YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

MasterChef.US.S12E18.Semi.Finals.720p.AMZN.WEB-DL.DDP5.1.CM.mp4

495.5 MB N/A video/mp4 221 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Summer Frost
10

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါး လေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ "ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင် နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့ အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက် သိမ်းပစ်ချင်တယ်"။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုး သားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ "ငါတို့အခွန်တွေ ဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင် လုပ်ရမယ့်အလုပ်"ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။ သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသား တစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲ တယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီး မှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက် ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမ တွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ် ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ် မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို "နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီး တကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံး လုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက် တာပဲ" ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ် ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့ လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့ လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့် လိုက်ကြရအောင် . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ HannaH ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......HannaH Encoder..........SWM

Action
10 2022 112 mins
Summer Frost
[18+] Bewitching Attraction
4.3

Bewitching Attraction (2006) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ် ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါ မမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါ မမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

4.3 2006 104 mins
[18+] Bewitching Attraction
Wog Boys Forever
6.5

ဒီတစ်ခါတော့ အော်ဇီ ဟာသကားလေးတစ်ကားလောက် ကြည့်လိုက်ရအောင်ပါ။ အဓိကဇာတ်ကောင်ကတော့ တက်စီဒရိုင်ဘာအဖြစ် အသက်မွေးနေတဲ့ စတိဗ် ဆိုတဲ့သူပါ။ ရိုးရှင်းတဲ့ဘဝနဲ့ တလွဲတချော်ဟာသတွေနဲ့ နေထိုင်သူဖြစ်ပေမဲ့ သူ့ကို လက်စားချေဖို့ အကြီးအကျယ် ကြံစည်နေတဲ့သူကတော့ လဝက ဝန်ကြီး ဖြစ်နေပါတယ်။ လက်စားချေရတဲ့အကြောင်းရင်းကလည်း စတိဗ်ရဲ့ တလွဲတချော်အလုပ်တွေကနေ ဝန်ကြီးရဲ့အမေ နိုင်ငံရေးလောကမှာ လုံးဝရပ်တည်မရလောက်အောင်ဖြစ်သွားတဲ့ ဟာသတစ်ခုကြောင့်ပါပဲ။ ဒီလို ဘဝဆန်ဆန်ဟာသကိုမှ သီချင်းလေး အကလေးတွေနဲ့ အချစ်ရေးလေးပါထည့်ထားတဲ့အခါ ဘယ်လိုဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်... File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre...   Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Phonn Pyae

Action • Drama • Romance
6.5 2022 109 mins
Wog Boys Forever
Rugrats Go Wild
5.5

Rugrats Go Wild (2003) IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး

Crime • Drama
5.5 2003
Rugrats Go Wild
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
Heart In The Mirror
5.9

ဒီတစ်ခေါက်မှာတော့ Douyin မှာလူကြိုက်များနေတဲ့ ဗီဒီယိုအပိုင်းတိုဇာတ်လမ်းတွဲလေးကို အစအဆုံးတစ်ဆက်ထဲတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ အရာအားလုံးဟာအနာဂတ်ကိုမြင်နိုင်တဲ့ မှော်မှန်တစ်ချပ်ကနေ စခဲ့တာပဲဖြစ်ပါတယ်။ တိန့်ဟောက်ဟာ နှလုံးအစားထိုးကုသပြီးတာမကြာသေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နှလုံးအစားထိုးခွဲစိတ်ပြီးနောက်ပိုင်း သူကမှန်ထဲမှာမိန်းကလေးတစ်ယောက်ကို အမြဲမြင်နေပြီး ချစ်မိသွားပါတယ်။ အဲဒီကောင်မလေးကိုချစ်လွန်းလို့ သူ့ရဲ့ဇနီးလောင်းကိုတောင်အဆက်ဖြတ်ခဲ့ပါတယ် ဒါပေမယ့် ဒီမိန်းကလေးကသူထင်သလိုဖြူစင်တဲ့မိန်းကလေးမဟုတ်ပဲ သူ့ကိုရည်ရွယ်ချက်ရှိရှိချဉ်းကပ်နေတာကိုသိလိုက်ရတဲ့အခါ သူ့ရဲ့ဇနီးလောင်းကသူ့ကိုထားသွားခဲ့ပါပြီ။ သူ့ကိုချဉ်းကပ်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာ ဘယ်လိုကြီးကျယ်တဲ့ပြဿနာတွေရှိနေမလဲ။ အဲဒီပြဿနာတွေကိုဘယ်လို ဖြေရှင်းမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

