YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mother (Madeo) [2009] (MM Sub).mp4

924.52 MB N/A video/mp4 2320 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drive My Car
7.4

IMDb - 8/10 , Rotten Tomatoes -100% Directed By Ryusuke Hamaguchi ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဂျပန်စာရေးဆရာ Haruki Murakami ရဲ့၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ သိပ်များများစားစား မရှိပါဘူး။ အဲဒီထဲကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဆိုလို့ ကိုရီးယားက ဘိုးတော်ကြီး လီချန်းဒုံရဲ့ Burning ပဲရှိခဲ့တယ်ပြောရင် မမှားပါဘူး။ အခု Drive My Car ကတော့ ရုပ်ရှင်ပွဲတော်တွေမှာ ရေပန်းစားနေသလို Critic Rating တွေအရလည်း လောလောဆယ်မှာ Burning ထက်မြင့်နေပါတယ်။ ဒီ၂ကားလုံးဟာ ဟရုခိ မုရခမိရဲ့၀တ္တုရှည်တွေကိုမဟုတ်ဘဲ ၀တ္တုတိုတွေကို ရိုက်ထားတာပါ။ အခုရုပ်ရှင်ကတော့ Men Without Women ဆိုတဲ့ ၀တ္တုတိုစာအုပ်ထဲက နာမည်တူ Drive My Car ဆိုတဲ့ ၀တ္တုတိုကိုပဲ ပြန်ရိုက်ထားတာပါ။ Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲ ဟမဂုချိဟာ 2021 တစ်နှစ်တည်းမှာ လက်ရာကောင်း နှစ်ခုထုတ်ခဲ့ပြီး နှစ်ခုလုံးလည်း ပြောင်မြောက်အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ပထမတစ်ကားကတော့ Wheel Of Fortune and fantasyပါ။ အဲဒီကားလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ ဘာလင်မှာ ဆုရခဲ့သလို ဝေဖန်ရေးသမားတွေလည်း ကြိုက်ခဲ့ကြတယ်။ Drive My Carကတော့ ရုပ်ရှင်ပွဲတော် အတော်များများမှာ ဆုပေါင်းများစွာ ဆွတ်ခူးနေတဲ့ရုပ်ရှင်ပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုအတွက် ဆန်ခါတင်၀င်ခဲ့ပြီး ကိန်းကနေပဲ ဇာတ်ညွှန်းဆုရခဲ့ပါတယ်။ တ‌လောကတင် New York Film Critics Circle Award for Best Film ဆုလည်း ရထားသေးပါတယ်။ အဲဒီပွဲရဲ့ အမြင့်ဆုံးဆုပါပဲ။ လာမယ့်နှစ်အော်စကာရဲ့ International Feature Filmဆုအတွက်လည်း ဂျပန်အတွက်ကိုယ်စားပြုဆန်ခါတင်အရွေးခံထားရတဲ့ ရုပ်ရှင်ပါ။ သူ့အရင် မုရခမိရဲ့ ၀တ္တုတိုပဲရိုက်ခဲ့တဲ့ နာမည်ကျော် Burning ရဲ့ အောင်မြင်မှုကို လက်ရှိမှာ ကျော်နေပေမဲ့ ဘယ်ကားပိုကောင်းလဲ ဆိုရင်တော့ဖြေရခက်ပါလိမ့်မယ်။ Burningဟာ ၀တ္တုရဲ့အငွေ့ကိုပဲ ယူရိုက်ထားတယ်ပြောရမှာပေမယ့် Drive My Carကတော့ ဂျပန်ဝတ္တုကို ဂျပန်ကပဲ ပြန်ရိုက်လို့လားတော့မသိပါဘူး။ မူရင်းအရသာကို မပယ်ထားသလို ကျောရိုးအခန်းအတော်များများလည်း မူရင်းဝတ္တုအတိုင်းပါပဲ။တကယ်လို့သာ ကြည့်မယ်ဆုံးဖြတ်ထားရင် အောက်ကစာတွေ ဆက်မဖတ်ပါနဲ့တော့ ဘာမှကြိုမသိဘဲကြည့်ရင် ပိုအရသာရှိမှာပါ။ Drive My Carမှာ အဓိကဇာတ်‌ကောင်လို့ ပြောလို့ရတဲ့ ဇာတ်ကောင်သုံးယောက် ပါပါတယ်။ ခဖုခုလို့ခေါ်တဲ့ ပြဇာတ်ဒါရိုက်တာရယ်၊ တခဆုခိလို့ခေါ်တဲ့ သရုပ်ဆောင်ရယ်၊ မိစခိလို့ခေါ်တဲ့ ဒရိုင်ဗာမလေးရယ်ပါ။ ခဖုခုက ပြဇာတ်ဒါရိုက်တာနဲ့ သရုပ်ဆောင်ပါ။ သူအဓိကသရုပ်ဆောင်တဲ့ပြဇာတ်က ချက်ကော့ရဲ့ နာမည်ကျော် အန်ကယ်ဗန်ညာပြဇာတ်။ ခဖုခုနဲ့ သူ့မိန်းမ အိုတိုက သူတို့သမီးလေးကို ဆုံးရှုံးထားရတာ နှစ်၃၀နီးပါးရှိနေပေမဲ့ အနာမကျက်ခဲ့ကြဘူး။ သူတို့သမီးသေဆုံးခြင်းအတွက် တစ်ယောက်အတွက်တစ်ယောက် ဖြေသိမ့်စရာအဖြစ် ရှိနေပေးကြတဲ့သူတွေပါပဲ။ သို့ပေမဲ့ အိုတိုက ဖောက်ပြန်နေခဲ့တယ်။ ခဖုခုက သူ့မိန်းမဖောက်ပြန်နေတာကို ရိပ်မိပါတယ်။ တစ်ခါဆို ပက်ပင်းပါမိတယ်။ သို့ပေမဲ့ သူ့သမီးလေး မရှိတော့ကတည်းက သူ့မှာ သူ့မိန်းမပဲရှိတော့ သူ့မိန်းမကို သူအရမ်းချစ်သလို သံယောဇဉ်လည်းကြီးတော့ သူသိနေတာကို ထုတ်ပြောလိုက်ရင် သူ့မိန်းမနဲ့သူ အခြေအနေတွေ တင်းမာကုန်မှာကို ကြောက်တော့ မသိချင်ယောင်ဆောင်ထားခဲ့တယ်။ သူ့မိန်းမက သူ့ကို ထုတ်ပြောမယ်လို့ ယူဆရတဲ့နေ့မှာ တစ်နေကုန် ရောက်တတ်ရာရာ မောင်းပြီး အိမ်ကို ညနက်မှပြန်လာခဲ့တယ်။ ကံဆိုးချင်တော့ သူပြန်လာတဲ့အချိန် အိုတိုက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ပြီ။ သူသာရှိနေရင် ဒီလိုဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ သူနေနေခဲ့ရသလို သူ့မိန်းမက ဖောက်ပြန်တဲ့သူဆိုတဲ့ အတွေးကြီးကလည်း သူ့စိတ်ထဲစွဲနေခဲ့တယ်။ နောက် တခဆုခိ။ တခဆုခိနဲ့ ခဖုခုမိန်းမအိုတိုက အလုပ်အတူတူလုပ်နေတဲ့သူတွေ။ ဇာတ်ညွှန်းရေး ဆရာမနဲ့ သရုပ်ဆောင်ပေါ့။ ခဖုခုက တခဆုခိကို သူ့မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ သို့ပေမဲ့ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေတော့မရှိဘူး။ တခဆုခိကလည်း မိန်းမပွေတဲ့သူ သူ့မိန်းမကလည်း ယောကျာ်းတကာနဲ့ အိပ်နေတယ်လို့ သူထင်နေတာဆိုတော့ သူ့သံသယက ပိုခိုင်မာလာခဲ့တယ်။ နောက် တခဆုခိစကားအရလည်း ခဖုခုဟာ သံသယဝင်စရာကောင်းတာတွေ အများကြီးကို ထပ်တွေ့ခဲ့တယ်။ အိုတိုသေပြီးတဲ့နောက် တခဆုခိက ခဖုခုလုပ်တဲ့ ပြဇာတ်တစ်ခုမှာ ဝင်သရုပ်ဆောင်ဖို့ အရွေးခံတယ်။ တခဆုခိ အစမ်းသရုပ်ဆောင်ပြတာက တော်တော်ညံ့ပါတယ်။ သို့ပေမဲ့ ခဖုခုက သူ့ကိုရွေးပြီး အဓိကဇာတ်ကောင် အန်ကယ်ဗန်ညာနေရာက ထည့်လိုက်တယ်။ ရုပ်ရှင်မှာတော့ အကြောင်းရင်းသေချာမပြသွားဘဲ အန်ကယ်ဗန်ညာဇာတ်ကောင်ရဲ့ ချက်ကော့ရဲ့ အနုပညာမှော်ဝင်စီးနိုင်စွမ်း အကြောင်းကိုပဲ ပြောပြသွားတာပါ။ ပြောရရင် ချက်ကော့ရဲ့ စာဟာ လူတစ်ယောက်ရဲ့ အတွင်းထဲက မူလပုံစံအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ပြောသွားရုံပါပဲ။ ဒီဇာတ်ကောင်ရဲ့မှော်၀င်မှုကိုအသုံးချပြီး တခဆုခိရဲ့ ပုံစံအစစ်အမှန် ပေါ်လာအောင်လုပ်ပြီး သူ့မိန်းမနဲ့ ဖောက်ပြန်လို့ လက်စားချေချင်တဲ့ သဘောတော့သန်းတယ်။ မူရင်းဝတ္တုမှာတော့ သူတို့၂ယောက်ရဲ့ဆက်ဆံရေးမှာ ခဖုခရဲ့ လက်စားစေချင်စိတ် နည်းနည်းနှောနေတာကို သိသိသာသာပြသွားပေမဲ့ ရူဆုခဲကတော့ သူတို့စိတ်ကိုပိုအသိရခက်အောင် ပြသွားတယ်။ ဥပမာ ပြောရရင်..... တစ်ခါတလေ ခင်ဗျားမသိတသိ လူတစ်ယောက်က ခင်ဗျားနဲ့တွေ့ရင် ခင်ခင်မင်မင်ပဲ နှုတ်ဆက်လိမ့်မယ်။ ခင်ဗျားလည်း ခင်ခင်မင်မင်ပဲ ပြန်နှုတ်ဆက်မိလိမ့်မယ်။ တစ်ခါတလေ အဲဒီလူကပဲ ခင်ဗျားကို ဘာရယ်မဟုတ်ဘဲ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ကြည့်မရဖြစ်ဖူးလိမ့်မယ်။သို့ပေမဲ့ ခင်ဗျားနဲ့ ဆုံဖြစ်လို့ မျက်နှာကြောတည့်တဲ့အခါ ခင်ခင်မင်မင် ထပ်နှုတ်ဆက်ရင်လည်း နှုတ်ဆက်လိမ့်မယ်။ တစ်ခါတလေ ခင်ဗျားကိုယ်တိုင်လည်း အဲဒီလိုလုပ်ကောင်းလုပ်မိလိမ့်မယ်။ မေးစရာရှိတာက ဘယ်ပုံက ခင်ဗျားရဲ့ စိတ်ခံစားချက်အမှန်လဲ။ ဒီလိုအခြေအနေမျိုးကို အားလုံးနီးပါး ပြုလုပ်သူအဖြစ်ရော ခံရသူရောအဖြစ်ရောရောက်ဖူးကြလောက်မှာပဲ။ တကယ်လို့ ရောက်ဖူးတယ်ဆိုရင် ခင်ဗျားပြန်တွေးကြည့်လိုက်။ အဲဒီအခြေအနေ၂ခုလုံးရဲ့ စိတ်ခံစားချက်က အစစ်အမှန်မဟုတ်ဘူးလို့ ခင်ဗျားသေချာလား။ သေချာတွေးကြည့်ရင် ကိုယ် သေသေချာချာ မုန်းတဲ့လူနဲ့ချစ်တဲ့သူ အပေါ်ကလွဲ များသောအားဖြင့်တော့ ခုနအပြုအမူနှစ်ခုလုံးဟာ စိတ်ခံစားချက် အစစ်အမှန်ပဲ။ လူတစ်ယောက်အပေါ် ခင်ဗျားရဲ့ စိတ်ခံစားချက်ဟာ အနည်းနဲ့အများတော့ တစ်ရက်နှစ်ရက်အတွင်းမှာကို မျိုးစုံပြောင်းလဲနိုင်တယ်။ တစ်ဖက်သူက ခင်ဗျားအပေါ်လည်း ထိုနည်း၎င်းပါပဲ။ ဒီတော့ အဲဒီစိတ်ခံစားချက် ၂ခုထဲကတစ်ခုကို အမှန်လို့သတ်မှတ်ဖို့ ဒါမှမဟုတ် ပုံစံအစစ်အမှန်ကို ရှာဖို့ဆိုတာက အဖြေရှာလို့ မရသလောက်ပါပဲ။ ဒီရုပ်ရှင်မှာ တခြားအကြောင်းအရာတွေ အများကြီးကိုလည်း အချိန်တိုလေးနဲ့ မလိုက်အောင် ပိုင်ပိုင်နိုင်နိုင် ပုံဖော်နိုင်ခဲ့ပေမဲ့ ပုံစံအစစ်အမှန်ကဘာလဲဆိုတဲ့ ဒွိဟက အဓိကအကြောင်းအရာလို့ ဆိုလို့ရနိုင်ပါတယ်။ ခဖုခုနဲ့ တခဆုခိရဲ့ ဆက်ဆံရေးကိုလည်း ဒါရိုက်တာက အဲဒီအချက်ကိုသုံးပြီး ဖော်ပြသွားတယ်။ ခဖုခုဟာ တခဆုခိအပေါ် လက်စားချေချင်စိတ်ရှိနေတာလည်း အမှန်ပဲ။ သို့ပေမဲ့ တခဆုခိနဲ့ စကားတွေပြောနေ အရက်အတူသောက်နေတဲ့ စိတ်ရင်းကလည်းအမှန်ပဲ။ လူတွေရဲ့ ဒီအခြေအနေကို ဒါရိုက်တာရူဆုခဲဟာ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေ အားလုံးမှာ သုံးသွားခဲ့တယ်။ ဒရိုင်ဗာမလေး မိစခိပြောပြတဲ့ သူ့အမေအကြောင်းမှာလည်း ဒါရိုက်တာက သူ့အမေကိုရော မိစခိကိုရော အလားတူအတိုင်း ပုံဖော်ထားသလို သူ့မိန်းမအပေါ်ရှိနေတဲ့ ခဖုခုရဲ့စိတ်ကိုလည်း အလားတူအတိုင်း ပုံဖော်ထားခဲ့တယ်။ ဒါရိုက်တာရူဆုခဲက‌တော့ " ကိုယ်သေချာသိထားတယ် ထင်ရတဲ့သူတွေ ကိုယ်ချစ်တဲ့သူတွေရဲ့ ပုံစံတကယ့်အစစ်အမှန်ကိုတောင် မသိရနိုင်ဘူး" လို့ ဒိုင်ယာလော့ထဲ ထည့်သွားပေမဲ့ အဲဒီပုံစံအစစ်အမှန်ဆိုတာကို ရှာတွေ့လား