YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mr.Lipstick.2021.EP13.mp4

441.59 MB 720p video/mp4 614 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Avarice
5.7

Action thriller ကားသစ်လေးတစ်ကားတင်ပေးထားပါတယ်။ ဒီကားကတော့ အဲရိုးလိုပဲ လက်ရှိခေတ်မှာ မြားနဲ့ တိုက်ခိုက်တာမျိုးပါ။ Kate ဟာprofessional လေးသည်တော်တစ်ယောက်ပါ။ သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေဖြစ်မှုတွေကြောင့် စိတ်ဒုက္ခရောက်နေတာကိုပြေပျောက်အောင် အပန်းဖြေခရီးထွက်ရင်း အိမ်ထဲကို ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေ၀င်ရောက်လာပါတယ်။သူ့သမီးနဲ့ယောက်ျားဖြစ်သူတို့ကိုပြန်ပေးဆွဲသွားချိန်မှာတော့ ကိတ်တစ်ယောက် သူကျွမ်းကျင်တဲ့လေးပညာကိုအသုံးချပြီး ချစ်ရသူတွေကိုကယ်တင်ဖို့ ရုန်းကန်ကြိုးစားရပါတော့တယ်။ File size…1.31 Gb / 722 Mb / 350MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:28:00 Genre...Action,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP

Crime • Sci-Fi & Fantasy
5.7 2022 89 mins
Avarice
Resurrection
6.1

IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70% Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမတစ်ယောက်ရှိတယ်။ သူနဲ့ သူ့ယောက်ျားက တောခေါင်ခေါင်နေရာမှာ နေကြတယ်။ တစ်နေ့ကျ ကလေးလေးမွေးလာတယ်။ သူက ကလေးကို မျက်စိအောက်က အပျောက်ခံနိုင်အောင် သိပ်ချစ်တာပေါ့။ တစ်နေ့ကျ သူ့ယောက်ျားကသူ့ကို မြိုတက်ဈေးဝယ်ခိုင်းတယ်။ သူပြန်လာတော့ စားပွဲပေါ်ကလေးလက်လေး၂ချောင်းပဲတွေ့ရတော့တယ်။ ကလေးဘယ်မှာလဲမေးတော့ သူ့ယောက်ျားကစားပစ်ပြီတဲ့။ နောက်ကျသိလိုက်ရတာက ကလေးက သူ့ယောက်ျားကိုယ်ထဲမှာ ငိုကြွေးနေတယ် လှုပ်ရှားနေတယ် ရှင်သန်နေတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ရင်ဖိုကြည့်လိုက်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Adventure • Fantasy
6.1 2022 103 mins
Resurrection
King Tweety
6.9

Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။ လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။ ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။ ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။ 90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.5GB) / (700MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:20:00 Type__Animation, Action, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Science Fiction
6.9 2022 81 mins
King Tweety
Wild Dog
5.4

Wild Dog (2021) ===================== imdb 6.1/2.4k နာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ..... ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်.... ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment

