YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Kill Lover E02 720p WEB-DL CM.mp4

245.07 MB 720p video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
IB 71
7

IB 71(2023) လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Aditi~ V~  Thaik San~ BpL

Adventure • Comedy • Fantasy
7 2023 117 mins
IB 71
Tomorrow
4.5

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB)  / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Damien

Drama • Romance
4.5 2022 96 mins
Tomorrow
Turning Red
7.5

ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။ အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် .... တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။ အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ ‌လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့ သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်က‌နေ ပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေ ကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေ ဆယ်ကျော်သက်သားသမီး‌တွေနဲ့ မိဘတွေကြား ရှိတတ်တဲ့ပြဿနာလေးတွေအပြင် သူငယ်ချင်းတွေကြားထဲ ထားရှိကြတဲ့ ဖြူစင်တဲ့အချစ်မေတ္တာကိုပါ ခံစားရမှာဆိုတော့ ဆက်ဆက်ကြည့်ရှုသင့်တဲ့ movie လေး ဖြစ်ပါတယ်။ File size…1Gb / 2.6Gb / 5GB    Quality…720p WEB DL  / 1080p Web Dl AAC5.1Ch / 4k HEVC True Web DL Format…mp4 / mkv Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Myo Myo Htet & Allean & Eliza

Crime • Thriller
7.5 2022 100 mins
Turning Red
Incendies
8.3

Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, War, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

8.3 2010
Incendies
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
Longing

Longing ( 2024 ) အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။ တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်‌တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ဘာမှနားလည်စရာမရှိခဲ့ဘူး။ ဒီရုပ်ရှင်ထဲက ရစ်ချက်ဂီရိဟာ သူ့သား ထိုင်ခဲ့ဖူးတဲ့နေရာတွေမှာ လိုက်ထိုင်ကြည့်ခဲ့တယ်။ သူမြင်တောင်မမြင်ဖူး သိတောင်မသိလိုက်ရတဲ့ သားရဲ့ အငွေ့အသက်ကို အဲဒီနေရာတွေကနေ သူရချင်မှလည်းရမယ်။ သူ့သားနေခဲ့တဲ့ဘဝကို ဖြတ်သန်းကြည့်ပေမဲ့လည်း သူ့သားကို သူနားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမဲ့ ဒီတိုင်းပဲ ခံစားကြည့်လိုက်တာပါပဲ။ အဲဒီအဘိုးကြီး အဲဒီနေရာတွေမှာ လိုက်ထိုင်နေတဲ့ အခြင်းအရာမျိုးကို ဖြတ်သန်းဖူးတဲ့လူတွေကိုတော့ ဒီရုပ်ရှင်ကို တော်တော်လေး သဘောကျလောက်မှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size…1.29GB | 616MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

0 2024
Longing
Mortal Ouija
5.7

ကားလေးဟာ2019 juneလပိုင်းမှာထွက်ထားပြီး box officeမှာ $သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကို အားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီး ဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက် သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ. ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်း ဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်း အိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ… ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

TV Movie • Family • Drama
5.7 2019 83 mins
Mortal Ouija
Seondal: The Man Who Sells the River
6.5

ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့ သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့ မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲ မြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲ ဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော အညာခံမိမလား အလိမ်ပေါ်သွားလေမလား ဆိုတာကတော့ ဇာတ်ကားမှာပဲ ဆက်လက်ရှုစားကြည့်ကြပါ….

6.5 2016 121 mins
Seondal: The Man Who Sells the River
Buddha: The Great Departure
6.2

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာ ဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ် မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ် ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ ဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ် ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသော ကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည် File Size : 2.1 GB, 981 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant

6.2 2011 111 mins
Buddha: The Great Departure
Fake Dad
5.7

CM ချစ်ပရိသတ်တို့ကို ဟာသကားလေး မိတ်ဆက်ပေးလိုက်ပါတယ်နော်… ဒီနေ့ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားက အဖေအရင်းကို ဆေးကုဖို့အတွက် အဖေအတုနဲ့ မြို့ပတ် သီချင်းဆို ဖျော်ဖြေတဲ့အကြောင်းလေး ရိုက်ကူးထားတာပါ.. လူတူမရှား နာမည်တူမရှားဆိုသလိုပဲ… တစ်ခေတ်က အောင်မြင်ခဲ့တဲ့ ဟောက်လျန်အဆိုတော်ကြီးက အခုတော့ တိုက်ခန်းသေးလေးနဲ့ ဆန်ကုန်မြေလေး သားတစ်ယောက်အပြင် ဘာမှမကျန်တော့ပါဘူး… အပိုဆုလေးက ဦးနှောက်အကျိတ်ပါပဲ… ဒီတော့ သူ့သားက သူ့အဖေကို ခွဲစိတ်ပေးဖို့အတွက် ငွေရှာဖို့ကြိုးစားရင်း… နောက်ဆုံးမှာတော့ သူ့အဖေနဲ့ ရုပ်ခွဲမရအောင်တူပြီး သီချင်းဆိုကောင်းတဲ့သူကို ရှာတွေ့ခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ သူ့အဖေရဲ့နာမည်ကိုသုံးပြီးတော့ နယ်ပွဲတွေကို လက်ခံခဲ့ပြီး ခွဲစိတ်ခကို စုဆောင်းပါတော့တယ်… ဖျော်ဖြေရင်းကြုံတွေ့တဲ့ အလွဲပေါင်းသောင်းခြောက်ထောင်တယ်… အဖေအရင်းရယ် အဖေတုရယ် သားငတုံးရယ် ကြားက အလွဲတွေနဲ့ ဘဝအမောကို ဖြေဖျောက်ဖို့ ဒီကားလေးအတူ ကြည့်လိုက်ရအောင်နော်…

