YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Masters.of.the.Universe.Revelation.S01E06.mp4

431.62 MB N/A video/mp4 681 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Yuni
7.4

"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ အဘွားနဲ့နေရတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ခရမ်းရောင်ရှိတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်တယ်။ ကျောင်းတွင်းဘာသာရပ်တွေမှာ ထူးချွန်တယ်။ ကြိုးစားမယ်ဆိုရင် ဆက်ပြီးပညာသင်ဖို့ အခွင့်အလမ်းတွေပြည့်နေတဲ့ သာမန်ကျောင်းသူတစ်ယောက်ပဲ။ ဒီအတွက်လည်း သူ မနားမနေကြိုးစားတယ်။ ဒါပေမဲ့လည်း ဘဝဆိုတာ သမားရိုးကျပဲ ဖြစ်နေတာမဟုတ်တော့ အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့တယ်။ ပထမအကြိမ်လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီးလို့ မကြာခင်မှာ နောက်တစ်ကြိမ်လာတောင်းတာကို ခံရတဲ့အခါ၊ တစ်ဖက်မှာလည်း စကောလားရှစ်ရဖို့ အိမ်ထောင်မရှိရလို့ သတ်မှတ်ချက်ရှိနေတဲ့အခါ ယူနီရဲ့စိတ်ထဲမှာ လွန်ဆွဲလာရတယ်။ "ငါ ဘာမဆိုလုပ်နိုင်မှာပဲလို့ အရင်ကတော့တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့လည်း ငါ တကယ်ဘာလိုချင်မှန်းမသိတော့ဘူး" လို့ပြောတဲ့ စကားတွေမှာ သူ ဘယ်လောက်ထိ လမ်းပျောက်နေသလဲဆိုတာ မြင်တွေ့ရနိုင်တယ်။ ဘာသာရေးနဲ့ကန့်သတ်မှုတွေများလှတဲ့ သူ့ဘဝ၊ ရိုးရာထုံးတမ်းတွေကိုလိုက်နာဖို့ အဆင်သင့်မဖြစ်သေးတဲ့သူ့စိတ်၊ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ပညာသင်ချင်သေးတဲ့သူ့ဆန္ဒ ... ဒီအရာတွေကြားမှာ တစ်စုံတစ်ခုကိုတော့ သူ ရွေးချယ်မှဖြစ်တော့မယ်လို့ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်စိတ်အပြောင်းအလဲ၊ ဆယ်ကျော်သက်ကိုယ်ဝန်၊ ပညာဆက်လက်သင်ယူခွင့်ဆုံးရှုံးရပုံတွေ အစရှိသဖြင့် မီးမောင်းထိုးပြထားတဲ့အချက်တွေများပါတယ်။ ဒါကြောင့်လည်း Toronto International Film festival မှာ ပြသခြင်းခံခဲ့ရပြီး Platform Prize ဆိုတဲ့ဆုကို ရရှိခဲ့တာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားလုံးက အရောင်အသွေးစုံလင်လှပြီး ဇာတ်ကောင်ရဲ့ favourite colour ဖြစ်တဲ့ ခရမ်းရောင်ကို များစွာအသုံးပြုထားတာဖြစ်လို့ ထူးဆန်းသလိုရှိနေပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူ လိုက်ဖက်နေတော့တယ်။ ဒါရိုက်တာကတော့ 2020 ခုနှစ်က ဆုံးပါးခဲ့တဲ့ အင်ဒိုနီးရှားကဗျာဆရာကြီး Sapardi Djoko Damono ကို အောက်မေ့သတိရမှုနဲ့ ရိုက်ကူးထားတယ်လို့ ဆိုထားပြီး ဒီဆရာကြီးရဲ့ " Rain In June" ဆိုတဲ့ ကဗျာအပါအဝင် တခြားကဗျာများစွာကိုလည်း ထည့်သွင်းထားတယ်။ အညွှန်းကိုတော့ အဲဒီလွမ်းဆွတ်ဖွယ်ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ " ပန်းပင်တွေအပေါ်မှာ မိုးဖွဲတွေအဖြစ် ကာလရှည်ကြာ ရွာသွန်းချင်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ စိတ်ပြတ်သားနိုင်မှာလဲ။ လမ်းမကြီးပေါ်က မသေချာမထင်ရှားတဲ့ ချီတုံချတုံခြေလှမ်းတွေကို ဖယ်ရှားပစ်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ ဉာဏ်ပညာကြီးမားနိုင်မှာလဲ။ ပန်းပင်တွေရဲ့အမြစ်တွေက စုပ်ယူစားသုံးခြင်းခံလိုက်ရတာကို မပြောဘဲ ချန်ထားရစ်တဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ လိမ္မာပါးနပ်နိုင်မှာလဲ။ " (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Encoder - August Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 788MB and 274MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Comedy • Crime • Mystery
7.4 2021 95 mins
Yuni
Fire Island
7.2

