YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My.Dad.the.Bounty.Hunter.S01E03.720p.NF.WEB-DL.DD5.1.CM.mp4

130.91 MB N/A video/mp4 811 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Temptress Moon
6.7

Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။ မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။ ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ‌ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။ ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။ ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း... ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 950MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 10Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Crime • Drama
6.7 1996 130 mins
Temptress Moon
The River
5.8

မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။ မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
5.8 2023 110 mins
The River
I Am Here
4.3

စုံထောက်ဂန်ဆွန်းဒူဟာဆိုရင် အတိတ်က တရားခံကိုဖမ်းဆီးရင်း အဆုတ်ကို ဓားနဲ့အထိုးခံရပြီးနောက် အဆုတ်အစားထိုးကုသမှု ခံယူထားသူပါ... အံ့ဖွယ်ဖြစ်ရပ်အနေနဲ့ အသက်ရှင်ခဲ့ပြီးနောက် စုံစမ်းရေးရှေ့တန်းကို ပြန်ရောက်လာတဲ့ စုံထောက်ဂန်ဟာ ကွင်းဆက်လူသတ်သမား ဂင်ဂယူဂျုံးကို ခြေရာခံလိုက်ပါတော့တယ်.. အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသစင်တာ ညှိနှိုင်းရေးမှူးဆီကနေတစ်ဆင့် ကွင်းဆက်လူသတ်သမား ဂယူဂျုံးက သူနဲ့ တူညီတဲ့အလှူရှင်ဆီကနေ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားတာဖြစ်ကြောင်း အလှူရှင်က အတိတ်က သူ့ကို ဓားနဲ့ထိုးခဲ့တဲ့ လူသတ်တရားခံဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့... Main Cast တွေအနေနဲ့‌ကတော့ Jo Han-Sun နဲ့ 2AM အဖွဲ့၀င် Jung Jin-Woon တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်... File Size :(1.08GB) &(481MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:22:00 Genre :Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated  Hnin Wai Oo Encoded by Phyo Pyae

Action • Crime • Drama • Thriller
4.3 2023
I Am Here
Grabbers
6.1

IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။ တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး သူ့နောက်ကိုပိုပြီးအားကြီးတဲ့ အဖိုတကောင်ကလိုက်နေတာကို သိလိုက်ရတဲ့အခါမှာတော့ အေးချမ်းသာယာတဲ့ အယ်ရင်ကျွန်းပေါ်မှာ လူသေမှုတွေဆက်တိုက်ဖြစ်နေခဲ့ပြီးပါပြီ။ ဒီကောင်ကြီးတွေရဲ့ လက်ကနေ လွတ်မြောက်နိုင်ဖို့ တစ်ခုထဲသောနည်းက အရက်မူးအောင် သောက်ဖို့ ဖြစ်နေတဲ့အခါမှာတော့ ဘယ်လိုတွေမူးအောင်သောက်ပြီး ဘယ်လိုတွေနှိမ်နင်းကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Mystery
6.1 2012 94 mins
Grabbers
Escape from L.A
5.7

ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ် အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ် ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ် အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ် တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ် အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ပလစ်စကင်ကို စေလွှတ်ဖို့ အစိုးရလူတွေက ကြိုးစားပါတော့တယ် စနိတ်ခ်က သွားယူပေးဖို့ စိတ်မဝင်စားတဲ့အခါမှာ သမ္မတက စနိတ်ခ်ရဲ့ကိုယ်ထဲမှာ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားစေမယ့် ဗိုင်းရပ်စ်ပိုးရောက်နေကြောင်း ပြောခဲ့ပါတယ် နောက်ပြီး မပျက်စီးခင် အချိန် ၁၀ နာရီရမှာဖြစ်ပြီး အဲဒီအချိန်အတွင်း ပစ္စည်းကိုသွားယူပြီး ပြန်လာမှ ဖြေဆေးထိုးပေးမယ်လို့ အကြပ်ကိုင်ခဲ့ပါတယ် ဒီလိုနဲ့ စနိတ်ခ်လည်း သွားပေးဖို့ သဘောတူလိုက်ရပြီး လက်နက်ကိရိယာအစုံအလင်နဲ့ ဒုစရိုက်မြို့တော် အယ်လ်အေကို ထွက်ခွာခဲ့ပါတယ် သွားယူတဲ့တစ်လျှောက် စနိတ်ခ်ရဲ့ အယ်လ်အေမြို့ထဲမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သူယူပေးရမယ့် လျှို့ဝှက်ပစ္စည်းရဲ့ အရေးပါပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(1.59GB) / (812MB) / (546MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:41:00 Genre…Action / Adventure / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

