YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mantra.Takieng.Kaeo.S01E02.1080p.CM.mp4

995.78 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Yuni
7.4

"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ အဘွားနဲ့နေရတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ခရမ်းရောင်ရှိတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်တယ်။ ကျောင်းတွင်းဘာသာရပ်တွေမှာ ထူးချွန်တယ်။ ကြိုးစားမယ်ဆိုရင် ဆက်ပြီးပညာသင်ဖို့ အခွင့်အလမ်းတွေပြည့်နေတဲ့ သာမန်ကျောင်းသူတစ်ယောက်ပဲ။ ဒီအတွက်လည်း သူ မနားမနေကြိုးစားတယ်။ ဒါပေမဲ့လည်း ဘဝဆိုတာ သမားရိုးကျပဲ ဖြစ်နေတာမဟုတ်တော့ အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့တယ်။ ပထမအကြိမ်လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီးလို့ မကြာခင်မှာ နောက်တစ်ကြိမ်လာတောင်းတာကို ခံရတဲ့အခါ၊ တစ်ဖက်မှာလည်း စကောလားရှစ်ရဖို့ အိမ်ထောင်မရှိရလို့ သတ်မှတ်ချက်ရှိနေတဲ့အခါ ယူနီရဲ့စိတ်ထဲမှာ လွန်ဆွဲလာရတယ်။ "ငါ ဘာမဆိုလုပ်နိုင်မှာပဲလို့ အရင်ကတော့တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့လည်း ငါ တကယ်ဘာလိုချင်မှန်းမသိတော့ဘူး" လို့ပြောတဲ့ စကားတွေမှာ သူ ဘယ်လောက်ထိ လမ်းပျောက်နေသလဲဆိုတာ မြင်တွေ့ရနိုင်တယ်။ ဘာသာရေးနဲ့ကန့်သတ်မှုတွေများလှတဲ့ သူ့ဘဝ၊ ရိုးရာထုံးတမ်းတွေကိုလိုက်နာဖို့ အဆင်သင့်မဖြစ်သေးတဲ့သူ့စိတ်၊ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ပညာသင်ချင်သေးတဲ့သူ့ဆန္ဒ ... ဒီအရာတွေကြားမှာ တစ်စုံတစ်ခုကိုတော့ သူ ရွေးချယ်မှဖြစ်တော့မယ်လို့ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်စိတ်အပြောင်းအလဲ၊ ဆယ်ကျော်သက်ကိုယ်ဝန်၊ ပညာဆက်လက်သင်ယူခွင့်ဆုံးရှုံးရပုံတွေ အစရှိသဖြင့် မီးမောင်းထိုးပြထားတဲ့အချက်တွေများပါတယ်။ ဒါကြောင့်လည်း Toronto International Film festival မှာ ပြသခြင်းခံခဲ့ရပြီး Platform Prize ဆိုတဲ့ဆုကို ရရှိခဲ့တာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားလုံးက အရောင်အသွေးစုံလင်လှပြီး ဇာတ်ကောင်ရဲ့ favourite colour ဖြစ်တဲ့ ခရမ်းရောင်ကို များစွာအသုံးပြုထားတာဖြစ်လို့ ထူးဆန်းသလိုရှိနေပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူ လိုက်ဖက်နေတော့တယ်။ ဒါရိုက်တာကတော့ 2020 ခုနှစ်က ဆုံးပါးခဲ့တဲ့ အင်ဒိုနီးရှားကဗျာဆရာကြီး Sapardi Djoko Damono ကို အောက်မေ့သတိရမှုနဲ့ ရိုက်ကူးထားတယ်လို့ ဆိုထားပြီး ဒီဆရာကြီးရဲ့ " Rain In June" ဆိုတဲ့ ကဗျာအပါအဝင် တခြားကဗျာများစွာကိုလည်း ထည့်သွင်းထားတယ်။ အညွှန်းကိုတော့ အဲဒီလွမ်းဆွတ်ဖွယ်ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ " ပန်းပင်တွေအပေါ်မှာ မိုးဖွဲတွေအဖြစ် ကာလရှည်ကြာ ရွာသွန်းချင်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ စိတ်ပြတ်သားနိုင်မှာလဲ။ လမ်းမကြီးပေါ်က မသေချာမထင်ရှားတဲ့ ချီတုံချတုံခြေလှမ်းတွေကို ဖယ်ရှားပစ်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ ဉာဏ်ပညာကြီးမားနိုင်မှာလဲ။ ပန်းပင်တွေရဲ့အမြစ်တွေက စုပ်ယူစားသုံးခြင်းခံလိုက်ရတာကို မပြောဘဲ ချန်ထားရစ်တဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ လိမ္မာပါးနပ်နိုင်မှာလဲ။ " (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Encoder - August Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 788MB and 274MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Comedy • Crime • Mystery
7.4 2021 95 mins
Yuni
Moon-young
6.7

စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။ သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ? မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure • Mystery
6.7 2017 64 mins
Moon-young
Looop Lapeta
6.1

ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲ အတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါ ဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲ အတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။ သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာ မတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေ ခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်း အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲ ဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ် ရှာလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့် သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှ အရှုပ်တွေကိုလိုက်ရှင်းရင်း ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆပ်သ်ရာကိုရော ဆာဗီက သူ့အလှည့်မှာ ပြန်လည်ကယ်တင်နိုင်ပါ့မလား။ " ဘဝတစ်ခုပြောင်းလဲဖို့ နေ့ရက်လေးတစ်ရက်ပဲလိုတာ ဆာဗီ '' ဆပ်သ်ရာပြောနေကျ ဒီစကားအတိုင်း ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ပဲဖြစ်သွားမလား။ ရွှေဘုံပေါ်ရောက်ပြီး ကောင်းစားမလားဆိုတာကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဒီဇာတ်လမ်းမှာ အပီအပြင် ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…2.8GB / 1.02Gb / 600MB Quality…1080p AAC 5.1CH / 720p NF WEB DL AAC 2.0CH / 720p HEVC Small Size Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Shwe Pyae & HM & Haruko

Drama • Fantasy • Horror
6.1 2022 131 mins
Looop Lapeta
Sing Street
7.9

ဒီနေ့တော့ rating အမြင့် အိုင်းရစ် Musical Comedy ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးကို 2016 january 24 မှာ Sun dance film festival မှာပြသခဲ့ပြီး March 17 မှာ ရုပ်ရှင်ရုံတွေမှာပြသခဲ့ပါတယ်။ ဇာတ်ကားအညွှန်း အရ တောင်ပိုင်း ဒဗ်ဘလင် မြို့မှာနေထိုင်ကြတဲ့ လေလာ မိသားစုထဲက ပက်ထရစ် ဟာ မိသားစုပြသနာတွေကြောင့် သူ့အနုပညာအလုပ်တွေထက် အရက် နဲ့ ဆေးလိပ်ဖက် ပို အားသန်ခဲ့ပြီး အကုန်အကျ များလာတာကြောင့် သူဟာ သူ့သားအငယ်ဆုံး ကော်နာ ကို ကျောင်းထုတ်ပြီး ဆန်ဂီကျောင်း ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက် ကော်နာ တစ်ယောက် ကျောင်းမှာ ဘယ်လိုတွေ ဗရုတ်သုတ်ခ ကျပြီး နောက်ဆုံးဘာတွေဖြစ်လာမလဲဆိုတာ ကို အလန်းစား 80's Rock Music တွေ နဲ့ ကြည့်ရမှာမို့ အမြန်ဆုံးသာ ဒေါင်းလုတ်ဆွဲ ကြည့်လိုက်ကြပါတော့ဗျာ (ဇာတ်လမ်းအညွန်းကို Moe Oo Mann မှရေးပေးထားတာဖြစ်ပါတယ်) File size…(830MB) Quality…720p Bluray Format…mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw

