YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Locke.and.Key.S02E01.The.Premiere.(CM).mp4

462.98 MB N/A video/mp4 1713 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Malum
6

"Last Shift" ဆိုတဲ့ရုပ်ရှင်ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.6/10 အထိရရှိထားတဲ့ ကြောက်စရာ thriller & horror film အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရဲ‌မေလေးတစ်ယောက်ဟာ သူ့အဖေရဲ့သေဆုံးမှုကိုအ‌ကြောင်းစုံသိရဖို့ကြိုးစားရင်းကနေမကောင်းဆိုးဝါးလောကသားတွေနဲ့ထိုက်တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့နှလုံးပျက်စရာဇာတ်ဝင်ခန်းတွေအများကြီးပါတာမို့ R-rated movie အဖြစ်သတ်မှတ်ထားပြီး အသက်မပြည့်သေးတဲ့က‌လေးတွေဟာမိဘအုပ်ထိန်းမှုမရှိဘဲမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(690 GB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khun

Reality
6 2023 92 mins
Malum
Catch The Dragon

CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Catch the dragon ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Qin Xiaofeng ကထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အဖေဖြစ်သူကတော့ ခွန်မိုက်တောင်မှာနဂါးရှာပုံတော်ဖွင့်ရင်းပျောက်ဆုံးသွားခဲ့တယ်။ သူ့အဖေပျောက်ဆုံးမှုအမှန်တရားကိုရှာဖွေဖိုနဲ့လက်စားချေဖိုအတွက် Qin Xiaofeng ကနဂါးရှာတဲ့အဖွဲနဲ့ပူးပေါင်းခဲ့တယ်။ ဒီလိုနဲ့ Qin Xiaofeng ကတော့သူ့အဖေပျောက်ဆုံးရတဲ့ ဆန်းကြယ်တဲ့လျှိဝှက်ချက်ကိုရှာတွေ့နိုင်တဲ့လိုထင်တဲ့အချိန်မှာ ရုတ်တရက်အရင်တုန်းကသေဆုံးသွားတဲ့အရိုးတွေကိုရှာတွေခဲ့တယ်။ Qin Xiaofeng တစ်ယောက်တဖြည်းဖြည်းချင်း လျှိဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာတော့... ကဲဒီတော့သူ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကဘာဖြစ်မလဲ ? လူတွေကခွန်မိုက်တောင်သွားရင်နဂါးဖမ်းစားခံရတယ်ဆိုတဲ့ သတင်းတွေကအမှန်လား ? ဘယ်လိုတွေလျှိဝှက် ဆန်းကြယ်တဲ့အရာတွေဖြစ်လာမလဲ? အရာအားလုံးဖော်ထုတ်နိုင်မလားဆိုတာ Catch the dragon ဇာတ်ကားကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK

Action • Crime
0 2022 73 mins
Catch The Dragon
Cairo Conspiracy
7.1

Cairo Conspiracy (2022) ~ IMDb – 7.1/10, RT – 77%, Meta – 74% ~ ကားနာမည်အတိုင်းပဲ… အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။ ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး‌ သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ နိုင်ငံရေးအရ အန္တရာယ်ကြီးတာမို့ ဒီသေသွားတာကို မတော်တဆမှုအနေနဲ့ပဲ ပိတ်လိုက်ပေမဲ့ နိုင်ငံတော်လုံခြုံရေးဌာနက အရာရှိတစ်ယောက်က အဲဒီအမှုကို ဆက်လိုက်ပါတယ်။ ဒီအချိန်မှာ အယ်အာဇာက အီမမ်ကြီးခေါ် ဘာသာရေးအရ အာဏာအကြီးဆုံးပုဂ္ဂိုလ်ကြီးကလည်း ဆုံးသွားပြီး သူ့နေရာမှာ လူသစ်တင်ဖို့လည်း လုပ်နေရပါတယ်။ ဒီတော့ ဘာသာရေး နိုင်ငံရေး မတည်ငြိမ်မှုတွေကြား ဒီသုံးဖွဲ့မှာ ဘယ်အဖွဲ့က ဒီကျောင်းသားကို သတ်လိုက်တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရမယ့် ပြင်သစ်ထုတ် အီဂျစ်အခြေတည်တဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီး တော်တော်ကြမ်းကြမ်းတမ်းတမ်းတွေပါတတ်တာမို့ ဒါမျိုးမကြည့်ချင်သူတွေ မကြည့်သင့်သလို အစ္စလာမ်ဘာသာနဲ့မြန်မာပြည်ကြားက မကျေနပ်ချက်တွေလည်း ဒိုင်ထဲပါတာမို့ ဒါမျိုးတွေ မမြင်ချင်တဲ့သူတွေလည်း မကြည့်သင့်ပါဘူး။ ဘာနေနေ ရုပ်ရှင်ကတော့ ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို N မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 10Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by N Encoded by Y