Crime • Drama • Thriller
5.4 2021 122 mins
Wild Dog
Tickets
2

Tickets(2023) ************* ဦးနှောက် အကျိတ်ကင်ဆာဖြစ်နေတဲ့ ဖီးလစ်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သမီး ဖြစ်သူ ခရစ်စတယ်ကလည်း အိမ်ကို မထောက်ပံ့နိုင်ပဲအဆိုတော်ဖြစ်ဖို့ကြိုးစားနေပါတယ်။ ဂရန့် ဆိုတဲ့ကောင်လေးကတော့ Rapper ဖြစ်ဖို့ကြိုးစားနေပြီး ကလပ်တစ်ခုရဲ့ ပိုင်ရှင်အတွက် ဆေးခြောက်ရောင်းပေးနေတာပါ။ ဂရန့်နဲ့ ခရစ်စတယ်ကတော့ ဘာလိုလိုညာလိုလိုပါ။ တစ်ရက် ခရစ်စတယ်ရဲ့အမေက ထီဆုကြီးကိုပေါက်တဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ဂရန့်တို့ဟာ ထီပေါက်တဲ့အကြောင်း အမေဖြစ်သူကိုမပြောဘဲ နှစ်ယောက်ထဲ အမေရိကားကိုသွားဖို့ စီစဉ်ကြပါတော့တယ်။ ဂရန့်ဟာ သူ့ဘော့စ်အတွက် ဆေးခြောက်ရောင်းရင်းနဲ့ ရဲ‌အဖမ်းခံလိုက်ရတဲ့အချိန်မှာတော့... ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်လာပါတော့တယ်..အဲ့ဒီနောက်မှာတော့.... ဘာသာပြန်နဲ့ အညွှန်းကတော့ PROXY ဖြစ်ပါတယ်။ File Size :(1.5GB) and (472MB) Quality : AMZN.WEB-DL1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae

Drama
2 2023
Tickets
The BFG
6.3

2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ ------------------------------------------------------- File Size     :   845 MB Duration    :   1: 58 : 00 Quality       :   Bluray rip Translator/Encoder  :  Littleneo Format       :   MP4

Action • Comedy • Crime • Thriller
6.3 2016 117 mins
The BFG
Havana
5

Havana (2023) မှုခင်းဇာတ်လမ်းကို ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးပါဦးမယ် အစိုးရရှေ့နေ အီဂျောင်မင်းဟာ အထက်ကနေ အမှုတစ်ခုကိုတာဝန်ပေးလို့ အဲအမှုလိုက်ရှေ့နေဖြစ်လာပါတယ်.. အမှုက ခင်ပွန်းဖြစ်တဲ့သူကို အိပ်နေတဲ့အချိန်မှာ ဇနီးသည်ကသတ်လိုက်တယ်လို့ စွပ်စွဲထားပါတယ် ရှုပ်ထွေးတဲ့အမှုကို ရဲတွေဘက်ကလည်း လုပ်ဆောင်တာပေါ့လျော့တာရယ်၊ အမှုစစ်က တရားခံပါလို့ တစ်ထစ်ချယုံထားတဲ့အတွက် အမှုလိုက်တဲ့ရှေ့နေကတော့ မလွယ်ကြောပါပဲ ဒီအမှုမှာ ဇနီးဖြစ်တဲ့သူက တကယ်ပဲ တရားခံလား တခြားအလှည့်အပြောင်းတွေရှိဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ Havana ဆိုတဲ့ နာမည်နဲ့ ဘာဆိုင်သွားသလဲဆိုတော့ ဇာတ်လမ်းအစမှာပဲ ဟာဗာနားဆိုတဲ့ နာမည်ဝှက်နဲ့ ရှေ့နေဆီကို သက်သေတွေ ပို့ပေးနေရာကနေ အစပြုလာတဲ့ နာမည်ဖြစ်ပါတယ် Thriller Crime ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ကြည့်ဖို့ညွှန်းပေးပါရစေနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Crime, Thriller Quality…. 1080p | 720p File size… 900MB | 300MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

5 2023
Havana
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Friday the 13th: The Final Chapter
6

Friday the 13th: The Final Chapter (1984) အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။ တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။ တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 945MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 31Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1984
Friday the 13th: The Final Chapter
The Terminator
8.1

ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။ File size…(4.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

8.1 1984
The Terminator
Whale Rider
7.5

Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါ ကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်….. ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ပိုက်ကီယာ ရဲ့ အမွေဆက်ခံသူအနေနဲ့ အလေးထားသတ်မှတ်ပြီး လူမျိုးစုကို ဦးဆောင်နိုင်မယ့်သူဆိုပြီး ယုံကြည်ထားကြတာပေါ့……. ဒီလို သားဦးယောက်ျားလေးပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကနေ…. တစ်နေ့မှာတော့ ပိုက်ကီယာ လို့နာမည်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီလိုအရိုးစွဲနေတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုရဲ့အမြင်တွေကြားမှာ ဘယ်လိုရုန်းကန်ရဦးမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.5 2002
Whale Rider
The American Society of Magical Negroes

အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီး တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းက အားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့် အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက် ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေ မှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့ အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီး လူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကို တွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာ မထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက် သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင် ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The American Society Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာ သွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့ အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာ ဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာ ပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလို ဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့ အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။ နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်း အလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုး အမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့ အစည်းရဲ့ အဓိကတာဝန်ကတော့ သူတို့လူမည်းတွေ လူဖြူတွေရဲ့ ရန်ပြုခြင်းတွေ ရန်လိုခြင်းတွေမခံရဖို့အတွက် မှော်ပညာနဲ့ ပေါင်းစပ်ပြီး လူဖြူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးရတာပါပဲ။ ကြားရတာ ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်နေမယ်ဆိုပေမဲ့ တကယ်တမ်း ဇာတ်လမ်းကိုကြည့်လိုက်တဲ့အခါမှာ မှော်ပညာ အပိုင်းတွေကို ဖယ်လိုက်ရင်ကျန်တဲ့အရာတွေအားလုံးက ဖြစ်ရပ်မှန်တစ်ခုလိုတောင် ဖြစ်နေမှာပါ။ဒီတော့အထက်မှာ ပြောခဲ့တဲ့အတိုင်း ယနေ့တိုင်မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ တစ်ခုကို အမြင်တစ်မျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကောင်းတယ် မကောင်းဘူးကတော့ ကိုယ်တိုင်ပဲဝေဖန်ကြည့်ကြဖို့ပြောလိုက်ချင်ပါတယ်။ File size…1.66GB / 694MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action
0 2024 105 mins
The American Society of Magical Negroes
Encounter Love
5.8

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူး အဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ် လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
Encounter Love
Laila Majnu
7.7

Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10 ၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ မက်လို့ပေါ့လေ။ တစ်မြို့လုံးက ကာလသားတွေကလည်း အရူးအမူး ဝိုင်းပိုးပန်းတာခံရပြီး အလှဂုဏ်လေးတဝင့်ဝင့်နဲ့ ရှိနေတဲ့သူ။ ဒီအချိန်မှာ လိုင်လာ့အချစ်ဆိုတဲ့ ပြိုင်ပွဲလေးထဲကို ဝင်ရောက်လာသူက သူများတွေနဲ့ မတူပဲ တစ်မူထူးခြားသူ ဖြစ်နေခဲ့တယ်။ မြို့မျက်နှာဖုံးရဲ့ သားတစ်ယောက်၊ ချမ်းသာကြွယ်ဝပြီး အလိုလိုက်ခံထားလို့ ပျက်စီးနေတယ်၊ မူးယစ်ဆေး မိန်းမ လောင်းကစား အကုန်လုပ်တယ် စသဖြင့် မကောင်းသတင်း ကောလဟာလတွေနဲ့ နာမည်ဆိုး ရထားသူ ကာစီပေါ့။ ဒီလိုနဲ့ ထူးခြားသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖူးပွင့်လာမယ့်အချိန်မှာ မိဘပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်း အာဃာတ ပညတ်ချက် စတဲ့ ဒေဝါမုန်တိုင်းတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့…….။ ကက်ရှမီးယားပြည်နယ်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ ရှုမငြီးလှတဲ့ မင်းသား မင်းသမီးလေးတွေကို သာယာနာပျော်ဖွယ် သံစဉ်လေးတွေနဲ့အတူ ချိုခါးခါး ဖျော်စပ်ထားတဲ့ အချစ်တစ်ခွက်ကို သောက်သုံးကြည့်လိုက်ရအောင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7.7 2018 139 mins
Laila Majnu