" ဥစ္စာပေါ ရုပ်ချော အမျိုးသားတစ်ဦးဟာ သူ့အတွက် အမျိုးသမီး အဖော်မွန်တစ်ယောက် လိုကို လိုအပ်တယ်လို့ အကြွင်းမဲ့ ယုံကြသတဲ့ " အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Jane Austen ပြောတာ။ စိတ်တော့မကောင်းပေမယ့် Jane ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ စာသားက ဒီခေတ်ကြီးထဲမှာ အလုပ်မဖြစ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ယောင်္ကျားတိုင်းက မိန်းမ လိုချင်နေတာ မဟုတ်ဘူးလေ။ ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေက သက်သေပဲ။ နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန် နဲ့ လုခ်တို့က ကောလိပ်ကတည်းက ပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တိတိကျကျ ခေါင်းစဉ်တပ်ပေးရရင် အဆင်ကြိုက်တဲ့ အပွင့်တစ်လိုင်းး ဂေးအုပ်စုပေါ့။ သူတို့မှာ tradition လေးတစ်ခုရှိသဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ ဝေးကွာနေကြပါစေ နှစ်စဉ် အပန်းဖြေခရီးအဖြစ် အုပ်စုလိုက် ဂေး Disney World လို့ တင်စားရလောက်တဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်တိတိ အလည်သွား အဆင်စားကြတာပဲ။ ဖိုင်းယားကျွန်းမှာ ကြိုက်တဲ့သူနဲ့ ကြိုက်သလို ပလူး အိမ်ပြန်တဲ့အခါ မေ့ပစ်လိုက်ကြ။ အဲသည်လို ယာယီဇာတ်ရှုပ်တွေ လုပ်တဲ့ အပန်းဖြေခရီးပေါ့လေ။ သို့ပေမဲ့ အခင်မင်ဆုံး သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ ဟောင်ဝီနဲ့ နိုရာတို့ ဒီလို ခရီးမှာမှ နှလုံးသားနဲ့ နွယ်စရာကိစ္စတွေ ကြုံလာတဲ့အခါ ဘာတွေဖြစ်လို့ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ။ ဒီဇာတ်လမ်းဟာ Jane Austen ရဲ့ Pride and Prejudice ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ Pride and Prejudice (gay version) ဆိုလည်း မမှားပါဘူး။ မူရင်းဗာရှင်းက ကပွဲတွေကို ဒီဇာတ်လမ်းမှာ ပါတီတွေနဲ့ အစားထိုးထားပြီး မူရင်း ဇာတ်ဆောင် နှစ်ယောက်နေရာမှာတော့ မာနနဲ့အာဃာတတွေ ပြည့်နေတဲ့ ဂေးနှစ်ယောက်နဲ့ အစားထိုးပြီး စိတ်၀င်စားဖွယ် Comedy-Romance Gay Movie လေးတစ်ပုဒ်ကို ဖန်တီးပြထားပါတယ်။ ဒီတော့ IMDb 6.6, Rotten Tomatoes 94% တောင် ရရှိထားတဲ့ Fire Island 2022 ကို Pride Month ဖြစ်တဲ့ June လမှာ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….1080p | 720p| 480p File size… 1.7GB | 857MB | 273MB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yoon Sandi Aung Encoder ..... August

Horror • Mystery • Thriller
7.2 2022 106 mins
Fire Island
Searching
7.6

Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ် အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခု တစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။ (ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်) ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။ အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူး တစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။ အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :D မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (800 MB) and (380 MB) Quality : HCHDRip 720p Running Time : 1hr 42min Format : Mp4 Genre : Drama , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.HC.HDRip.X264.AC3-EVO Translated by Hein Min Tun Encoded by Thanhtike Zaw

