YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lieutenant Opss 2011 S01E12 1080p CM.mp4

613.3 MB 1080p video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Don't Worry Darling
6.8

ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်... ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Fantasy • Horror
6.8 2022 123 mins
Don't Worry Darling
[18+] Scorpio Nights 3
6.8

1985 ခုနှစ်ထွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ညစ်ညမ်းရုပ်ရှင်တစ်ကားဟာ အဲဒီအချိန်ကာလ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်သမ္မတ မားကို့စ်ကို ဖြုတ်ချပြီး ပြိုင်ဘက်အတိုက်အခံခေါင်းဆောင် အကွီနိုကို သမ္မတတင်‌မြှောက်ဖို့အရေးအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်ခဲ့ပါတယ်။ အဲဒီကားကတော့ ကိုရီးယားကတောင် Summertime (2001) ဆိုပြီး ပြန်ရိုက်ခဲ့တဲ့၊ အပေါ်ထပ်အောက်ထပ် ဇာတ်လမ်းလို့ နာမည်ကြီးခဲ့တဲ့ Scorpio Nights ပါပဲ။ မားကို့စ်အစိုးရကတော့ အဲဒီဇာတ်ကားကို လူထုကြားထဲ အာရုံလွဲစေဖို့ရည်ရွယ်ချက်နဲ့ ပြသခွင့်ပြုခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း ဇာတ်ကားရဲ့ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်တွေဟာ လူထုကို အတွေးအမြင် ပိုပွင့်လင်းလာစေပြီး မီးစာထည့်လိုက်သလိုဖြစ်သွားတာကြောင့် နောင်တစ်နှစ်အကြာမှာ လူထုတော်လှန်ရေးကြီးဖြစ်သွားခဲ့ပြီး မားကို့စ်အစိုးရလည်း ပြုတ်သွားခဲ့ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ ညစ်ထေးစုတ်ပြတ်နေတဲ့ တိုက်တန်းလျားဟာ မားကို့စ်လက်ထက် ဖိလစ်ပိုင် နိုင်ငံကို ကိုယ်စားပြုတာ ဖြစ်ပြီး ရက်စက်တတ်တဲ့ အိမ်ထောင်ဦးစီး ညစောင့်အမျိုးသားဟာ အာဏာရှင် မားကို့စ်ကို ဆိုလိုတာ ဖြစ်သလို ကျောင်းသားလေး အပေါ် ရမ္မက်ပြင်းပြနေတဲ့ မိန်းမကလည်း အကွီနိုကို မျှော်လင့်နေတဲ့ ပြည်သူကို ကိုယ်စားပြု နိမိတ်ပုံပေါ်ထားတာပါ။ မားကို့စ်လက်ထက် လူတွေ စာရိတ္တနဲ့ စိတ်ဓာတ်တွေ ပျက်ပြားလာကြတာကိုလည်း တန်းလျားကြီးမှာ နေထိုင်ကြတဲ့ အကျင့်စာရိတ္တ မကောင်းသူတွေနဲ့ နိမိတ်ပုံပြထားတာဖြစ်ပါတယ်။ အဲဒါတွေကို မားကို့စ်အစိုးရဟာ မသိခဲ့ဘဲ လူထုကြားထဲ ထုတ်လွှင့်ပြသစေခဲ့မိတာပါ။ ရှင်းရှင်းဘွင်းဘွင်း ပြကွက်တွေကြောင့် အငြင်းပွားစရာတွေရှိခဲ့သလို ဖိလစ်ပိုင်ရဲ့ နိုင်ငံရေးလောကနဲ့ ရုပ်ရှင်လောကအတွက် အရေးပါတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့တဲ့ အဲဒီဇာတ်ကားကို 1999 မှာ တစ်ကြိမ် Scorpio Nights 2: Standalone sequel အဖြစ်ထွက်ရှိခဲ့ပြီး အခုချိန်မှာတော့ Scorpio Nights 3 အဖြစ်ပြန်လာခဲ့ပါပြီ။ ဇာတ်လမ်းကတော့ မူလဇာတ်ကားရဲ့ကျောရိုးအတိုင်း အဆောင်သဘောမျိုးလူတွေစုပေါင်းနေထိုင်ကြတဲ့ အိမ်ကြီးတစ်လုံး၊ အပေါ်ထပ်မှာနေတဲ့ ကျောင်းသားလူငယ်လေး၊ အောက်ထပ်ကိုပြောင်းလာတဲ့ စုံတွဲတစ်တွဲ၊ ချောင်းကြည့်ပေါက်ကတစ်ဆင့် ဖြစ်လာခဲ့တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းအပေါ်မှာပဲတည်ဆောက်ထားတာပါ။ အဲ့ဒါတွေနဲ့တစ်ပြိုင်တည်းမှာပဲ အရင်ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက် အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို နောက်ခံမှာတစ်ဖြည်းဖြည်း ဇာတ်ရှိန်မြှင့်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းကြမ်းသလို အဖော်အချွတ်လိင်ဆက်ဆံတဲ့ပြကွက်တွေလဲအတော်ကိုကြမ်း၊ နှိပ်စက်သတ်ဖြတ်တာတွေလဲကြမ်းပါတယ်။ မူရင်းဇာတ်ကားတွေကိုကြိုက်ခဲ့တဲ့ပရိသတ်တွေစိတ်ပျက်ရမှာမဟုတ်တာကတော့ လုံးဝ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 853MB, 480MB Quality - 1080p, 720p, 480p IMDb Rating - 9.2/10 Format - mp4 Duration - 1H 52Min Genre - Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

