YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Beautiful Audrey (2024) 1080p HEVC WEB-DL 5.1 [RMC].mp4

1.98 GB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kiss the Girls
6.5

ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။ မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder မှ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Alex Cross အဖြစ် Morgan Freeman Kate McTiernan အဖြစ် Ashley Judd တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် File size…(2.2GB)  / (`1.09GB) / (529MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Animation • Comedy • Science Fiction
6.5 1997 115 mins
Kiss the Girls
Midnight Ballad for Ghost Theater
5.3

၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင် ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင် ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------- ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွား ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားက ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင် တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြော သွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကို ကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ် လျှောက်ခဲ့ပါတယ် ။ အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံ ထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကို ကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီး အဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ် ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွား ပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန် တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Thar ဖြစ်ပါတယ်) File Size..........(2.13 GB) / (708 MB) / (453 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Horror Translator.......Hay Thar Encoder..........SWM

Horror
5.3 2006 120 mins
Midnight Ballad for Ghost Theater
Exploited
4.5

လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။ အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။ သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး သူဖြစ်စေချင်တဲ့ ပုံစံကို ကျုံးသွင်းလို့ သူစိတ်ပျော်ရာအတိုင်း ကြိုးဆွဲနေပါတော့တယ်။ ဘရိုင်ယန်ရယ်၊ သူ့အစ်ကိုရယ်၊ သူ့အခန်းဖော်ရယ်၊ အခြားပတ်သက်ရာ ကျောင်းသူလေးတွေဟာ ဇာတ်ရှုပ်ကြီးကြားထဲမှာ အသက်ပါပေးရတဲ့အဖြစ်ရောက်လာပါတော့တယ်။ Gay အသားပေးဇာတ်ကားဖြစ်လို့ 21+ မဟုတ်ပေမဲ့ အမျိုးသားလိင်အင်္ဂါတွေ၊ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေ၊ မိသားစုနဲ့ အမြင်မသင့်တဲ့ လိင်ဆက်ဆံတဲ့အခန်းတွေပါဝင်ပါတယ်။ တစ်ယောက်တည်း ဒါမှမဟုတ် စိတ်တူကိုယ်တူသမားတွေပဲ အတူကြည့်သင့်ပါတယ်။ Gay လောကကို အမြင်မကြည်သူတွေ ရှောင်သင့်တဲ့ကားပါ။ ထပ်ပြောပါ့မယ်။ 21+ လုံးဝမဟုတ်ပါဘူးနော်။ 18+ လည်းမဟုတ်ပါဘူး။ မျှော်လင့်ပြီး ကြည့်လိုက်ပြီးကာမှ ဆဲဆိုနေရမယ့်အဖြစ်မလို့ပါ။ Plot twist ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဆုံးကာနီးအထိ twist တွေ ကြိုးစားပမ်းစား ထည့်ရိုက်ထားပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအထာနပ်တဲ့သူတွေအတွက်ကတော့ သိပ်ရင်မခုန်ရပါဘူး။ ဒါပေမဲ့ လူကြီးမင်းတို့က ကျောင်းသားဘဝ ငပွေးလုပ်တာတွေ၊ ပါတီတွေ၊ လိင်စိတ်ကြွစကားလုံးတွေနဲ့ အမူအယာ၊ အလှအပတွေကို နှစ်သက်တတ်သူဆိုရင်ဖြင့် ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(1.1 GB)/(470 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:21:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Drama • Fantasy
4.5 2022 81 mins
Exploited
Rough Night
5.7

