YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Legend Of The Ancient Sword [2018] (MM Sub).mp4

850.95 MB N/A video/mp4 850 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mickey's Tale of Two Witches
7.1

Mickey's Tale of Two Witches (2021) ========================== ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zone လေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ် စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021 ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေး တအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့ CM fan တွေအတွက် Recommend ပေးပါတယ်။ Hall- oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိက ထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူ ကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက် ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(930 MB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Crime • Drama
7.1 2021 46 mins
Mickey's Tale of Two Witches
The Son
6.7

Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီး မိဘ‌တစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီး မိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး‌ ရောက်မလာကြောင်းကို ယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက် သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း.... File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Romance
6.7 2022 123 mins
The Son
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Aurora: A Love Story
5.5

ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေ တရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ” အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြား မိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီး လှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကို လှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့ အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာ မကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကို သိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။ သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့ အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကို ပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီ ရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။ File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023 95 mins
Aurora: A Love Story
The Lump in my Heart
7.2

The Lump in my Heart(2022) *************************** ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Mizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့ အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။ အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်း ကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်… File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Aung Paing Phyoe Encoded by Phyo Pyae

7.2 2022
The Lump in my Heart
Oracle
5.2

‌တက္ကသိုလ်ကျောင်းသူ ငမွဲမလေး Shayဟာ ကျောင်းစရိတ် မလုံလောက်တာကြောင့် အချိန်ပိုင်းအလုပ်တွေကို အသည်းအသန် ရှာဖွေနေပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်ကပါ အလုပ်ချိန်နာရီတွေ လျှော့ချခံရတော့ ပိုလို့အခက်တွေ့တာပေါ့။ တစ်ရက်တော့ ကလေးထိန်း ရှာဖွေရေးဝဘ်ဆိုက်တစ်ခုက အလုပ်ကိုလက်ခံဖို့ အကြောင်းဖန်လာပါတယ်။ သူကလေးသွားထိန်းပေးရမယ့်အိမ်ကြီးက သာမန်မဟုတ်ဘဲ ပြည်တွင်း စစ်ကာလတုန်းက လူမည်းကျွန်စနစ်သုံးစိုက်ခင်းဖြစ်တာကြောင့် သူဟာ သိပ်လက်မခံချင်လှပေမဲ့ အိမ်ကိုလာရောင်ကြည့်ရုံနဲ့တင် ဒေါ်လာ၂၀၀ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုကြောင့် သွားကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအိမ်ရောက်တော့ သူအမြဲမက်နေတဲ့အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးနဲ့ ဆက်စပ်မှုရှိနေတဲ့အခါ ဘယ်လိုခြောက်ခြားစရာတွေဖြစ်လာမလဲ ဇာတ်ကွက်အလှည့်အပြောင်းတွေ ဘယ်လိုဖြစ်မလဲ ကြည့်ရှုလိုက်ပါဦးနော်။ File size…1.08GB / 431MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.2 2023 85 mins
Oracle
Lost Care
6.4

Lost Care aka Do Unto Others (2023) ~ IMDb – 6.4/10, MyDramaList – 7.7/10 ~ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” – ရှင်မဿဲခရစ်ဝင် ၇:၁၂ ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ဆိုတာ သိရှိရဖို့ ရှေ့နေမလေး အိုတိုမို (Otomo) က လိုက်စုံစမ်းစစ်ဆေးတော့ ကြင်နာစိတ်အပြည့် စေတနာအပြည့်နဲ့ ဘိုးဘွားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရှီဘမူနဲနိုရီက သံသယအရှိဆုံးလူဖြစ်နေကြောင်း သိသွားရတဲ့အခါ… ၂၀၁၃ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Aki Hamanaka ရဲ့ Lost Care ကို ဒီနှစ်အတွင်းမှာ ဒါရိုက်တာ Tetsu Maeda က ဒီနာမည်နဲ့ပဲ ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ L မင်းသားကြီး Kenichi Matsuyama က ဘိုးဘွားတွေကိုပြုစုစောင့်ရှောက်ရတဲ့ ကြင်နာစိတ်အပြည့်ရှိ အကူဝန်ထမ်းအဖြစ်သရုပ်ဆောင်ပြီး Kingdom Live Action Movies တွေမှာ တောင်တန်းဘုရင်မ Youtanwa အဖြစ် သရုပ်ဆောင်တဲ့ Masami Nagasawa က ဒီကားထဲမှာတော့ ရှေ့နေမလေးအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Lost Care ဇာတ်ကားမှာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့အလုပ် Kaigo -Caregiving- (ကိုင်းဂို့)၊ ပြုစုစောင့်ရှောက်ပေးရသူ(အကူ) Kaigoshi – Carer- (ကိုင်းဂို့ရှီ) စတဲ့ စကားလုံးတွေကို ခဏခဏကြားနေရမှာဖြစ်ပြီး အဲဒီအလုပ်ရဲ့တာဝန်ကို တစ်စိတ်တစ်ပိုင်း မြင်ရမှာဖြစ်သလို အဲဒီအလုပ်ကိုလုပ်နေသူတွေရဲ့ခံစားချက်ကိုလည်း သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ကနေ သိရှိရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးရင် ကိုယ့်ပတ်ဝန်းကျင်အနားက ပြုစုစောင့်ရှောက်ခံရဖို့ လိုအပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေ၊ သက်ဆိုင်ရာမိသားစုဝင်တွေက ပြုစုစောင့်ရှောက်ပေးနေတဲ့ သက်ကြီးရွယ်အိုတွေကို သွားမြင်ယောင်ကြမှာဖြစ်ပြီး ရှီဘမူနဲနိုရီရဲ့ခံစားချက်တွေနဲ့ လုပ်ရပ်တွေကို နားလည်သဘောတူသလို ဖြစ်လာနိုင်ပေမဲ့ အဲဒါတွေဟာ လူသားစံနှုန်းအရရော ဥပဒေအရရော ခွင့်ပြုမထားတဲ့အရာတွေသာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 685MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.4 2023
Lost Care
The Girl of Destiny
5.6

CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်… ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်… ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့… လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ဘာတွေတွေဖြစ်လာမှာလဲ…

Romance • Drama
5.6 2023
The Girl of Destiny
Pathfinder
5.4

ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့ Viking သင်္ဘောပျက်မှာ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကို နယ်ခံတိုင်းရင်းသားမျိုးနွယ် တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့ လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့ လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါ ဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။ လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက် ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလား ဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့ မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့် သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။ Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။ File size… 1.7 GB / 686 MB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

5.4 2007 99 mins
Pathfinder
What Happened to Monday
6.8

What Happened to Monday (2017) ========================= IMDb Rating – 6.8/10 ၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် အဘိုးဖြစ်သူက ဒီ ကလေး၇ယောက်ကို တိုက်ခန်းတစ်ခုမှာ တိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။ သူတို့ ၇ ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ် ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။ အဲလိုကနေ သူတို့အရွယ်ရောက်လာ ကြပြီး သူတို့ တည်ရှိနေမှုကို ဗျူရိုက သိရှိသွားရင် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါ။ တကယ်ကိုကောင်းတဲ့သိပ္ပံအက်ရှင်ကားကောင်းလေး တစ်ခုပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.45 GB) / (770 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 03Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Fantasy Translator…….Leonard Lin Encoder……….SWM

6.8 2017
What Happened to Monday
Shallow Ground

ဒီတစ်ခါမှာတော့ Shallow Ground ဆိုတဲ့Horror ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့…… တောအုပ်ထဲမှာတည်ရှိတဲ့ရဲစခန်းတစ်ခုကိုပိတ်သိမ်းပစ်တော့မှာဖြစ်လို့ အဲ့ဒီစခန်းမှာတာဝန်ထမ်းဆောင်တဲ့ရဲအရာရှိတွေကလည်း အဲ့မြို့လေးကနေထွက်သွားကြတော့မှာပါ ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေတဲ့နေ့မှာ စခန်းမှာ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ စတူးဝါ့ထ်နဲ့လော်ရာတို့နှစ်ယောက်တည်းရှိနေစဥ် လူငယ်ကောင်လေးတစ်ယောက်က အဝတ်အစားမပါဘဲ တစ်ကိုယ်လုံးသွေးတွေပေကျံပြီး စခန်းကိုရောက်လာပါတယ် လက်ထဲမှာလည်းဓားတစ်ချောင်းကိုကိုင်ထားတာကြောင့် စတူးဝါ့ထ်နဲ့လော်ရာတို့လည်း ကောင်လေးကိုဖမ်းထားပြီး ရဲမှူးဂျက်ကိုသွားခေါ်ရပါတယ် အဲ့ဒီကောင်လေးရဲ့သရုပ်မှန်ကဘာဖြစ်မလဲ………… အဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းရင်းနဲ့ အဲ့နယ်မြေတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့လူပျောက်အမှုတွေနဲ့ ဆက်စပ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပိုင်းမှာ ပိုပြီးပဟေဠိဆန်လာပြီး လူပျောက်မှုတွေကိုနောက်ကွယ်ကကြိုးကိုင်နေတာဘယ်သူလဲဆိုတာကို ရဲမှူးဂျက်တစ်ယောက် အဖြေရှာတွေ့သွားမလား…….. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2004
Shallow Ground
Vijay 69
6.3

