YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Jujutsu Kaisen - 26 (1080p) {CM}.mp4

331.58 MB 1080p video/mp4 2343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raksha Bandhan
7.2

ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်.. အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့... ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့... ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့.... မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်... ကတိတည်နိုင်ပါ့မလား.... သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား... ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k HEVC WEBDL  / 1080p WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Crime • Thriller
7.2 2022 110 mins
Raksha Bandhan
The Legend II
6.4

ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Mystery • Thriller
6.4 1993 95 mins
The Legend II
The Jack in the Box: Awakening
6.4

ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။ ၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ၁၉ကားကိုလည်း မကြာခင် ကြည့်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2022 89 mins
The Jack in the Box: Awakening
The Lost Choices
7

ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။ တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ ..... ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။ မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 599MB | 261MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnyot Myet Wunn Encoder ..... August

Horror • Thriller
7 2015 108 mins
The Lost Choices
Hunter Killer
6.9

(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB)  Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.9 2018 121 mins
Hunter Killer
The Recipe
6.6

Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့ ၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျ ပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကို အသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ် မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီး နောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကို သွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်က နှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးက တောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကို အသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့ သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ် ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။ အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြား ဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီး သတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်က လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ထူးခြားတဲ့ ဟင်းအမယ်တွေကို သိရှိလိုက်ရပါတော့တယ်…..။ သရုပ်ဆောင်တွေဆိုလည်း အများနဲ့မစိမ်းလောက်ဘူးထင်ရတဲ့ နာမည်ကြီး ဇာတ်ပို့မင်းသားကြီး Seung-ryong Ryu က သတင်း ထောက်နေရာက သရုပ်ဆောင်ထားပြီး Goblin သေမင်းတွေ အမြီး ၉ ချောင်းမြေခွေး စသဖြင့် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အာဂျီးရှီး Lee Dong-Wook နဲ့ တည်ငြိမ်တဲ့အလှပိုင်ရှင် မင်းသမီး Lee Yo-Won တို့ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ပဲပိစပ်ဟင်းရည်လေး သွားရည်ကျပြီး မျက်ရည်သုတ်ကြရတာပေါ့ဗျာ။ File size…1.85 GB / 871 MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Comedy • Romance
6.6 2010
The Recipe
[18+] Nobody’s Hero
6.3

Nobody’s Hero (2022) ~ IMDb – 6.3/10, Rotten Tomatoes – 65% ~ “ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ပါ” ဒီရုပ်ရှင်ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ ပြင်သစ် ဟာသကားတစ်ခုပါ။ ဟာသတွေကလည်း အတည်ပေါက်ကြီး ဖောက်ထားတာတွေဆိုတော့ ကြည့်ရင်း ပြုံးစိစိဖြစ်စရာတွေပါပဲ။ ရုပ်ရှင်စလာကတည်းက အတော်ကိုစားပါတယ်။ မီဒရစ်ဟာ ပြည့်တန်ဆာတစ်ယောက်ကို ချစ်မိသွားပြီဆိုပြီး ပိုက်ဆံမယူဘဲ သူနဲ့အတူအိပ်ဖို့ ‌ဈေးညှိတယ်။ သူက သူများခန္ဓာကိုယ်ကို ငွေနဲ့ဝယ်တာ မလန်းဘူးထင်တယ် ဘာညာပေါ့။ ပြည့်တန်ဆာဖြစ်တဲ့ အီဆာဒိုရာကလည်း လက်ခံလိုက်တယ်။ ဖြစ်ချင်တော့ အီဆာဒိုရာကလည်း ယောက်ျားနဲ့၊ သူ့ယောက်ျားက သူ့ရဲ့ ချိတ်ပေါ့လေ။ အဲဒီလိုနဲ့ သူတို့ကြား တိုင်တွေပတ်ပါရောလား။ အဲဒီလိုဖြစ်နေတုန်းမှာပဲ သူတို့မြို့မှာ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်။ အစွန်းရောက်တွေရဲ့လက်ချက်ဆိုပြီး တမြို့လုံးကြောက်နေကြတဲ့အချိန်မျိုးပေါ့။ အဲဒီမှာ မီဒရစ်ရဲ့အိမ်ရှေ့ကို အိမ်ခြေရာမဲ့ အာရပ်ကောင်လေးတစ်ယောက်ရောက်လာတယ်။ မီဒရစ်ကတော့ သူ့ကိုအကြမ်းဖက်သမားလို့ သံသယဝင်နေသေးတာပေါ့။ ဒါပေမဲ့လည်း သနားတာနဲ့ လှေကားရင်းမှာ ပေးအိပ်ထားရာကနေ အိမ်အထိခေါ်တင်ထားတဲ့အထိ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ အမျိုးစုံ တိုင်တွေထပ်ပတ်ကြ‌တာပေါ့လေ။ ဘယ်လိုတွေ တိုင်ပတ်သလဲဆို‌တာတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုရယ်ရပါလိမ့်မယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းအရဆိုရင် သာမန်ဟာသလို့ထင်ရနိုင်ပေမဲ့ ပြင်သစ်တွေရဲ့ Islamophobia နဲ့ တခြားအပိုင်းတွေကို ပါးပါးလေးပုတ်ပြသွားပါတယ်။ ကြည့်ပျော်တယ်လို့ ပြောနိုင်တဲ့အခြေအနေရှိပြီး ဇာတ်သိမ်းမှာ ဘာဖြစ်သွားပါတယ်ဆိုပြီး အဖြေထုတ်မပြသွားဘဲ ခံစားချက်အသိကိုပေးလိုက်တာကတော့ ဒီဇာတ်ကားရဲ့ တစ်မျိုးလေးအရသာရှိတဲ့အပိုင်းလို့ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 745MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action
6.3 2022 100 mins
[18+] Nobody’s Hero
Once Upon a Studio