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
7.6 2018 102 mins
Searching
Where’s the Dragon?
5.7

Where’s the Dragon (2015) တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့် အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။ နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့.. အမှန်က ဇာမဏီပျောက်လို့နဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ ပြီးတော့ နဂါးပျောက်လို့ ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။ အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့.. အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ? ရယ်စရာဟာသလေးတွေအပြင် ပညာပေးဗဟုသုတလေးတွေပါထည့်ထားပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေမို့လို့ ကလေးကြီးတွေ အကြိုက်တွေ့ဦးမှာအမှန်ပါပဲဗျာ ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre….. Animation Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoJoVa Encoder ….. August

5.7 2015
Where’s the Dragon?
Never Alone
6.3

Never Alone (2022) ဒီကားလေးကတော့ 2022 မှာထွက်ထားတဲ့ High School Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးက Covid စဖြစ်တဲ့ 2020 ကာလမှာ Based ထားပြီး ဒီ Covid ကာလကို ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို သီချင်းကောင်းလေးတွေနဲ့ Musical ဆန်ဆန်လေး ထိထိမိမိရိုက်ကူးထားပါတယ်။ IMDbမှာလည်း 6.3/10 တောင်ရရှိထားပြီး ရုပ်ရှင်ဆု ၉ ဆု ရရှိထားပါတယ်။ ဇာတ်လမ်း​လေးကတော့ နိတ်ဆိုတဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းအုပ်စုထဲက အေမီဆိုတဲ့ကောင်မလေးကို ကြိတ်သဘောကျနေပါတယ်။ တစ်နေ့မှာတော့ သွားဖွင့်ပြောလိုက်ပြီး အေမီကလည်း ကျောင်းပြန်ဖွင့်တဲ့နေ့ကျရင် အဖြေပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းပြန်ဖွင့်မယ့်နေ့ ကျောင်းရှေ့ရောက်ကာမှ Covid ပြဿနာတွေကြောင့် ကျောင်းကိုခေတ္တပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီကစလို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင်ကို အခြားFriendship ကိစ္စတွေပါ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သီချင်းကောင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama, Musical Quality…. 1080p | 720p | 480p File size… 1.3GB | 636MB | 321MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Comedy • Family
6.3 2022
Never Alone
Take Off
6.9

၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကို နောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစား ပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေး နိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမား အဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။ နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။ အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကို လိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့ စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှ ာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။ နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။ တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့် အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊ သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေ တွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာ ဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်း ပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

Comedy • Drama • Family
6.9 2009
Take Off
Passages
6.9

Passages (2023) ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။ သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 618MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Adventure • Animation • Horror
6.9 2023
Passages
Zombie Town
4.2

Zombie Town (2023) ================ ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း – ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။ အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ဒရမ်မာကိုပါ ရောနှောကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.75 GB) / (625 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….C’mon Encoder……….SWM

4.2 2023
Zombie Town
Concerned Citizen
6

Concerned Citizens (2023) =================== အစ္စရေးစကားပြော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေဆိုတာ LGBT လိင်တူစုံတွဲကို ပိတ်ပင် တားမြစ်ထားတာလူအများသိပါပဲ။ ဒါပေမယ့် အစ္စရေးနိုင်ရဲ့ ဆီနိုင်ရပ်ကွက် ထဲကိုပြောင်းလာတဲ့ Gay Couple ဟာ ဘဝတစ်ခုကိုစတင်ဖို့ ကြိုးစားပါ တယ်။ နောက်ပိုင်းမှာ အငှားကိုယ်ဝန်နဲ့ ကလေးယူဖို့ စီစဉ်လာကြတယ်။ တစ်နေ့မှာ ဘန်က သူစိုက်ထားတဲ့ သစ်ပင်ကို လူမည်းလူငယ် ၂ ယောက် ဖျက်စီးနေတာကို တွေ့ပြီး ရဲတိုင်လိုက်ရာကနေ police brutality ဆိုတဲ့ ရဲအင်အားအကြမ်းဖက်မှုဖြစ်ပြီး တရားခံသေဆုံးသွားပါတယ်။ ဒီအတွက် ဘန်ဟာ အပြစ်ရှိစိတ်တွေဝင်ပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကြုံလာ ရပါတယ်။ အားလုံးက ဝိုင်းကျဉ်နေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက် ဘယ်လိုမျိုး survive လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.0 GB) / (375 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thiha Yan Naing Encoder……….SWM

