YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Lucifer (S1) - (13ep) (3).zip

3.77 GB N/A application/x-zip-compressed 8717 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Incredible Melting Man
4.4

1977 ကထဲကထွက်ရှိထားတဲ့ horror & sci-fi ရုပ်ရှင်ဖြစ်ပြီး IMDb ကတော့ 4.2/10 ပါ 20ရာစုအတွင်းမှာ လူတွေဟာအာကာသထဲကိုစတင်ခြေဆန့်ခဲ့ကြပြီးအဲ့နှစ်‌တွေမှာထုတ်လုပ်ခဲ့ကြတဲ့အာကာသနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးထဲကတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းမှာတော့ စနေဂြိုလ်ကိုအာကာသယာဥ်တစ်စင်းလွှတ်တင်လိုက်ရာကနေမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့်အာကာသယာဉ်မှူးတစ်ယောက်ဟာအရည်ပျော်နေတဲ့လူအဖြစ်ကိုပြောင်းသွားခဲ့ပြီးသူဘာတွေဆက်လုပ်မလဲ၊ဘာတွေဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့ရွံစရာဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်သည်းခြေမခိုင်တဲ့သူတွေမကြည့်သင့်ပါဘူး File size…(2.0 GB)/(933 MB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror , Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama • Mystery
4.4 1977 84 mins
The Incredible Melting Man
Viraata Parvam
5.4

ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊ တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။ အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey

5.4 2022 150 mins
Viraata Parvam
They Cloned Tyrone
7.8

They Cloned Tyrone (2023) ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။

Mystery
7.8 2023 122 mins
They Cloned Tyrone
Adrift
6.9

( Romantic & Thriller)‌IMDb rate 6.7 Rotten Tomatoes rate 73% ‌Adrift ( မျောပါခြင်း) ဆိုတဲ့အချစ်ကားလေးက ပင်လယ်ကိုအပျော်ခရီး ထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ၁၉၈၃က ဖြစ်ရပ်လေးကို ဒီနေ့ခေတ်ပုံစံအသွင့်ဖြင့် ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ ‌ဒီကားထဲက ရစ်ချက်သရုပ်ဆောင်မင်းသားကို 2016 ခုနစ်က အင်္ဂလန်မှာ ရိုက်ကူးခဲ့တဲ့ အချစ်ကားလေး ( me before you) ဆိုတဲ့ကားကိုကြည့်ဖူးရင်သိမှာပါ အဲ့ကားထဲမှာ မင်းသားက wheelchairပေါ်ထိုင်နေရတဲ့ သူဌေးသားတစ် ဦးဖြစ်ပြီး မင်းသမီးကတော့ မင်းသားကိုပြုစုဖို့အလုပ် လာလျှောက်တဲ့ကောင်မလေးပေါ့ ဒီအချစ်ကားလေးအဆုံးမှာ မင်းသားက သူ့ဘဝတစ်ခုလုံး wheelchairပေါ်မှာထိုင်ရင်းမကုန်ဆုံးနိုင် တော့လို့သူ့ကို ဆေးထိုးသက်ပေးခိုင်းလိုက်တာပါ တကယ့်ကို ရင်နှစ်ဖွယ်ကားလေးပါ ‌အခုဒီကားလေးမှာလဲSam Claflinပါဘဲ အင်္ဂလန်နိုင်ငံရဲ့မင်းသားပီပီ မျက်ခုံးထူထူ နှာတန်ချွန်ချွန် ပါးသိုင်းမွေးရေးရေးလေးတွေနဲ့ တကယ့် ကိုယောကျ်ားပြီသတဲ့ရုပ်ပါဘဲ XP မှ မြန်မာ့ရိုးရာ ဖုန်းကာဗာ အမျိုးမျိုးအား တစ်နိုင်ငံလုံး အနှံ့ ဖြန့်ချီပေးနေပါပြီ ‌အခု ဒီ 2018 July လထွက် Adrift က တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးဘဲပါတယ် သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပါတယ် ‌ဇာတ်လမ်းလေးကတော့ဒီလိုရှင့်... ‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ် ‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီ မင်းသားကသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ် အဲ့ညမှာကောင်မလေးက ပင်လယ်ကိုရွက်လွင့်တာ ကြိုက်မှန်သိလို့ သူတစ်ကမ္ဘာလုံးရွက်လွင့်ပြီကိုလိုက်ပြဖို့ခွင့်တောင်းပါ တယ် နောက်နေ့မှတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွင့်ကျပါတော့တယ် ‌ဟာဇက်နာဆိုတဲ့မြို့မှ ခနဈေးဝင်ဝယ်ထွက်ရင်း ကောင်လေးသူငယ်ချင်းဟောင်းနှစ်ယောက်နဲ့ပြန်ဆုံပြီးဒေါ်လာ တစ်သောင်းရမယ့် ကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခံရပါတယ် ‌ကမ်းလှမ်းချက်က ဟာဇက်နာကနေ ကယ်လီဖိုးနီးယာပြည် စန်ဒီရေးဂိုကိုသူတို့အစားရွက်လွင့်သွားပေးရမယ့်တာဝန်ပါ ‌အရမ်းကောင်းတဲ့အခွင့်ရေးဖြစ်လို့ လက်ခံလိုက်ပြီ ချစ်သူနှစ်ဦး ခရီးစထွက်ရင်း ပစိဖိတ်သမုဒ္ဒရာမှာ အမေရိကားအလယ်ပိုင်းကို အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားခဲ့ပါတယ် ‌ထိုမုန်တိုင်းကြောင့် လှေမှောက်ပြီး ပစိဖိတ်ထဲမှာ ၄၁တစ်ရက်အထိ အသက်ရှင်အောင်နေထိုင်ခဲ့တဲ့ လူငယ်စုံတွဲနှစ်ယောက်ရဲ့ဖြစ်ရပ်မှန်လေးကိုရိုက်ကူးထားတာပါ ‌ ‌CM ကပရိတ်သတ်တွေ ဒီကားကိုကြည့်ရင် အဆုံးကျရင် ''ဟာ''ကနဲဖြစ်သွားစေရမယ် ‌ ‌ကျွန်မဒီလောက်ထိဘဲ ဇာတ်ကားကိုမိတ်ဆက် ပေးလိုက်ပါတယ် ‌ဟုတ်CM ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် ‌# Little Cherry Cole

