YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Miss Night and Day (2024) E13 WEB-DL 720p [CM].mp4

342.8 MB N/A video/mp4 544 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pawn Shop Chronicles
5.7

Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့ Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး (နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ် မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ ကဲ ဇာတ်လမ်းအကြောင်းပြောမယ်… ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီး ထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။ အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲ ရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။ အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများ ဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီး မတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။ အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့် တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့ သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။ ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေး ဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီး ဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆို ဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။ အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင် သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာ လွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။ ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီး ဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့ မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်က ပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံး လိုက်ရှာတာကို ကြည့်ရမှာပါ။ အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ် လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။ နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။ သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီး သူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူ ဒါပေမဲ့ ငတ်ပြတ်နေပြီး  ဆီဖိုးကို မရှိတော့ပါဘူး ဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန် ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။ ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်။ တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါ တချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ် ဇာတ်ကွက်ဆန်းတယ် မထင်ထားတာမျိုးမှ လုပ်ပြတာမျိုး ပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။

Drama
5.7 2013 107 mins
Pawn Shop Chronicles
The Fighting Chefs
4.8

The Fighting Chefs (2013) ဟိုးအရင်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ အားလပ်တဲ့အချိန်လေးမှာ အချိန် ၁ နာရီခွဲကျော်ကျော်ပေးပြီး ပေါ့ပေါ့ပါးပါး ကြည့်ရသလို၊ ဖိလစ်ပိုင်မင်းသမီး လှလှလေးတွေကိုလည်း ငမ်းလို့ရမယ့် ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းက ထူးခြား၊ ဇာတ်အိမ်ခိုင်မာလို့ အချိန်ပေးရကျိုးနပ်မယ့် Action, Comedy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ သူဌေးကြီးတစ်ယောက်ရဲ့ မြေပေါ်က အဆောက်အဦးတစ်ခုမှာ စားသောက်ဆိုင်တွေ ကိုယ်စီဖွင့်ကြရင်း တစ်ပိုင်တစ်နိုင်နဲ့ လုပ်စားကြတဲ့ စားဖိုမှူးတွေ ရှိကြပါတယ်။ ဒါပေမယ့် သမ္မာအာဇီဝကျကျ လုပ်စားနေကြတဲ့ သူတို့ဘဝတွေကို ဂြိုဟ်ဆိုးဝင်မွှေပါတော့တယ်။ မြေပိုင်ရှင် သူဌေးကြီးက အဲအဆောက်အဦးကို ဖျက်ပြီးတော့ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်တော့မှာမို့ သူတို့အားလုံးကို အချိန် သုံးလ ပေးပြီးတော့ နှင်ထုတ်ပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးရဲ့ ညီဖြစ်သူကတော့ သုံးလအချိန်ပေးတာကို မကျေနပ်ဘဲ စားဖိုမှူးတွေကို အမြန်ဆုံးထွက်သွားအောင် နှင်ထုတ်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ ထုတ်သုံးတာတဲ့အချိန်မှာတော့ စားဖိုမှူးတွေလည်း သူတို့လုပ်ငန်းရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်…. အညျွန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p File size… 2.7GB | 1.2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

4.8 2013
The Fighting Chefs
Happy Ghost 3
6.1

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟောင်ကောင်သရဲဟာသကားလေးဖြစ်တဲ့ Happy Ghost 3 ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲ နောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။ နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာ ခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့် ရွှီကျောင်းကျောင်းကလက်စားချေဖို့ နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝက ချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါ ခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံး သူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါ စတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင် စုစုပေါင်း ၅ ကားရှိပြီးတော့ ပထမ ၂ ကားကိုတင်ဆက်ပီးပါပြီ ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

History • Drama
6.1 1986 89 mins
Happy Ghost 3
Tales from Earthsea
6.3

Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေ ပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့ အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာ သူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့ မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကို သူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ File size… 1.5 GB / 679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza

Adventure • Drama • Family
6.3 2006
Tales from Earthsea
Summer of Sam

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူ‌ခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့… File size…(3 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:22:00 Genre… Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Thriller • Drama • Action • Crime
0 1999
Summer of Sam
Horror Story
6.1

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိ ထားပါတယ်။ ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာ မလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့ အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင် မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးက သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီ အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲ မြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့ လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူး ပြသထားပါတယ်။ တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ် ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေး တစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှု တွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ် ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့ မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲ တကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေး သာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော် အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်း ချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိ စီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိ ပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်း စစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက် ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.77GB/ 681MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Adventure • Comedy • Fantasy • Drama
6.1 2023 105 mins
Horror Story
Ratatouille
8

Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။ သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ် အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊ EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိူင်ပါ့မှလားဆိုတာတွေက ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။ animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။ IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် File Size : 3.1 GB, 1.32 GB, 692 MB Quality : Blu-Ray HEVC / 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Audio : AAC, AC-3 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Myat Noe Wutt Yii Encoded by Thit San Khant