Drama • Comedy
6 2023 82 mins
Concerned Citizen
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
Querelle
6.6

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10 အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder က ရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , Franco Nero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင် ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံး ရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု (Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိ ထားပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့ ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကို ဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့ ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာ ပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ် ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူ နိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲ နေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကို အထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာ စံအိမ်မှာ နာမည်ကြီး အလောင်းအစား တစ်ခုရှိပါတယ် အဲ့ဒါကတော့ လီဆန်ရဲ့အရင်ယောကျာ်းဖြစ်သူ နိုနိုးနဲ့ အန်စာတုံးဂိမ်း ကစားရမှာ ဖြစ်ပါတယ် အနိုင်ရရှိတဲ့သူကတော့ အဲ့ဒီစံအိမ်မှာရှိတဲ့ မိန်းကလေးတွေ ထဲကကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးပိုင်ခွင့်ရှိပြီး အကယ်၍ရှုံးနိမ့် သွားမယ်ဆိုရင်တော့ သူတစ်တီတူးတာကို ခံရမှာဖြစ်ပါတယ် ရော့ဘတ်ရဲ့ညီဖြစ်သူ ကော်ရယ်ကလည်း ဒီကစားနည်းကို ကစား လိုက်ပါတယ် သူကရော အနိုင်ရရှိအောင် ကစားနိုင်ပါ့မလား ဘာကြောင့်ဒီကစားနည်းကို ကစားဖို့ရွေးချယ်လိုက်တာလဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရယ်တို့သင်္ဘောပေါ်က သင်္ဘောသား တစ်ယောက်နဲ့ သီရိုဆီလင်း ဆိုတဲ့သူရယ် အဲ့ဒီနှစ်ယောက်က အသတ်ခံလိုက်ရပါတယ် ရဲတွေကလည်း သေဆုံးသူရဲ့ဘေးမှာ တွေ့ရတဲ့မီးခြစ် တစ်လုံးကလွဲရင် အခြားဘာမှစုံစမ်းလို့မရဖြစ်နေပါတယ် လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ… အဲ့ဒီ မီးခြစ် ရဲ့ပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ နောက်ဆုံးမှာ တကယ့်တရားခံအစစ်ကိုဖမ်းမိသွားပါ့မလားဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက Drama အမျိုးအစားဖြစ်ပြီး ၁၈ +ဆန်ဆန်ဇာတ်ဝင်ခန်း တွေနဲ့ စကားအသုံးအနှုန်းတွေကြောင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အနေနဲ့ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတာကိုတော့ ကြိုတင်အသိပေးလိုက်ပါရစေ…. File size…1.95GB / 877MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Animation • Drama • Adventure
6.6 1982
Querelle
Despicable Me
7.6

Despicable Me (2010) Genre – Animation, Adventure, Comedy IMDB – 7.6/10 ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ယောက်ကို အသုံးချပြီးတော့ သူ့ရဲ့ မဟာအကြံအစည်ကို အကောင်အထည်ဖော်ဖို့ လုပ်တဲ့အချိန်မှာပဲ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ ကလေးလေး ၃ ယောက်နဲ့ အပြင်ပန်းအရ ရက်စက်နွေးထွေးမှုမရှိဘူးထင်ရပေမဲ့ တကယ်တမ်း စိတ်ထားကောင်းတဲ့ Gru ကြီးတို့ သံယောဇဉ်တွေ ပေါက်ဖွားပြီး ရန်သူတော်ထက်သာအောင် ဘယ်လိုမျိုးတွေ စွန့်စားသွားကြမလဲဆိုတာကို Minion တွေရဲ့ ပေါက်ကရနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီကနေစတင်လိုက်တာ ဘယ်လောက်အောင်မြင်သွားလဲဆိုတော့ Minion တွေရော သူတို့ရော Franchise လိုက်ကြီး ဖြစ်သွားပြီး ခုဆို ၄ ကားမြောက်ထိတောင် ထွက်ထားတာပဲ ဖြစ်ပါတယ်။ File size… 4.3 / 1.7 GB / 928 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

7.6 2010
Despicable Me
River of Ghosts
5

Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း +++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ် ) File size… (1.37GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vanessa

5 2024 102 mins
River of Ghosts