ရှာမတွေ့မလားကကြည့်တဲ့သူအပေါ် ပိုမူတည်မယ်ထင်ပါတယ်။ မူရင်းဝတ္တုမှာလည်း အလားတူအချက်ကို ခံစားခဲ့ရသလို ရုပ်ရှင်က မူရင်းဝတ္တုမှာ ခံစားလို့ရတဲ့ ဒီအချက်ကို ပုံဖော်နိုင်ပါ့မလားလို့ မကြည့်ခင်က သံသယရှိခဲ့ပေမဲ့ ရူဆုခဲဟာ သူ့ရှေ့တစ်ကားကလို ဒိုင်ယာလော့ပိုင်ပိုင်နိုင်နိုင်နဲ့ အလုပ်လုပ်တဲ့သူ ပီသစွာပဲ ဒိုင်ယာလော့ အလန်းတွေသုံးပြီး ကောင်းကောင်းကြီး ပုံဖော်သွားပါတယ်။ နောက်အဓိကဇာတ်ကောင်လို့ဆိုလို့ရတဲ့ ဒရိုင်ဗာမလေး မိစခိအခန်းက တော်တော်လေးကို နည်းပါတယ်။ သို့ပေမဲ့ သူ့ဇာတ်ကောင်က ဒီရုပ်ရှင်မှာ အဖမ်းစားနိုင်ဆုံး ဇာတ်ကောင်ပါပဲ။ Days Of Being Wild ထဲက လတ်စလီချောင်လိုပေါ့။ ကွဲပြားတာကတော့ ရှင်သန်ချင်စိတ်နဲ့ မရှင်သန်ချင်စိတ်ပါပဲ။သူတို့ကာရိုက်တာ၂ခုလုံးက လေလွင့်လူဆန်ပေမဲ့ မိစခိဇာတ်ကောင်ဟာ ရှင်သန်ချင်စိတ်အပြည့်နဲ့ဇာတ်ကောင်အနေနဲ့ ဆွဲဆောင်မှုရှိနေတာပါ။ နောက် ဇာတ်လမ်းထဲမှာ အိုတိုပြောသွားတဲ့ ဇာတ်လမ်းထဲက ဇာတ်လမ်းလေးကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းသလို အိုတိုကိုယ်တိုင်ပဲ ဖြစ်နေမလား မသိနိုင်တဲ့ အဲဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင် ကောင်မလေး ကာရိုက်တာကလည်းပဟေဠိဆန်ဆန်နဲ့ကို ဆွဲဆောင်မှုရှိနေပါတယ်။ ဇာတ်ကောင်ပေါင်းများစွာ ပါ၀င်ပေမဲ့ အဓိကဇာတ်ကောင်လို့ ပြောလို့ရတဲ့ ၃ယောက်ရောတခြားဇာတ်ကောင်တွေရော စိတ်၀င်စားစရာမကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်မှ ရှိမနေတာတော့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်လို့ပြောရပါမယ်။ Drive My Carဟာ ၃နာရီဆိုတဲ့ အချိန်နဲ့တောင် မမျှတဲ့ အကြောင်းအရာတွေအများကြီးကို ပရိသတ်ကို ဆင့်ပွားပေးသွားပါတယ်။ သဘောကျစရာကောင်းတာက မူရင်းစကား‌ပြောခန်းတွေမှာ အတော်လှတဲ့ဒိုင်တွေပါပေမယ့် မသုံးသွားပါဘူး။ ဟဲမင်းဝေးဆန်ဆန် ဝေဒနာတွေပြည့်နှက်နေလည်း ဘဝကိုတော့ အရှုံးမပေးသင့်တဲ့အကြောင်း သူ့ဒိုင်တွေကို သုံးပြီးတစ်မျိုး ပြဇာတ်နဲ့ချိတ်ဆက်ပြီးတစ်ဖုံ ပုံဖော်သွားခဲ့တယ်။ သေချာတာကတော့ သူလည်း လီချန်းဒုံလိုမျိုးပါပဲ။ ဇာတ်ညွှန်း ကိုယ်တိုင်ရေးနိုင်စွမ်း အပြည့်ရှိသားနဲ့ သူတို့ကြိုက်လို့ကို မုရခမိ၀တ္တုကို ရိုက်သွားကြတဲ့သူတွေပါပဲ။ Drive My Carဟာ ဒီနှစ်ရဲ့အကောင်းဆုံး Art Film ဖြစ်လာမှာ‌ သေချာသလောက်ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Poetic Cinema ကိုပြဆိုရင်တော့ Drive My Car ကိုပြမိမှာပါပဲ။ အော်စကာဆုပေးပွဲမှာလဲ Best International Feature Film ဆု ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်.... File size…(2 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:58:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung & Phoo Phoo Linn

