YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Itzy Cosy House.E03.720p.CM.mp4

408.68 MB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
Shin Ultraman
7.1

IMDb Rating (6.6) / Rotten Tomatoes (100%) Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်... ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်... အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး...နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး....လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်... အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်....ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ရန်သူလား မိတ်ဆွေလားဆိုတာကို အဖြေရှာစုံစမ်းကြတဲ့အပြင် ကိုင်ဂျူးတွေကရော ဘာကြောင့်ကမ္ဘာပေါ်ကို ရုတ်တရက်ရောက်ရှိလာတာလဲ... လူသားမျိုးနွယ်...အာထရာမန်းနဲ့ ...ကိုင်ဂျူးသတ္တဝါကြီးတွေရဲ့ အားပြိုင်မှုကို အကောင်းဆုံးတင်ဆက်ထားတဲ့ ဂျပန်လက်ရာရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thiha Yan Naing မှ တင်ဆက်ထားပါတယ်။) File size…(1.7 GB)/(800 MB) Quality…WEB-DL(Clean Version) 1080p /720p Format…mp4 Duration….01:52:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thiha Yan Naing

Drama
7.1 2022 118 mins
Shin Ultraman
Hot Blooded
6.6

လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။ တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ... ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.1GB, 731MB & 351MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 59mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Comedy
6.6 2022 119 mins
Hot Blooded
Survive
1.8

Adventures တွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် survive ဆိုတဲ့ ဗီယက်နမ် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ကင် တို့သူငယ်ချင်းတစ်သိုက်ဟာ အန္တရာယ်များတယ်လို့ နာမည်ကြီိးတဲ့ တာနောင် ဖန်ဒေါင် တောကြမ်းခရီးကို နည်းပြ ဟွိုင် ရဲ့ ဦးဆောင်မှုနဲ့ ခရီးထွက်ခဲ့ကြပါတယ် လမ်းမှာ ကင် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဘက်သ်တို့ ကတောက်ကဆဖြစ်ကြရာကနေ ဘက်သ် တစ်ယောက် အဖွဲ့ကနေ ခွဲထွက်သွားပြီး ပျောက်ဆုံးသွားပါတော့တယ် ဘက်သ် ပျောက်ဆုံးသွားပြီးမှ သူ့ကို အထင်လွဲမိမှန်း သိသွားတဲ့ ကင် တစ်ယောက် ဘက်သ် ကို ရှာဖွေဖို့ ကြိုးပမ်းပုံကို Adventures ဆန်ဆန် thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် တောအုပ်ထဲကစွန့်စားခန်းတွေကို အာရှ အငွေ့အသက်အပြည့်နဲ့ တဝကြီးခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် အညွန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Drama, Thriller Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 700MB and 273MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... LK