ဂျက်စ်၊ အဲလစ္စ၊ ဖရန်ကီနဲ့ ဘလဲတို့ သူငယ်ချင်းလေးယောက်က ၂၀၀၆ ကောလိပ် ပထမနှစ်ကတည်းက တွဲခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဆယ်စုနှစ်တစ်ခုကြာအပြီး မှာတော့ ဂျက်စ်က သူ့ချစ်သူပီတာနဲ့ လက်ထပ်ပွဲကျင်းပမှာမို့ သူငယ်ချင်းတွေပြန်ဆုံဖို့ ဖြစ် လာခဲ့ပါတယ်။ သူတို့လေးယောက်ဟာ ဂျက်စ် လက်မထပ်ခင် မီယာမီမှာပါတီလုပ်ရင်းကဲဖို့ အစီအစဉ်တွေဆွဲခဲ့ပြီး ဂျက်စ်ရဲ့ ဩစတြေးလျမှာခင်ခဲ့တဲ့သူငယ်ချင်း ပစ်ပါကိုလည်း အတူပျော်ဖို့ ခေါ်ခဲ့ပါတယ်။ ဗရုတ်ကျလွန်းတဲ့ ဂျက်စ်တို့ အဖွဲ့ဟာ အပြောင်အနောက်သဘောနဲ့ အမျိုးသား အဖော်အချွတ်အကသမားတစ်ယောက် ကို အိမ်မှာဖျော်ဖြေဖို့ ငှားခဲ့ပါတယ်။ အဲဒီလူ အိမ်ရောက်လာပြီးနောက်မှာ နောက်ကြပြောင်ကြရင်း မတော်တဆ ခေါင်းထိ သွားပြီး အဖော်အချွတ်အကသမား သေသွားခဲ့ ပါတယ်။ အိမ်ထဲမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ဂျက်စ်တို့တစ်တွေ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး အပြစ်လွတ်ဖို့နဲ့ အလောင်းဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားပါတော့တယ်။ ဘလဲရဲ့ ဦးလေးရှေ့နေကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာ လူသေမှုကြောင့် ၁၅ နှစ်လောက်အပြစ်ကျဖွယ်ရှိတယ်လို့ ပြောတဲ့အတွက် အလောင်းကို ပင်လယ်ထဲ သွားပစ်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေမှာ အလောင်းပြန် ပေါ်တဲ့အတွက် နောက်ထပ် အစီအစဉ်တစ်ခု ထပ်ဆွဲခဲ့ရပြန်ပါ တယ်။ လက်လက်ထ၊ ဗရုတ်သုတ် ခအဖွဲ့ဖြစ်တဲ့ ဂျက်စ်တို့တစ်တွေ အလောင်းဖျောက်ပြီးနောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦးမှာ လဲ။ သူတို့ငှားခဲ့တဲ့ အဖော်အချွတ် အကသမားရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိနေတာ လဲ။ ဂျက်စ်တစ်ယောက် မင်္ဂလာ ပွဲကို အေးအေးချမ်းချမ်း ကျင်းပ နိုင်ပါ့မလားဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ လူငယ်ဇာတ်လမ်းဖြစ်တဲ့အ တွက် အချို့ဇာတ်ဝင်ခန်းတွေ၊ အ ပြောအဆိုတွေက ကြမ်းတယ်လို့ ဝေဖန်မှုတွေရှိထားတဲ့ ဒီဇာတ် ကားမှာ ဂျက်စ်အဖြစ် စကားလက် ဂျိုဟန်ဆန်၊ ပစ်ပါအဖြစ် ကိတ် မက်ကင်နွန်၊ အဲလစ္စအဖြစ် ဂျစ် လီယန်ဘဲလ်၊ ဖရန်ကီအဖြစ် အစ် လာနာဂလေဇာ၊ ဘလဲအဖြစ် ဇိုး ကရာဗစ်၊ ပီတာအဖြစ် ပေါလ်ဒဗ လျူဒေါင်းစ်တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://7daydaily.com/)မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (700 MB) and (300 MB) Quality : 720pBluray Running Time : 1hr 41minutes Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw

Crime
5.7 2017 101 mins
Rough Night
Underwater Love
5.5

Underwater love(2011) ဂျပန်ရိုးရာပုံပြင်တွေထဲမှာ Kappaလိုခေါ်တဲ့ သတ္တဝါတမျိုးရှိတယ် သူက ရေထဲမှာနေလေ့ရှိပေမဲ့ လူတွေလိုပဲ အိပ်ချင်အိပ်စားချိန်စား လုပ်နိုင်တယ် သူအကြိုက်ဆုံးကတော့ သခွားသီးပေါ့ ဇာတ်လမ်း က Asukaဆိုတဲ့အမျိုးသမီးဟာ ငါးအရှင်လေးတစ်ကောင်ကိုရေကန်ထဲသွားလွှတ်ရင်း kappa တစ်ကောင်ကိုရေကန်ထဲမှာတွေ့ခဲ့တယ် ဖြစ်ချင်တော့အဲ့Kappaက သူ့ငယ်သူငယ်ချင်း Aokiဆိုတဲ့ကောင်လေးဖြစ်နေတယ် ဒီလိုနဲ့ တရက်မှာ Asukaရဲ့ ရှင်သန်ခွင့်သက်တမ်းက ကုန်ဆုံးတော့မဲ့အချိန်ရောက်လာတဲ့အခါပြန်လည်ရှင်သန်နိုင်ဖို့ Aokiနဲ့အတူတူ ဘယ်လိုတွေစွန့်စားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File Size__(1.3GB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:27:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Action • Crime • Science Fiction
5.5 2011
Underwater Love
The Kids Are All Right