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre…Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Once Upon a Studio
Moscow Mission
6.3

1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့…… အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ် ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

6.3 2023
Moscow Mission
Silent Night
7.5

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ “မစ္စဝင်ကန်”နဲ့ သူမရဲ့သား “ဖရစ်” တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ မစ္စဝင်ကန်တို့သားအမိ ၊ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းမှာ ဒီလိုရန်သူခြောက်ယောက်ဟာ မုန်းတီးမှုတွေခနဘေးဖယ်ထားပြီး ခရစ်စမတ်ညလေးကိုဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

7.5 2002
Silent Night
Far from the Madding Crowd
7.1

Far from the Madding Crowd (2015) =========================== IMDb Rating – 7.1/10 “ငါ့ကို လက်ထပ်နိုင်မလား” ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.7 GB) / (647 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.1 2015 119 mins
Far from the Madding Crowd
Hunter Prey
5.8

ဇာတ်လမ်းအစကတော့ ဂြိုလ်တစ်ခုပေါ်ကိုယာဉ်တစ်စီး ပျက်ကျလာတယ်။ ယာဉ်ပေါ်ကတာဝန်ရှိတဲ့လူတွေ ထိခိုက်ဒဏ်ရာဖြစ်နေချိန်မှာ အကျဉ်းသားတစ်ယောက်က လက်နက်ယူပြီးထွက်ပြေးသွားတယ်။ ဒုဗိုလ်ဖြစ်တဲ့ ဆန်တူရီဟာ သူ့လူတွေသေဆုံးရတာ ဖြစ်တဲ့အတွက် အထက်အရာရှိဖြစ်တဲ့ ကွန်မန်ဒါ ကာဇာကိုအကျဉ်းသားရဲ့ အခြေအနေအစစ်အမှန်ကို သိချင်နေတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက် မပြောချင်လို့ ကာဇာဟာဝေ့လည်ကြောင်ပတ် ဖြေရင်း အကျဉ်းသားကိုလိုက်ဖမ်းဖို့လုပ်နေတယ်။ ဌာနချုပ်က အကျဉ်းသားကိုအသက်ရှင်လျက်လိုချင်တာ ဖြစ်တာကြောင့် တစ်ခုခုမဖြစ်ခင်မှာဖမ်းချင်တဲ့အတွက် အမိန့်ကိုနာခံရင်း ကာဇာက ကျန်တဲ့နှစ်ယောက်နဲ့အတူ လိုက်ဖမ်းပါတော့တယ်။ တိုက်ခိုက်ရည်ကျွမ်းကျင်မှုကြောင့် ဂြိုလ်ရဲ့ကျောက်စောင်းတစ်နေရာမှာ တပ်သားတစ်ယောက် ထပ်မံဆုံးသွားတဲ့အတွက် ဆန်တူရီဟာ ကာဇာကိုအတော်လေး စိတ်ဆိုးသွားတယ်။ ဖြစ်ရပ်မှန်ကိုသိချင်ကြောင်းနဲ့ မပြောပြရင် တစ်ယောက်တည်းလိုက်ဖမ်းမယ်လို့ အတင်းခြိမ်းခြောက်တဲ့အတွက် ကာဇာကပြောပြလိုက်တယ်။ အကျဉ်းသားဟာ သူတို့ဖျက်ဆီးခဲ့တဲ့ကမ္ဘာဂြိုလ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီး ငါတို့ကိုလက်စားချေဖို့အတွက် နူကလီယားဗုံးတင်ထားတဲ့ ယာဉ်ကို ငါတို့ဂြိုလ်ဆီကိုလွှတ်လိုက်တဲ့အတွက် ယာဉ်ရဲ့တည်နေရာကို မဖြစ်မနေသိရဖို့ အသက်ရှင်လျက်ဖမ်းရမှာဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့…. File size…1.49GB / 714MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Sci-fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.8 2010 90 mins
Hunter Prey
Fatal Intuition
5.8