Drama • Romance
5.9 2023
Heart In The Mirror
Hanu-Man
8.4

Hanu-man (2024) Imdb8.4/10 Rtscore 86% လက်ရှိမှာ ဟင်ဒီအသံဖြင့်သာ အကြည်ထွက်ရှိလာသေးတာမလို့ ဟင်ဒီအကြည်ဗားရှင်းဖြင့်သာ တင်ဆက်ပေးထားပါတယ် ======================== စူပါမျောက်မင်း ဟာနုမန် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ တီလဂူလ်စူပါဟီးရိုးကားလေးပဲ ဖြစ်ပါတယ် အမြတ်ငွေလည်း ၃၅၀ ကုဋေလောက်ရရှိခဲ့ပြီး 2024 မှာ ဒုတိယရုံဝင်ငွေအကောင်းဆုံးကားဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောရရင် rating တွေ ကြည့်ရုံနဲ့ မခေလှတာကိုတော့ တွေ့မှာပါပဲ အထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက် ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါ တစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကို Ref ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီး ကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါ အဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့ လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ် အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့ အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့ ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ် ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့ စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့ ရင်ဆိုင်ကြရတဲ့အခါမှာတော့….. ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦး အခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ V ~ Thaik San တို့ပဲ ဖြစ်ပါတယ်

TV Movie • Comedy • Romance • Family
8.4 2024 159 mins
Hanu-Man
Lost Love
6.8

Lost Love ( 2022 )===============ဟောင်ကောင်ရုပ်ရှင်Lost Loveဟာ ကလေးမွေးပြီး ရောဂါနဲ့ကလေးကို ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ အစပြုထားတယ်။ သူတို့လင်မယားဟာ လင်က ကျောင်းကားမောင်း မယားက စပယ်ယာလုပ်နဲ့ အသက်မွေးကြပေမဲ့ သူတို့လုပ်တဲ့ ကျောင်းကားလိုင်းက ဖျက်သိမ်းဖို့ အချိန်တန်လာခဲ့တယ်။ လင်ကတော့ ကားလိုင်းပြောင်းလုပ်လိုက်ပေမဲ့ မယားကတော့ အလုပ်မရှိတော့ဘူး။ သူတို့ကလေးဆုံးရှုံးခဲ့တာကို မေ့ဖျောက်ထားဖို့ အလုပ်တွေပဲဖိလုပ်နေတဲ့ သူ့မိန်းမဟာ အလုပ်အသစ်တစ်ခု စပ်လိုက်တယ်။ အဲဒီအလုပ်ကတော့ မွေးစားခံရမယ့်ကလေးတွေကို မွေးစားမယ့်လူဆီ မရောက်ခင် ခဏလောက် အထိန်းမွေးစားပေးရတဲ့အလုပ်ပါပဲ။ ကလေးတစ်ယောက်ကို အထိန်းမွေးစားတယ်ဆိုတာ ထမင်းကျွေး ကျောင်းကြို ကျောင်းပို့နဲ့ ပြီးသွားမယ်လို့ သူထင်ခဲ့ပေမဲ့ ကလေးရဲ့စိတ်ကိုပါ နားလည်ပေးနိုင်ဖို့လိုတဲ့ အလုပ်ဆိုတာကို သူတဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း ကလေးတွေကို ချစ်စိတ်တွယ်လာပြီး ဆုံးရှုံးသွားတဲ့ သူ့သားလေးအစား ဒီကလေးတွေကို ပိုချစ်လာခဲ့တယ်။ ဒီအလုပ်ဟာ သူ့အတွက် အလုပ်သက်သက်မဟုတ်တော့ဘဲ သူချစ်တဲ့အရာဖြစ်လာတယ်။ ဒီလိုနဲ့ ကလေးတွေကလည်း သူ့ကလေးတွေလိုဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တန်လို့ မွေးစားမယ့်သူပေါ်လာတဲ့အခါ သူလက်လွှတ်ရမှာပါပဲ။ ကလေးတွေနဲ့ ကလေးတွေကို ဂရုစိုက်တဲ့ အမျိုးသမီးတစ်ယောက်ကြားက ဇာတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ LOST LOVE မှာ ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1GB)/(570MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Thriller • Drama • Action
6.8 2023
Lost Love
Blue Giant
7.9

