YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Thundercloud Rainstorm (2025) E06 WEB-DL 720p.mp4

123.02 MB 720p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
(18+) Sin Sisters
3

(18+ Warning အဖော်အချွတ်အခန်းများ၊ လိင်ဆက်ဆံခန်းများနှင့် အသုံးအနှုန်း ကြမ်းတမ်းသည်များ ပါသည့်အတွက် မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်တော်ပါ) ဂျန်၊ ဂျွိုင်း၊ မာအင်း၊ ဂွိုင်နဲ့ ဂျွန် တို့ သူငယ်ချင်း ၅ ယောက်ဟာ အထက်တန်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တက္ကသိုလ်အပြီးမှာတော့ အသုဘတစ်ခုမှာ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်။ သူငယ်ချင်းတစ်စုတို့ ဂျွန်ရဲ့ အိမ်မှာ တစ်ညစုအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲညမှာ မုန်တိုင်းတိုက်လာပြီး မီးပျက်သွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်း ၅ ယောက် စုပြီး ထွေရာလေးပါး စကားပြောကြရင်း သူတို့ရဲ့ ရှက်စရာအကောင်းဆုံး လိင်ကိစ္စတွေကို ပြောဖြစ်ခဲ့ကြပါတယ်။ တစ်ယောက် တစ်လှည့် ကိုယ့်အကြောင်းကိုယ် ပြောကြရင်း ထူးဆန်းလာတာကတော့...... အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Adult, Comedy Quality…. 1080p | 720p | 480p File size… 3.2GB | 1.26GB | 610MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Horror • Thriller
3 2002 105 mins
(18+) Sin Sisters
Nootokka Jillala Andagadu

ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် အိန္ဒိယကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း... အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa Htet Aung

Drama • Romance
0 2021 119 mins
Nootokka Jillala Andagadu
The Night House
6.7

IMDb Rating - 6.9/10 ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊ သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံး စီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။ တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း.... ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ဝိညာဥ်လား၊ အဲ့ဒီ ကန်စပ်နားက အိမ်ကြီးမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ...ဒီလို လျှို့ဝှက်ချက်တွေနဲ့ Horror ဇာတ်ကားကောင်းလေးကို CM ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ကတော့ အားလုံးသိတဲ့ Rebecca Hall ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1hr 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery, Thriller Source : 1080p.WebRip Translator – CM Team Encoder – SWM

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2021 107 mins
The Night House
The Addams Family
6.6

တလောက ရုံတင်သွားခဲ့တဲ့ အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်....Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..

Comedy • Drama
6.6 2019 86 mins
The Addams Family
November
6.9

November (2022) ============= IMDb Rating – 6.9/10 ၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.36 GB) / (555 MB) / (313 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Alias Encoder……….SWM

6.9 2022 105 mins
November
[18+] Trap of Lust

Trap of Lust (1973) နာမည်ကျော်ယာကူဇာဇာတ်ကားဖြစ်တဲ့ Branded to Kill ကို Pink Film အဖြစ် ပြန်ပြီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာကလဲ Branded to Kill ကိုရေးခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Atsushi Yamatoya ဆိုတော့ မူလဇာတ်ကားကို အညှီအဟောက်တွေထပ်ဖြည့်ထားတဲ့ Version အဖြစ်ရှုစားကြရမှာပါ။ ဇာတ်လမ်းကတော့ ဟိုရှီဆိုတဲ့ လုပ်ကြံရေးသမားတစ်ယောက် သူ့ဇနီးနဲ့ပတ်သက်လို့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းတစ်ခုလုံးနဲ့ရန်ညှိုးဖွဲ့မိရာကနေ အချင်းချင်းအပြန်အလှန်လုပ်ကြံဉာဏ်ကစားကြပုံကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂန္ထဝင်ကားတစ်ကားကိုပြန်မူပွားထားတဲ့ နောက်ထပ်ဂန္ထဝင်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 570MB Quality – 1080p, 720p Format – mp4 Duration – 1H 13Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 1973
[18+] Trap of Lust
[21+] Sexually Bugged!
4

