YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mantra.Takiang.Kaeo.S01E21.1080p.CM.mp4

997.04 MB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
Bestseller
5.9

သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာ သူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။ အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။ သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလို တစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။ စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ.... လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ...... တရားခံက ဘယ်သူဖြစ်မလဲ...... အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား..... လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။ File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

Drama • Romance
5.9 2010 117 mins
Bestseller
Captive Files I

စတော့ဟုမ်းဆင်ဒရုန်းကို ကြားဖူးကြတယ်နဲ့တူတယ် နာမည်ကြီး money heist ထဲတောင် ပါသေးတယ်လေ အဲ့လို ဖမ်းတဲ့သူကို ပြန်ကြိုက်သွားတဲ့ ဇာတ်လမ်းကိုမှ ဖြေးဖြေးချင်းပဲပြောင်းလဲသွားတာလား လူ့စိတ်သဘောသဘာဝတွေကို လေ့လာရမယ့်အပြင် အလှည့်အပြောင်းများစွာနဲ့ကောင်းကောင်းကြည့်ရမယ် ဇာတ်လမ်းလေးပါပဲ ဂျပန်ရုပ်ရှင်လောကက ဒီလိုကားမျိုးရိုက်တဲ့နေရာမှာတော့ ဆရာကျပါတယ် ပြသင့်တာပြ ဖော်သင့်တာဖော်ပြီး ဇာတ်လမ်းအရှိန်မကျအောင် ဝေဝေဆာဆာဖန်တီးပေးထားတာ တွေ့ရမှာပါ ဇာတ်ကားက အပိုင်း ၂ ရှိသေးတဲ့အပြင် ဆက်ရန်ကိုပါ ဆက်တင်ဆက်ပေးမှာမို့ အချိန်ရှိတုန်း ပထမပိုင်းကို အားပေးကြဖို့ လက်တို့ပေးပါရစေ File size…300MB Quality…DVD RIP Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Action • Comedy • Horror • Science Fiction • Thriller
null 2001 114 mins
Captive Files I
New Kung Fu Cult Master 1

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇ ာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator - Nu Mon, Jo Jo VA , Yunn Myat Noe Khaing Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 354MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, Yunn Myat Noe Khaing Encoder ..... August

Action
null 2022 115 mins
New Kung Fu Cult Master 1
Music School
7.7

Music School (2023) IMDb-9/10 IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။ သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။ စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက ” so long farewell auf wiedersehen goodbye” ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် လက်မလွတ်ခံဖို့ ကြိုပြောပြပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Moon~Saiiတို့ပဲဖြစ်ပါတယ်)

Crime • Drama • TV Movie
7.7 2023
Music School
The Stratum
4.1

The Stratum (2023) ============== ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။ အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (586 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi Translator……Ngwe Zin Encoder……….SWM

4.1 2023
The Stratum
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Anyone Anywhere
6.7

Anyone Anywhere(2023) *********************** မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ… Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာ ဂွန်းအူနဲ့ ဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့က main cast အနေနဲ့ ပါ၀င်ထားပါတယ်…. ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါ တခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲ အကြည့်ရှောင်ပစ်လိုက်ကြပါတယ် လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူ‌တစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅ မိနစ်အလိုမှာပဲ အားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်.. ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်.. ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံး ဘယ်လိုတုန့်ပြန်ပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့.. File size… 887MB/ 312MB Quality…HDTV 1080P/ 720p Format…mp4 Duration….1hr 03min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Miri Hnin, Stary Kinni & Treasure Htet

6.7 2023
Anyone Anywhere
The Primevals
5.5

နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်း နိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့ နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့ လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်း မမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှ အများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်း အဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက် ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။ ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်က ဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေ အကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။ အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကို ပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကို ကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာ တခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့် နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့ တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကို စတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့ အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက် ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာ ကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်း နိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…3.64GB / 1.11GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 91 mins
The Primevals
100 Streets
5.8

မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာ ကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်း တဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။ တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကို ပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရော နှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီ ဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌ အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်း အဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန် ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရော သားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခု ကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊ သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊ နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကို စိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာက ဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့ အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက် ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေ အကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက် နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.8 2016 93 mins
100 Streets
The Human Condition III: A Soldier’s Prayer
8.8

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.8 1961
The Human Condition III: A Soldier’s Prayer
Sweethearts
5.8