BLUE GIANT (2023) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၃ က ထွက်ရှိထားပြီး imdb 7.9 ရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ “ကမ္ဘာ့နံပါတ်စ် ဂျက်ဇ်ပညာရှင်ဖြစ်လာဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ဆီ ရောက်လာခဲ့တဲ့ ကောင်လေး။ Dai ဆိုတဲ့ အထက်တန်းကျောင်းသားလေးက ဂျက်ဇ်ကို စိတ်ဝင်စားတည်းက မိုးရွာရွာ နေပူပူ saxophone ကိုပဲ မနားမနေ လေ့ကျင့်ပါတော့တယ်။ ဒီလိုနဲ့ တိုကျိုကို ရောက်လာပြီးနောက်မှာ အရည်အချင်းရှိတဲ့ စန္ဒရားတီးသမား Yukinori, သူငယ်ချင်း Shanji တို့နဲ့အတူ ဂျက်ဇ်တီးဝိုင်းကို တည်ထောင်ခဲ့ပြန်ပါတယ်။ ၃ ယောက်သား တိုကျိုမြို့က စားသောက်ဆိုင်တွေမှာ ဖျော်ဖြေရင်း စစ်မှန်တဲ့ဂျက်ဇ်ကို ဖန်တီးဖို့ဆိုတဲ့ ခံယူချက်၊ ကမ္ဘာ့နံပါတ်တစ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်ပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Animation, Drama, Music Quality…. 1080p WEB-DL | 720p WEB-DL File size… 1.28GB | 737MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

7.9 2023
Blue Giant
Echoes of the Thunder
6

ဒီတစ်ခါမှာတော့ CM ကနေယှဉ်ပြိုင်ခြင်းကိုမှနှစ်ခြိုက်တဲ့ပရိသတ်တွေအတွက် ကားမောင်းပြိုင်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတဲ့ ဟောင်ကောင်နာမည်ကြီး ဇာတ်လမ်းလေးဖြစ်တဲ့ Echoes of the Thunderကားလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မာရှန့်ရူံက ဟောက်ရှန့်လုပ်ငန်းစု ပိုင်ရှင်ရဲ့သားဖြစ်ပြီး အင်မတန်မှချမ်းသာတာကြောင့် ပြိုင်ကားကစားသမားအဖွဲ့တည်ထောင်ထားထားတာပေါ့။ ဒီအဖွဲ့ထဲမှာ လီဝေနန်ဆိုတဲ့လူက အပျော်တမ်းပြိုင်ကားမောင်းသမားဖြစ်ပြီး အင်မတန်မှာထူးချွန်တဲ့ပြိုင်ကားမောင်းသမားလည်းဖြစ်တယ်။ သူ့အပြင် ဟောင်ကောင်မှောင်ခိုပြိုင်ကားလောကမှာ နာမည်ကြီးဆရာတစ်ဆူဖြစ်တဲ့ အစ်ကိုဟော်ကတော့ ကားဝပ်ရှော့ဆိုင်လည်း ဖွင့်ထားတာပေါ့။ အစပိုင်းမှာလီဝေနန်နဲ့အစ်ကိုဟော်တို့ကို ဆင်းရဲတဲ့အပြင်ဘာမှလုပ်ကိုင်စားသောက်စရာမရှိခဲ့ပဲသူများကားတွေကို လိုက်လံပြင်တဲ့အလုပ် လုပ်ခဲ့ရာကနေ မာရှန့်ရူံနဲ့တွေ့ပြီးသုံးယောက်သား သွေးသောက်ညီအစ်ကိုတွေဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့လီဝေနန်မှာ နှလုံးရောဂါရှိတဲ့သားလေးတစ်ယောက်ရှိပြီး ခွဲစိတ်မှုပိုက်ဆံလိုနေတဲ့အပြင် အစ်ကိုဟော်ကလည်း ကားဝပ်ရှော့ဆိုင် အရင်းအနှီးလိုနေတာကြောင့် မာရှန့်ရူံက အပျော်တမ်းလို့ခေါ်တဲ့ တရားမဝင်ပြိုင်ကားမောင်းပြိုင်ပွဲက ပိုက်ဆံမရတဲ့အတွက် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ မာရှန့်ရူံကြောင့်နှစ်ဦးသား ငွေကြေးအဆင်ပြေခဲ့ပြီး တစ်နေ့မှာ မာကာအိုဘုရင့်ဖလားကားမောင်းပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာဖော်ကြူးထားတဲ့ ညီအစ်ကိုတွေရဲ့စိတ်ဓါတ်နဲ့ ကားမောင်းသမားတွေရဲ့အသက်စွန့်စားယှဉ်ပြိုင်မှုတွေကိုပါ မြင်တွေ့ရမှာကြောင့် ဒီဇာတ်လမ်းလေးကို CM ကနေစောင့်မျှော်ကြည့်ရူလိုက်ရအောင်