လူတွေက အောင်မြင်ကျော်ကြားမှု ငွေ စတာတွေကိုမြင်ရင် ပိုင်ဆိုင်ရမယ်ဆိုရင် ဘာမဆိုပေးဆပ်မယ်လို့တွေးထားတဲ့သူတွေက များသားရယ် အခုလည်းကြည့်လေ ဒေါက်တာက မျိုးစိတ်တစ်ခုကို ဖန်တီးထားတယ် အဲဒီအကောင်က လူထဲမှာနေရတာပျော်တယ် ပြီးတော့လူကိုကောင်းကျိုးပြုတယ် ဘယ်လိုကောင်းကျိုးပြုတာလဲဆိုရင် သူဝင်ထားတဲ့လူကို လိင်ကိစ္စကို သူမတူ ခံစားလို့ကောင်းစေတယ် လိင်စိတ်နိုးကြွစေတယ် အဲဒီအချက်လက်တွေကို အတည်ပြုပြီး ဈေးကွက်ကို ချပြီး ပိုက်ဆံရှာချင်နေတဲ့ လူတယောက်နဲ့ အားပြိုင်လာချိန်မှာတော့ ကျော်ကြားမှု ကိုလိုချင်နေတဲ့ ဒေါက်တာရယ် ငွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ လောဘသားရယ် နှစ်ယောက်ပြိုင်ဆိုင်လာတဲ့အခါမှာတော့ DS fans တွေအကြိုက်အခန်းတွေများတာမို့ တင်ဆက်ပေးလိုက်ပါတယ်။

4 2014 75 mins
[21+] Sexually Bugged!
Entergalactic
7.3

Entergalactic (2022) ~ IMDb – 7.3/10, Rotten Tomatoes – 97% ~ “အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး” လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။ ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် ‌တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့‌မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။ အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။ Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။ Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ‌ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့… “အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရ ဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 855MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Animation, Comedy, Music Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Thriller • Mystery
7.3 2022 93 mins
Entergalactic
PTU
7