Fatal Intuition (2015) ******************** CM ပရိသတ်ကြီးအတွက် 2015 ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Yu Hae Jinနဲ့ Joo Won တို့ ပါဝင်ထားတဲ့ Fatal Intution ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဂျန်ဝူနဲ့ အွန်းဂျီတို့ဟာ မိဘတွေ ဆုံးသွားပြီးကတည်းက မောင်နှမနှစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ ညီမဖြစ်သူ အွန်းဂျီကို လာထိရင် လုံးဝသည်းမခံနိုင်တဲ့ ‌အစ်ကိုဖြစ်သူ ဂျောင်ဝူက သူတို့နဲ့ သွေးဝေးပေမဲ့ ဆွေမျိုးတော်စပ်တဲ့ မြောင်ဂယူကိုတော့ သည်းခံပြီး နေလာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လူတွေ ဘယ်လိုသေမလဲဆိုတာကို ကြိုမြင်နိုင်တဲ့ အီရှီအွန်းကို ရပ်ကွက်ထဲက စုန်းမဆိုပြီးတော့ အဆက်အဆံမလုပ်ကြပေမဲ့ အွန်းဂျီကတော့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုခဲ့လို့ ရင်းနှီးသွားခဲ့ပါတယ် .. ဒီလိုနဲ့ တစ်ရက်မှာ မောင်နှမနှစ်ယောက် စကားများပြီး ဂျောင်ဝူက အွန်းဂျီကို အိမ်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ ရက်ပိုင်းလောက်အကြာမှာတော့ အွန်းဂျီကို သေဆုံးလျက် တွေ့ခဲ့ရပြီး သူ့ဘဝလေး ပျက်စီးသွားခဲ့ရပါတော့တယ်။ ရဲတွေက မြောင်ဂယူကို တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းခဲ့ပေမဲ့ တရားခံအစစ်က မြောင်ဂယူမဟုတ်တာကို သိနေတဲ့ ဂျောင်ဝူက သူ့ညီမကို သတ်ခဲ့တဲ့ တရားခံကို သူကိုယ်တိုင် ဘယ်လိုဖမ်းမလဲ။ အကြားအမြင်ရနေတဲ့ ရှီအွန်းကရော ဘယ်လိုတွေ ကူညီပေးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…3.41GB / 845MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 49 min. Genre ….. Thriller, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Comedy • Drama • Romance
5.8 2015 109 mins
Fatal Intuition
Miki
6.9