ဘင်နဲ့ဂျင်မီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ကိုယ်စီရှိကြတဲ့အနေဝေးချစ်သူတွေကြောင့် ကောလိပ် ကျောင်းသားဘဝဟာ မွန်းကြပ်စရာကောင်းနေတဲ့အတွက် ကျောင်းအားရက်အိမ်ပြန်ချိန်မှာ ချစ်သူတွေနဲ့လမ်းခွဲလိုက်ကြဖို့ အတူတူကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်ရဲ့ချစ်သူကလဲရီက ဘင်နဲ့ဂျင်မီကို ကြိုက်နေ ကြတာလို့ပြန်စွပ်စွဲခဲ့ချိန်မှာတော့ ငယ်စဥ်ကတည်းက ဘာလုပ်လုပ်အတူတူလုပ်လာခဲ့ကြတဲ့ဘင်နဲ့ဂျင်မီကြားက သူငယ်ချင်းသံယောဇဥ်က အရောင်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ယောကျ်ားလေးနဲ့မိန်းကလေးဆိုတာ သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ ပြောကြပေမယ့် ဂျင်မီဆိုတဲ့ကောင်မလေးနဲ့ဘင်ဆိုတဲ့ကောင်လေးဟာ တစ်ယောက်အတွက်တစ်ယောက် ချစ်သူမကျ သူငယ်ချင်းထက် ပိုတဲ့ Sweethearts တွေဖြစ်တယ်ဆိုတာသိရှိသွားကြပုံကို ရိုက်ကူးပုံဖော်ပြထားတာဖြစ်ပါတယ်။ File size… (1.45GB) / (757MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Drama • Fantasy
5.8 2024 97 mins
Sweethearts
Sweet Simona
5.5

အကြွေးတွေ အပုံလိုက်တင်ပြီး ရည်းစားမိန်းကလေးရဲ့ ထားခဲ့ခြင်းကိုလည်း ခံထားရတဲ့ ဇယ်လန်နီဟာ Sex chat ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သူတစ်ဦးပါ။ သူ့အလုပ်ကတော့ ဆီမိုနာဆိုတဲ့မိန်းကလေးလို ဟန်ဆောင်ပြီး အင်တာနက်ပေါ်က ယောက်ျားတွေကို လိင်စိတ်နိုးကြွလာအောင် ညစ်ညမ်းစကားတွေ ပြောပေးရခြင်းပဲဖြစ်တယ်။ ဒီလိုနဲ့ သူ့ဖောက်သည်တွေကြားမှာ သြစတြီးယန်းက ဘိုဘိုဆိုတဲ့ လူတစ်ယောက် ရှိလာခဲ့တယ်။ ဆီမိုနာအသွင်ဟန်ဆောင်ထားတဲ့ ဇယ်လန်နီတို့ အဖွဲ့သားများရဲ့ မျှော်လင့်ချက်ပေးမှုမှာ သာယာလိုက် သူတို့စကားတွေကို ယုံကြည်လိုက်နဲ့ ဘိုဘိုဟာ တကယ်မရှိတဲ့ ဆီမိုနာကို ချစ်ကျွမ်းဝင်သွားတဲ့အခါမှာတော့….။ File size… (1.22 GB) / (693 MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 28m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Crime • Thriller • Action
5.5 2024 92 mins
Sweet Simona
The Silent Planet
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Sci-fi/ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် အခြားသောဂြိုဟ်ပေါ်သို့ အကျဉ်းသားအဖြစ် ပို့ဆောင်ခံရသူ နှစ်ဦးရဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်.. Niyya ဟာ အိုဝီယန်ဂြိုဟ်သားအမျိုးသမီးတစ်ဦးက ကောက်ယူ မွေးစားထားတဲ့ ကမ္ဘာဂြိုဟ်သားတစ်ဦးဖြစ်ပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို စစ်ဘေးဒုက္ခသည်အနေနဲ့ ရောက်လာကြသူတွေဖြစ်ပြီး ကမ္ဘာဂြိုဟ်သားများဟာ လိုလို လားလားကြိုဆိုမှုမရှိခဲ့ပါဘူး စစ်ဘေးရှောင်စခန်းများမှာ ကမ္ဘာဂြိုဟ်သားများရဲ့ နှိပ်စက်ကလူပြုမှု ညှင်းပန်းနှိပ်စက်မှုကိုများ ခံစားကြရတဲ့ အိုဝီယန်တွေကို နေ့စဉ်မြင်တွေ့ပြီး ကြီးပြင်းလာသော Niyya ထံသို့ အလားတူအဖြစ်အပျက်မျိုးဟာ မလွဲမရှောင်သာ ကျရောက်လာခဲ့ပါတော့တယ်. ထိုညှင်းပန်းနှိပ်စက်မှုအတွင်း Niyya ကို မွေးစားခဲ့သူ အိုဝီယန် ဂြိုဟ်သားမိသားစုတို့ အသတ်ဖြတ်ခံခဲ့ရပြီး Niyya ဟာ ကမ္ဘာ ဂြိုဟ်သားမိသားစုအိမ်သို့ ပို့ဆောင်ခံရကာ မွေးစားခံခဲ့ရပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကို နေ့စဉ်ခံစားနေရပြီး ၎င်းတို့အားသတ်ဖြတ်မှုကို အစိုးရကလည်း မျက်ကွယ်ပြုပေးထားခဲ့ပါတယ် တစ်ဖက်မှာလည်း အစိုးရဟာ တန်းတူညီတူဆက်ဆံရေးအတွက် တက်ကြွလှုပ်ရှားပေးသူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်ကွပ်နေခဲ့ပါတယ် ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့သူ Niyya ဟာ အစိုးရအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံကာ လက်စားချေဖို့ကြိုးစား နေစဉ်မှာပဲ အသွင်ယူရဲတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံရကာ တစ်သက်တစ်ဂြိုဟ်ပြစ်ဒဏ်ကျခံရပါတော့တယ် ဂြိုဟ်တစ်လုံးကို တစ်ယောက်သာပို့ဆောင် ပြစ်ဒဏ်ပေးသော စနစ်မှာ အလွဲအချော်တစ်ခုဖြစ်ခဲ့ပြီး Niyya ရောက်ရတဲ့ဂြိုဟ်မှာ ရှေ့က ပို့ဆောင်ထားပြီးသား သေလူအဖြစ်သတ်မှတ်ထားတဲ့ Theodore တစ်ယောက်နဲ့ အသက်မသေသေးဘဲ တွေ့ရတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် နိုင်ငံပျောက်သူ နေရာပျောက်သူ စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခကို အရိပ်အယောင်ပြ တင်ဆက်ပုံ ဖော်ထားပြီး အကျယ်လောင်ဆုံးသောအသံဖြစ်တဲ့ တိတ်ဆိတ်မှုရဲ့ ကြောက်မက်ဖွယ်ရာအသွင်ကို ရုပ်လုံးဖော်ပြထားလို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ပရိသတ်များ အာသာပြေမြည်းစမ်း ကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.18 GB) / ( 597 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