The Kids are All Right လို့ခေါ်တဲ့ဒီဇာတ်ကားလေးက 2010 ခုနှစ်ကထွက်ရှိထားတဲ့ Romance/ Drama ကားလေးတစ်ကားဖြစ်ပြီး IMDB rating 7 အထိ ရရှိထားပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပြီး LGBT နဲ့ပတ်သက်ပြီး အရမ်း serious မဖြစ်သူတွေအနေနဲ့ ကြည့်လို့အဆင်ပြေစေမဲ့ ကားလေးတစ်ကားပါပဲ။ နစ်ခ်နဲ့ဂျူးလ်စ်ဟာ LGBT အတွဲတစ်တွဲဖြစ်ပြီး သုက်ပိုးအလှူရှင်အကူအညီနဲ့မွေးထားတဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပုံမှန်ကနေခွဲထွက်နေတဲ့ မိသားစုလေးတစ်ခုပါ။ ဒါပေမဲ့ဂျူးလ်စ်က မှီခိုသူအိမ်ရှင်မနေရာကိုရောက်နေတဲ့ သူ့ဘဝသူ မကျေမနပ်နဲ့ သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ဒီအတွက်လည်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာ သားဖြစ်သူလေဆာက သုတ်ပိုးအလှူရှင် သူတို့ရဲ့ဖခင်အရင်းကို တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်နေသူဖြစ်ပြီး ဒီအတွက်လည်း အသက် (၁၈) နှစ်ပြည့်ခါစ ရပ်ဝေးကိုကျောင်းသွားတက်တော့မဲ့အစ်မဖြစ်သူ ဂျိုနီကိုအပူကပ်ပြီး သူတို့ရဲ့သုက်ပိုးအလှူရှင်ကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ တစ်ခေါက်တွေ့ပြီးတဲ့နောက်မှာ ရေစက်ကုန်ပြီလို့ထင်မှတ်ထားပေမဲ့ သူတို့ဖခင်အရင်းရဲ့ပါဝင်ပတ်သက်လာမှုဟာ အေးချမ်းနေတဲ့သူတို့မိသားစုထဲကို သက်ရောက်မှုအကြီးကြီးတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်မဖြစ်မလဲဆိုတာကတော့……. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

0 2010
The Kids Are All Right
Sly
7.1

Sly (2023) ~ IMDb – 7.1/10, Rotten Tomatoes – 77% ~ စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။ Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။ Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။ ” ငါ့မှာ နောင်တတွေရှိလား… အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ “ ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား… စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာ ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ‌ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စတားလုံးက စိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။ စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့ သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့‌ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။ Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကို ဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။ Rambo ကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊ မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့် Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီး ပြန်ခံစားကြည့်နိုင်ပါတယ်။ သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်း သူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ ဘာကြောင့်မကြိုက်သလဲ ဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 945MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 35Min Genre – Biography, Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 2023
Sly
The Legend of Detective Sleek Rat 1: The Bloody City
5.8

တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့- ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ…… ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ….. ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။