PTU (2003) ~ IMDb – 7/10, Rotten Tomatoes – 6% ~ Directed by “Johnnie To” ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် မာတင်စကောဆေးစိ BP အော်စကာရခဲ့တဲ့ The Departed ရဲ့ မူရင်းရုပ်ရှင် Infernal Affairs ကို ရိုက်ခဲ့တဲ့ Andrew Lau နဲ့ Alan Mak လိုလူတွေ၊ A Moment of Romance လို ကားကိုရိုက်ခဲ့တဲ့ Benny Chan တို့လိုလူတွေ ဟောင်ကောင်အက်ရှင်စီနီမာမှာ အများကြီးပေါ်ထွန်းဖူးတယ်။ သူတို့ခေတ်တော့ မဟုတ်တော့ပေမဲ့ အခုထိတောင် အက်ရှင်စီနီမာတွေမှာ သူတို့ဟန်တွေ အငွေ့တွေကို မြင်နေရတုန်းပဲ။ ဂျွန်နီတိုကလည်း ကွင်တင် တာရန်တီနိုတို့ လေးစားရတဲ့ ဟောင်ကောင်ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ။ ခုနပြောခဲ့တဲ့ စာရင်းထဲကလူတွေထဲဆို ဂျွန်ဝူးက အကြမ်းဆုံးလောက်သွားကျတယ်။ ဘာလို့ဆို ကျန်တဲ့သူအများစုက ကောင်းတာတွေများတာတောင် ရိုက်တိုင်းကောင်းမနေခဲ့ဘူး။ ဂျွန်ဝူးကတော့ ရိုက်တိုင်းကောင်းတဲ့ ထဲပါတယ်။ A Better Tomorrow နားဝန်းကျင်ကစလို့ သူ့ Era ချိန်းသွားပြီးတဲ့နောက် သူရိုက်သမျှကားတွေက ဒီပုံစံတွေပဲ‌ပေမဲ့ ရိုက်တိုင်းကောင်းခဲ့တယ်။ ဂျွန်နီတိုကလည်း ဂျွန်ဝူးနဲ့အလားတူပဲ။ The Mission နဲ့ PTU တို့ကနေ သူ့ဟန်က ကွဲထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူကွဲသွားပုံက ဂျွန်ဝူးနဲ့တောင် မတူဘဲ အကြီးကြီးကွဲသွားတယ်ပြောရမယ်။ Election, Mad Detective နဲ့ Drug War တို့ ကြည့်ဖူးကြရင် သိပါလိမ့်မယ်။ အဲဒီကစလို့ သူ့ရုပ်ရှင်တွေရဲ့ ဟန်ဟာ အဲဒီကားတွေနဲ့ ခပ်ဆင်ဆင်လောက်ပဲဖြစ်သွားတယ်။ အဲဒီကားတွေအကုန်လုံးက အငွေ့အသက်တူသလို အကုန်လည်းကောင်းတယ်။ ဇာတ်အိမ်ကတော့ တော်တော်ကျဉ်းတာများတယ်။ ဒါပေမဲ့ အဲဒီကျဉ််းကျဉ်းလေးထဲမှာပဲ ထောင့်စေ့အောင် ပြည့်စုံအောင် ဖန်တီးနိုင်တယ်။ Crime Action ကားတွေဆိုပေမဲ့ များသောအားဖြင့်တော့ သူ့ဇာတ်တွေမှာ လူကောင်းလူဆိုးဆိုတာမရှိဘူး။ Election နဲ့ Mad Detective ထဲ ဒါကိုကောင်းကောင်းမြင်နိုင်တယ်။ ဒါကြောင့်လည်း Crime ကား ပိုပီသနေတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေမှာ အမြဲမကောင်းတာကတော့ ရဲတွေ။ ဂျွန်နီတိုက ဘယ်အညှိုးနဲ့လဲတော့မသိ ရဲကို အကျိုးနည်းအောင် နှိမ်တယ်။ သူ့ ဒီလိုကားတိုင်းလိုလို ရဲတွေ ဘယ်လောက်ရှော်ကြောင်း ထည့်ထည့်ရိုက်နေကျပဲ။ PTU (2003) က ဂျွန်နီတိုအနေနဲ့ ရဲတွေကို နှိမ်ဖို့သက်သက်ရိုက်ထားတဲ့ ရုပ်ရှင်အလားမှတ်ရတယ်။ သရုပ်ဆောင်တွေက သူနောက်ပိုင်းလည်း အမြဲသုံးနေကျတွေဖြစ်သွားတဲ့ Simon Yam တို့၊ Lam Suet တို့ပါတယ်။ သူ့ကားတွေကြည့်ဖူးရင် Louis Koo, Nick Cheung, Anthony Wong, Gordon Lam တို့နဲ့အတူ ဒီ၂ယောက်ကို ကောင်းကောင်းရင်းနှီးကြမှာပါပဲ။ ဒီကောင်တွေအကုန် တစ်ယောက်မှ ရုပ်ချောမနေဘူး။ သူသုံးနေကျထဲ ရုပ်ချောတာက Louis Koo အပြင် Andy Lau တော့ ရှိလိမ့်မယ်။ ဒါပေမဲ့ Andy Lau နဲ့ သူဒီလိုပုံစံမျိုးတော့ မရိုက်ခဲ့ဘူး။ PTU ဆိုတာက Police Tactical Unit ရဲ့ အတိုကောက်။ ဒီရုပ်ရှင်က ရဲတစ်အုပ်ရဲ့ ကင်းလှည့်တဲ့တစ်ညတာကို ရိုက်ထားတာ။ သူ့ရုပ်ရှင်အများစုလိုပဲ ဒီရုပ်ရှင်လည်း ဇာတ်အိမ် ဇာတ်အချိန် ကျဉ်းကျဉ်းလေးပဲ။ အကျဉ်းဆုံးလို့တောင်ပြောရမယ်။ တစ်ညပဲ။ အဲဒီတစ်ညမှာပဲ သူရိုက်ပြတဲ့ ပတ်ဝန်းကျင်က လူဆိုးဂိုဏ်းတွေအကုန်လုံးအကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေရဲ့ အခြေအနေကို သေချာလေးပြနိုင်ခဲ့တယ်။ ရယ်ရတာကတော့ ပုံမှန်ဆို သူ့ကားတွေမှာ ရဲတွေက အသုံးမကျကြပေမဲ့ ဂိုဏ်းစတားတွေကတော့ အသုံးကျကြတယ်။ ဒီထဲတော့ မတူဘူး။ အဲဒီအရပ်က ဂိုဏ်းကြီး၂ဂိုဏ်းရဲ့ အကြီးဆုံး ဂိုဏ်းခေါင်းဆောင်ကြီး ၂ကောင်ကိုပါ ငကြောက်ဖြစ်အောင်လုပ်ပြသွားတယ်။ သူ့ကားတွေမှာ ဂိုဏ်းအရေးတွေနဲ့ ပတ်သက်လာရင် ရဲတွေက ဝင်မပါရဲဘဲ ဘေးထိုင်ရပ်ကြည့်သဘောဆန်ဆန်ပြတတ်ပေမဲ့ ဒီမှာတော့ ရဲတွေရဲ့ ဖျာပဲခင်းတဲ့သဘောကိုတောင် ပြသွားတယ်။ ဒီဇာတ်ရဲ့ ပြဿနာအများစုကိုက Lam Suet ရဲ့ ဇာတ်ကောင် အကြမ်းဖက်နှိမ်နှင်းရေးအရာရှိလောင် သေနတ်အလုခံရတာကနေစတာပဲ။ ရဲတစ်ယောက်အတွက် သေနတ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို နောက်ပိုင်း Mad Detective မှာတော့ အဲဒီသေနတ်ပျောက်တာကိုပဲ ဇာတ်အိမ်တည်ပြီး သေနတ်တွေဖလှယ်ရင်းပဲ တစ်ကားလုံးပြသွားခဲ့တယ်။ PTU (2003) မှာကတော့ ရဲပေါင်းစုံကို အားရပါးရကို ထိုင်ဖဲ့သွားတယ်။ ကကျိုးကကြောင်အဖြစ်တွေက ပိုများတဲ့ Crime Action ကားလို့ ပြောရမှာပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 25Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7 2003 88 mins
PTU
Narakasura
8.3

