YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mere Humsafar.2021.S1.EP3.1080P(CM).mp4

577.99 MB N/A video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fresh
7

IMDb Rating (6.7) / Rotten Tomatoes (81%) Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ဘလိုင်းဒိတ်ကနေမဟုတ်ဘဲ ကုန်တိုက်တစ်ခုကနေ စတိဗ်ဆိုတဲ့ကောင်‌ချောလေး‌ကိုတွေ့ပြီးအဆင်ပြေနေသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုကြမ္မာဆိုး ဝင်မွှေမလဲ၊ သူ့သူငယ်ချင်းမော်လီကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲ၊ လူသတ်သမားကရော ဘယ်လောက်ဆိုးပဲ့ယုတ်မာနေမလဲဆိုတာကို Fresh ဆိုတဲ့ကားထဲမှာ ရှုစားရင်တုန်ပေးကြပါဦး။ File size…(1.6 GB)/(540 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Drama • Romance
7 2022 114 mins
Fresh
Too Cool to Kill
6.1

ရုပ်ရှင်သရုပ်ဆောင်ဖို့ အရူးအမူးဖြစ်တဲ့သူတွေ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးပါ။ ရုပ်ရှင်ရိုက်ကွင်းအကြောင်းကို ပါးပါးလေးရှင်းပြထားတဲ့အပြင် ကင်မရာအယူအဆတွေကိုပါ ဒိုင်ယာလော့မှာပြောပြသွားတာမို့ ယူတတ်ရင်ပညာရပါတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့ လူသတ်သမားကားကိုကြည့်ချင်ရင်လည်း ဒီကားကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြုံးစိပြုံးစိဖြစ်နေပါလိမ့်မယ် …. ရုပ်ရှင်သရုပ်ဆောင်ကို အရမ်းစွဲလန်းတဲ့ ဖြတ်လျှောက်တစ်ယောက်က လူသတ်သမားအဖြစ် အဓိကမင်းသားနေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ်။ လူသတ်သမားကားလ် အဖြစ်သရုပ်ဆောင်ရာမှာ ဇာတ်ညွှန်းလည်းမရှိပါဘူး။ ကင်မရာတွေလည်း ဖွက်ထားပါမယ်တဲ့။ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေမယ့်နည်းပညာအသစ်နဲ့ ရိုက်ကူးထားတာပါတဲ့… အဲ့ဒါနဲ့ပဲ ပီတိတွေဖြာ အီးအီးတွေပါပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ သူလုံးဝမသိတာက သူသရုပ်ဆောင်တဲ့ လူသတ်သမားကားလ် ဆိုတာအပြင်မှာတကယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုစရိုက်ဂိုဏ်းထဲမှာ အမှန်တကယ် ဝင်ရောက်သွားတာကိုပါ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်က လူသတ်သမားအဖြစ်ဘယ်လိုသရုပ်ဆောင်မလဲ.. ပြီးတော့ သူကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်လမ်းကရော ဘယ်လိုအလှည့်အပြောင်းတွေလာဦးမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော် … ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:49:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.1 2022 109 mins
Too Cool to Kill
High & Low The Worst
6.7

High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အရင် High & Low ဇာတ်ကားတွေထဲက မူရာယာမတို့ တိုဒိုရိုကီတို့လို ဇာတ်ကောင်အဟောင်းတွေလည်း ပြန်ပါပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ်တွေကိုလည်း မြင်ရမှာမို့ High & Low ပရိတ်သတ်တွေအနေနဲ့ အလွမ်းလဲပြေရမှာ ဖြစ်သလို နောက်ဆက်မယ့် ဇာတ်ကားတွေအတွက်အချိတ်အဆက်တွေလည်း မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အရင် High and Low ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆို ဒီ High and Low: The Worst ကိုလည်း ဆက်ဆက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ File size…2.34GB / 1.19GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Damien

Drama • Comedy
6.7 2019
High & Low The Worst
The New Daughter
5.3

Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာ ထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာ သားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့ သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်း တစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာ သွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန် တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက် ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ် နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror drama ကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။ File size…1.90GB / 714MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

5.3 2009 108 mins
The New Daughter
Fireflies in the Sun
6.3

ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။ လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့………….

Action • Drama • Romance • Thriller
6.3 2023
Fireflies in the Sun
Flipped
7.7

Flipped(2010) IMDb….7.7 လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ် အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကို နှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ…မည်သို့ပင်ဆိုစေ အချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်… ၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်.. . ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့် ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေး အမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ… ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်… ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ . ..တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်.. .အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီး အလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်… ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့… အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေ အတုယူစရာလေးတွေရသွားမှာပေါ့ဗျာ….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်… File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama • Family
7.7 2010 89 mins
Flipped
Street Flow 2

Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ….. File size…(1.55 GB)/(875 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023
Street Flow 2
In the Name of the Father
8.1

ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

8.1 1993
In the Name of the Father
Friday the 13th Part VI: Jason Lives
6

Friday the 13th Part VI: Jason Lives (1986) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။ တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။ နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ရဲကမယုံဘဲ အချုပ်ထဲ ထည့်လိုက်ပါရော။ လက်စသတ်တော့ ဂျေဆင်ကိုကြောက်ကြလွန်းလို့ ခရစ်စတယ် ဆိုတဲ့နာမည်ကိုတောင် ပြောင်းထားပြီး အမြုပ်ကီးနေကြတဲ့ မြို့သားတွေပါတဲ့ဗျာ။ ဒါကို ဂျေဆင် ပြန်လာပြီ ထပြောတော့ ဒေါဖောင်းပြီး အချုပ်ထဲ ထည့်တော့တာပေါ့။ ဒီလိုနဲ့ပဲ Jason Vs. Tommy ချကြ သတ်ကြပုံတွေကို ရှုစားရမှာဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 26Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6 1986 86 mins
Friday the 13th Part VI: Jason Lives
Universal Soldier
6.1

90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့ ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ Andrew Scott က သူတို့​နောက်​ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်​ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။ ၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်​မြင်မှုရရှိခဲ့ပြီး နောက်​ဆက်​တွဲ​ဇာတ်ကား​များစွာ ထွက်​ရှိခဲ့ပါတယ်။ ၉၀ ခုနှစ်​ အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေ​မှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်​ရှင်ကြိုက်သူများ ဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Thriller, Action, Science Fiction, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

6.1 1992
Universal Soldier
An American Haunting

နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ် ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ် ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ လူသိများခဲ့တဲ့ Bell မိသားစုနဲ့ ဆက်စပ်နေပါတယ် Bell မိသားစုဟာ စုန်းမလို့ သိကြတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငွေကြေးကိစ္စ အငြင်းပွားရာကနေ မိသားစုတွင်းမှာ ဆက်တိုက် အဖြစ်ဆိုးတွေကြုံလာရတဲ့အခါ တကယ်ပဲအဲ့ဒီအမျိုးသမီးရဲ့ ကျိန်စာအတိုက်ခံရသလား အဖြစ်ပျက်တွေရဲ့နောက်ကွယ်မှာ အမှန်တကယ်က ဘယ်သူရှိနေလဲဆိုတာ တော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှုလိုက်ပါ ခင်ဗျာ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Judy Berry

Action • Crime • Thriller
0 2005
An American Haunting
The Drunken Prodigy
6

ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။ သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

6 2024
The Drunken Prodigy
Scooby-Doo! WrestleMania Mystery
6.2

ဒီတစ်ခါမှာတော့ စမတ်ဒေါင်းကို နှစ်ခြိုက်ခဲ့ကြတဲ့ သူတွေအတွက် WWE ပါဝင်တဲ့ ပဟေဠိကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ WWE ရဲ့ သမိုင်းဝင် လူ နဲ့ ဝက်ဝံ သတ်ပုတ်ခဲ့တဲ့ နပမ်းပွဲကနေ စပြီးမှီတည်လာတဲ့ ပဟေဠိကို တွေ့ရှိရမှာ ဖြစ်ပါတယ် ထို သမိုင်းဝင် နပမ်းပွဲအပြီး နှစ်တွေအကြာကြီး ကြာတဲ့အခါမှာတော့ WWE မြို့တော်အနီးမှာ ဝက်ဝံမိစ္ဆာအကြောင်း ကောလဟာလတွေ ထွက်လာပါတော့တယ် ဇာတ်လမ်းအစမှာ စကူးဘီ နဲ့ ရှက်ဂီဟာ စမတ်ဒေါင်းဂိမ်းကို အရူးအမူးဆော့ကြရင်း ဂိမ်းရဲ့ နောက်ဆုံး အဆင့်ထိနိုင်သွားပြီးတော့ WWE မြို့တော်ကို သွားရောက်လေ့လာဖို့ ဖိတ်ကြားခံလိုက်ရပါတော့တယ် WWE ကို အရူးအမူးဖြစ်နေကြတဲ့ စကူးဘီတို့ဟာ ကျန်တဲ့ အဖွဲ့သားတွေကို နပမ်းမြို့တော်ကို သွားနိုင်ဖို့ ပူဆာကြပါတော့တယ် ဇာတ်လမ်းထဲမှာ WWE ရဲ့ နာမည်ကျော် ဂျွန်စီးနား ကိန်းတို့ အပါအဝင် တခြားနာမည်ကြီး အများအပြားလဲ ပါဝင်တာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ စကူးဘီတို့အဖွဲ့ နပမ်းမြို့တော် ရောက်တဲ့အခါမှာတော့ ဘယ်လို ပဟေဠိတွေ ပြသနာတွေကို ဖြေရှင်းကြဦးမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် File Size : 1.5 GB, 883 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

6.2 2014 84 mins
Scooby-Doo! WrestleMania Mystery
A Few Good Men
7.7

A Few Good Men (1992) ***************************** IMDb…..7.7,,,,,Rotten…..82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်… အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်….. ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်…. စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်…. ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်…ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး…. သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်… ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်….ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး….ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ…. IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့….. File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Tiff

7.7 1992 138 mins
A Few Good Men