Action • Comedy • Drama
1.8 2021 95 mins
Survive
One for the Road
10

" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။ မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။ အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။ "လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်" ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One For The Road" ။ နေပြက္ခဒိန်အဆက်ဆက်မှာ ပလေတိုပြန်မရောက်ခဲ့တဲ့ တောထဲက ပန်းကလေးကို ငါပေးထားတဲ့နာမည်က " One For The Road"။ နိဗ္ဗာန်ဘုံ မျက်ရည်စက်၊ New York Sourတစ်ခွက်၊ အဲဒီလမ်းကျဉ်းကလေးက ငါ့ကိုကျောခိုင်းသွားချိန်က ကော့တေးတစ်ခွက်ဟာ အဲဒီလမ်းကျဉ်းကလေးကို ငါ‌ပြန်ရောက်မယ့်အချိန်မှာ သောက်မယ့် ကော့တေးတစ်ခွက်ပေါ့။ သစ်ရွက်လိုကြွေဖူးတဲ့ တို့ရဲ့နေ့အဆက်ဆက်ရဲ့ " One For The Road". ဝေါင်ကာဝေးပရိုဂျူဆာလုပ်ထားပြီး ဝေါင်ကာဝေးကားတွေဖြန့်ခဲ့တဲ့ Jet Tone Filmsကပဲ‌ ထုတ်ဝေပေးထားပါတယ်။ ဒါရိုက်တာကတော့ သူ့နှစ်က highest-grossingရုပ်ရှင်ဖြစ်ခဲ့တဲ့ Bad Genius ဒါရိုက်တာ Nattawut Poonpiriya ရိုက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ထိုင်းကားပရိသတ်တွေမစိမ်းတဲ့ Thanapob Leeratanakajorn နဲ့ Bad Genius မင်းသမီးတို့လို နာမည်ကြီးတွေပါပဲ။ 2021 Sundanceပွဲမှာ ပွဲဦးထွက်ပြသခဲ့ပြီး World Cinematic Dramatic Special Jury Award ကို ရရှိထားပါတယ်။ ဝေါင်ကာဝေး ပရိုဂျူဆာလုပ်ထားတယ်ဆိုပေမဲ့ The Mediumမှာ Na Hong Jinအငွေ့ အပြည့်လွှမ်းနေသလိုတော့ဖြစ်မနေပါဘူး။ ဝေါင်ကာဝေး အငွေ့သိပ်မပါဘဲ ဇာတ်ကောင်တွေကတော့ ပမာဏတစ်ခုအထိ ဝေါင်ကာဝေးဆန်ပါတယ်။ Chungking Expressနဲ့ ဘာမှမတူပေမဲ့ Chungking Expressကို သဘောကျရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲတော့ ကြည့်ပြီးရင်သိမှာပါ။ ထိုင်းရုပ်ရှင်တွေကို တခြားအာရှရှင်ရှင်ဂုရုကြီးတွေက Support တော်တော်လုပ်လာတယ် ပဲ ပြောရမှာပါပဲ။ မနှစ်ကတော့ ကိုရီးယားက Horror ဆရာကြီး Na Hong Jin က The Mediumကို ထုတ်ပေးခဲ့ပြီး ဒီနှစ်တော့ ဟောင်ကောင် ရိုမန့်ဆရာကြီး ဝေါင်ကာဝေးက ဒီရုပ်ရှင်ကို ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရုပ်ရှင်တွေအတွက် အရွေ့ကောင်းလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီကားတွေ အောင်မြင်ခဲ့ကြတော့ ပိုကောင်းတဲ့ရုပ်ရှင်တွေကိုလည်း ထုတ်လာဖို့ရှိလောက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 900MB and 300MB Format…mp4 Duration…. 2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • Thriller
10 2021 15 mins
One for the Road
Love Education
7

နာမည်ကြီးဓာတ်ပုံဆရာ ကန်နီတစ်ယောက် ဓာတ်ပုံပြပွဲအတွက်ပြင်ဆင်နေပါတယ် အဲဒီအချိန်မှာ ခန့်ငြားပြီး လုံးကြီးပေါက်လှ အမျိုးသမီးတစ်ယောက်က သီးသန့် ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုလာပါတယ် အဲဒီမှာ မြင်မြင်ချင်းပဲ မမရဲ့ ညှို့ချက်တွေကို ကန်နီ မငြင်းဆိုင်ပါဘူး မမရဲ့ တည်ကြည်မှု လှပမှု မဟာဆန်မှုတွေအောက်မှာ လူမသိတဲ့ ကြောက်စရာကောင်းတဲ့ အစွဲလန်းကြီးတစ်ခုရှိနေတာကို ကန်နီတစ်ယောက်မသိရှာပဲ ရှေ့ကို ဆက်တိုးပါတယ် သူသိလိုက်ရတဲ့အချိန်မှာတော့ အရမ်းနောက်ကျသွားခဲ့ပါပြီ အချစ်ကို အရမ်းမကိုးကွယ်သင့်ကြောင်း အစွဲလမ်းမကြီးသင့်ကြောင်းကို အချစ်ခန်းတွေအများကြီးနဲ့ ရိုက်ပြထားတာဖြစ်လို့ ၁၈ နှစ်မပြည့်သေးသူများ ကြည်ဖို့မသင့်တော်ပါဘူး File size…1.23GB / 625MB Quality…1080p BluRay / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama
7 2006 88 mins
Love Education
Heropanti
5.9

အချစ်ဆိုတာလက်ထပ်ပြီးမှဖြစ်တာလို့ ဘေးဘိုးစဉ်ဆက် အရိုးစွဲကျင့်သုံးခဲ့ကြတဲ့ ဟက်ကရီရွာကိုအုပ်ချုပ်တဲ့ဝန်ကြီး ချောင်ဒရီဆူရက်ဂ်ျဆင်ဂ်မှာ သမီးနှစ်ယောက်ရှိပါတယ် သမီးကြီးဖြစ်တဲ့ ရန်နူဟာ သူမကိုလက်ထပ်ပေးမဲ့နေ့မှာပဲ ဘာဘလူလားဆိုတဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ ချစ်သူရာကက်ရ်နောက်ကို ခိုးရာလိုက်ပြေးသွားပါတော့တယ်။ ရန်နူရဲ့ဦးလေးတွေ ဒီကိစ္စကို သိသွားတော့ ကြံရာပါဖြစ်တဲ့ ဘာဘလူနဲ့ သူငယ်ချင်းတွေကို ဖမ်းဆီးနှိပ်စက်ပြီး ရန်နူးတို့ရှိရာကိုလိုက်ပို့ခိုင်းပါတယ် ဘာဘလူးဟာလည်းဝန်ကြီးရဲ့သမီးအငယ်ဖြစ်တဲ့ဒင်မ်ပီကိုချစ်ကြိုက်မိသွားပါသေးတယ်... အဖေ ဦးလေးတွေ ကြားက ဒင်မ်ပီရဲ့ အချစ်ကိုရောပိုင်ဆိုင်နိုင်ပ့ါမလား ချောင်ဒရီဆူရက်ဂ်ျဆင်ဂ် က ရော သမီးငယ်နှင့်သဘောတူပါ့မလား ဆိုတာကိုတော့. .ဆက်လက်ကြည့်ရူပေးကြပါ Review Credit:

