YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Maari.2.(2018).DUAL.720p.WEBRIP.AAC2.0Ch(CM).mp4

1.47 GB N/A video/mp4 2548 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Vacation Home Nightmare
3.2

ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။ အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။ Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။ File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Drama
3.2 2023 88 mins
Vacation Home Nightmare
Diary of June
6.5

ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်... ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခု ထပ်ဖြစ်သွားတယ်...သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့ လူသတ်မှုပဲဖြစ်နေခဲ့တယ်...သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်... အဲ့ဒီနောက်မှာတော့ လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလို ကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့.. ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကို အဓိက ထားပြီးသတ်တာလဲ... စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့... File Size :(3.3GB) and (1.02GB) Quality : BLU-RAY1080P5.1Ch,720P Format…mp4 Duration…01:45:00 Genre :Crime ,  Thriller Subtitle : Myanmar Subtitle (Hard Sub) Translated Thinn Thinzar Encoded by Phyo Pyae

Drama • Romance
6.5 2005 105 mins
Diary of June
The Hows of Us
6.5

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး..... ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ... သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့... သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့... Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား... သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး... အများကြီးပြောရင် ကြည့်ရပေါ့မှာစိုးလို့ ဒီလောက်လေးပဲပြောပါရစေ... ဇာတ်သိမ်းက အသက်မို့ ငိုတတ်တယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်.............................. အခက်အခဲလေးတွေရှိမှအကောက်အကွေ့ဆိုတာလေးတွေရှိမှ အချစ်က ပိုပြည့်စုံသတဲ့... အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးစတမ်းလို့ ဆိုကြတယ်မဟုတ်ပါလား... တကယ်တော့ ဒါဟာ စမ်းသပ်မှုတွေလည်းဖြစ်နိုင်ပါတယ်...ဒီလူတစ်ယောက်အပေါ် ကိုယ်ဘယ်လောက်အထိချစ်နိုင်လဲ ? ဘယ်လောက်အထိ နားလည်နိုင်လဲ ? ဘယ်လောက်အထိ သည်းခံခွင့်လွှတ်ပေးနိုင်လဲ စသည်ဖြင့်ပေါ့..... တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါသူ့ရဲ့နှလုံးသားကိုပဲ ချစ်ပါ... ကျန်တဲ့အပေါ်ယံတွေကို မေ့ထားပါ... ချမ်းသာတာ ဆင်းရဲတာရုပ်ဆိုးတာ ရုပ်လှတာအောင်မြင်တာ မအောင်မြင်တာစတဲ့အချစ်လောက် အရေးမကြီးတဲ့အရာတွေကို ခဏမေ့ထားပါ... သူဟာ မင်းရဲ့လက်ဝဲဘက်အခြမ်းဆိုတာသေချာပြီလားသူ မင်းအပေါ်ထားတဲ့အချစ် စစ်မှန်တယ်လို့ခံစားရလား သူနဲ့အတူရှိနေရင် မင်းအတွက်အရာရာပြည့်စုံတယ်လို့ခံစားရလား ဒါဆို မင်းအတွက် ဘာလိုဦးမလဲ ? မင်းကိုတကယ်ချစ်တဲ့နှလုံးသားတစ်စုံဟာတစ်ဘဝလုံးစာမင်း နာကျင်အောင် ဘယ်တော့မှမလုပ်ပါဘူး .....။ (ရုပ်ရှင်အညွှန်းကို အောင်ဇင်ဖြိုးမှရေးသားထားပြီး ဘာသာပြန်ကိုတော့ ခင်ပြည့်စုံကျော် မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/48  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.4 GB)/(1.1 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Khin Pyae Sone Kyaw

Action • Adventure • History • War
6.5 2018 117 mins
The Hows of Us
Karthikeya
6.2