Drama • Family
7.4 2021 179 mins
Drive My Car
Delivery

အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Delivery ဆိုတဲ့ Web-Drama လေးကတော့ Movie အဖြစ် ထွက်ရှိလာခဲ့ပါပြီ။ ထုတ်လွှင့်ခဲ့စဉ်ကတော့ စုစုပေါင်း ၈ ပိုင်း ပါဝင်ခဲ့ပါတယ်။ Cast တွေကတော့ အမိုက်စားပါပဲ။ (G)I-DLE အဖွဲ့ဝင် Miyeon Penthouse မှာ မင်ယော့အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lee Tae-Vin တို့လို လူငယ်ခြေတက် အဆင်လေးတွေ အဓိကပါဝင်ထားတဲ့ Web drama လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ..... ဂွက်ဒူရှစ်ဆိုတဲ့ ကိုယ်ခံပညာတော်တဲ့ မိန်းမချောလေးက အမေကိုရှာဖို့ရည်ရွယ်ချက်နဲ့ အစားအသောက် Delivery ပို့တဲ့အလုပ်လုပ်နေသူပါ။ သူ့အထက်လူကြီး ဂီဟွမ်နဲ့ မတည့်အတူနေ အလုပ်လုပ်ရင်း တစ်နေ့မှာတော့ အမေဖြစ်သူရဲ့သဲလွန်စနဲ့အတူ ကမ္ဘာကြီးကို စိုးမိုးဖို့ကြံနေတဲ့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ ..... အဆင်လေးတွေငမ်းရင်း ပေါ့ပေါ့ပါးပါးခွီနိုင်ကြည့်နိုင်မယ့် Webdrama လေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy, Sci-fi and Fantasy Quality….WEB-DL 1080p and 720p and 360MB File size…900MB and 461 MB and 149MB Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hardsub) Translator ..... Eain Lay Encoder ..... August

Thriller
null 2021 60 mins
Delivery
Juniper
6.5

Juniper(2021) ============ Rotten Tomatoes ? ~ 96% IMDb Rating ~ 6.5 အရက်အိုးထဲ ခေါင်းစိုက်ထားတဲ့ အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ဆယ်ကျော်သက် အရွယ် လူရမ်းကားလေးတို့ရဲ့ Drama ဇာတ်လမ်းပါ။ ဆမ်က ပြဿနာပေါင်းစုံရှာတတ်တဲ့ ဆယ်ကျော်သက် လူရမ်းကားလေးပါ။ ကျောင်းပိတ်ရက်တစ်ခုမှာတော့ ဆမ်တို့အိမ်ကို ခြေထောက်ကျိုးနေတဲ့ အဘွား ဖြစ်သူ ရုသ်ရောက်လာပါတယ်။ ခြေထောက်ကျိုးပြီး နေမကောင်းဖြစ်နေ ပေမဲ့ ရုသ်က အရက်ကို ရေလိုသောက်နိုင်တဲ့သူပါ။ ဆမ့်အဖေ အင်္ဂလန်ကို ခရီးသွားစရာ ပေါ်လာတဲ့အခါမှာတော့ ဆမ်တစ်ယောက် ရုသ်ကို သူနာပြု ဆာရာနဲ့အတူပြုစုပေးဖို့ ဖြစ်လာပါတယ်။ ကြည့်မရခဲ့တဲ့ အဘွား ဖြစ်သူကြောင့် ဆမ်ရဲ့ ဘဝကြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လွမ်းမော ဖွယ်ရာ ကြည့်ရှူခံစားကြရမှာပါ။ အဘွားဖြစ်သူနေရာက မင်းသမီးကြီး Charlotte Rampling ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စ လယ် ဆုံး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ် ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.0 GB) / (420 MB) / (220 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 34mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Roman Nox Encoder……….SWM

