထဲမှာ ဘာတွေကစားရမှာလဲ အခန်းတစ်ခန်းထဲမှာပဲ နှစ်ယောက်တည်းနေရပြီး ကစားနေရတဲ့အတွက် တခြားလျှို့ဝှက်ချက်တွေရောရှိနေသေးလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68GB / 747MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

4.9 2018
The Odds
Glisten and the Merry Mission

Glisten and the Merry Mission (2023) ============================ IMDb Rating – 6.5/10 CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ “Merry Mission” ပါတဲ့။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….May Thet Khine Soe Encoder……….SWM

0 2023 78 mins
Glisten and the Merry Mission
I’ll Sleep When I’m Dead
5.8

I’ll Sleep When I’m Dead ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူ အကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူး ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်း ဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ် လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ် မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့် ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကို ပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီက သေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ သံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကို သိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိ လာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီး ဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင် အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.8 2003
I’ll Sleep When I’m Dead
Temurun
6.6

Temurun (2024) IMDb Rating (6.6) ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီး သူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။ တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။ မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။ အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။ အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား? သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ? သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?… အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:27:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.6 2024
Temurun
Dominique
5.5

“Dominique” (2024) ဟာ အက်ရှင်အပြည့်နဲ့ စိတ်လှုပ်ရှားစရာ ကားကောင်းတစ်ကားပါ။ အရမ်းကြမ်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက် ဖြစ်တဲ့ Dominique ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အရင်အတိတ်က အလုပ်ကို စွန့်လွှတ်ဖို့အတွက် ကိုလမ်ဘီယာမြို့လေးကို ရောက်သွားရာကနေ သူ့ကိုလိုက်လံတဲ့ ရဲတွေနဲ့ မာဖီယားတွေကြားမှာ တိုက်ပွဲဝင်ရပါတယ်။ အဲဒီမှာ သူက ကိုလမ်ဘီယာသားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ကိုလံဘီယာ မိသားစုကို ကယ်တင်ပေးရမလား၊ သူ့အသက်ကို သူ ကယ်တင်ရမလားဆိုပြီး ဘေးကျပ်နံကျပ်အခြေအနေ တစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ အသည်းတထိပ်ထိပ်ဖြစ်‌စေတဲ့ အက်ရှင်ခန်း‌‌ပေါင်းများစွာနဲ့အတူ ရင်ခုန်စရာ ကားဖြစ်လို့ အက်ရှင်ကား ချစ်သူတွေ ကြည့်ရမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size…1.99GB / 1.08GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance • Comedy
5.5 2024
Dominique
The Human Stain
6.2

Anthony Hopkins, Nicole Kidman တို့ ပါဝင်ထားတဲ့ ဒရာမာရုပ်ရှင်လေးဖြစ်ပါတယ် ကိုးလ်မန်းဆိုတဲ့ အဘိုးကြီးက ကောလိပ်တစ်ခုက ဌာနမှူးဖြစ်ပြီး တစ်နေ့အတန်းထဲမှာ ပျက်ကွက်တဲ့ကျောင်းသားနှစ်ယောက်ကို Spooks(တစ္ဆေတွေလား) လို့ လူရှေ့သူရှေ့ သုံးနှုန်းလိုက်မိပါတယ် သူမသိတာကတော့ အဲဒီကျောင်းသားနှစ်ယောက်က အာဖရိကန်အမေရိကန်(လူမည်း) ဖြစ်ပြီး Spooks ဆိုတဲ့ စကားလုံးက တစ်ချိန်က လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်နေတာပါ ဒီလိုနဲ့ အရှက်တကွဲအကျိုးနည်း အလုပ်ထွက်လိုက်ရပြီး သူ့မိန်းမပါ ဆုံးသွားပါတော့တယ် ဒါကိုမကျေနပ်တဲ့ အဘိုးကြီးက စာရေးဆရာတစ်ယောက်ဆီသွားပြီး သူ့အကြောင်းစာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့အခါ ကိုးလ်မန်းရဲ့ လက်ရှိအရှုပ်ဇယားတွေနဲ့ အတိတ်က လျှို့ဝှက်ချက်တွေ ဘယ်လိုပေါ်ပေါက်လာမလဲ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ် File size…(1.8 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Action • Drama • Thriller
6.2 2003
The Human Stain
Colors of Evil: Red
6.4

Colors of Evil: Red (2024) IMDb – 6.3/10 စိတ်ဝင်တစားကြည့်ရှုရမဲ့ ပိုလန်စုံထောက်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ်းခြေတစ်ခုမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရာကစပါတယ်။ ဘယ်သူဘယ်ဝါ စုံစမ်းကြည့်တဲ့အခါမှာတော့ တရားသူကြီးတစ်ဦးရဲ့ သမီးဖြစ်နေပါတယ်။ သတ်ခံရတဲ့ ကောင်မလေးနာမည်က မိုနီကာတဲ့။ သူ့ကိုသတ်သွားတဲ့ပုံစံက တစ်ချိန်တုန်းက အသတ်ခံခဲ့ရတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ လာတူနေပါတယ်။ အရင်အမျိုးသမီးကို သတ်သွားတဲ့တရားခံက ထောင်ကလွတ်နေပြီဖြစ်တဲ့အတွက် သွားဖမ်းလာခဲ့တဲ့အချိန် တရားခံဖြစ်သူက ရဲစခန်းကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီမှာပဲ တရားခံက သူပဲသေချာတယ်ဆိုပြီး ရဲတပ်ဖွဲ့က အမှုကို ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ စုံထောက်ဘီလ်စကီကတော့ အဲဒါကိုလက်မခံဘဲ အထက်လူကြီးတွေတားနေတဲ့ကြားက တရားခံအစစ်ကိုဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Crime, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 746MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Comedy • Fantasy • Romance
6.4 2024
Colors of Evil: Red
Kobane

ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန် အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2022
Kobane