Action & Adventure • Drama • Sci-Fi & Fantasy
6.9 2018 96 mins
Adrift
Die Hard 2
6.9

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:03:22 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung

Action • Drama • Western
6.9 1990 124 mins
Die Hard 2
Little Fish
6.9

Little Fish (2020) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။ အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော… NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ စုံတွဲ ဘယ်လိုတွေ ကျော်လွှားကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 645MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 41Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2020 101 mins
Little Fish
Rocky and Rani’s Love Story
7.2

Rocky Aur Rani Ki Prem Kahani (2023) IMDb-7.2/10 ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့ အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာ အချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင် နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာ ခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီး ယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစု ဒီမိသားစု‌နှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာ အချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ် ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊ နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာ ဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလား ဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလား တဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ် လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့ အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်

7.2 2023
Rocky and Rani’s Love Story
Flowers of Mold
6

Flower of Mold (2023) ‘စွန့်ပစ်ခံရတာတွေက ရှင့်အကြောင်းကို ပိုပြီးရိုးသားစွာ ပြောပြနေတာမလို့’ ဇာတ်အိမ်အဆန်းလေးမှကြိုက်တတ်တဲ့သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ဆန်းဆန်းလေး ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ခန်းတွဲတစ်ခုမှာ တစ်ယောက်တည်းအိမ်ငှါးနေထိုင်တဲ့ ‘ဟန်ဂျီဆူး’ဆိုတဲ့မိန်းကလေးက သာမန်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကိုင်ပြီး အများအမြင်မှာလည်း သူလိုကိုယ်လိုလူတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာလူသိမခံနိုင်တဲ့ မကောင်းတဲ့အကျင့်ဆိုးတစ်ခုရှိနေတာပါ။ အဲဒီသူ့ရဲ့မကောင်းတဲ့ဉာဉ်ဆိုးနဲ့ပဲ တိုက်ခန်းတွဲက လူတစ်ယောက်ချင်းစီရဲ့ အကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်တတ်ပါတယ်။ ဒီလိုပဲနေ့စဉ်ဖြတ်သန်းလာရင်းနဲ့ တစ်နေ့မှာ ဘေးခန်းကို ချောမောတဲ့ကောင်လေးတစ်ယောက်ပြောင်းလာတဲ့အခါ စိတ်ဝင်စားမိပါတော့တယ်။ ဒီလိုနဲ့ ‘ဝူဂျယ်’ဆိုတဲ့ အနေအေးတဲ့ကောင်လေးနဲ့ လျို့ဝှက်ချက်ပိုင်ရှင်ကောင်မလေး ‘ဟန်ဂျီဆူး’ တို့နဲ့ ဘယ်လိုတွေအနေနီးစပ်သွားကြမလဲ သူ့ရဲ့လူသိမခံနိုင်တဲ့ အကျင့်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျောကြည့်ရှုနိုင်ပါပြီနေ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 800MB | 306MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. ThantSin Encoder ….. Aaron