Drama • Fantasy
8 2007 111 mins
Ratatouille
Wretches
6

Wretches (2018) *************** ပရိသတ်တို့အချစ်တော် ဂင်ချားနား (Lee Yi Kyung), Uncle Samsik ထဲက (Lee Won Geun) နဲ့ Dali and Cocky Prince, Celebrity ထဲက (Park Gyu-Young)တို့ ပါဝင်ထားပြီး ကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ 2018 ခုနှစ်ထွက် ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** သာမန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့ သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။ တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကို အအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူက ကျောင်းထွက်လိုက်ရပါတယ် .. ။ ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီး အထက်တွေ အောက်တွေရှိတဲ့အလျောက် ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။ စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီး လွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက် ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီး ရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.13GB / 500MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 42 min. Genre ….. Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

6 2018 102 mins
Wretches
The Buildout
5

သဲကန္တာရတွေထဲမှာ သီးသန့်နေထိုင်ပြီး အခြေချဖို့ကြိုးစားနေတဲ့ ခရစ်ယာန်ဂိုဏ်းအဖွဲ့တစ်ခုရှိတယ်။ ဒေလန် ဟာ အဆိုပါ ခရစ်ယာန်ဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပေါ့။ ဒေလန် နဲ့ ကမ်မရွန်တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ကမ်မရွန်ရဲ့ အစ်မဖြစ်သူ ဒါကိုတာ ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဒါကိုတာ ရဲ့ ဆုံးပါးမှုကြောင့် ဒေလန် ရော ကမ်မရွန်ရောဟာ ပူဆွေးသောကရောက် နေခဲ့ကြတာပါ။ ဒီလိုနဲ့ ဒေလန်တစ်ယောက်လည်း သဲကန္တာရထဲမှာ သီးသန့် နေထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ နောက်ဆုံးအကြိမ်အဖြစ် ကမ်မရွန်ဖြစ်သူဟာ သူငယ်ချင်းဒေလန်ကို လိုက်ပို့ခဲ့ပါတယ်။ ဒီ ရုပ်ရှင်လေးကတော့ ဇာတ်ကားတစ်ကားလုံးကိုပေါ့ပေါ့ ပါးပါးလေးပဲတင်ဆက်ထားပြီး စွန့်စားခန်းခရီးကို အတူတူ ထွက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်နေရာကနေ ခံစား ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ။ သူငယ်ချင်းနှစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လို စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်။ File size… (945 MB) / (483 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

TV Movie • Comedy • Romance
5 2024 75 mins
The Buildout
Chuck Billy and The Marvelous Guava Tree
7.5

ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ ဘရာဇီးကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လို ပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းက အရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်း မာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်။ သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့ သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကို ကုန်ဆုံးလေ့ရှိပါတယ်။ Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကို နားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။ တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့ လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ ပြဿနာကတော့လမ်းဖောက်ရင် မာလကာသီးပင်ကို ဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစား ကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့ တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။ Chuckနဲ့ သူငယ်ချင်းတစ်စုက တကယ်ပဲ လမ်းခင်းတာကို တားနိုင်မှာလား….. လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ….. သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကို ကြည့်ရှူနိုင်မှာဖြစ်ပါတယ်….. ဒီကားလေးမှာ ရွာရဲ့အလှတရားတွေ ရွာကလေးမှာ ကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေး တွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ ညွှန်းပါတယ်ဗျာ။ File size… (1.66GB) / (951MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Drama
7.5 2024 101 mins
Chuck Billy and The Marvelous Guava Tree
Acoustic
6.9

Acoustic (2010) ***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့ ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ .. စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ .. သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို .. ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.82GB / 739MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Music, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Action • Crime
6.9 2010 88 mins
Acoustic
Racharikam
6.1

Racharikam (2025) “ပြောင်းလဲရေး” IMDb- 8.1/10 အတိုက်အခိုက် အသတ်အဖြတ်ခပ်ကြမ်းကြမ်းနဲ့ တလေဂူးနိုင်ငံရေးအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ရာချာကွန်ဒါဆိုတဲ့ရွာမှာ ဝန်ကြီးဖြစ်ချင်နေတဲ့ ရွာလူကြီး ရာဂျာရတ်ဒီ။ ပထမတစ်ယောက်မွေးတုန်းက မိန်းကလေးမို စပါးစေ့ခွံသတ်ပြီး ဒုတိယတစ်ယောက်ကို သားယောကျ်ားလေးဖြစ်ဖို မျှော်လင့်နေတဲ့သူ။ နောက်တစ်ယောက်မွေးတဲ့အချိန် မိန်းကလေးပဲဖြစ်နေပြီး သတ်ဖိုလုပ်တုန်းမှာ ဝန်ကြီးနေရာရဖိုအတွက်ပါတီကနေဖုန်းဆက်လာတာမို မသတ်ဘဲထားခဲ့တယ်။ သုံးခါဆက်တိုက် ရွေးကောက်ပွဲနိုင်ပြီး သတ်ဖြတ်မှုတွေနဲ့အတူ ဝန်ကြီးနေရာကို ရာဂျာရတ်ဒီတစ်ယောက် ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့။ သမီးဖြစ်သူအရွယ်ရောက်လို ပေးစားထားတဲ့ သားမက်ကလည်း ရက်စက်ယုတ်မာလှတဲ့အပြင် သားဖြစ်သူကလည်း အဖေ့ခြေရာနင်းပြီး နိုင်ငံရေးလောကထဲကို အလောင်းတွေပုံနေအောင်သတ်ဖြတ်ပြီး ဝင်လာတဲ့အခါ…။ တချိန်က သူ့အတွက်သေဆုံးခဲ့ရတဲ့တပည့်ဖြစ်သူရဲ့သား ဇာတ်လိုက်ကျော် ရှီဗာက ရာဂျာရတ်ဒီရဲ့ နေရာကို ခြိမ်းခြောက်လာတဲ့အခါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama • Comedy
6.1 2025 135 mins
Racharikam
Combustion
5.6