7.1 2022 121 mins
Cairo Conspiracy
My Donkey, My Lover & I
6.5

Antoinette dans les Cévennes (2020) (My Donkey, My Lover & I) IMDb – 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးက သူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာ နဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာ အန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့် ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲ သွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့် ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင် ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက် ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ် မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေ တွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့ အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည် နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့ အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့် “ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန် ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ဆိုတဲ့ စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ့် romance/ comedy ပြင်သစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.93GB/ 844MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Adventure , Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Animation • Comedy • Family • Horror
6.5 2020
My Donkey, My Lover & I
[18+] Beautiful Sisters: Flesh Slave
6.2

ရီကိုဟာ သွားဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ကျိုကိုကတော့ သူ့ဆေးခန်းမှာ စာရေးမအဖြစ် ကူညီပေးနေပါတယ်။တစ်နေ့မှာတော့ သူတို့ညီအစ်မဆေးခန်းထဲကို ဝရမ်းပြေး လူဆိုးတစ်ယောက် လူနာယောင်ဆောင်ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကိုချုပ်နှောင်ဖမ်းဆည်းထားပါတော့တယ်။ ဒီလူဆိုးဟာ ချေးငွေလုပ်ငန်းတစ်ခုက ငွေတွေကိုဘုံးပြေးလာတာဖြစ်ပြီး ရဲတွေလက်ကလွတ်အောင် သူတို့ဆီကိုလာပုန်းအောင်းနေတာပါ။ ပုန်းအောင်းနေတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနည်းမျိုးစုံနဲ့စော်ကားနှိပ်စက်ရာက နဂိုကတည်းက မိန်းမချင်းသာ စိတ်ဝင်စားတဲ့ညီအစ်မဟာ ဒီလူဆိုးလက်ကလွတ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။ နှောင်းပိုင်းကာလ pink film တစ်ကားဖြစ်ပြီး ကြိုးတုပ်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေ အပြင် ဖော်ပြလို့မကောင်းတဲ့ကွက်ကွက်ကွင်းကွင်းပြကွက်တွေပါဝင်တဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် မင်းသမီးနှစ်ယောက်လုံးကလည်း တော်တော်လှတဲ့အတွက်ကြည့်ရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Comedy • Romance
6.2 1986 70 mins
[18+] Beautiful Sisters: Flesh Slave
The One I Love
7

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ‌ဆက်ဆံရေးတွေခြောက်ကပ်လာတာ အဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်‌‌ရေးက ‌ အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကို ပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာ အိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာ‌နဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေ လင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာ‌ပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကို Thriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။ Genre fusion လေးကတော့တော်တော်လှတယ်ဗျ။ IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကို ရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size… 1 GB / 582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2014 91 mins
The One I Love
Jenny, Juno
6.3