Action • Drama • History • War
7.9 2016 106 mins
Sing Street
Spectral
6.4

စစ်ကားရုပ်ရှင်တွေ ကြိုက်နှစ်သူတွေရော Horror Movie ကြိုက်သူများအတွက်ပါ အဆင်ပြေစေမယ့် ရုပ်ရှင်ကားကောင်း တစ်ခုပါ.... ကြည့်ရှုရင်း နဲ့ လိုက်ပါရင်ခုန်စေမိမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဆိုလဲ မမှားပါဘူး... ဇတ်လမ်းပုံစံကတော့ ဒေါက်တာ Clyne ဟာ စစ်ဖက်သုံး ကင်မရာတွေကို တီထွင်ပေးရတဲ့သူပါ... တစ်နေ့မှာတော့ စစ်ပွဲထဲတွင် စစ်သားတွေ အကြောင်းအရာမသိသော အရာဝတ္တု တစ်ခုရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး သေဆုံးခဲ့ကြပြီး ထိုအရာကိုလဲ ဒေါက်တာ Clyne တီထွင်ပေးသော ကင်မရာဖြင့်သာ မြင်နိုင်ခဲ့တာကြောင့် ဒေါက်တာ Clyne ကို စစ်ဘက် အဖွဲ့အစည်းက ပြန်လည် ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်... သူတို့ မြင်ခဲ့တာအရာသည် ဘယ်လိုအရာမျိုး ဖြစ်တယ်ဆိုတာ သေချာသိရဖို့ အတွက် ဒေါက်တာ Clyne နှင့် စစ်တပ် တပ်ဖွဲ့ တစ်ခု ဖွဲ့ကာ စစ်မြေပြင်ကို သွားရောက်လေ့လာခဲ့ပါတယ် ထိုလေ့လာတဲ့ ခရီးတွင်ပဲ ကံဆိုးစွာ ထပ်မံ သတ်ဖြတ်ခံရပြီး ထိုအရာများသည် လူသား ပုံစံ ရှိပြီး ဝိဉာဉ်များသဖွယ် နံရံများကို ဖြတ်သွားနိုင်ကာ ထိတွေ့မိသူတိုင်း အေးခဲအသက်ပျောက်သွားပါတယ် မည်သည့် လက်နက်ဖြင့်မှ တိုးမပေါက် သက်၍ မရနိုင်ပါ ထိုအရာများ မှာ မကောင်းဆိုးဝါး များလော စစ်ဘက်ဆိုင်ရာ လျို့ဝှတ်ချက်များလားဆိုတာ ဘာသာပြန် Bro Chan နှင့် Bro Kaung တို့၏ ဘာသာပြန် လက်ရာကောင်းများဖြင့် ပြန်ပေးထားသော Spectral ရုပ်ရှင်ကားကို Download ဆွဲပြီး ကြည့်ရှုခံစားလိုက်ကြပါ ခင်ဗျာ.... (သစ်ဆန်းခန့်)

Action • Adventure • Animation • Family • Fantasy
6.4 2016 109 mins
Spectral
[18+] Fumiko’s Legs
5

ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်… စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့… ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ… အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5 2018 81 mins
[18+] Fumiko’s Legs
Sleepaway Camp III: Teenage Wasteland

ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror • Thriller
0 1989
Sleepaway Camp III: Teenage Wasteland
Stunning Bodyguard
5.8

ရှန်ဟိုင်းဂျက်မကားကောင်းလေးတစ်ကား CMကနေတင်ဆက်ပေးလိုက်ပါတယ်။ အင်အားစုတွေအများကြီးကွဲနေပြီး ဘိန်းကြီးစိုးနေတဲ့ခေတ်ပျက်ကြီးမှာ ဆေးပညာပါရမီရှင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ ဒီလူငယ်လေးဟာ အကိုက်အခဲပျောက်ဆေးတီထွင်ဖို့ကြိုးစားနေပါတယ်။ မသမာသူတွေက သူ့ဆေးရဲ့ဖော်မြူလာကို နည်းနည်းပြုပြင်လိုက်ရင် ဘိန်းအစားထိုးလို့ရမယ့် မူးယစ်ဆေးတစ်ခုကိုဖော်စပ်လို့ရတယ်ဆိုတာ သိသွားတဲ့အချိန်မှာ ပါရမီရှင်လေးနဲ့ သူ့ရဲ့ဆေးဖော်မြူလာကိုလုယူဖို့ကြိုးစားပါတော့တယ်။ အလင်းအမှောင်အဖွဲ့အစည်းနှစ်မျိုးလုံးကဒီဆေးကိုတပ်မက်နေပြီးတော့ ပြေးစရာမြေမရှိဖြစ်နေတဲ့အချိန်မှာ ဂျက်မ(၃)ယောက်ဟာ တရားသောဘက်ကနေပြီး အစွမ်းကုန် ပါဝင်တိုက်ခိုက်သွားပါတယ်။ လောကကြီးကိုဒုက္ခပေးမယ့် မူးယစ်ဆေးထုတ်ဖော်ရေးကိုတားနိုင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ…… လောကကြီးကို မူးယစ်ဆေးရန်ကနေတကယ်ကယ်တင်နိုင်ပါ့မလား……

5.8 2017
Stunning Bodyguard
Wish You Were The One
6.3

Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 625MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 49Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