သမိုင်းနောက်ခံလည်းဖြစ် .. ဖြစ်ရပ်မှန် ဇာတ်ကားလည်းဖြစ်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ၂၀၂၄ မှာ ထွက်ထားတဲ့ မာဖီးယား ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ .. ဆလိုဗက်ကီးယားနိုင်ငံမှာ အကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်း‌ဆောင်တစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki။ Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ .. သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကို ရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကို သူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လို ကျူးလွန်ခဲ့သလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း .. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားလိုက်ပါတော့။ ( ဘာသာပြန်နဲ့ အညွန်းကတော့ BZW ဖြစ်ပါတယ် ) File size… (1.26GB) / (773MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.9 2024 106 mins
Miki
The Noisy Mansion
6.5

The Noisy Mansion (2025) ************************* IMDb… 6.5 ပရိသတ်ကြီးတို့ရေ သူများကိစ္စကို ဝင်ဖြေရှင်းပေးတတ်တဲ့လူတွေသာ အများအားဖြင့် လူမုန်းခံရတတ်ပြီး အဖတ်လုပ်ခံရလေ့မရှိတတ်ကြသော်လည်း တစ်ခါတရံမှာ ထိုသူတွေကပဲ တစ်ပါးသူအတွက် ပြဿနာကို ပြေလည်အောင် ဦးဆောင်ပြီး ဖြေရှင်းတတ်ကြတာမျိုးလည်း ရှိပြန်ပါတယ်။ ဒါကြောင့် ဒီလိုဇာတ်ကောင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အပျိုကြီးမမ အန်ဂေါအူဟာ မောင်လေးနှစ်ယောက်ရှိပြီး မောင်အကြီးဖြစ်သူ ရှေ့နေအန်ဒုအွန်းနဲ့ တစ်အိမ်တည်းနေကာ တူတူမလေးတွေကို ပြုစုစောင့်ရှောက်ပေးပါတယ်။ လွတ်လပ်စွာနေတတ်ပြီး ကိစ္စတိုင်းကို ဝင်ပါဖြေရှင်းတတ်တဲ့ အလုပ်လက်မဲ့ အန်ဂေါကို မောင်ဖြစ်သူက လိုက်ထိန်းနေရစမြဲပါ။ တစ်နေ့မှာတော့ အန်ဂေါ်ဟာ ထုံးစံအတိုင်း သူများကိစ္စဝင်ပါတဲ့အခါမှာ မောင်ဖြစ်သူရဲ့ ကလေးတွေကိုပါ ခေါ်ဆောင်သွားတာကြောင့် ဒုအွန်းတစ်ယောက် ဒေါသပုန်ထကာ အစ်မကို အိမ်ပေါ်က နှင်ချလိုက်ပါတော့တယ်။ ဒါနဲ့ပဲ အန်ဂေါဟာ ရှင်းယူရပ်ကွက်က တိုက်ခန်းတစ်ခုမှာ ငှားနေစဉ် မနက်အရုဏ် ၄ နာရီအချိန်တိုင်းမှာ မျက်နှာကျက်ကနေ တဒုန်းဒုန်းနဲ့ ထုသံတွေကို ကြားလာရပြီးနောက်မှာ သူ့ရဲ့ပင်ကိုဗီဇအတိုင်း ဝင်ပါ စုံစမ်းဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်ပါတော့တယ်။ လူမျိုးစုံ စရိုက်မျိုးစုံ နေနေတဲ့တိုက်ခန်းအကြောင်းသိလာရချိန်မှာ အန်ဂေါတစ်ယောက် ဆူညံသံနောက်ကွယ်က တရားခံကို ရှာတွေ့ပါ့မလား … ဆူညံသံတွေကရော သမရိုးကျဖြစ်လာတဲ့အသံတွေလား… ပယောဂဆက်နွယ်နေလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးမို့ ညွှန်းလိုက်ပါရစေနော်။ သရုပ်ဆောင်များအဖြစ် မင်းသမီး Kyung Soo Jin , Ko Kyu Pil , Lee Ji Hoon , Kim Joo Ryung နဲ့အတူ အခြားသော ပရိသတ်များနဲ့ မစိမ်းတဲ့ သရုပ်ဆောင်များကလည်း ပါဝင်အားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.13GB/ 580MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:09:49 Genre : Thriller, Drama, Political Subtitle : Myanmar Subtitle (Hard Sub) Translated by M, Hnin Wai Oo & Thinn Encoded by Tiff

Family • Comedy
6.5 2025 97 mins
The Noisy Mansion