မီခဲလ်ဟာ နာမည်ကျော်ရတနာတိုက်ပိုင်ရှင် ဂျူလီယာဆိုတဲ့ကောင်မလေးနဲ့စေ့စပ်တော့မယ့် လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူတို့ရဲ့စေ့စပ်ပါတီပွဲမှာပဲ အစားအသောက်တည်ခင်းတဲ့ ဝန်ထမ်းကောင်မလေး အာရီကိုမတော်တဆတွေ့ဆုံပြီး ချစ်ကျွမ်းဝင်သွားခဲ့မိပါတယ်။ သိရခက်တဲ့၊ ပဟေဠိဆန်တဲ့ မိန်းမလှလေးအာရီရဲ့ဖြားယောင်းမှုတွေနောက်မှာ မီခဲလ်တစ်ယောက် ကောက်ကောက်ပါပြီး ရတနာတိုက်ပိုင်ရှင် ဇနီးလောင်းကိုပါစွန့်ပစ်လိုက်မိတဲ့အထိပါပဲ။ အဲ့ဒီကနေ အာရီရဲ့ဆွဲဆောင်မှုနဲ့အတူ သူတို့ရဲ့လောကဖြစ်တဲ့ တရားမဝင်ကားပြိုင်ပွဲတွေ၊ အချင်းချင်းတစ်ပတ်ရိုက်ဖျံကျမှုတွေ၊ လျှို့ဝှက်အကြံအစည်တွေနဲ့အတူ သပွတ်အူလောကထဲကို မီခဲလ်နစ်ဝင်သွားမိပါတော့တယ်။ စပိန် Thriller တို့ထုံးစံ အကွေ့အကောက်၊အလှည့်အပတ်တွေပေါင်းစုံကိုမှ ပြိုင်ကားလှလှတွေ၊ မိန်းမချောလေးတွေနဲ့ရောသမမွှေထားတဲ့ ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။

Drama
5.6 2013 104 mins
Combustion
Noah’s Arc: The Movie
6

Noah’s Arc: The Movie (2025) IMDb Rating (6.0) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၅ ခုနှစ်ထွက်ဟာသဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Noah’s arc ဆိုတဲ့နာမည်နဲ့အခြားဇာတ်လမ်းတွေရှိပါသေးတယ်။ ဒီဇာတ်လမ်းကတော့နောက်ဆုံးထွက်ထားတာပါ။ ဇာတ်လမ်းတော့နိုအာ၊အဲလက်စ်၊ရစ်ကီ၊ချန်စ့်ဆိုတဲ့သူငယ်ချင်းလေးယောက်အကြောင်းပါ။ သူတို့လေးယောက်ကလိင်တူချစ်သူတွေဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့နိုအာကဇာတ်ညွှန်းရေးဆရာဖြစ်ပြီးတော့ သူ့ယောက်ျား ဝိတ် ကတော့တေးသံသွင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ယခုရုပ်ရှင်ကားမှာတော့နိုအာနဲ့ဝိတ်နဲ့ကကလေးယူဖို့အတွက်ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ နိုအာကလည်းသူလေးစားအားကျရတဲ့လိင်တူလူမည်းအမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ဖို့ကမ်းလှမ်းခံရတယ်။ ယောက်ျားဖြစ်သူဝိတ်ကလည်းခံဝန်ကတိနဲ့လွတ်ထားတဲ့ တူးတုန်းစယ်လိုဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးကိုသီချင်းထုတ်ပေးတာအဆင်ပြေပြေလုပ်နိုင်ရင် ဒုဥက္ကဌနေရာပေးဖို့ကမ်းလှမ်းခံလာရပါတယ်။ နှစ်ယောက်စလုံးအလုပ်ရှုပ်နေကြတော့ ကလေးထိန်းငှားဖို့ဖြစ်လာရပါတယ်။ထို့အပြင်အဲလက်စ်ရဲ့ဆယ်ကျော်သက်သမီးလေးကလည်းမိဘတွေနဲ့ကတောက်ကဆဖြစ်ပြီးနိုအာတို့အိမ်မှာလိုက်နေတော့…ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆက်လက်ရှုစားကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.9 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:24:08 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by AKM

Horror • Mystery • Comedy • Thriller
6 2025
Noah’s Arc: The Movie