5.7 1996 96 mins
Escape from L.A
Daughter of Rage
6.3

ဒီဇာတ်လမ်းလေးကတော့ နီကာရာဂွာမှာ အမှိုက်ကောက်ရင်း အသက်မွေးဝမ်းကြောင်းလုပ်ရတဲ့ သားအမိလေးအကြောင်းကို‌ရိုက်ကူးထားတဲ့ Drama ဇာတ်လမ်းလေးပါ။ လီလီဘတ်နဲ့ ၁၁နှစ်သမီးလေးမာရီယာတို့ဟာ အမှိုက်ပုံနားမှာ နေထိုင်ကြတဲ့သူတွေပါ လီလီဘတ်ဟာ သူတို့ ဒေသက လူဆိုးတွေဆီမှာ ခွေးရောင်းဖို့ စီစဉ်ထားခဲ့ပေမဲ့ မာရီယာလေးကြောင့် အရောင်းအဝယ်ပျက်သွားပါတော့တယ်။ အဲ့ဒီမှာ လီလီဘတ်တစ်ယောက် ဒီကိစ္စကိုဖြေရှင်းဖို့ အတွက် အရင်ဆုံး သမီးလေးကို Recycle စက်ရုံတစ်ခုမှာ ထားခဲ့ပြီး ရက်အနည်းငယ်ကြာရင် ပြန်လာခေါ်မယ်လို့ပြောကာ ထွက်သွားပါတော့တယ် မာရီယာတစ်ယောက် သူ့အမေ လာခေါ်မယ့်ရက်ကို စောင့်နေခဲ့ပေမဲ့ သူ့အမေဟာ ပေါ်မလာခဲ့ပါဘူး ထိုအခါမှာတော့ စက်ရုံမှာရှိတဲ့ သူငယ်ချင်းဖြစ်သူ တအဲအို အကူအညီကိုယူကာ လီလီတစ်ယောက် သူ့အမေကို ရှာပုံတော်ဖွင့်ရပါတော့တယ်…… File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

War • Action
6.3 2022 91 mins
Daughter of Rage
Die’ced

ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲ ဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die’ced ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာ ကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့ ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့ ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။ သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့ ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့ အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟောလိုးဝင်းညမတိုင်ခင် တစ်ညမှာတော့ ကဆန်ဒရာဆိုတဲ့ ကောင်မလေးတို့ အိမ်နားကလူတစ်ယောက်အသတ်ခံလိုက်ရပါ တော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အိမ်ကဓားတွေနဲ့ ဟောလိုးဝင်းဝတ်စုံတွေကိုလည်း ယူသွားကြောင်းကို ကဆန်ဒရာတို့ရဲ့အဖေဖြစ်သူက ပြောပြနေပါတော့တယ်။ဒါပေမယ့် လူငယ်ပီပီ ကဆန်ဒရာတို့က အဲ့ဒါကိုသိပ်ဂရုစိုက်မနေပဲ ညကျသွားရမဲ့ ဟောလိုးဝင်း ပါတီကိုပဲ စိတ်ရောက်နေပါတယ်။ဒီလိုနဲ့ အဲ့ဒီဟောလိုးဝင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက တစ်ယောက်ပြီး တစ်ယောက်လိုက်သတ်ရင်းနဲ့ ကဆန်ဒရာနဲ့ ထိပ်တိုက်တွေ့လာတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်နေတဲ့အရာရှိတာကို သိခဲ့ရပါ တော့တယ်။အဲ့ဒါကဘာဖြစ်မလဲ ကဆန်ဒရာကရောသူများတွေလိုပဲ အသတ်ခံရပြီး သေဆုံးသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…977MB / 415MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Die’ced
Mardaani
7.3

Mardaani (2014) “ဇော” IMDb – 7.3 Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။ ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်‌ပါသေးတယ်။ ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ရှီဗာနီတစ်ယောက်လိုက်ရှာရင်း လူကုန်ကူးခံလိုက်ရမှန်း သိသွားတဲ့အခါမှာတော့… ပွဲတိုင်းကျော်စုံထောက်မလေးရှီဗာနီတစ်ယောက် ဒီတစ်ခါမှာရော လူကုန်ကူးတဲ့ဂိုဏ်းကြီးကို ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Yunni ~ ToMo ~ Alexတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Thriller
7.3 2014 113 mins
Mardaani
Holding the Man
7.4

Holding the Man (2015) ================= IMDb Rating – 7.4/10 Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australian romantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး Timothy Conigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထား တာပါ။ ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူ တီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာ ဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင် တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်း ချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွ သွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်း တွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တို အတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistry မိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.6 GB) / (700 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Alias Encoder……….SWM

7.4 2015 128 mins
Holding the Man
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
The Heretics
5

ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျ ပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းက ဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စု ပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီး စိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာ တွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်း တစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကို ပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့ အစီအရင်တွေက ဘာအတွက်လဲ။ ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့…. ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလို မရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Thriller • Action
5 2017 87 mins
The Heretics
Turtle
6.9

Turtle (2018) “လိပ်ကလေး” IMDb – 6.9/10 ၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။ မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။ အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာ ရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်)

Thriller • Crime • Action
6.9 2018
Turtle
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky
Joker: Folie à Deux
5.3

Joker: Folie à Deux (2024) IMDb Rating (5.3) 2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲ ရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါ နာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်း စကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာ တစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်း နေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ ဒါကြောင့် Greatest Showman တို့ Les Misérables တို့လို သီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(8.3 GB) / (2.9 GB) / (1.1 GB) Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….02:18:29 Genre ….. Crime , Drama , Musicl , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Benjamin, Ka Naung Translated by Mr.Anderson

Action • Crime • Drama
5.3 2024 138 mins
Joker: Folie à Deux
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists