YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My.Dad.the.Bounty.Hunter.S01E01.The.Bounty.Hunter.1080p.NF.WEB-DL.DD5.1.CM.mp4

353.54 MB N/A video/mp4 783 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Stepford Wives
5.7

မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.7 2004 93 mins
The Stepford Wives
1898: Our Last Men in the Philippines
6.5

ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံး ကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်း အားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ် တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။ အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။ File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama
6.5 2016 130 mins
1898: Our Last Men in the Philippines
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Under The Shadow
7

ဒီကားလေးက တရုတ်နိုင်ငံမှာ တရားမဝင်အွန်လိုင်းဂိမ်းအစပျိုးလာတော့ ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ယူပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးလဲဆိုတာ အသားပေးရိုက်ကူးထားပါတယ်။ ဝက်သတ်ပွဲကို ကြိုးကိုင်နေကြတဲ့သူတွေအကြောင်း၊ အလိမ်ခံရတဲ့ပြည်သူတွေရဲ့ ပျက်ဆီးဆုတ်ယုတ်မှုတွေအကြောင်းတွေကို သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။ ဝက်သတ်ပွဲ ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့။ နိဂုံးချုပ်အနေနဲ့ ပြောရရင်... ရှောင်ထုန်လေးက အရမ်းအရမ်းချစ်ဖို့ကောင်းပါတယ်လို့ .... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 755MB | 337MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... Brian

Action • Drama
7 2022
Under The Shadow
Deep Impact
6.2

Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။ File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Adventure • Family • Science Fiction
6.2 1998 120 mins
Deep Impact
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
The Devil Conspiracy
6.4

The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 51Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Sci-Fi & Fantasy
6.4 2023 111 mins
The Devil Conspiracy
I Love You, Man
7

I Love You, Man (2009) ~ IMDb – 7/10, Rotten Tomatoes – 83% ~ ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။ ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ‌ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ “ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်” (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 802MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

7 2009
I Love You, Man
30 Days of Night
7

30 Days of Night(2007) ******************** ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလို ဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်…ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့ သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်း ပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး.. ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့ မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်… အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲ ပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် … နိုဝင်ဘာလပေါ့…ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းက တောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်.. အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်း အကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်.. အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်း မြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်.. နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာ မြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့… File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre : Action, Adventure, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by AOI Encoded by Phyo Pyae

Drama
7 2007 113 mins
30 Days of Night
Intruders
5.4

မက်ဒရစ်မှာ နေထိုင်တဲ့ ဂျူအန်ဆိုတဲ့ကလေးလေးဟာ ကြောင်လေးမပြန်လာသေးလို့ဆိုပြီး ညဘက်မှာ ပြူတင်းပေါက်ကို ဖွင့်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒီအချိန်မှာ မျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက ဂျူအန်ကို လာပြီး ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်၊ တစ်ဖက်မှာလည်း လန်ဒန်မှာနေထိုင်တဲ့ မီယာဆိုတဲ့ကောင်မလေးကိုလည်း ဒီမျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက လာလာပြီးခြောက်လှန့်လျက်ရှိပါတယ်။ ဒီမှာ တစ်ခုတူညီတဲ့အချက်က ဒီမျက်နာမရှိတဲ့အရာကြီးက ဂျူအန်နဲ့ မီယာရဲ့ မျက်နှာတွေကို ခိုးယူဖို့ ခြောက်လှန့်ကြိုးစားနေတာပါ။ ဒီတော့ ဒီအရာကြီးက တစ်ကယ်အပြင်မှာရှိတာလား၊ စိတ်ကထင်ရုံသက်သက်ပဲလား၊ စိတ်ထင်ရုံသက်သက်ပဲဆိုရင် ဘာလို့နေရာမတူ ဒေသမတူ အရွယ်မတူတဲ့ ကောင်လေးနဲ့ ကောင်မလေးကို ဘာလို့လိုက်လံခြောက်လှန့်နေတာလဲဆို ရင်ဖိုသည်းလှိုက်စွာ ခန့်မှန်းရင်း စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(608 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.4 2011
Intruders
Dream Girl 2
6

Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး) IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့… သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူး သမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား စသည်ဖြင့် အချစ်ဟာသကားလေးကို မိသားစုနဲ့တူတူ ရီမောရင်း ကြည့်ရှုနိုင်ဖို့ CM team ကနေ စေတနာဗလပွနဲ့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ရဲ့လက်ရာပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Telelink )

Drama • Romance
6 2023
Dream Girl 2
Sarileru Neekevvaru
6.8

Sarileru Neekevvaru (2020) တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။ (ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်)

Thriller • TV Movie
6.8 2020 169 mins
Sarileru Neekevvaru
Brain Freeze
4.9

Brain Freeze (2021) —————————– IMDb rating -4.9/10 Rotten Tomatoes – 71% Genre – Zombie Horror, comedy ဇာတ်လမ်းအကျဉ်း – သုံးမကုန်အောင် ပိုက်ဆံချမ်းသာ‌နေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေက တစ်နှစ်ပတ်လုံး ‌လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ် ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်း‌တွေခဲတာကြောင့် မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူး အဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမား‌တွေ ဟာ အကြံထုတ်ကြပါတော့တယ် သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက် ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ် မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။ File size… 1.2 GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kafka

Drama • Thriller
4.9 2021 91 mins
Brain Freeze