Mystery • Thriller
6.8 2022 112 mins
[18+] Scorpio Nights 3
(18+) Virgin Forest
5.6

ဖရန်စစ်ဟာ နာမည်ကျော်ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဘူကစ်နွန်ခရိုင်မြို့တော်ဝန်ရဲ့ ဆက်သွယ်တာဝန်ပေးမှုကြောင့် ဒေသတွင်းထိန်းသိမ်းထားတဲ့အပျိုစင်သစ်တောတွေထဲမှာ ရပ်ဖလေးရှား လို့ခေါ်တဲ့ ဆန်းကြယ်တဲ့ ကမ္ဘာအကြီးဆုံးပန်းတွေကိုဓာတ်ပုံရိုက်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်က သူနဲ့အတူလမ်းပြအဖြစ် ရော်ဂျာဆိုတဲ့ဒေသခံကောင်လေးတစ်ယောက်ကိုထည့်ပေးလိုက်ပြီး စကားစပ်မိရာကနေ ရော်ဂျာရဲ့အရွယ်နဲ့မမျှတဲ့မိသားစုတာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေအကြောင်းသိသင့်သလောက်သိလာခဲ့ပါတယ်။ ဖရန်စစ် မသိခဲ့တာက ရှေ့မှာစောင့်ကြိုနေမယ့် တောရဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ ဘယ်သူမှမရိပ်မိကြသေးတဲ့ လူသားနဲ့သဘာဝရဲ့ဆန်းကြယ်မှုတွေကြားက ပဋိပက္ခတွေအကြောင်းပါပဲ၊ အိမ်မက်လိုလိုတကယ်လိုလိုကြားရတတ်တဲ့ နားနားကပ်ပြောတဲ့ စကားသံတွေ၊ မျက်လုံးမှိတ်လိုက်တဲ့အခါမြင်ရတတ်တဲ့ အဝတ်ဗလာမိန်းမလှလေးတွေနဲ့ ချစ်တင်းနှောရပုံတွေ၊ ကျွန်မတို့ကိုကယ်ပါ ဆိုတဲ့ အကူအညီတောင်းခံသံတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို သူအဖြေရှာရမှာဖြစ်ပါတယ်။ Brillante Ma Mendoza ရဲ့ကားသစ်ဖြစ်ပြီး သူ့လက်စွဲတော် မင်းသားမင်းသမီးတွေအပြင် တစ်ခြားသရုပ်ဆောင်အင်အား အများအပြား ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့တင်ဆက်ထားတာပါ။ သရုပ်ဆောင်အင်အားများသလို မိသားစုနဲ့ ကြည့်လို့မသင့်တဲ့အခန်းတွေလဲ ရှည်လျားများပြားစွာပါဝင်တဲ့အတွက်အချိန်ပေးပြီးတစ်ယောက်တည်းကြည့်ကြတာကောင်းပါလိမ့်မယ်။ File Size : (1.9 GB) & (950 MB) Quality : WEB-DL 1080p & 720p Running Time : 01:54:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Animation • Comedy • Family • Western
5.6 2022 113 mins
(18+) Virgin Forest
Three Times
7.1