5.8 2016
The Legend of Detective Sleek Rat 1: The Bloody City
Love Without End

တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

0 1961
Love Without End
I Can’t Live Without You
5.5

အခုခေတ်မှာနည်းပညာတိုးတက်လာပြီး လူကြီးလူငယ်မရွေးဖုန်းတွေ အလွယ်တကူကိုင်လာနိုင်တဲ့အချိန်မှာ ဖုန်းကိုပဲအာရုံစိုက်တာများပြီး ကိုယ်ချစ်တဲ့လူတွေကိုဘေးမှာထားပြီးမေ့နေတတ်ကြတာများကြပါတယ်။ ဖုန်းဆိုတာအချိန်မရွေးပြန်ဝယ်ကိုင်လို့ရပေမဲ့ ဖုန်းကြောင့်ပျက်စီးဆုံးရှုံး လိုက်ရတဲ့ ဆက်ဆံရေးတွေကတော့ လွယ်လွယ်ကူကူနဲ့ ပြန်ဝယ်ယူလို့ မရနိုင်တော့ပါဘူး။အဲ့ဒါကိုပညာပေးတဲ့အနေနဲ့ I Can’t Live Without You ဆိုတဲ့ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကားလို့စ်က စီးပွားရေးကုမ္ပဏီမှာရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး ဖုန်းနဲ့ လက်နဲ့မပြတ်အလုပ်လုပ်ကိုင်နေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီရလာဒ်အနေနဲ့ စားလည်းဖုန်း သွားလည်းဖုန်း အိပ်လည်းဖုန်းနဲ့ဖုန်းမသုံးပဲမနေနိုင်တဲ့ လူတစ်ယောက် ဖြစ်လာပြီး မိန်းမနဲ့ကလေးတွေကိုပစ်ထားမိလာတာဆယ်စုနှစ်နဲ့ ချီကြာလာပါ တော့တယ်။ အဲ့ဒီဖုန်းနဲ့အလုပ်ကြောင့်ပဲ မိသားစုအပေါ်ပျက်ကွက်တာတွေများလာတဲ့အခါမှာ မိန်းမဖြစ်သူက သည်းမခံနိုင်တော့ပဲ ကွာရှင်းဖို့အထိဖြစ်လာကြပါတော့တယ်။ အဲ့ဒီအခါကျမှကားလို့စ်ကဖုန်းဖြတ်ဖို့အတွက် ဖုန်းဖြတ်ကုထုံးတွေခံယူခဲ့ပြီး မိသားစုနဲ့ မိန်းမကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပုံတွေကိုကြည့်ရင်း ကိုယ်တွေရဲ့ဘ၀မှာလည်း ဖုန်းကိုကိုယ်ချစ်ရတဲ့လူတွေထက် ရှေ့တန်းတင်မိ နေပြီလားဆိုတာကို ပြန်လည်သုံးသပ်ရင်း ပြင်ဆင်နိုင်ဖို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.54GB / 817MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 98 mins
I Can’t Live Without You
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
Timber Falls
5.2

ဒီ ဇာတ်ကားကတော့ horror/thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ Mike နဲ့ Sheryl လို့ခေါ်တဲ့ စုံတွဲဟာ တနေ့မှာ မြို့ပြရဲ့ စိတ်ဖိစီးမှုတွေဆီကနေ လွတ်မြောက်ချင်တဲ့အတွက် Appalachian လို့ခေါ်တဲ့ အရမ်းလှပြီးတော့ တောတောင်ရေမြေပေါတဲ့ တောထဲကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အကြံပေးချက်တွေကို နားမထောင်ပဲ မဟုတ်တဲ့ လမ်းကိုမှ ရွေးပြီး သွားမိတာကြောင့် အရမ်းကိုမှ ဘာသာရေးတင်းကြပ်တဲ့ လင်မယားနဲ့တိုးပြီးတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုတွေ ဖြစ်လာတာနဲ့ အမျှ Mike နဲ့ Sheryl တို့ သူတို့အား သူတို့ကိုးပြီးတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဆိုလဲ မမှားပါဘူးခင်ဗျာ။ ရင်တမမနဲ့ ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ File Size : 2.3 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr. Zac Encode by : Thit San Khant

Drama
5.2 2007
Timber Falls
Aalan
7.5

Aalan (2024) အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက် Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးပါရစေ… လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်… အချိန်တွေဘယ်လိုကြာညောင်းညောင်း အဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့် ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင် အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေက လူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်း အတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့ အကြောင်းကို ရိုက်ပြထားတာပါပဲ။ ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက် ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့ အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကို ကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်… ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီး သူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား…. အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူ လိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်…

Animation • Comedy • Family • Mystery
7.5 2024
Aalan
Faceless

Faceless (2024) ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ …….. ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ ….. သူ့မှာ ဘာပလန်တွေရှိနေမလဲ …… ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်)

Romance • Drama
0 2024
Faceless