Horror
5.9 2014 146 mins
Heropanti
The Uninvited
6.3

The Uninvited (2009) ================= IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thiha Kyaw ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Kyaw (Theo Kat)

Drama • Action
6.3 2009
The Uninvited
The Whistleblower
7.1

၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre …..Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
7.1 2010 112 mins
The Whistleblower
Trespassers
5

လူတွေရဲ့စိတ်ဆိုတာတစ်ခါတစ်လေမှာ ဖြောင့်မတ်တည်ကြည်မူ့တွေရှိနေတတ်ပေမယ့် တစ်ခါ‌တစ်လေကျတော့လည်း မြစ်တစ်စင်းလိုကောက်ကွေ့ကြစမြဲပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ Kanae San သူငယ်ချင်း OGAWA နဲ့ TANAKA တိုသုံးယောက်က ကုမ္ပဏီတစ်ခုထဲမှာ အရမ်းကိုခင်ကြတဲ့သူငယ်ချင်းသုံးယောက်ပါ။သုံးယောက်လုံးက သွားအတူ လာအတူ စားအတူနဲ့အရမ်းကိုခင်မင်ကြပါတယ်။ တစ်နေ့မှာတော့ သူတိုရဲ့ကုမ္ပဏီက လစာငွေပေးတာအရမ်းနည်းတဲ့အတွက် သူတိုအတွက်အခက်အခဲတွေအရမ်းဖြစ်လာပါတော့တယ်။အဲ့ဒီတော့ အဲ့ဒီကိစ္စကိုသုံးယောက်သားတိုင်ပင်ပြီး သူဌေးအိမ်ကို ဖောက်ထွင်းဖိုကြံပါတော့တယ်။ သူတိုရဲ့လုပ်ရပ်က ရက်စက်ရာကြတယ်ဆိုပေမယ့် သူ‌တိုရဲ့မသိစိတ်မှာတော့ လူတစ်ဖတ်သားကိုအာနာမိတဲ့အသိစိတ်လေးဝင်လာတာကြောင့် သူတိုလုပ်ရပ်ကို ချက်ချင်းဘဲရပ်လိုက်ပါတော့တယ်။နောက်ဆုံး သူတိုရဲ့လုပ်ရပ်တွေအားလုံး သူဌေးသိသွားတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးမူ့တွေနဲ့ ထပ်ပြီးရင်ဆိုင်ရမလဲဆိုတာ…. File size_(1.1GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Blank

5 2024
Trespassers
Dragon Seeking Coffin
5.8

လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။ အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့ လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့ လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။ အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။ လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့် ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။ အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား…… ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ……

Action • Science Fiction • Thriller
5.8 2024
Dragon Seeking Coffin
Bloody Beggar
6.3

Bloody Beggar (2024) “သူတောင်းစား” IMDb 6.3 တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အမည်မသိသူတောင်းစားတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ် သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့ လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့် သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီး မန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲ တစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာ သူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဆာလောင်မွတ်သိပ်နေတဲ့ လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာ အမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင် ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.3 2024 139 mins
Bloody Beggar
National Anthem
6.2