Directed by Hou Hsiao-Hsien တမြေ့မြေ့အောက်မြေ့ခြင်းကြားက ငါတို့ရဲ့ အခါခါလွဲခဲ့ကြခြင်းတွေ။ ပထမဆုံးရက်‌စွဲတစ်ဖြစ်လည်း နောက်ဆုံးရက်စွဲမှာ တို့ရဲ့အနက်ရောင်ဖဲထီးကလေးပေါ်မှာ မိုးရိပ်တွေလည်းဖြာလို့။ တစ်ခါတလေကျ နဖူးစာဟာ ကံကြမ္မာဆိုတာထက် ပိုပါတယ်။ ဆန္ဒ‌ပေါ့။ မနီးစပ်ခြင်းတွေကို အနီးဆုံးဆွဲကပ်ပစ်လိုက်နိုင်တာ လူနှစ်ယောက်ရဲ့ နီးစပ်ချင်စိတ်ပဲမို့လား။ သုံးခေတ်သုံးဖန် သုံးကြိမ်သုံးလီ နီးလာခြင်း‌ ဝေးသွားခြင်း မျက်ရည် မိုးစက်များ တိုင်ပေရဲ့ နီယွန်ည နှုတ်ခမ်းဖျားမှာ ခေတ်အဆက်ဆက်ဟာ စုထုံးလို့။ စီးကရက်နဲ့မိုးစက်တွေကို တစ်သားတည်းအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ ဘောလုံးနဲ့ ၀င်ကျင်းဟာ ကျူတံရဲ့အတွေ့မှာ ဆုံစည်းကြရမှာပဲမလား။ ငါတို့သာသေချာခဲ့ရင် အရာရာဟာ သေချာနေပြီးသား။ Three Timesဟာ world cinemaရဲ့ leading figure တစ်ယောက်ဖြစ်သလို ထိုင်၀မ် New Wave Cinemaရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsienရဲ့ Second New Waveခေတ်‌အလွန်မှာ ရိုက်ခဲ့တဲ့ကားပါပဲ။ Houဟာ the assassin (2015)နဲ့ ကိန်းမှာ Best Directorဆုရထားတဲ့သူလည်းဖြစ်ပြီး ထိုင်၀မ်ရဲ့ နာမည်ကျော် Artဒါရိုက်တာ စာရင်း၀င်တစ်ယောက်ပါ။ cinematographer ကတော့ In the mood for loveကို ရိုက်ခဲ့တဲ့၃ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Houနဲ့ ရိုက်နေကျ Mark Lee Ping-bingဆိုတော့ ပြောစမရှိအောင် လှပါတယ်။ Actor Actressတွေကတော့ ကလေးပေါက်စနကတည်းက Edward Yangရဲ့ A brighter Summer Dayမှာ သရုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ ဝေါင်ကာဝေးတို့လူတွေရဲ့ လက်စွဲလည်းဟုတ်တဲ့ အန်းလီတို့ ဂျွန်ဝူးတို့လိုလူတွေပါ မကြာမကြာသုံးတဲ့ Chan Chenပါပဲ။ မင်းသမီးကတော့ houရဲ့ လက်စွဲတော် ပုရိသတွေရဲ့ အသည်းစွဲ ရှုကြည်ပါ။ Three Timesဟာ စီနီမာတို ၊ ပါဖောမင့်န် ဘာမှပြောစရာမရှိအောင်လှပြီး ခေတ်သုံးခေတ်ကို Hou စတိုင်နဲ့ အပြိုင်ပြသွားတဲ့ ထိုင်၀မ် Art Fillmအချစ်ကားကောင်းပါပဲ။ 2005မှာ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင်၀င်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ နယူးယောက်တိုင်းမ်က စာရင်းလုပ် တင်ပြခဲ့တဲ့ ၂၁ရာစုရဲ့အကောင်းဆုံး ရုပ်ရှင် ၂၅ထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဟောင်ရဲ့ဟန်ဟာ ၀က၀လိုစတိုင်နဲ့ခပ်ဆင်ဆင်မျိုးကိုမှ ပိုရိုးရှင်းပြီး Realistic ပိုဖြစ်တာမို့ ၀က၀ ပရိသတ်တွေလည်း သဘောကျလောက်မယ့် ထိုင်၀မ် မာစတာပိစ်အချစ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.3GB) Quality__DVDRip IMDb Rating__6.9/10 Format__mp4 Duration__02:00:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Mystery • Science Fiction • Thriller
7.1 2005 130 mins
Three Times
The Report
7