Jenny, Juno ( 2005 ) ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ဇာတ်အိမ်တည်ထားပေမဲ့ အနုပညာအရတော့ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့တယ်။ ဇာတ်တွေလည်း ကောင်းခဲ့တယ်။ My Little Bride ( 2004 )ကတော့ သူ့ကားထဲ နာမည်အကြီးဆုံးလို့ပြောရမှာပေမဲ့ ဂျယ်နီဂျူနိုရဲ့ တမူထူးပြီး ရဲတင်းတဲ့ဇာတ်လမ်းကိုလည်း ပစ်ထားလို့မရပြန်ပါဘူး။ ဂျယ်နီဂျူနိုကတော့ သူ့နာမည်အတိုင်း ဂျယ်နီဆိုတဲ့ ကောင်မလေးနဲ့ ဂျူနိဆိုတဲ့ ၁၅နှစ်အရွယ်ကလေးတွေရဲ့ ဇာတ်လမ်းပါပဲ။ ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော် ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။ သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။ ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။ သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။ ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ်။ ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ်။ သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်။ အစောကြီးသိသွားရင် ဖျက်ရလွယ်တော့ သူတို့ကလေးကို သူတို့မိဘတွေက ဖျက်ချခိုင်းမှာ စိုးခဲ့ကြလို့ပါပဲ။ ဒီရုပ်ရှင်ရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့မိသားစုတွေ မသိအောင် သူတို့ဖုံးဖို့ ကြိုးစားရင်း သူတို့ဘာသာ ရုန်းကန်ရပုံတွေနဲ့ အသက်သွင်းထားတယ်။ နောက်တစ်ပုံမှာတော့ သူတို့မိဘတွေသိသွားရာကနေ လူကြီးတွေရဲ့အမြင်နဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကြား သဘောထားကွဲလွဲကြမှုကနေ ပြဿနာတွေတက်လာတော့ ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ပါ့မလား သူတို့ကလေးကိုရော မွေးခွင့်ရပါ့မလားကြည့်ရမယ့်ဇာတ်ပေါ့။ ဇာတ်ကတော့ တော်တော်မထော်မနန်းလို့ ပြောရမှာပေမဲ့ ကလေးတွေ သူတို့ကလေးကိုချစ်လို့ လုပ်ကြတာတွေကတော့ ကြည့်ရတာ ချစ်ဖို့တော့ကောင်းနေတယ်။ သရုပ်ဆောင်တွေကတော့ High Kick ( 2006 )နဲ့ Potato Star 2013QR3 တို့နဲ့ လူသိများတဲ့ Kim Hye-seongရယ် Time to Huntတို့ A Man and a Woman တို့လို အနုပညာအရအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေထဲ သရုပ်ဆောင်ဖူးတဲ့ Park Min-jiတို့တွေပါပဲ။ ဇာတ်ရံတွေကလည်း လက်ရှိကေဒရာမာတွေမှာ မြင်နေကျလူတွေပဲဆိုတော့ ကြည့်ရတာတော့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး။ ဝေဖန်ရေးသမားတွေကတော့ ဂျယ်နီဂျူနိုရဲ့ ကလေးတွေကြားက ကိုယ်ဝန်ပြဿနာကို တင်ပြပုံဟာ တော်တော်လေးလက်တွေ့မကျတာမို့ ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ အပြစ်တင်ခဲ့ကြပေမဲ့ ဒါရိုက်တာကတော့ ဒီရုပ်ရှင်မှာ အပြစ်တင်ရမှာက အသက်မပြည့်ခင်အမှားလုပ်မိကြတဲ့ ဂျယ်နီဂျူနိတို့မဟုတ်ဘဲ သူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့အချစ်ကိုပြနေခဲ့တာဖြစ်ပြီး ဒီအချစ်ကို ငြင်းပယ်ခဲ့တဲ့ လူကြီးတွေကိုပဲ အပြစ်တင်ရမှာလို့ ဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ တာဝန်ယူမှုတာဝန်ခံမှုအကြောင်းလို့လည်း ဆိုခဲ့တယ်။ သူပြောတာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်ပေမဲ့ ဝေဖန်ရေးသမားတွေပြောတာလည်း မမှားဘူး။ ဒါပေမဲ့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြရင်တော့ ဒီရုပ်ရှင်ဟာ အတိုင်းအတာတစ်ခုအထိတော့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဆန်းကြယ်တာကတော့ ၂၀၀၇မှာ ကျွန်တော်တို့ချစ်ခဲ့ဖူးတဲ့ Elliot Pageလေးသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင် ဂျူနိုထွက်ခဲ့ပါတယ်။ သူလည်း ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအကြောင်းပါပဲ။ ဒါပေမဲ့ ဇာတ်ညွှန်းဆရာကတော့ သူ့အနေနဲ့ ဂျယ်နီဂျူနိုကို မကြည့်ဖူးတာတော့ အမှန်ပါပဲလို့ပြောခဲ့ပါတယ်။ ဒီလိုအမေးခံရတာကြောင့်ပဲ စိတ်ဝင်စားပြီး ကြည့်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖန်တီးမှုတွေနဲ့ပတ်သက်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးတွေက မြင်ရနေကျလိုလိုပါပဲ။ ဒီက သူစိမ်းအိမ်နဲ့ သူ့နောက်မှထွက်တဲ့ Ready Or Not ဇာတ်အခြေခံက တော်တော်လေးတူနေလို့ ဇစ်မြစ်တစ်ခုခုများရှိနေလို့ ရှာကြည့်ခ့ဖူးပေမဲ့ ဘာမှတော့မတွေ့ခဲ့ပါဘူး။ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ပဲပြောရမှာပါပဲ။ ဂျူနိုနဲ့ ဂျန်နီဂျူနိုကြားလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 882MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