Vijay 69 (2024) ၆၉နှစ် Imdb 6.3 လူစည်နေတဲ့ဘုရားကျောင်းတစ်ခု ကွယ်လွန်သူဓာတ်ပုံကြီးထောင်ပြီး အမှတ်တရမိန့်ခွန်းပြောသူကပြော ငိုသူကငိုနဲ့ပေါ့ ဒီလိုအချိန်မှာ ဝုန်းခနဲပွင့်သွားတဲ့ဘုရားကျောင်းတံခါးနဲ့အတူဝင်လာတဲ့လူက ကွယ်လွန်သူဓာတ်ပုံထဲက ဗီဂျေး .. ဝရုန်းသုန်းကားတွေဖြစ်ပြီး အော်သူကအော် သရဲဆိုပြီးပြေးသူကပြေးပေါ့ ဇာတ်လမ်းအစမှာတင် ဂွကျခဲ့တဲ့ ၆၉နှစ်အရွယ် အဘိုးကြီးဗီဂျေးပါပဲ ဒီဇာတ်လမ်းထဲမှာ သင်ခန်းစာယူစရာခွန်အားတက်စရာတွေပါတာဖြစ်ပြီး Netflix ကထုတ်လွှင့်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အသက်ကြီးလာလို့ဆိုပြီး သေမင်းကိုထိုင်စောင့်နေတဲ့လူတွေထဲ ဗီဂျေးမပါခဲ့ပါ အသက်၇၇ နှစ်ကျမှ အာကာသထဲထိခရီးဆန့်ခဲ့တဲ့ဂျွန်ဂလင်း အသက်၆၁နှစ်မှာ ခေါက်ဆွဲကိုဖန်တီးခဲ့တဲ့ မိုမိုဖူကူ ဒါတွေက သူ့ရဲ့စိတ်ပြင်းပြမှုတွေပါ ရောက်ရှိနေတဲ့အသက် ၆၉နှစ်မှာ သူများနဲ့မတူဘဲ ဗီဂျေးတစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေလုပ်သွားမလဲ ဘယ်လိုအခက်အခဲ‌တွေကိုအန်တုမလဲဆိုတာကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Action • Thriller
6.3 2024
Vijay 69
Blind Fury
6

ကုပေဟာမျက်မမြင်သူဖုန်းစားတစ်ယောက်ဖြစ်တယ်။ လမ်းဖြတ်သွားရင်း မြို့လုံးကျွတ်သတ်မှုနဲ့ကြုံခဲ့ရာ သူဌေးသမီးသခင်မလေးတစ်ယောက်ရဲ့ ဆန်ပြုတ်ကျွေးခဲ့တဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ သူဌေးသမီးလေးကိုကယ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် လူသတ်သမားဟာနှုတ်ပိတ်ဖို့အတွက် သူဌေးသမီးလန်ချိုးယောင်ကိုပါလိုက်သတ်ခဲ့ပါတယ်။ လန်ချိုးယောင်အဖြစ်ဆိုးတဲ့သေခြင်းက သူ့ရဲ့ထဲကမီးလျှံကိုပြန်လည် တောက်လောင်သွားစေပြီးတော့ စစ်မြေပြင်မှာလက်မရွံ့တဲ့ သေမင်းစစ်သူကြီးတစ်ယောက်အဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်။ သူတစ်ကိုယ်ထဲနဲ့ အဖြစ်ဆိုးနဲ့သေခဲ့ရတဲ့ ချင်းရှီမြို့က ပြည်သူတွေနဲ့လန်မိသားစုအတွက် တရားမျှတမှုပြန်ရယူတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

6 2025
Blind Fury
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation
Jora Kaiya Thattunga
7.7

Jora Kaiya Thattunga 2025 မင်းသား Yogi Babu ပါတဲ့ မျက်လှည့်ဆရာကား အသစ်တစ်ကား ၂၀၂၅ မှာ ထွက်ရှိလာပါပြီ။ တမီးလ်စကားပြော ရုပ်ရှင်ကားလေးဖြစ်ပြီး ဇာတ်လမ်းအကျဉ်းလေးက – မျက်လှည့်ဆရာအဖြစ် အဖေ ငယ်ငယ်က သင်ပေးထားတဲ့ ပညာကို အသုံးချနေတဲ့အချိန် ပတ်ဝန်းကျင် ဝေဖန်တာ ခံရ၊ အဆင်မပြေတာတွေ များခဲ့ရပါတယ်။ ဖခင် နောက်ဆုံးဆန္ဒဖြည့်ဆည်းပေးဖို့ မျက်လှည့်ဆရာလုပ်နေရပေမယ့် နောက်ဆုံး လူ့အသိုင်းအဝိုင်းက ပုတ်ခတ်တာမတောင့်ခံနိုင်တော့ဘဲ ပုံစံတစ်မျိုး ပြောင်းပြီး လက်စားလိုက်ချေတဲ့ Thriller ဇာတ်ကားဆိုလည်း မမှားပါဘူး။ အေးဆေး မျက်လှည့်ပြချင်တဲ့လူက ဝေဖန်သံတွေကြောင့် ဘယ်လိုမျိုး ပြောင်းလဲလာမလဲဆိုတာ ဇာတ်ရှိန်ကောင်းအောင် ရေးသားထားတဲ့ ကားဖြစ်ပါတယ်။ ဒါကြောင့် စီအမ်မဆလာအဖွဲ့က ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

7.7 2025
Jora Kaiya Thattunga