Rating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်... သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။ စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။ နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကို အယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီး စီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့် စစ်ကြောရေးစနစ်လို့ ခေါ်မယ့် EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက် စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက် သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာ တရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီး လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါ ဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲ သတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။ စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာ အောင်မြင်မှုရမှသာ တရားဝင်ပြီး၊ မအောင်မြင်ဘူးဆိုတာ ပေါ်သွားတာနဲ့ ဥပဒေဖောက်ဖျက်သလိုဖြစ်လာမှာကိုသိလို့ သမ္မတရုံးကို လိမ်လည်တင်ပြထားခဲ့တာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အဓိက သရုပ်ဆောင် အဒမ် ဒရိုင်ဘာ က EIT စနစ်ကို စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဒန်ဂျုန်းစ် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေထဲမှာ အစီရင်ခံစာတွေ လေ့လာပြီးရေးဖူးတဲ့သူတွေ ရှိမှာပါ။ အချိန်ဘယ်လောက်နဲ့ စာမျက်နှာ ဘယ်လောက်များ ရေးဖူးကြမလဲ။ ဒန်ဂျုန်းစ်ကတော့ ၅ နှစ်ကျော်အတွင်း စီအိုင်အေမှတ်တမ်း ၆ သန်း ကျော်ကို ဖတ်ရှုခဲ့ပြီး စာမျက်နှာပေါင်း ၇၀၀၀ လောက်ရှိတဲ့ အစီရင်ခံစာကို ရေးသားခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ EIT စနစ်ကို ခွင့်ပြုခဲ့တဲ့ ညွှန်ချုပ်တွေ၊ စီအိုင်အေအရာရှိတွေ၊ အမတ်တွေ၊ အကျဉ်းသားတွေအကြောင်း အကုန်ပါလာပါတယ်။ ဒီတော့ ဒီအစီရင်ခံစာကို မထွက်လာဖို့ စီအိုင်အေ၊ ဥပဒေဌာန နဲ့ အိမ်ဖြူတော်ကပါ ဖိအားပေးလာပါတော့တယ်။ ဒီဖိအားတွေ အခက်အခဲတွေကြားကနေ ဒီအစီရင်ခံစာကိုရအောင် ထုတ်ပြန်နိုင်ခဲ့တဲ့အကြောင်းကို ပြထားတာပါပဲ။ သမိုင်းနောက်ခံ ဒရာမာ ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ရည်စူးပြီး ဘာသာပြန်ပေးထားလိုက်ပါတယ်။ File Size : ( 1 GB , 437 MB ) Quality :  WebRip 720p Running Time : 1 hr 59 min Format : Mp4 Genre :  Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7 2019 118 mins
The Report
Dust To Dust
6.1

တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။ (၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။ နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။

Fantasy • Drama • Romance
6.1 2023
Dust To Dust
The Cost

ရာဇဝတ်သားတစ်ယောက်ကိုဥပဒေက ထိုက်သင့်တဲ့ပြစ်ဒဏ်မပေးနိုင်လို့ အပြင်လူတွေက သူတို့နည်းနဲ့အပြစ်ပေးတဲ့ကားမျိုးကြိုက်သူတွေအတွက် The Cost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် စတက်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက် မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် တရားခံထရိုင်းဟာလည်း ထောင်ဒဏ်နှစ်၃၀ကျော်ချမှတ်ခံရပေမဲ့ ၁၀ နှစ်တည်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာ သူ့ကို ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်က အတင်းအဓမ္မဖမ်းဆီးပြီး လူသူမရှိ ဝေးလံခေါင်ဖျားလှတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပြီး နှိပ်စက်ပါတော့တယ် စတက်ဖနီဆိုတဲ့ကောင်မလေးရဲ့သေဆုံးမှုအပြီးမှာ ကောင်မလေးရဲ့အဖေနဲ့အမေဟာလည်း သမီးစိတ်နဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပါတယ် ထရိုင်းလုပ်ရက်ကြောင့် မိသားစုတွေ ပြိုကွဲခဲ့ရတယ် အဲ့တော့ ထရိုင်းကို ဖမ်းဆီးသွားတဲ့ ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်ကဘယ်သူတွေလဲ စတက်ဖနီနဲ့​ရော ဘယ်လိုပက်သက်တာလဲ ထရိုင်းကိုရော ဘယ်လိုတွေပြစ်ဒဏ်ပေးမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Drama
0 2023
The Cost
Rest Stop
4.5