Comedy
6.5 2021 94 mins
Juniper
Baang
7.7

Baang (2023) ============== IMDb 7.7/10 အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော တောင်ပိုင်း Dark comedy, အက်ရှင်ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း… အာရပ်ဗ်.. ဘူရှန်နဲ့ ဆူနေးလ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်။ တစ်နေ့မှာ အာရပ်ဗ်ရဲ့ ညီလေး အာရုရှ်ကိုပါခေါ်ပြီး သုံးယောက်သား ကားတစ်စီးနဲ့ နိုက်အောက်ထွက် ပတ်ကဲရင်း ဒယ်ဒီနဲ့ လီယိုနာဆိုတဲ့ ဂိုဏ်းစတားသားအဖနဲ့ ဘုမသိဘမသိဘဲ ငြိသွားကြတဲ့အခါမှာတော့…။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းကို pov တစ်ခုပြီးတစ်ခု သွားထားပြီး မြင်နေကျမဟုတ်တဲ့ပုံမျိုးနဲ့ တင်ဆက်ထားပါတယ်။ လီယိုနာအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးလေး ရှန်ဗီကလည်း တော်တော်လေး မျက်စိပဒါသဖြစ်တာမလို့ ပေါ့ပေါ့ပါးပါး အက်ရှင်ဟာသတွေရှာနေသူတွေအတွက် perfect ဖြစ်မယ့်ရုပ်ရှင်လေးပါပဲ…။ ( ဒီအညွှန်းကိုတော့ Zwe Yan က ရေးထားပြီး ဘာသာပြန်ဆိုသူတွေကတော့ YH, KKKZ နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

7.7 2023
Baang
Concussion
7.1

2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ‌ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ‌အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။ တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ File size… 1.6 GB / 777 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Biography/Drama/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by El’Moh

Drama • Action
7.1 2015
Concussion
Yolo
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.7 2024
Yolo
Fruitcake
6.9

Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romance ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။ မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

Animation • Fantasy • Drama
6.9 2024 97 mins
Fruitcake
Hounds of War
5.5

ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်း လာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကားအသစ် Hounds Of War ကို တင်ဆက်ပေးလိုက်ပါတယ်။သူသရုပ်ဆောင်ထားတဲ့ကားဆိုတော့ အပစ်အခတ်တွေနဲ့ ကြမ်းတမ်းတဲ့အက်ရှင်တွေကိုတွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။ ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မကြာသေးဘူး ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူတွေကြည့်ရှုသင့်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက် လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူထားသူတစ်ယောက်ဖြစ်ပါတယ်။ အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်း ဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံးတစ်ခေါက်စစ်ဆင်ရေးထပ်လုပ် ခဲ့ပါတော့တယ်။ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့ အခါမှာတော့ သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီးကိုပညာသားပါပါလက်စားချေဖို့ စီစဉ်ပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.46GB / 813MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Hounds of War
Ronin
7.3

********************* Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်… Heat, The Score, Casino ကားတွေ ကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ ပရိတ်သတ် ဖြစ်သွားတယ် … ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်… ဒီကားရဲ့ အက်ရှင်ခန်းတွေ … အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေဟာ အသက်ပါလွန်းပဲလား မသိ … ၁၉၉၉ခုနှစ်ရဲ့ Science Fiction, Fantasy & Horror Films, USA မှာ Academy ဆုရရှိခဲ့ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ… အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ.. မစ်ရှင်အဖွဲ့ဟာ သေတ္တာရယူဖို့ကြိုးစားရင်းကနေ ဘယ်သူတွေက ဘယ်လိုခြေလှမ်းတွေနဲ့ အကွက်ရွှေ့လာမယ်ဆိုတာကို အပစ်အခတ် အက်ရှင်တွေနဲ့ ကြည့်ရှုကြရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်) File Size : 1.0GB/ 2.01GB Quality : Blu-Ray 1080/ 720p Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Sherlock Encoded by Tiff