Drama
6.3 2005
Jenny, Juno
The Son
7.5

ဒီဇာတ်ကားလေးကတော့ Drama,Mystery genre ပါ ဇာတ်လမ်းအကျဥ်းကတော့…….. အိုလီဗာဟာ ထောင်ကလွတ်လာတဲ့လူငယ်တွေအတွက်ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားတဲ့စင်တာမှာ လက်သမားအတတ်ပညာကိုသင်ကြားပေးနေတဲ့သူတစ်ဦးပါ တစ်နေ့မှာ ဖရန်စစ်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်ဟာ လက်သမားပညာကိုသင်ယူဖို့လျှောက်ထားခဲ့ပေမဲ့ အိုလီဗာကပယ်ချခဲ့ပါတယ် နောက်ပိုင်းမှာ အဲ့ကောင်လေးရဲ့နောက်ကို အိုလီဗာတစ်ယောက်နောက်ယောင်ခံလိုက်ပြီး ထိုကောင်လေးရဲ့ပြုမူလှုပ်ရှားမှုတွေအားလုံးကိုလေ့လာစောင့်ကြည့်ပါတယ် အဲ့ဒီနေ့မှာပဲ အိုလီဗာရဲ့ဇနီးဟောင်းဖြစ်သူက သူမနောက်အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်းနဲ့ သူမမှာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းလာပြောပါတယ် အဲ့ဒီအချိန်မှာ အိုလီဗာမှခံစားချက်ပြင်းထန်လာတဲ့ပုံနဲ့ “ဘာလို့ဒီနေ့ကျမှလာပြောရတာလဲ”ဆိုပြီး ပြောခဲ့ပါတယ် အဲ့နောက်မှာ ဖရန်စစ်ရဲ့နောက်ကိုဆက်ပြီးနောက်ယောင်ခံလိုက်ခဲ့ပြီးမှ စိတ်ပြောင်းသွားပြီး သူ့ကိုပညာသင်ပေးဖို့လက်ခံခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘယ်လိုပက်သက်မှုရှိနေတာလဲ…… အဲ့ဒီအဖြေကိုသိရပြီးရင်ရော အိုလီဗာဘာဆက်လုပ်မှာလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(4.7 GB)/(1.3 GB) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Coming of Age, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

7.5 2002
The Son
In Broad Daylight
6

Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်… အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ… ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို…. အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး… ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ… ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့… သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ…. ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်… လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်… တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့… ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်… ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား… သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား….

Comedy • Drama • Family
6 2024
In Broad Daylight
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Diabolik – Who Are You?
5.7

Diabolik – Who Are You? (2023) IMDb Rating (5.7) ၁၉၆0 ခုနှစ်တွေမှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်၊ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီယာဘိုလစ်နဲ့အီဗာကန့်ဆိုတဲ့စောရဝိဇ္ဇာနှစ်ယောက်ဆုံတွေ့ခဲ့ပုံအကြောင်းကို ၁၉၆၀ကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ သူတို့နောက်ကိုလိုက်ပြီးတားဆီးဖို့ကြိုးစားနေတဲ့ စုံထောက်ဂျင်ကိုနဲ့ရော ဘာတွေဆက်ဖြစ်မလဲ ဒီယာဘိုလစ်ဆိုတဲ့သူကရော တစ်ကယ်တန်းဘယ်သူလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.6 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Mystery, Thriller Duration….02:04:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

