YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Lady.Eve.1941.720p.BluRay MPK.mp4

1.71 GB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Puppet
6

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာ သူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက် တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။ ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။ တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့ အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။ သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့ အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက် ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ...... ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး လိုက်လံခံစားအဖြေရှာလိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Adventure • Family • Fantasy
6 2023 90 mins
The Puppet
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
Asteroid City
6.7

ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။ File Size : (1.9GB) and (536MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:45:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mr.Anderson Encoded by Phyo Pyae

Action • Crime • Drama
6.7 2023 105 mins
Asteroid City
The Angels' Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

Drama • Music • Romance
7 2012 101 mins
The Angels' Share
Titan A.E.
6.6

Titan A.E. (2000) ~ IMDb – 6.6/10, Rotten Tomatoes – 50% ~ အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ကေးလ်တစ်ယောက် သူ့အဖေဝှက်ထားခဲ့တဲ့ တိုက်တန်ကို ပြန်ရှာတွေ့တဲ့အပေါ် မူတည်နေတဲ့အခါမှာတော့ ကေးလ်ဟာ တိုက်တန်ရှာဖွေရေးစွန့်စားခန်းခရီးကို စတင်ရပါတော့တယ်။ Old-school 2D Animation ကို 3D နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်း ဇာတ်ကွက် ကောင်းကောင်းနဲ့ ဇာတ်ကားတစ်ကားမို့ အချိန်ပေးကြည့်ရတာ တန်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1..75GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 34Min Genre – Animation, Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

6.6 2000 94 mins
Titan A.E.
Chithha
8.6

Chithha (2023) “ဖခင်သောက” IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီ စ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါ တစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ် ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ် တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား… အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါ ဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ပုံဖော်ထားပြီး ဦးလေးဖြစ်သူ အီစ်ဝါရန်ရဲ့ ဖခင်သောက၊ လူ့မိစ္ဆာရဲ့ အဆုံးစွန် ယုတ်ကမ်းမှု၊ လက်စားချေခြင်း စတဲ့ အကြောင်းအရာတွေကို ၂ နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ အပိုအလိုမရှိ ကြည့်ရှုရမှာပါ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Crime • Thriller
8.6 2023
Chithha
Only You
6.5

မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့ ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက် မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။ Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေ ငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင် လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။ ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့ Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradley နာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံး စောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့ အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊ ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီး Robert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။ File size…2.36GB / 1.06GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.5 1994
Only You
One Not Five Minuttess
8.2

105 Minutes (2024) ပုံရိပ်မဲ့ ချောက်ချားမှုများ IMDb-8.3/10 Hansika Motwani ရဲ့တစ်ကိုယ်တော် Horror/thriller ကားတင်ဆက်ပေးလိုက်ပါတယ် ရှော့ပင်းထွက်ပြီး အိမ်ပြန်လာတဲ့ဂျာနူးတစ်ယောက် အမှောင်ထဲမှာ အားလုံးနဲ့အဆက်အသွယ်ပြတ်ပြီး ချောက်ချားစရာတွေကြုံတွေ့လာတဲ့အချိန်… ဘယ်သူဘယ်ဝါ ဘာကြောင့်မှန်းမသိဘဲ ထိတ်လှန့်စေတဲ့ အသံပိုင်ရှင်ရဲ့ အငြိုးအတေး ၊ အမိန့်ပေးစေခိုင်းမှုတွေ ၊ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်လိုထင်ယောင်ထင်မှားတွေ ၊ နိုးလာတဲ့အချိန် မြင်တွေ့ရတဲ့ ရင်ထိတ်စရာပုံရိပ်တွေ ၊ ဘယ်ကမှန်းမသိ ရုတ်တရက်ကြုံတွေလာရတဲ့ အမှောင်ထဲကထောင်ချောက်တွေနဲ့ နာကျင်မှုတွေ ဒီလိုတွေဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကဘာလဲ ဒီလိုထိတ်လန့်စရာအခြေအနေကနေရော ဂျာနူးတစ်ယောက်တည်း တွန်းလှန်ကျော်ဖြတ်နိုင်မလား… Horror ပရိသတ်ကြီးပဲ ရှုစားအကဲဖြတ်ပေးပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်

8.2 2024
One Not Five Minuttess
The Water Flows to the Sea
6.3

၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန် Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားက အချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi ni Mukatte Nagareru ဆိုတဲ့ Manga စီးရီးကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာ အိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေး အိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာ ဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကို အရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာ တကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့ အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေ မသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။ သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ် နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့ အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။ သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကို ချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်က အကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့ နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.53GB / 1.05GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.3 2023
The Water Flows to the Sea
Babes
6.7

သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာက မိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။ အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲ ရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့ အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာ မိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသ ထားပါတယ်။ လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာ ခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှ နားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက် အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့် စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှု အပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစား ကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါ ပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ ရပါတယ်။ အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှု ဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။ File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
6.7 2024 104 mins
Babes
The Reason I Jump
7.4

The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.” – David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.” – Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။ အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။ Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။ စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက – မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။ အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။ “လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့” “အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား” ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။ [ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။] ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။ အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။ နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။ ~ မာနွယ်အေး Further readings: https://thereasonijumpfilm.com/ What Does It Mean To Be Neurodivergent? https://www.forbes.com/health/mind/what-is-neurodivergent/ What is neurodiversity? https://www.health.harvard.edu/blog/what-is-neurodiversity-202111232645 Autistic Play at Forest School : pretend play characteristics seen otherwise https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/ (ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်) Size – 1.6GB, 776MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 22Min Genre – Documentary, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Drama
7.4 2020
The Reason I Jump
Final Heat
5.5

လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသန တွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့က အရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက အားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။ Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာ အကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့ အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေး တွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေး ကြပါတယ်။ အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမား တွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံ ပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီး ငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာ ကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကို ငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ် ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြ ပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာက အခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲ တွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစား အမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 84 mins
Final Heat
The Good Half

Diector Robert Schwartzman ရိုက်ကူးထားပြီးအမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင် Nicholas Jerry Jonasအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်ဆုံးသွာလို့ မွေးရပ်မြေကိုပြန်လာတဲ့ အိပ်ပြေးသားတစ်ယောက်ဖြစ်တဲ့ ရန် ဟာမွေးရပ်မြေကိုပြန်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူရဲ့ဈာပနပွဲအတွက်နဲ့ မဆုံတာကြာပြီဖြစ်တဲ့အစ်မဖြစ်သူနဲ့ အဖေဖြစ်သူတို့ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပါတယ် မိခင်ဖြစ်သူကိုဆုံးရှုံးရလို့ ခံစားချက်တွေအများကြီးရှုပ်ထွေးနေပြီးအားလုံးနဲ့ ကတောက်ကဆဖြစ်တာပေါ့ရင်ဆိုင်ဖို့သတ္တိကလည်းမရှိ အမေဖြစ်သူရဲ့နောက်ယောက်ျားနဲ့လည်းပေါက်အလမ်းမတည့် ပြဿနာတွေစုံနေတာပေါ့ ဇာတ်လမ်းလေးကိုတော့ မေတ္တာဖွဲ့အနေနဲ့ပဲရိုက်ကူးထားတာဖြစ်တာကြောင့်ရန် တစ်ယောက်ဒီပြဿနာတွေ ဒီဝေဒနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသွားမလဲဆိုတာလေးကိုပဲကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1 GB)/(625 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

Drama
0 2023
The Good Half