Narakasura (2023) “နတ်ဆိုး” IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊ LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် “နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီး ရက်စက်တတ်တယ်” ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် “ရှီဗာ” ရဲ့ အမျက်ဒေါသနဲ့အတူ နောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား “ရှီဗာ” ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းတို့ သိလာကြပြီး… ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူက နှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ “ရှီဗာ” တစ်ယောက် နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ်

Adventure • Action • Comedy • Romance
8.3 2023
Narakasura
Baghead
5.5

ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့ သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့ အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ… တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်… နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း အဆောက်အဦကြီး ဖြစ်နေပါတော့တယ်… အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့ အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။ သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့ လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ… အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင် မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ… ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်… အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့ ဇာတ်သိမ်းမလှခဲ့ကြပါဘူး.. ဒါတွေကို တစ်ခုမှ မသိသေးတဲ့ အိုင်းရစ်စ်က ညဘက်ကြီး ဆိုင်ကို အသံမပေးဘာမပေး ဝင်လာပြီး ဒေါ်လာ ၄၀၀၀ အထိ ကမ်းလှမ်းကာ မြေအောက်ခန်းကမိန်းမနဲ့ တွေ့ချင်လို့ပါလို့ ပြောလာတဲ့ နေးလ် ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ တွေ့အပြီးမှာတော့ သူ့ဘဝကြီးက သိသိသာသာ စတင်ပြောင်းလဲဖို့ဖြစ်ပါတယ်… ချစ်ရတဲ့ ဆုံးပါးသွားသူတွေနဲ့ ပြန်တွေ့ဆုံပြီး စကားလက်ဆုံပြောဖို့ဆိုတာ လူတိုင်းအတွက် အင်မတန်ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခုပေမဲ့ အဲဒီနောက်ကွယ်မှာ ဘာတွေကို ပေးဆပ်လိုက်ရမလဲဆိုတာတော့… File size…963MB / 442MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Adventure • Fantasy • Drama • Comedy • Music
5.5 2024 95 mins
Baghead
Sarileru Neekevvaru
6.8

