YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Midnight Horror Stroy 31.720p(CM).mp4

873.08 MB N/A video/mp4 328 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Little Dixie
5.8

Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ Doc Alexander အဖြစ် မင်းသားကြီး Frank Grillo ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမယ့် အသစ်စက်စက် Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 500MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Horror • Science Fiction
5.8 2023 105 mins
Little Dixie
(18+) Room in Rome
6.4

တချို့ချစ်ခြင်းတွေဟာ ဆန်းကြယ်လှပါတယ်.... လူနှစ်ယောက်အမှတ်မထင်တွေ့ဆုံမှုကနေ အမှတ်တရတွေဖြစ်ဖို့ အချိန်ဘယ်လောက်လိုမယ်ထင်ပါလဲ..... တပတ်လား တလလား တနှစ်လား.... ကိုယ့်ရင်ထဲမှာချစ်ခြင်းမေတ္တာသာအစစ်မှန်ရှိရင် ကိုယ့်အတွက် ၁ရက် ဒါမှမဟုတ် ၁နာရီ ၁မိနစ်ကလဲ အမှတ်တရဖြစ်စေနိုင်မှာပါ..... ဒီဇာတ်လမ်းလေးကလဲ ဒီသဘောကို အခြေခံပြီး မိန်းမနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတရားကို ပါးပါးလေးနဲ့ ရင်ထဲထိအောင် ပြသနိုင်မှာပါ... ရောမမြို့ရဲ့ ဆောင်းအကုန်နွေဦးညကို ကူးပြောင်းမယ့်ညတညမှာ သူတို့နှစ်ဦး ဘားမှာ ဆုံမိခဲ့ကြတယ်.... မိန်းမသားနှစ်ဦးမို့ ဘားမှာစကားလက်ဆုံကြရင်း ဟိုတယ်ကိုအပြန်လမ်းထိ စကားစမပြတ်ပဲ တဦးကိုတဦး ဆွဲငင်မှုတွေနဲ့အတူ ဒီတညတာကိုတူတူကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ရင်း Midnight Thoughtsတွေကို ပြောကြရင်း ရင်ခုန်သံတွေထပ်တူကျနေတာကို သိသွားတဲ့အခါမှာတော့...... File size…1.37GB / 567MB Quality…1080p Blu Ray AAC 5.1Ch / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark

Action • Adventure • Fantasy
6.4 2010 109 mins
(18+) Room in Rome
The Midnight Maiden War
5