6.3 2023 109 mins
Wish You Were The One
The Legend of Xie Yaohuan: The Western Paradise
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နန်းတွင်းစုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Legend of the West ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ တိုင်းပြည်ကိုအုပ်စိုးမယ့် ဘုရင်မအသစ်ကိုကြိုဆိုဖို့အတွက် ဆုတောင်းပြည့်နန်းဆောင်ကို လက်သမား (၁၀၈) နဲ့ဆောက်လုပ်နေစဉ်မှာပဲ တနေ့မိုးသည်းတဲ့ညမှာ လက်သမား (၁၀၈)ယောက်လုံး အလောင်းရှာမတွေ့ပဲ ပျောက်သွားခဲ့တယ်။ ဒီဖြစ်ရပ်ကိုသတ္တိရှိရဲရင့်ပြီး အသိပညာဗဟုသုတကြွယ်ဝတဲ့ ရှဲ့ယောင်ဟွိုင် စုံစမ်းရေးမှူးမလေးက စုံစမ်းဖို့ဖြစ်လာခဲ့တယ်။ ရှဲ့ယောင်ဟွိုင်ကတော့တချိန်က နန်းတော်မှာနန်းတော်အစေခံအဖြစ်ခစားခဲ့ပြီး လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်မက သူ့စွမ်းဆောင်ရည်ကြောင့် စုံစမ်းရေးဌာနကိုပို့ခဲ့တယ်။ ဒါတင်မကသေးပဲဝူဝေးလူကြီးမင်း အသက်ရှင်စဉ်က စာလုံးမဲ့ကောင်းကင်စာပေကိုပေးခဲ့လိုက်သေးတယ်။ အဲ့စာပေထဲမှာ ပါတဲ့အကြောင်းရာတွေက ဆုတောင်းပြည့်နန်းဆောင်အမှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ ယုံကြည်နေတယ်ရှဲ့ယောင်ဟွိုင်တစ်ယောက်။ ဒါပေမဲ့လဲ အဲ့စာပေထဲမှာပါတဲ့အကြောင်းရာတွေကို ဖတ်လို့မရလို့အဖြေရှာနေတဲ့သူမ။ တဆင့်ပြီးတဆင့် စုံစမ်းရင်းသဲလွန်စတွေတွေ့ရှိလာခဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီနောက်ကွယ်မှာပါဝင်ပတ်သက်နေသူတွေက ဘယ်သူများဖြစ်မလဲ။ ကောင်းကင်စာပေဆိုတာကဘာလဲ။ အထဲမှာဘာအကြောင်းရာဘာများဖြစ်နေကြမလဲ စတဲ့ မေးခွန်းတွေကို ဒီဇာတ်ကားလေးထဲကနေဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

5.8 2024
The Legend of Xie Yaohuan: The Western Paradise
Maa Nanna Superhero
8.6

Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်) အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။ တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Horror • Mystery • Thriller
8.6 2024 124 mins
Maa Nanna Superhero
Sweethearts
5.8

ဘင်နဲ့ဂျင်မီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ကိုယ်စီရှိကြတဲ့အနေဝေးချစ်သူတွေကြောင့် ကောလိပ် ကျောင်းသားဘဝဟာ မွန်းကြပ်စရာကောင်းနေတဲ့အတွက် ကျောင်းအားရက်အိမ်ပြန်ချိန်မှာ ချစ်သူတွေနဲ့လမ်းခွဲလိုက်ကြဖို့ အတူတူကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်ရဲ့ချစ်သူကလဲရီက ဘင်နဲ့ဂျင်မီကို ကြိုက်နေ ကြတာလို့ပြန်စွပ်စွဲခဲ့ချိန်မှာတော့ ငယ်စဥ်ကတည်းက ဘာလုပ်လုပ်အတူတူလုပ်လာခဲ့ကြတဲ့ဘင်နဲ့ဂျင်မီကြားက သူငယ်ချင်းသံယောဇဥ်က အရောင်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ယောကျ်ားလေးနဲ့မိန်းကလေးဆိုတာ သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ ပြောကြပေမယ့် ဂျင်မီဆိုတဲ့ကောင်မလေးနဲ့ဘင်ဆိုတဲ့ကောင်လေးဟာ တစ်ယောက်အတွက်တစ်ယောက် ချစ်သူမကျ သူငယ်ချင်းထက် ပိုတဲ့ Sweethearts တွေဖြစ်တယ်ဆိုတာသိရှိသွားကြပုံကို ရိုက်ကူးပုံဖော်ပြထားတာဖြစ်ပါတယ်။ File size… (1.45GB) / (757MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Drama • Fantasy
5.8 2024 97 mins
Sweethearts
The Love of Han River
5.6

ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့ စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။ သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့ တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့ စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင် အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့ သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်း အစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။ နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့် အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီး ရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားက အဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့် လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။ တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးက လက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာ မိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~

Animation • Family • Mystery • Comedy • Science Fiction
5.6 2025
The Love of Han River