Comedy • Drama
7.3 1998 122 mins
Ronin
No Country for Old Men
8.2

No Country for Old Men (2007) ဒီဇာတ်ကားကတော့ IMDB Rating 8.2/10 နဲ့ RT Rating 93 % ရရှိထားတဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကားပါ Ethan Coen နဲ့ Joel Coen ဆိုတဲ့ ညီနောင် ဒါရိုက်တာရဲ့ ဖန်တီးမှုဖြစ်ပြီး Best Picture Best Actor (Supproting) Best Director Best Writing Adapted စတဲ့ အော်စကာ ၄ ဆုနဲ့ အခြားဆုပေါင်း ၁၅၆ ဆု တောင် ရရှိထားတဲ့ ဇာတ်ကားကြီးပါ ဇာတ်လမ်းအကျဉ်းကတော့… လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်း မထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအဝယ်တစ်ခု ပြသနာတက်တဲ့ နေရာကိုတွေ့သွားမိတယ် … အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ် သေလုမျောမျောလူတစ်ယောက်ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး… ဒါကြောင့် အမဲလိုက်သမားဟာမှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ယူခဲ့မိပါတယ် အဲဒီနောက်မှာတော့ ပြသနာအကြီးကြီးတက်တော့တာပဲသူဟာ မုဆိုးဘဝကနေ သားကောင်ဘဝကို ရောက်သွားခဲ့ပြီး ချီဂါးလို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပါတော့တယ်…. မျက်တောင်တစ်ချက်မခတ်ပဲ သေနတ်မောင်းခလုတ်ကိုနဖူးကိုတေ့ပြီး ဇီဝန်ချွေတတ်တဲ့ လူသတ်သမား ချီးဂါးကတော့ဒီကားရဲ့အသက်ပါပဲ ဗီလိန်သရုပ်ဆောင်ကြီးက ဘယ်လောက်တောင်ပီပြင်သလဲဆိုတော့ Best Actor(Supporting)ဆုရရှိသွားပါတယ်။ ဆရာဝန်တွေပြောကြားချက်အရ ဒီဇာတ်ကားထဲမှာပါတဲ့ဆံပင်ဂုတ်ဝဲနဲ့ စိတ္တဇလူသတ်သမား ချီးဂါးပုံစံက ပြင်ပလောကက စိတ္တဇလူသတ်သမားတွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကာရိုက်တာဖြစ်ပါတယ်တဲ့။တကယ်လည်းဒီဇာတ်လမ်းထဲမှာ ချီးဂါးရဲ့သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြည့်စူးစူးတွေဟာ ကျောချမ်းဖို့ကောင်းလှပါတယ်။ ဒီကာရိုက်တာအတွက် မင်းသားJavier Bardem ကို လာငှားကြတုန်းက သူက ငါကားမမောင်းတတ်ဘူး၊အကြမ်းဖက်တာမျိုးလဲမကြိုက်ဘူးပြောတော့ ဒါရိုက်တာ Coen ညီနောင်က ငါတို့ရှာနေတာ ဒီလိုလူပဲတဲ့…တကယ်လဲကွက်တိပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sherlock မှ တင်ဆက်ထားပါတယ်။)