Grammy Winnerလေး Billie Eilishရဲ့သီချင်းကို Soundtrackအနေနဲ့ ပထမဦးဆုံးပွဲဦးထွက် အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် ။ "Happier Than Ever"သီချင်းကို Ending Themeအနေနဲ့အသုံးပြုထားပါတယ်။ Billieက သူ့သီချင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ပျော်နေခဲ့ပြီး ဂျပန်ဘာသာနဲ့ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် Eyelashesတွေကိုလည်း ဇာတ်ကားကြည့်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ Kakegurui,Eren The Southpawတို့ရဲ့ မင်းသမီးလေး "Elaiza Ikeda"၊J Idolအဖွဲ့King & Prince ရဲ့ Memberတစ်ဦးဖြစ်တဲ့မင်းသား "Ren Nagase"၊ And Your Bird Can Sing (2018), It Feels So Good (2019)တို့ထဲက မင်းသား "Tasuku Emoto"တို့က ပါဝင်ထားပါတယ်။ ကမ္ဘာကြီးမှာ ရောဂါတွေအရှိန်ကောင်းဆဲကာလ စီးပွားရေးတွေဇောက်ထိုးဆင်း အလုပ်တွေပြုတ်ကြတဲ့ကာလကိုရည်ညွှန်းရိုက်ကူးထားတာမို့ "ကျွန်တော်"နဲ့ "စီနီယာ"ဇာတ်ကောင်တို့ရဲ့အတွေးရှုထောင့်ကို ခံစားမိကြလိမ့်မှာပါ။ ကျွန်တော်(ren nagase)က ဇာတိ တိုကျိုမြို့ကနေ ခိုဘဲကိုပြောင်းလာခဲ့ရပါတယ်။ ရောက်ရောက်ချင်းကတော့ ကလေးတွေကိုစာပြန်သင်တဲ့ဆရာအလုပ်လေးရှိတော့ ဝင်ငွေကောင်းတာပေါ့ ။လတ်တလော စားဝတ်နေရေးစရိတ်တွေအတွက်တော့ ခဏလောက်စိတ်အေးရပြီ။ အမေနဲ့ဖုန်းပြောဖြစ်တော့ အလုပ်အဆင်ပြေကြောင်း ကျောင်းလခလည်း အမေပေးဖို့မလိုဘူးလို့ပြောခဲ့တာပေါ့။ဒါပေမဲ့အကျပ်အတည်းဖြစ်နေကြတော့ ကုမ္ပဏီ မူဝါဒပြောင်းပြီး အလုပ်ဖြုတ်တဲ့အထဲ ကျွန်တော်ပါသွားပါရော။ ကျောင်းလခနဲ့နိစ္စဓူဝအတွက် ရရာအလုပ်ကိုဝင်လုပ်ပြီး ဆူပူကြိမ်းမောင်းတဲ့ဒဏ်လည်း သည်းခံရတယ်။ တက္ကသိုလ်ကလည်းစိတ်ဝင်စားစရာမကောင်း အိပ်မက်ရယ်လို့လည်းမရှိတဲ့ ပျင်းစရာကျွန်တော့်ဘဝက တူတူပုန်းတမ်းကစားတဲ့အဖွဲ့ထဲကို ဝင်တော့မှပြောင်းလဲတော့တာပဲ။ စီနီယာ(Elaiza Ikeda)နဲ့တွေ့တော့ သူက ဉာဏ်ပြေးပြီး ထက်မြက်တဲ့သူပေါ့။ သူငယ်ချင်းတစ်ယောက်မရှိတဲ့ကျွန်တော့်ကို စကားပြောပေး အဖော်လုပ်ပေးတဲ့ LINE ID အပြန်အလှန်လဲတဲ့တစ်ဦးတည်းသောသူက အစ်မ(စီနီယာ)ပါ။တူတူပုန်းတမ်းကစားရင်းအမှိုက်ကန်ထဲမှာ ညရောက်တဲ့ထိပုန်းနေတဲ့ကျွန်တော့်ကို ပြဿနာမဖြစ်အောင်ဆွဲထုတ်တာလည်းသူပါပဲ။ သူနဲ့စကားပြောရတုန်းကတော့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အဖျက်ဆီးချင်ဆုံးပဲဆိုတာကို ပြောမိသေးတယ်။ "ဝတ်စုံနက်"(Tasuku Emoto)ကတော့ အလယ်တန်းတည်းက Porn siteကိုကိုယ်တိုင်ထောင် Dating appတွေလုပ်ပြီး ချမ်းသာနေခဲ့တဲ့သူပါ။ လက်ရှိဝင်ငွေနဲ့ နောက်ရမှာတွေပေါင်းရင် တစ်သက်လုံးအလုပ်ထပ်မလုပ်ဘဲ ထိုင်စားလို့ရနေပါပြီ။ဒါပေမဲ့ သူလက်ရှိလုပ်နေတာကတော့ တက္ကသိုလ်ထဲကနေရာတွေကို မီးလိုက်ရှို့တာမျိုး ဖျက်ဆီးရေးအလုပ်တွေပါပဲ။ သူနဲ့တွေ့လိုက်ရတော့ အိပ်မက်မရှိတဲ့ကျွန်တော်က သူနဲ့ပေါင်းပြီး ကျောင်းwebsite ကို hackတာ စက်ဘီးထိုင်ခုံလိုက်ဖြုတ်တာ စတဲ့ဖျက်ဆီးရေးပေါင်းစုံလုပ်တော့တာ။ နောက်ကျတော့ ဝတ်စုံနက်မှာ ရဲဘော်ရဲဘက် Maiden (အပျိုစင်)တွေက ကျွန်တော်တင်မကတော့ဘဲ လူတော်တော်များလာတာပါပဲ။ ရဲအရာရှိတွေ စီးပွားရေးဝန်ကြီးဌာနကအရာရှိတွေ နေရာပေါင်းစုံက လောကကြီးကိုအရွဲ့တိုက်ချင်တဲ့သူတွေသွားစုမိကြတော့တာ။ အဲဒီမှာ ဝတ်စုံနက်က "သန်းခေါင်ယံအပျိုစင်စစ်ပွဲ"ကို ခရစ္စမတ်နေ့မှာလုပ်ဖို့ အကြီးကြီးကြံတော့တာပဲ။ ဒီစစ်ပွဲက စီးပွားကျ ရောဂါထူနေတဲ့ကမ္ဘာကြီးထဲက တိုကျိုမြို့ကိုမီးတင်ရှို့မဲ့ပွဲပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်က စီနီယာ့ကို ခရစ္စမတ်ညမတိုင်ခင် မြို့ထဲကထွက်သွားဖို့ ပြောပေမဲ့ သူက မြို့ထဲကထွက်မသွားတာကြောင့် ဒီစစ်ပွဲကို တားဖို့ကြိုးစားကြည့်လိုက်ပါသေးတယ်။ ထောင့်စေ့ပြီးအကြံကြီးတဲ့ ဝတ်စုံနက်က ဘာတွေလုပ်ထားဦးမလဲတော့ မသိပါဘူး။ ဒါနဲ့ ဒီဇာတ်လမ်းက ၁၁၀မိနစ်မှာ ဇာတ်သိမ်းတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:51:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Crime
5 2022 113 mins
The Midnight Maiden War
Pig
6.7