Sarileru Neekevvaru (2020) တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။ (ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်)

Thriller • TV Movie
6.8 2020 169 mins
Sarileru Neekevvaru
Aloha Scooby-Doo!
6.3

Scooby-Doo နဲ့ သူငယ်ချင်း တစ်သိုက်ရဲ့ စွန့်စားခန်းလာပါပြီ ဒီဇာတ်လမ်းလေးကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဟာဝိုင်အီ ကျွန်းမှာ ဇာတ်အိမ်တည်ထားတာပါ။ Scooby-Doo နဲ့ သူငယ်ချင်းတစ်သိုက်ဖြစ်တဲ့ Mystery Inc ဟာ အပန်းဖြေအနားယူဖို့အတွက် ဟာဝိုင်အီ ကျွန်းက ဟာနာဟူနာမြို့လေးပေါ်ကို ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမြို့လေးက မြို့ခံတွေဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ခံစားနေကြရပါတယ်။ ဒါတွေကို Scooby တို့ လိုက်လံ စုံစမ်းတဲ့ အခါမှာတော့ ဘာတွေကို ရင်ဆိုင်ရမလဲ ဒီဆန်းကြယ်မှုကို Scobby တို့ ဖော်ထုတ် သွားနိုင်မှာလား ဆိုတာကို ကြည့်ရှု ခံစားနိုင်မှာပါ ဒီဇာတ်ကားလေးမှာတော့ ဟာဝိုင်အီကျွန်းရဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေ နတ်ဝင်ဇာတ်လမ်းတွေကို ချိတ်ဆက်မှုအပြည့် ဒရာမာ အပြည့်နဲ့ ကာတွန်းပုံစံ ဖန်တီးထားတာတွေကို ကြည့်နိုင်မှာပါ။ Halloween ရာသီဆိုတော့ spooky ဖြစ်ပြီး မိသားစုနဲ့ အတူ ကလေးတွေပါ အတူတူကြည့်ဖို့သင့်တဲ့ ဇာတ်ကားမျိုးပါ။ File Size : 1.8 GB, 861 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

6.3 2005
Aloha Scooby-Doo!
Holy Mother La Abadesa
6

Holy Mother (2024) IMDb Rating (6.0) ၉ ရာစုအလယ်ခေတ်ကတစ်ကျော့ပြန်ခေတ်လို့‌သမုတ်ကြပေမဲ့ တစ်ဖက်မှာလည်း အမှောင်မိုက်ဆုံးအခြမ်းရှိနေပါတယ်။ အမ်မာက အသက် ၁၇ နှစ်သာရှိသေးပေမဲ့ ခရစ်ယာန်ကျောင်းထိုင်သီလရှင်အဖြစ်ခံယူခဲ့ပြီး သူတို့နေထိုင်တဲ့ဒေသမှာ လူဦးရေတိုး‌တက်အောင်လုပ်ဖို့ဆိုတဲ့ သမိုင်းပေးတာဝန် (ဝါ) ဖခင်ပေးတာဝန်ကို ထမ်းဆောင်ဖို့ဖြစ်လာပါတယ်။ သူမက နာခံတတ်တဲ့သူဖြစ်တဲ့အလျောက် သူ့တာဝန်သူ စည်းဘောင်တွေကြားထဲကနေ ရအောင်လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူတို့ဒေသထဲမှာ မော်ရ်တွေရဲ့ကျူးကျော်မှုရန်ကရှိနေ‌သေးတဲ့အပြင်ကိုမှ ကျောင်းတိုက်ထဲမှာပါ အရှုပ်တော်ပုံကိစ္စတွေဖြစ်လာပါတော့တယ်။ ဒီလိုအရှုပ်ကိစ္စ‌တွေနဲ့ အလယ်ခေတ်ရဲ့ဖိုဝါဒီကြီးစိုးမှုတွေကြားကနေ စစ်စတားတစ်ယောက် ဘယ်လိုတွေရုန်းကန်မလဲဆိုတာကြည့်ရှုရမဲ့ စပိန်ဘာသာရေး ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.5 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:57:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

6 2024 122 mins
Holy Mother La Abadesa