တေလဂူမင်းသားချောလေး နီခေလ်ဆစ်ဒါရတရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...လတ်တလောကမှ cm မှာ နံပါတ် ၂ ထွက်ထားပြီး ခု နံပါတ် ၁ ကို တင်ဆက်ပေးခြင်းဖြစ်ပါတယ်... ခုတစ်ခါမှာလည်း ဒီမင်းသားဟာ လောကကြီးရဲ့မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေကို အဖြေမရမချင်း ကျေနပ်နိုင်တဲ့သူမဟုတ်ပါဘူး... သူ့ဆီရောက်လာတဲ့ ပဟေဠိမှန်သမျှကို ဖြေရှင်းနိုင်တဲ့သူပါ... ဒီလိုနဲ့ ရွာတစ်ရွာက နာမည်ကြီးဘုရားကျောင်းတစ်ခုဟာ ကျိန်စာသင့်ခံနေရပါတယ်... ဘုရားကျောင်းထဲကို ဝင်ထွက်သွားလာသူတွေတင်မကဘဲ ဘုရားကျောင်းနဲ့ပတ်သက်ပြီး ပြောဆိုရင်တောင် အသက်ပေးသွားကြရပါတယ်... သေဆုံးသူတွေအားလုံးဟာ ထူးထူးဆန်းဆန်းပဲ မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတာပါ... ကဲ...အဲ့ဒီရွာကို ဆေးကုသဖို့ရောက်သွားတဲ့ မင်းသားဟာ နဂိုကတည်းက စပ်စုဓာတ်ခံပါတော့ ဘုရားကျောင်းနဲ့ပတ်သက်ပြီး စုံစမ်းပါတော့တယ်.... စုံစမ်းရင်းနဲ့ ဘေးတွေ့လာတဲ့အခါမှာတော့....။ စိတ်ဝင်စားစရာ ဘယ်လိုကိစမျိုးတွေနဲ့ ကြုံလာရမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦးနော် File size…1.56GB / 822MB Quality…1080p AMZ WEBDL  / 720p Format…mp4 Duration….1h 53m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Fantasy
6.2 2014 124 mins
Karthikeya
Max Payne
5.4

Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့ မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့… တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကို ဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်… တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့် မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်… ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါ သူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Drama • Horror
5.4 2008 100 mins
Max Payne
The D Train
5.1

The D-Train (2015) =================== ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့….. School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော်

Comedy • Drama
5.1 2015 101 mins
The D Train
Parundhaaguthu Oor kuruvi
7.6

Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2023
Parundhaaguthu Oor kuruvi
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
Rendition
6.8

ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီး Reese Witherspoon တို့ ဆန်ခါတင်စာရင်း nomination တွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာ မြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာ အခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင် အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာ ကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ် အပြစ်ရှိတဲ့သူတစ်ယောက်လား။ စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား….။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Action • Science Fiction
6.8 2007 120 mins
Rendition
Jane
6.1

Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ‌ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • Romance
6.1 2017
Jane
Maryade Prashne
6.7

Maryade Prashne (2024) “အလွှာ” လူတန်းစားအလွှာကွာခြားမှုကို ပြထားတဲ့ ကန်နားဒါး ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မန်ဂျာ ဆာတစ်ရှ်နဲ့ ဆူရီတို့ အခင်ဆုံးသူငယ်ချင်းသုံးယောက်ဟာ မတူညီတဲ့ အလုပ်သုံးခုကို လုပ်ကိုင်ကြပေမဲ့ တူညီတဲ့အချက်တစ်ခုကတော့ သူတို့သုံးယောက်လုံးဟာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ် လိုအပ်ရင် တစ်ယောက်ကိုတစ်ယောက် အကူအညီပေးတတ်ကြပြီး အိပ်မက်ကိုယ်စီနဲ့ ရုန်းရင်းကန်ရင်း တစ်ရက်တော့ လူချမ်းသာတစ်စုကြောင့် သူတို့ထဲက သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ သူငယ်ချင်းဖြစ်သူအတွက် အဲဒီသူဌေးသားနဲ့ အပေါင်းအပါတွေကို သူတို့ဘယ်လို လက်တုန့်ပြန်သွားမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.7 2024 119 mins
Maryade Prashne
Companion
7.3

Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။ File size…(3.6 GB) / (1.13 GB) / (647 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Action
7.3 2025 97 mins
Companion
TinMan
3.5

TinMan (2025) ဒီကားဟာ the playground (2020) နဲ့ ဆုတွေအများကြီးရရှိထားတဲ့ ဒါရိုက်တာ Kevin V Tudor ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာအနေနဲ့‌ကတော့ COVID-19 လိုမျိုး ရောဂါတစ်မျိုး တစ်ကမ္ဘာလုံး ကူးစက်သွားတာကနေစတာပါ။ ရိုးရိုးကူးစက်သွားတာမျိုးမဟုတ်ပဲ အင်အားကြီးနိုင်ငံတွေက တမင်ဖန်တီးပြီးထုတ်လွှတ်လိုက်တာပါ။ ကမ္ဘာ့နိုင်ငံတွေဟာ လူတွေမသိအောင် ဘယ်လိုမျိုးတွေလုပ်ဆောင်နေလဲဆိုတာ ဘယ်လို ဗိုင်းရပ်စ်တွေကို ဘယ်လိုရည်ရွယ်နဲ့ထုတ်ပြီး ဖြေဆေးတွေကိုကော ဘယ်လိုရည်ရွယ်နဲ့ထုတ်နေလဲဆိုတာကို စိတ်ဝင်စားအောင် ရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant ဖြစ်ပါတယ်။) File size… (960 MB) / (430 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime Duration…. 01:20:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant

Drama • Science Fiction
3.5 2025
TinMan