နီကလက်ကေ့ဂျ်ကို ပေါကားပဲ ရိုက်နေတယ် ဆိုသူတွေအတွက် ချပြလိုက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ သူက ရော်ဘီ ဆိုတဲ့ တောထဲမှာတစ်ယောက်တည်း နေတဲ့ လူကြီးပေါ့။ ရော်ဘီ့မှာ ဝက်မ တစ်ကောင်ရှိတယ်။ အဲဒီဝက်မက သူ့မိန်းမမသေခင် အမှတ်တရ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီဝက်မက မှိုရှာတာတော်ပြီး ရော်ဘီက မှိုတွေရောင်းစားတယ်။ ဒီတော့ သူ ဝက်မကိုချစ်တယ်။ ရော်ဘီဆီကနေ မှိုဝယ်နေကျ ဖောက်သည်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ညဘက်ကြီးရော်ဘီကို ရိုက်ပြီး ဝက်မကို လုသွားတယ်။ အဲဒီဝက်မကို ပြန်ရဖို့ ရော်ဘီတစ်ယောက် မြို့ပေါ်တက်လာရတော့တာပဲ။ ဒီတော့မှ ရော်ဘီဟာ တစ်ချိန်က မြို့ထဲမှာ လူသိများခဲ့တဲ့ ရာဇဝင်ရှိတဲ့ ဆရာကြီးတစ်ယောက်ဆိုတာ သိလာရတော့တယ်။ လူသတ်သမားကြီးတော့မဟုတ်ဘူး စားဖိုမှူးကြီးမို့လူသိများတာ။ လူသိများပေမယ့် ပြန်လာတော့လည်း သိပ်သောက်ဖက်မလုပ်ကြပါဘူး။ ဒါနဲ့ပဲရော်ဘီတစ်ယောက် တစ်နေရာပြီး တစ်နေရာလိုက်စုံစမ်းရင်း လူမိုက်တွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ ရင်ဆိုင်တော့လည်း အထိုးခံရတာပေါ့။ ဒီလိုနဲ့နောက်ဆုံး ဝက်ကို ခိုးသွားတဲ့လူက နယ်နယ်ရရလူမဟုတ်တာကို သိလာချိန်မှာတော့... တစ်ခုတော့ ရှိတယ် တစ်ခုခုကို ဆုံးရှုံးရတဲ့ ခံစားချက်ဟာ အသက်ရှင်နေကြောင်း ဖြစ်တည်နေသေးကြောင်း သက်သေပါပဲတဲ့။ File size…(1.3 GB) and (700 Mb) Quality….web 1080p and 720p Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Mystery • Science Fiction • Thriller
6.7 2021 92 mins
Pig
Bloody Milk
7

ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre…Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Comedy
7 2017
Bloody Milk
Sanctified

အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။ တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ပစ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၀က်စ်တန်ဟ ခရစ်တော်ရဲ့အမှုကိုထမ်းဖို့ မြောက်ဘက်ကိုခရီးသွားနေတဲ့ စစ်စတာဟေဒီရဲ့ ကယ်တင်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်မှာ ၀က်စ်တန်တစ်‌ယောက် ‌မစ္စတာရှောရဲ့လက်အောက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဘာသာရေးအတွေးအမြင်တွေနဲ့ ရောယှက်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Western, Drama, Thriller, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Sanctified
Christmas at the Golden Dragon
6.6