6 2023
Echoes of the Thunder
The Fantastic Three Les trois fantastiques
6.4

The Fantastic Three (2024) IMDb Rating (6.4) Coming of Age ရုပ်ရှင်လို့ ပြောလို့ရတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ဒါပေမဲ့ လှပတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။ လှလာမယ်လို့ ထင်ရအောင်လုပ်ရင်း ရက်ရက်စက်စက်ကို ချိုးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အသက်၁၂အရွယ် ကောင်လေး၃ယောက်ရဲ့ဇာတ်လမ်းပေမဲ့ သူတို့မှာ အသက်၁၂နဲ့မလိုက်တဲ့ ဘဝကြီးကို လွယ်ထားရတဲ့ အကြောင်းကို ပြထားတယ်။ သူတို့မြို့လေးရဲ့ အဓိက ပင်မအလုပ်အကိုင်အရင်းအမြစ် စက်ရုံက‌ ဒေဝါလီခံသွားတော့ သူတို့မိဘတွေအလုပ်မရှိကြသလို ကျောင်းရဲ့ စခန်းချခရီးထွက်ဖို့ငွေပေးစရာလည်းမရှိကြဘူး။ ဒီငွေကို ရအောင်ကြံရင်း သူတို့ဒုက္ခများနေတာကိုမှ တခြားဒုက္ခတွေပါ နွယ်လာတာကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ ကြည့်တော့ကောင်းပေမဲ့ တော်တော်ရက်စက်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ၁၂နှစ်သားလေးတွေရဲ့ မောလွန်းစရာဘဝကို ပြထားတာမို့ နည်းနည်းတော့ ထူးထူးခြားခြားလေးဖြစ်နေမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.4 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:37:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Adventure • Animation • Comedy • Family
6.4 2024 95 mins
The Fantastic Three Les trois fantastiques
Choo Mantar
8.1

Choo Mantar 2025 (ချူမန်တရာအဖွဲ့နဲ့ မော်ဂန်စံအိမ်ကြီး) သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေးရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမိုလို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက်ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြတဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။ ဒီအခါမှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာတွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့ ……… ဒိုင်နမိုဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ……… နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီးကို ပြန်လာခဲ့တဲ့အခါ ……… ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Yunni ~ Cym ~ KKKZ~ ZweYan တို့ပဲဖြစ်ပါတယ်)

Comedy • Drama • Romance
8.1 2025 142 mins
Choo Mantar
Trespass Against Us
5.8

Trespass Against Us (2016) ကတော့ ၂၀၁၆ ခုနှစ်ထွက် Crime/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ မျက်နှာသိမင်းသားနှစ်ယောက်ဖြစ်တဲ့ Michael Fassbender နဲ့ Brendan Gleeson တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမလို့ တကယ်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း Chad Cutlerဟာ သူ့ရဲ့သားကို ပိုကောင်းတဲ့ ဘဝတစ်ခုကိုပေးဖို့အတွက် ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့ ဘဝကနေပြီးရုပ်းထွက်ကာ ဘဝကို ပိုကောင်းအောင်နေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အဖေ Colby က သူ့ကိုသစ္စာဖောက်တစ်ယောက်ဖြစ်မှတ်ယူကာ ရာဇဝတ်ကောင်ဘဝကနေပြီး ရုန်းထွက်ရတာ မလွယ်ကြောင်းပြသခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးဆက် ၃ ခုကြား ဘယ်လိုဆက်ဖြစ်မှာလဲ။ ဖခင် ၂ယောက်နဲ့ သား ၂ နှစ်ယောက်ဘယ်လိုများ ရှေ့ဆက်ကြမှာလဲ။ ကြည့်လိုက်ကြပါခင်ဗျာ။ File size… 1.6 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyaw Zayar Htun

Comedy • Romance
5.8 1900 99 mins
Trespass Against Us
A Cruel Attendance
6.4

A Cruel Attendance (2006) ************************* IMDb… 6.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ The fortune tellers,Romantic heaven က မင်းသားကြီး Kim Soo Ro, Parasite, Land of happiness က မင်းသားကြီး Lee Sun Kyun တို့ အဓိကပါဝင်ထားတဲ့ ရာဇဝတ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ~ ဇာတ်လမ်းအညွှန်း ~ မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ အိုဒုံးချောက ပုံမှန်လခစားရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာနစ်ပြီး ဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကို ပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟိုနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ်ပျက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ထယ်ဟီးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ ဒုံးချောဆီကို “မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ် ” ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ… ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ ပြန်ပေးဆွဲတဲ့အစီအစဉ်လေးက ထင်ထားသလို ချောချောမွေမွေ့နဲ့ဖြစ်သွားပါ့မလား… သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာကို ကြားပြီး ဒုံးချောတစ်ယောက် ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို ဒီကားလေးထဲမှာ အလွဲလေးတွေနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 2.38GB/ 1.11GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:48:13 Genre : Crime, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

Science Fiction • Adventure • Action
6.4 2006 108 mins
A Cruel Attendance