National Anthem (2024) IMDb Rating (6.2) / Rotten Tomatoes (91%) ၂၀၂၀မှာ ဓာတ်ပုံဆရာ Luke Gilford ဟာ National Anthemဆိုတဲ့နာမည်နဲ့ အင်တာနေရှင်နယ်ဂေးနွားရိုင်းစီးသမားအစည်းအရုံးက queer တွေရဲ့ ပုံတွေကို ရိုက်ပြီး တင်ဆက်ခဲ့ဖူးတယ်။ တော်တော်အသက်ဝင်တဲ့ဓာတ်ပုံတွေလို့ဆိုကြတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Gilfordဟာ ဒီရုပ်ရှင်ဇာတ်အိမ်တည်တဲ့ ဒေသမှာပဲကြီးပျင်းလာခဲ့ပြီး နွားရိုင်းစီးပွဲတွေကိုလည်း ငယ်ငယ်ကတည်းက သဘောကျခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ Southwest ဒေသနဲ့ အဲဒီအရပ်က မိသားစုထဲက ကောင်လေးတစ်ယောက်နဲ့ နွားရိုင်းစီးသမား queerတွေရဲ့ ဆက်ဆံရေးကို အဓိကအခြေတည်ထားတယ်။ ကောင်လေးက queerဟုတ်မဟုတ်ကတော့ မပြောတတ်ဘူး။ ထူးခြားတာက ဒီရုပ်ရှင်တစ်ကားလုံး အဓိကဇာတ်ဆောင်ကောင်လေးရဲ့မိသားစုကလွဲလို့ ကျန်တာအကုန် queerတွေချည်းသုံးထားတယ်။ queerတွေကို အခြေတည်ပြီးဖြစ်လာတဲ့ဇာတ်ဆိုတော့လည်း queerတွေကို အသားပေးတာတော့မဆန်းပေမဲ့ တင်ဆက်ပုံကတော့ ဆန်းတယ်ပြောရပါမယ်။ အပျင်းပြေကြည့်ဖို့တော့ သိပ်အဆင်မပြေလောက်ပေမဲ့ ခံစားချက်တစ်ခုခုကိုလိုချင်ရင်တော့ ကြည့်လို့အရသာရှိမယ့်ဇာတ်လမ်းပါပဲ ။ Gilford ကတော့ ဒီqueerအသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး သူချစ်တဲ့တစ်ချက်က ခင်ဗျားသူတို့ဆီသွားလိုက်တာနဲ့ သူတို့ကလက်ခံပေးတာပဲ။ ဒါကတော်တော်ချစ်စရာကောင်းတဲ့အရာပါပဲ။ အမေရိကကလည်း ဒီလိုပဲဖြစ်နေသင့်တယ်လို့ ပြောခဲ့တယ်။ ဆိုတော့ ဒီရုပ်ရှင်ရဲ့နာမည် နိုင်ငံတော်သီချင်းဆိုတာ ဒီ queer အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.2 2024 99 mins
National Anthem
Oh Bhama Ayyo Rama
6.4

Oh Bhama Ayyo Rama (2025) “အနာဂတ်ကိုဖန်တီးတဲ့ချစ်ခြင်း” ဒီတစ်ခေါက်မှာ မိသားစု၊ဟာသ၊ရသ ပေးနိုင်တဲ့ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ဆောင်မင်းသား ရမ် သူ့အမေနှင့်နှစ်ယောက်တည်းနေထိုင်ကြပြီး အမေဖြစ်သူ အလုပ်အလွန်အကျွံလုပ်သောကြောင့် ရုတ်တရက်သေဆုံးခဲ့ရပါတယ် ။ သူ့အမေကိုသာ ဘဝတစ်ခုလုံးဟုမှတ်ယူထားသော ရမ်ရဲ့ဘဝ ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။ နောက်မကြာခင်မှာ သူ့အမေဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေနောက်လိုက်ရင်း ရုပ်ရှင်တွေကိုမုန်းတီးတဲ့ရမ်တစ်ယောက် ရုပ်ရှင်ရူးသွပ်သူဆတ်တယာဘာမာနဲ့တွေ့ဆုံခဲ့ပြီး ပျော်ရွှင်မှုတွေပြန်လည်စတင်ပေါ်ပေါက်လာပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ရမ်ရဲ့အတိတ်က အချစ်ရေးဒဏ်တွေ မိခင်ဆုံးရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ရမ် ကောင်းစွာမပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါတွေကို ရမ် ဆတ်တယာဘာမာနဲ့အတူ ဘယ်လိုတွေကျော်ဖြတ်ကြမလဲ။ ရုပ်ရှင်မုန်းတီးသူ ရမ်တစ်ယောက် သူ့အမေဖြစ်စေချင်တဲ့ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ရော ဖြစ်လာနိုင်မလား။ အတိတ်ကဒဏ်ရာတွေကိုရော ရမ်ဘယ်လိုကုစားပြီး ပျော်ရွှင်စွာနေထိုင်သွားမလဲဆိုတာ ကြည့်ရှုပေးပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Crime • Drama • Thriller
6.4 2025
Oh Bhama Ayyo Rama