Comedy • Romance
5.7 2023 124 mins
Diabolik – Who Are You?
Madame Ida
7

1950 အစောပိုင်းမှာ မိဘမဲ့ကောင်မလေးတစ်ယောက် Cecilia ဟာ မိဘမဲ့အဆောင်မှူးကြည့်ကြပ်ကွဲကဲသူရဲ့ စော်ကားမှုကိုခံရပြီး ကိုယ်ဝန် ရှိသွားပါတော့တယ်။ ထိုအဖြစ်အပျက်ကိုလျှိုထားဖို့အတွက် Aurora အိမ်တော်ကြီးမှာ အိမ်တော်ထိန်းတစ်ယောက်နဲ့ အထီးကျန်စွာနေနေတဲ့ Ida ဆိုတဲ့ အမျိုးသမီးဆီမှာသွားနေဖို့ စီစဥ်ပေးလိုက်ပါတော့တယ်။ သဘောတူညီချက်အရ ကလေးမွေးဖွားပြီးလျှင် ကလေးကို Idaကမွေးစားမှာဖြစ်ပြီး Cecilia ကိုတော့ မိဘမဲ့ကျောင်းကိုပြန်ပို့ ရမှာဖြစ်ပါတယ်။ သို့သော်လည်း အတူနေကြရင်းသံယောဇဥ်တွေ ရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။ တကယ်ပဲ Cecilia ကိုမိဘမဲ့ကျောင်းပြန်ပို့မှာလား။ ရှုပ်ထွေးထဲစိတ်ခံစားချက်တွေနဲ့ ပြည့်နက်နေတဲ့ Aurora အိမ်တော်ကြီးမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့တာလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးဟာ Rating 7/10ရ ရှိထားပြီး Torino Film Festival မှာ The best performance award ဆုကိုရ ရှိထားတဲ့ ကားကောင်းလေး တစ်ကားဖြစ်ပြီး ပြင်းထန်တဲ့ခံစားချက်တွေ ဆက်ဆံရေးတွေနဲ့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေက သင့်ကိုအဆုံးထိ ဆွဲဆောင် သွားမှာဖြစ်ပါတယ်။ File size… (1.19GB) / (687MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Thriller • Action
7 2024 115 mins
Madame Ida
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish
Noah’s Arc: The Movie
6

Noah’s Arc: The Movie (2025) IMDb Rating (6.0) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၅ ခုနှစ်ထွက်ဟာသဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Noah’s arc ဆိုတဲ့နာမည်နဲ့အခြားဇာတ်လမ်းတွေရှိပါသေးတယ်။ ဒီဇာတ်လမ်းကတော့နောက်ဆုံးထွက်ထားတာပါ။ ဇာတ်လမ်းတော့နိုအာ၊အဲလက်စ်၊ရစ်ကီ၊ချန်စ့်ဆိုတဲ့သူငယ်ချင်းလေးယောက်အကြောင်းပါ။ သူတို့လေးယောက်ကလိင်တူချစ်သူတွေဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့နိုအာကဇာတ်ညွှန်းရေးဆရာဖြစ်ပြီးတော့ သူ့ယောက်ျား ဝိတ် ကတော့တေးသံသွင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ယခုရုပ်ရှင်ကားမှာတော့နိုအာနဲ့ဝိတ်နဲ့ကကလေးယူဖို့အတွက်ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ နိုအာကလည်းသူလေးစားအားကျရတဲ့လိင်တူလူမည်းအမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ဖို့ကမ်းလှမ်းခံရတယ်။ ယောက်ျားဖြစ်သူဝိတ်ကလည်းခံဝန်ကတိနဲ့လွတ်ထားတဲ့ တူးတုန်းစယ်လိုဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးကိုသီချင်းထုတ်ပေးတာအဆင်ပြေပြေလုပ်နိုင်ရင် ဒုဥက္ကဌနေရာပေးဖို့ကမ်းလှမ်းခံလာရပါတယ်။ နှစ်ယောက်စလုံးအလုပ်ရှုပ်နေကြတော့ ကလေးထိန်းငှားဖို့ဖြစ်လာရပါတယ်။ထို့အပြင်အဲလက်စ်ရဲ့ဆယ်ကျော်သက်သမီးလေးကလည်းမိဘတွေနဲ့ကတောက်ကဆဖြစ်ပြီးနိုအာတို့အိမ်မှာလိုက်နေတော့…ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆက်လက်ရှုစားကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.9 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:24:08 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by AKM

Horror • Mystery • Comedy • Thriller
6 2025
Noah’s Arc: The Movie