8.2 2007 122 mins
No Country for Old Men
Killing Season
5.4

Killing Season (2013) “ဒီလို ဆိုးရွားလှတဲ့အဖြစ်တွေက ဘုရားသခင် မရှိပါဘူးဆိုတာကို သက်သေပြနေတာမဟုတ်ဘူး။ ဘုရားသခင်ရှိတယ်လို့ သက်သေပြနေတာ။ လူသားတွေချည်းသက်သက်ဆို ဒီလောက် ဆိုးယုတ်တဲ့မကောင်းမှုတွေကို လုပ်နိုင်ကြမှာမဟုတ်ဘူး” ကိုဗက် (ဆာဘီးယား ကင်းမြီးကောက်တပ်ဖွဲ့ဝင်ဟောင်း) “အဆိုးဆိုးကောင်တွေထဲက နည်းနည်းလောက်ကို သတ်လိုက်မယ်ဆိုရင် ဒီလိုအဖြစ်တွေ ပြီးသွားမယ်လို့ငါထင်ခဲ့တာ။ စစ်ပွဲတွေထဲက ငါအမုန်းဆုံးအရာတစ်ခု ငါကိုယ်တိုင်ဖြစ်သွားပြီမှန်း ငါသဘောပေါက်သွားတယ်” ဘန်ဂျမင် (နေတိုးတပ်ဖွဲ့မှ အမေရိကန်စစ်တပ် ဗိုလ်မှူးကြီးဟောင်း) မင်းသားကြီးနှစ်လက်တည်းနဲ့ ဒီလိုဇာတ်ကားမျိုး ရိုက်ပြသွားတာပါပဲလေ။ ဘယ်သူမှမပါဘူး။ ကျန်တာ ဖြတ်လျှောက်နဲ့ တန်းသေပဲ။ သူတို့နှစ်ယောက်ပဲ ဇာတ်လမ်းကို သယ်သွားတာ။ John Travolta ကို ကျွန်တော်တို့က Face off ဇာတ်ကားမှာ နီကိုးလက်စ်ကေ့ခ်ျ နဲ့တွဲပြီး ရင်းနှီးခဲ့တာပေါ့။ အကယ်ဒမီဆုတွေ ဆန်ကာတင်စာရင်းဝင်ခဲ့တာတွေနဲ့ မင်းသားကောင်းတစ်လက်ပါပဲ။ The Godfather ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရှင် Robert De Niro ကလည်း ဒီဇာတ်ကားမှာ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့အတိုင်း အက်ရှင်အသတ်အပုတ် အကြမ်းအရမ်းတွေကို လုပ်ပြသွားပါတယ်။ ဇာတ်လမ်းကတော့ နိုင်ငံနှစ်ခု ကျူးကျော်စစ်ဖြစ်ကြရင်းနဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ လူမျိုးတုန်းလုနီးပါး အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အခါမှာ နေတိုးအဖွဲ့ကြီးက ကြားဝင်ခဲ့ရတယ်။ ဒီလိုနဲ့ အမေရိကန်စစ်တပ်က တပ်ဖွဲ့အရာရှိလေးတစ်ယောက်က ဆာဘီးယားအကျဉ်းစခန်းတစ်ခုကို ဝင်စီးခဲ့တယ်။ လူမဆန်စွာ ညှင်းပန်းသတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ကျော်ခွပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်။ ရန်သူတွေ လက်နက်ချလိုက်တဲ့အခါမှာ စစ်သုံ့ပန်းစခန်းကို ခေါ်ဆောင်သွားရမှာဖြစ်ပေမဲ့ ဒီလိုလူမဆန်သူတွေဟာ စစ်ပွဲအပြီး ပြစ်ဒဏ်လွတ်ငြိမ်းလို့ အိမ်ကိုအေးအေးလူလူပြန်ခွင့်ရမှာကိုသိတဲ့ အရာရှိငယ်လေးက ရန်သူတွေကို တန်းစီဒူးထောက်ခိုင်းပြီး ဥပဒေပ သုတ်သင်ခဲ့သတဲ့။ ဒါပေမဲ့ အဲဒီအဖွဲ့ထဲက လူငယ်လေးတစ်ယောက်က အသက်မသေခဲ့ပါဘူး။ ဒီလိုနဲ့ အဲဒီကောင်လေးဟာ သူ့ရဲ့ရန်သူဟောင်းကြီးကို ရေမြေအဆုံး လိုက်ရှာတော့တာပဲ။ အဲဒီမှာပဲ အမေရိကန်အရာရှိလေးက ဗိုလ်မှူးကြီးဘဝနဲ့ အငြိမ်းစားယူလို့ တောင်တန်းကြီးပေါ်က တောင်ပေါ်အမဲလိုက်အိမ်လေးတစ်လုံးမှာ တစ်ဦးတည်းနေထိုင်နေစဉ် အတိတ်ရဲ့တစ္ဆေ အခြောက်ခံလိုက်ရချိန်မှာတော့ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Drama • Romance
5.4 2013 91 mins
Killing Season
Kundo: Age of the Rampant
6.8

Kundo: Age of the Rampant(2014) ********************************** IMDb…6.8 (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး…. ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable , The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့ သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင် အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက် လွင့်သွားတာလည်း အားရစရာကြီးပါပဲ… ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်… နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး.. သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ…. ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကို ရိုက်ပြထားတာပါ… ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်… ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာ ပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး… (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Drama
6.8 2014 137 mins
Kundo: Age of the Rampant
[18+] Obsesyon
6.2

Obsesyon (2025) IMDb Rating (6.2) မစ္စဘဲရ်ဟာ အထက်တန်းကျောင်းရဲ့လမ်းညွှန်အတိုင်ပင်ခံဆရာမတစ်ဦးဖြစ်ပြီး လင်ပါသမီးဖြစ်သူကို အထူးတလည်စိတ်ပူစိတ်ဝင်စားပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလင်ပါသမီးဖြစ်တဲ့အယ်ရင်ကတော့ ငယ်စဉ်ကတည်းက သူ့ဖခင်ကို မိခင်ဖြစ်သူလက်ထဲက လုယူခဲ့တဲ့ မိထွေးအဖြစ်သူ့အပေါ်လုံး၀အမြင်မကြည်လင်ပါဘူး။ ဒီတော့ဘဲရ်က သူတို့ကျောင်းမှာတက်ရင်း အချိန်ပိုင်းဘားဝန်ထမ်းလုပ်နေတဲ့လူငယ်လေး ဗင်းဆင့်ကို အယ်ရင့်အပေါ်စောင့်ကြည့်ဖို့ တာဝန်ပေးခန့်အပ်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ရိုးသားထက်မြက်ရုံတင်မက ရုပ်ကလေးကပါချောနေတဲ့ ဗင်းဆင့်အပေါ် သူကိုယ်တိုင်ခံစားချက်တွေဖြစ်ပေါ်လာချိန်မှာတော့.. သူတို့လင်မယားနှစ်ယောက်ရဲ့အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဗင်းဆင့်နဲ့အယ်ရင်ကြားက ဇာတ်လမ်း၊ အားလုံးပေါင်းချိန်မှာဖြစ်ပေါ်လာမယ့်ဇာတ်ရှုပ်တွေကိုရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (880 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:44:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy • Drama • Family
6.2 2025
[18+] Obsesyon