5.7 2025
Fake Dad
Freaky Tales
6.9

Freaky Tales (2025) IMDb Rating (6.9) / Rotten Tomatoes (74%) ကပ္ပတိန်မာဗယ်ရုပ်ရှင်တို့ Masters of the Air စီးရီးတို့ရဲ့ ဖန်တီးရှင် Anna Boden နဲ့ Ryan Fleck တို့ ဖန်တီးထားတဲ့ အက်ရှင် ရုပ်ရှင်အသစ်ပါ။ ၁၉၈၇ မှာ အခြေပြုထားပြီး မတူညီတဲ့ ဇာတ်အိမ်လေးခုကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီး နောက်ဆုံးမှာ ပေါင်းစပ်သွားတဲ့ပုံကို ပြထားတာပါပဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပီဒရို ပက်စကယ် ပါထားသလို လူတိုင်းကြိုက်တဲ့ မင်းသားကြီးတစ်ယောက်ကလည်း စပရိုက်အနေနဲ့ ဧည့်သည်သရုပ်ဆောင်ပေးထားပါတယ်။ ဘယ်သူလဲတော့ မှန်းကြည့်ပါ။ ဇာတ်လမ်းအကျဉ်း ပန့်လူငယ်တစ်စုက နာဇီလက်သစ် လူမိုက်အုပ်စုကို ပြန်တိုက်ရတဲ့ဇာတ်လမ်း၊ ရပ်ပါ မလေးနှစ်ယောက်က သူတို့ကို အရှက်ခွဲဖို့ခေါ်တဲ့ ရပ်ပါကို ပြန်အနိုင်ရွတ်တဲ့ ဇာတ်လမ်း၊ အကြွေးတောင်းလူမိုက် ကလင့်က နောက်ဆုံးမှာ သူ့ရဲ့သမီးကို လူမိုက်တွေဆီက ပြန်သွားကယ်ရတဲ့ ဇာတ်လမ်း နဲ့ ဘတ်စကတ်ဘောသမား စလီပီဖလွိုက်က ဖောက်ထွင်းသမားဂိုဏ်းကို လက်စားချေတဲ့ဇာတ်လမ်းဆိုပြီး လေးခုပါပါတယ်။ အဲဒီလေးခုလုံးက ဘာမှမဆိုင်သလိုနဲ့ ဒီစကြဝဠာကြီးထဲမှာ အားလုံးက ဆက်စပ်နေတာပဲဆိုတာမျိုးကို ပြထားတာ စတိုင်နဲ့ သွားထားတာပါ။ မြန်မာလိုဆို ရေစက်ပေါ့လေ။ ဟာသဆန်ဆန် အက်ရှင်ကြမ်းကြမ်းကြိုက်ရင်ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (7 GB) / (2.5 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Comedy, Crime, Drama Duration…. 01:47:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mr. Anderson

Drama
6.9 2025 107 mins
Freaky Tales
McVeigh
4.5

McVeigh (2024) IMDb Rating (4.5) / Rotten Tomatoes (67%) ဒီဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာကျော်ခဲ့ပြီး အခုထိ သူ့ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပါ နာမည်ကျော်လာတဲ့ Games of Thrones ဇာတ်လမ်းတွဲထဲမှာ သီယွန်ဂရေးဂျိုင်း အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ပို့မင်းသား အယ်လ်ဖီအယ်လန်ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တင်မ်ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ စစ်ထဲကထွက်လာပြီးနောက်ပိုင်း ဘဝကြီးချွတ်ခြုံခဲ့ရသူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ရဲဘော်တစ်ယောက်ဖြစ်ခဲ့တဲ့ တယ်ရီဆိုတဲ့သူဟာ လူမျိုးရေးခွဲခြားမှုကြောင့် လူသတ်ခဲ့ပြီး တစ်သက်တစ်ကျွန်းကျရင်း သေဒစ်ပေးခံရတဲ့သူဖြစ်သွားပါတယ်။ အဲဒီအချိန်မှာတုန်းက လူမျိုးရေးခွဲခြားတာတွေ လူမျိုးရေးအစွန်းရောက်တဲ့ မျိုးချစ်ဝါဒီတွေကရှိနေသေးတဲ့ မဆိုရင်မဆိုသလို အမေရိကားပြည်တွင်းမှာ ဗုံးခွဲမှုတွေ အသေခံတိုက်ပွဲတွေ ဖြစ်လေ့ရှိတာပါ။ ဒီလိုနဲ့တစ်နေ့မှာ စစ်သွေးကြွလာတဲ့တင်မ်ဟာ သေဒဏ်ပေးခံရတဲ့ သူ့ရဲဘော်ရဲ့ တရားစီရင်မှုနောက်ကွဲမှာရှိနေတဲ့ သူတွေလုပ်ကိုင်နေတဲ့ အစိုးရရုံးကိုပါ ဖောက်ခွဲဖို့ကြံရွယ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (5.6 GB) /(1.8 GB) / (750 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, Thriller Duration…. 01:30:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Horror • Mystery • Action
4.5 2024 90 mins
McVeigh