TV Movie • Comedy • Romance
5.5 2024 95 mins
The Silent Planet
When Morning Comes, I Feel Empty
6.8

When Morning Comes, I Feel Empty (2024) ***************************************** IMDb… 6.8 မနက်အိပ်ရာထ၊ အလုပ်သွား၊ အလုပ်ပြန်၊ စားချိန်တန်ရင်စား၊ အိပ်ချိန်တန်ရင် အိပ်၊ ပြီးရင် မနက် ထချိန်တန်ရင်ထ၊ ဒီလို အချိန်စက်ဝန်းကြီး တစ်ခုထဲမှာ နစ်မြုပ်ဖူးကြလား.. ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်မှန်းမသိ၊ ပန်းတိုင်မရှိ၊ ရည်ရွယ်ချက်မရှိဘဲ ပျောက်ဆုံးနေတဲ့ ခံစားချက်ကြီးကို တော်တော်များများ ခံစားဖူးကြပါလိမ့်မယ်.. ဒီဇာတ်ကားထဲက အသက် ၂၄ နှစ်အရွယ် အိဇုကိုကလည်း ဒီ ဖန်တလဲလဲ သံသရာထဲမှာ ကျင်လည်နေခဲ့တာပါ။ ဒါပေမဲ့ တစ်ရက်မှာ “တော်လောက်ပြီ” ဆိုတဲ့ စိတ်ကလေး ဝင်လာတဲ့ တဒင်္ဂအခိုက်အတန့်မှာ နေ့တိုင်းနီးပါး အချိန်ပိုဆင်းရတဲ့ ကြော်ငြာအေဂျင်စီကနေ အလုပ်ထွက်ပြီး ၂၄နာရီ စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ပါတယ်။ သူ့ရဲ့ နေ့စဉ်ဘဝက သာမန်ဖြစ်ပေမဲ့ ရယ်စရာကောင်းပြီး ကြင်နာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ပျော်ရွှင်မှုအနည်းငယ်ရှိပါတယ်။ ဒါပေမဲ့လည်း မိဘတွေဆီကို အလုပ်ထွက်လိုက်ကြောင်း မပြောရဲတာကတစ်ကြောင်း၊ အရင်အလုပ်က ရခဲ့တဲ့ စိတ်ဖိစီးမှုတွေဆီက ရုန်းမထွက်နိုင်သေးတာက တစ်ကြောင်း စိတ်ပင်ပန်းနေမှုကတော့ ပိုများနေတာပေါ့,,, တစ်နေ့မှာတော့ သူ့ရဲ့ အလယ်တန်းကျောင်း အတန်းဖော်ဟောင်း အိုတိုမိုနဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့မိပြီး သူ့ရဲ့ စိတ်ခံစားချက်တွေဟာ နည်းနည်းချင်းစီ healing ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားဟာ အစမှာတော့ ဇာတ်လမ်းက အေးတယ်ထင်ရနိုင်ပေမဲ့ နောက်ပိုင်း ခံစားချက်တွေကို ဖွင့်ထုတ်တဲ့အချိန်မှာတော့ အရိုးရှင်းဆုံးဟာ အဆန်းသစ်ဆုံးဆိုတဲ့ ခံစားချက်ကို ရရှိမှာပါ။ ဘယ်လောက်ပဲ မှုန်မှိုင်းတဲ့ အချိန်ကာလတွေပဲ ကြုံတွေ့နေရပါစေ ပျော်ရွှင်ဝမ်းမြောက်စရာ သေးငယ်တဲ့ ကိစ္စရပ်လေးတွေက ကိုယ့်ဘေးမှာ ရှိနေသေးကြောင်း အမှတ်ရမိစေမှာပါ။ ကိုယ်တိုင်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်ဖို့ပဲ လိုပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Reddy ပဲ ဖြစ်ပါတယ်။) File Size : 820MB/ 380MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr15m Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Tiff

Horror • Drama
6.8 2024 76 mins
When Morning Comes, I Feel Empty