Christmas at the Golden Dragon (2022) ============================= ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့ သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Dr Zac ဖြစ်ပါတယ်) File Size……….(1.5 GB) / (660MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Dr Zac Encoder……….SWM

6.6 2022 84 mins
Christmas at the Golden Dragon
Steal Your Heart
5.7

Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့ Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေ ကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီး ဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလို ကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေး ကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ် လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေက တူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြ ပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့ ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့ ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစု အတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေး မှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့ အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေ လက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်း နှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကား လေးပဲဖြစ်ပါတယ်.. File size…2.13GB / 964MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Mystery • Science Fiction • Thriller
5.7 2023 90 mins
Steal Your Heart
Thundu
5.5

Thundu (2024) ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်

Comedy • Romance
5.5 2024
Thundu
Kung Fu Ping Pong
5.8

ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။ အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။ သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး

5.8 2024
Kung Fu Ping Pong
Sarangadhariya
8.6

Sarangadhariya(2024)”တုနှိုင်းမမှီ” ============================ IMDb ratings 8.6 ရထားတဲ့ တေလဂူးစကားပြော မိသားစုရာမာရုပ်ရှင်ကောင်းလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ခရစ်ရှ်နာဟာ သားနှစ်ယောက်၊ သမိးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ သမီးဖြစ်သူဟာ လိမ္မာတဲ့ထဲပါပေမဲ့ သူ့ရဲ့ သားနှစ်ယောက်ကတော့ အလုပ်မရှိအကိုင်မရှိ အလေလိုက်နေကြသူတွေဖြစ်ပြီး ရံဖန်ရံခါဆိုသလို ပြဿနာလည်းရှာတတ်ပါသေးတယ်။ ဒါပေမဲ့ အဲဒါကလွဲရင် သူတို့မိသားစုဟာ နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ မိသားစုဝင်အချင်းချင်း သံသယတွေပွားကြပြီး ပြဿနာတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံစံခွက်ထဲကနေ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Action • Crime • Drama • Mystery • Science Fiction • Thriller
8.6 2024 150 mins
Sarangadhariya
Jahaan Chaar Yaar

Jahaan Chaar Yaar (2022) “ယောက်ျားတို့အဝေး” Genre – Comedy, Drama တစ်အိမ်လုံးမှာ ယောက္ခမဖြစ်သူကလည်း ခိုင်းစား၊ ယောက်မဖြစ်သူကလည်း ခိုင်းစား၊ ကလေးတွေကလည်း ခိုင်းစား၊ ယောက်ျားဖြစ်သူကလည်း အိမ်ဖော်ငှားရင် ငွေကုန်တယ်ဆိုပြီး မိန်းမဖြစ်သူကို ခိုင်းစားလို့ နေ့စဉ် ပင်ပန်းပြီး စိတ်ညစ်နေရတဲ့ ရှီဗန်ဂီ။ မိန်းမတွေ မကောင်းကြောင်း ပွစိပွစိပြောတတ်တဲ့ ယောက်ျားဖြစ်သူက လက်ပါတဲ့အတွက် အမြဲတမ်း ယောက်ျားဖက်က အမျိုးတွေနဲ့ ထထသတ်နေရပြီး အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ဆာကီနာ။ ယောက်ျားဖြစ်သူက ညညဆို မိုးချုပ်မှ ပြန်လာပြီး အရင်လို ဆက်ဆံရေးမရှိပဲ ဖောက်ပြန်နေတဲ့အပြင် ယောက္ခမကပါ ကြုံရင်နှိပ်ကွပ်ချင်နေလို့ စိတ်ပျက်နေတဲ့ နီဟာ။ စတဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ရက်ကျ သူတို့တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ မန်စီဟာ လောကကြီးမှာ အသက်ကြာကြာမရှင်ရတော့လို့ သေခါနီးအချိန်လေးမှာ ဒီ သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုပြီး ပလာတာတွေရိုက်ပြီး Ladies only ဘော်ဒါတသိုက် ခရီးတွေထွက် ကဲကြ စွန့်စားခန်းထွက်ကြတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသဒရမ်မာကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama
0 2022 126 mins
Jahaan Chaar Yaar