Rest Stop (2006) ============= ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။ Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(731 MB) Quality…………WEB-DL 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Action • Crime • Thriller
4.5 2006 85 mins
Rest Stop
Life, Animated
7.4

ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
7.4 2016 91 mins
Life, Animated
Yojimbo
8.2

IMDb rating – 8.2 ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။ Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein

8.2 1961
Yojimbo
Godzilla: Final Wars
6.3

Godzilla: Final Wars (2004) ===================== IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.44 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.3 2004 125 mins
Godzilla: Final Wars
Jananam Pranayam Thudarunnu (2024)

Jananam 1947 Pranayam Thudarunnu (2024) “အဆုံးအစမဲ့အချစ်” CM ပရိသတ်ကြီးအတွက် ရင်ကိုနွေးစေမယ့် မလေယာလမ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူ အချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါ ရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီး ချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါ အဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့ တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူ ဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်… လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ်

0 1947
Jananam Pranayam Thudarunnu (2024)
The Neon Highway
6.1

ဒီကားလေးကတော့ ၁၉၉၀ ၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ တီဝိုင်းအကြောင်းကို ရိုက်ပြထားတယ်လို့လည်းပြောလို့ရပါတယ် တကယ့်ဇာတ်လမ်းကတော့ ကော်လင်းညီကိုနှစ်ယောက်ဟာ သူတို့ပွဲထွက်ခွင့်ရဖို့အတွက် ဘားတစ်ခုမှာသီချင်းဆိုခဲ့ရတယ် သို့ပေမဲ့ အကိုရိန်းကိုပဲ ထုတ်လုပ်သူတွေကသဘောကျပြီး ညီလော့ဒ်ကိုသဘောမကျကြပါဘူး အဲ့အကြောင်းပြောကြရင်းနဲ့ ညီကိုနှစ်ယောက်ကားမတော်တဆဖြစ်ခဲ့တယ် ပြီးတော့ဂီတနဲ့ပတ်သတ်ပြီးဘာမှလည်းမလုပ်ခဲ့ဘဲ အနေဝေးသွားခဲ့တယ် အဲ့လိုနှစ်တွေကြာတော့ ရိန်းမှာလည်းမိသားစုရှိလာတယ် သို့သော်အဆင်မပြေကြပါဘူး တစ်နေ့သူအလုပ်အော်ဒါရလို့ အိမ်တစ်အိမ်သွားရာမှာ တကယ့်ဂန္တဝင် ကန်ထရီအဆိုတော်ကြီး မစ္စတာကလောက်ဒ်အဲလန်နဲ့တွေ့ခဲ့တယ် အဲ့လိုနဲ့ အရင်က သူနဲ့ သူ့ညီသီချင်းကိုဆိုပြခဲ့တယ် တနေ့ရိန်းက ပိုက်ဆံလိုလို့သူ့သီချင်းကိုသွားရောင်းခဲ့တယ် ကလောက်ဒီဆီကိုပေါ့ သို့ပေမဲ့ ကလောက်ဒ်ကလည်း အသက်ကြီးနာမည်ကြီးထမင်းငတ်ဖြစ်နေပြီ ဒါမဲ့သူတို့အကြံစည်တစ်ခုထုတ်ခဲ့ပြီး ဂီတမြို့တော်နာ့ချ်ဗီလာကိုသွားခဲ့ကြတယ် သူတို့အကြံစည်ကဘာလဲ သူတို့နာ့ချ်ဗီလာကိုဘာသွားလုပ်ကြတာလဲ ဘာတွေဖြစ်မှာလဲဆိုတာ ကြည့်ရှူလိုက်ကြရအောင် File size…(1.7 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama, Family, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

Drama • War
6.1 2024
The Neon Highway
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2