6 2023
Flowers of Mold
Northern Shade
6.3

ဂျက်စတင်ဟာ အမေရိကန်စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပြီး အာဖဂန်စစ်ပွဲတွေမှာ တာဝန်ထမ်းခဲ့သူပါ။ သူ့ရဲ့စစ်ပွဲအတွေ့အကြုံကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုတော့ မဟုတ်ခဲ့တဲ့အလျောက် ဒီစစ်ပွဲမှာပဲ အရင်းနီးဆုံးသူငယ်ချင်းကိုဆုံးရှုံးခဲ့ရပြီး ကြေကွဲစိတ်တွေ၊ စစ်ပွဲရဲ့ စိတ်ဒဏ်ရာတွေနဲ့ အသက်ရှင်နေရသူပေါ့…။ တစ်ခါတလေဆို သေဆုံးသွားတဲ့သူ့သူငယ်ချင်းရဲ့ ဝိညာဥ်ကိုပါမြင်ယောင် မိတတ်ပါတယ်။ အဲ့လိုနဲ့စစ်ပြန်ဘဝနဲ့ ၇နှစ်တာ တစ်ကိုယ်တည်းနေခဲ့ရင်းနဲ့ တစ်နေ့ကျတော့ သူ့ရဲ့ညီဖြစ်သူဟာ အဆက်အသွယ်မရပျောက်ဆုံးသွားမှန်းသိလိုက်ရပါတယ် ဒါကြောင့် ညီဖြစ်သူကို ပြန်ရှာဖို့ စုံစမ်းခဲ့ရင်းက လက်နက်ကိုင် ဂိုဏ်းတစ်ခုထဲ ရောက်သွားကြောင်းသိလိုက်ရတဲ့နောက်မှာ….၊ စစ်ပွဲဆိုတာ နောက်ပြန်ဆုတ်လို့မရတဲ့အရာတွေမှန်း ကိုယ်တွေ့ကိုယ်ကျ ကြုံတွေ့ခဲ့ရတဲ့သူမို့ ညီအရင်းဖြစ်သူကိုပါ ထပ်အဆုံးရှုံးမခံရစေဖို့ ဘယ်လို ရှာဖွေကယ်ဆယ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ…။ File size…1.21 GB / 535 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
6.3 2022 96 mins
Northern Shade
Athomugam
9.6

Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10 ‘ တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ‘ ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရော ဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် )

9.6 2024
Athomugam
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Kobane

ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန် အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2022
Kobane
Lost Souls
4.8

Lost Souls (2000) IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။ တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။ နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ရိပ်မိသွားခဲ့ပါတယ်။ ပီတာကယ်ဆန် (Ben Chaplin)ကတော့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေကို လေ့လာပြီး Bestseller စာအုပ်တွေရေးနေသူပါ။ သူမသိတာကတော့ သူလေ့လာနေတဲ့ လူသတ်သမားတွေဟာ မိစ္ဆာနတ်ဆိုးတွေ ပူးကပ်နေတယ်၊ သူ့ကိုလည်း စာတန်မာရ်နတ်က Antichrist လက်ရွေးစင်အဖြစ်ရွေးထားတယ် ဆိုတာတွေကိုပါ။ ဒါတွေကို ရိပ်မိသွားတဲ့ မာယာဟာ ပီတာ့ကို ကယ်တင်နိုင်ဖို့ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲဆိုတာကတော့ ဆက်လက်ရှုစားကြည့်ပါ။ Nomination ၂ကြိမ်ဝင်ဖူးပေမယ့် ဆုတွေမရဖူးသလို ဝေဖန်ရေးတွေကြား မျက်နှာမလှခဲ့ပေမယ့် Stranger Things ကြယ်ပွင့် Winona Ryder ကိုတော့ ချီးကျူးထားကြပါတယ်။ Directorကတော့ Janusz Kaminskiဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Thriller Duration….01:38:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

4.8 2000 97 mins
Lost Souls
Day of the Fight

IMDb Rating 7/10 သာမန်ရိုးရိုးရုပ်ရှင်ကားတစ်ကားထက်ပိုတဲ့ အနုပညာလက်ရာတွေနဲ့ ကြည့်ရှုရမယ့် အမေရိကန် Drama “Day of the Fight”………… ကမ္ဘာ့လက်ဝှေ့ချန်ပီယမ်ဟောင်း မိုက်ကီက ဆယ်စုနှစ်အကြာ ထောင်ကလွတ်လာပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ထိုးသတ်မယ့် ပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်… သူနဲ့အတူ ထိုးသတ်ရမယ့်သူကတော့ လက်ရှိကမ္ဘာ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်… အရေးကြီးတဲ့ သူ့ရဲ့ ပွဲအတွက် ပြင်ဆင်နေချိန်မှာ အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ မိုက်ကီတစ်ယောက် သူ့အမှားတွေကို ပြင်ဆင်ဖို့ကြိုးစားနေပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်…. သူချစ်ရသူတွေနဲ့ ဆက်သွယ်ပြီး အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ မိုက်ကီနေရာမှာ ကိုယ်တိုင်ရောက်ရှိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်…. စိတ်ဖိစီးမှု၊ ခွင့်လွှတ်မှု၊ အချစ်၊ မိဘမေတ္တာစတဲ့ ခံစားချက်ပေါင်းစုံကို တွေ့မြင်ရမှာ ဖြစ်သည့်အပြင် လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝ၊ ကြိုးစားရုန်းကန်မှုများစသည်တို့ကိုလည်း မြင်တွေ့ရပါမယ်… ဒီဇာတ်ကားမှာ အကောင်းဆုံးအချက်ကတော့ လက်ဝှေ့ပွဲကောင်းတစ်ပွဲကိုပါ အပိုအနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်လို့ လက်ဝှေ့ချစ်သူတွေအတွက်တော့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်….. File size… (2.2 GB) / (992 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Drama • History
0 2023
Day of the Fight