YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

In the Name of Brother E20 1080p WEB-DL CM.mp4

462.66 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
The Irish Connection
6.1

The Irish Connection (2022) ==================== IMDb Rating – 6.1/10 ဒီဇာတ်လမ်းကတော့ အဲလစ်ဘိတ်ကာ ဆိုတဲ့ အိုင်းရစ်အမျိုးသမီး တစ်ယောက်ရဲ့ ငွေတိုက်စာချုပ်တွေ အခိုးခံလိုက်ရတဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အော်ရီရယ်က ငွေတိုက်စာချုပ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အိုင်ယာလန်ကို စေလွှတ်ခံလိုက်ရတဲ့ အမျိုးသမီးစုံထောက်တစ်ယောက်ပါ။ တစ်ဖက်မှာလည်း အဲလစ်က သူ့ငွေတိုက်စာချုပ်တွေ ပြန်ရဖို့ မောင်ဖြစ်သူ ရိုရီဘိတ်ကာကို တိတ်တဆိတ်စုံစမ်းခိုင်းထားပြီး သံသယရှိသူတွေနောက်ကို လိုက်ဖို့ ညွှန်ကြားထားပါတယ်။ ငွေတိုက်စာချုပ်တွေကို ခိုးယူသွားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးယောင်ဆောင် ထားတဲ့လူက မော်လ်တာဆိုတဲ့ မြို့လေးမှာ ပုန်းရှောင်နေမှန်း သိလိုက်ရတဲ့အခါ ဗြိတိသျှအစိုးရဘက်ကရော အဲလစ်တို့ဘက်ကပါ သူခိုးကို အမိဖမ်းဖို့ အပြိုင် အဆိုင်ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် အက်ရှင် နဲ့ စွန့်စားခန်းတွေကြားက စုံထောက်မလေး အော်ရီရယ်ရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း တွေ့မြင်ရဦးမှာမို့ ရသအစုံပါတဲ့ ဇာတ်ကားလေး တစ်ကားဆိုရင်လည်း မမှားပါဘူး။ နောက်ပြီးတော့ ဒီကားလေးဟာရုပ်ရှင်ပွဲတော် တွေမှာ ဆု (၄) ဆုထိရယူထားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Adventure • Comedy • Family • Fantasy
6.1 2022 93 mins
The Irish Connection
The Island

Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။ စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။ အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie

Romance
0 2023 93 mins
The Island
A Creature Was Stirring

မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ Louisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ် အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

History • Adventure • Drama
0 2023
A Creature Was Stirring
The Voyagers

ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။ တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို သိလိုက်ရချိန်မှာတော့ ကလေး​သုံးယောက်​ မူဆိုလီနီ​ရဲ့အကြံကို တားဆီးရပါတော့တယ်။ ဇာတ်လမ်း​က ကြည့်ရတာပေါ့ပါးပြီး ဇာတ်​အိမ်​ရိုးရှင်းပေမဲ့ ဒရာမာ​ elements တွေလည်း​ ထည့်​သွင်း​ထားလို့ အားလုံး​ခြုံ​ကြည့်ရင် ကြည့်ပျော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Time Travel ဇာတ်​ကားဆိုပေမဲ့ ခေါင်း​စားစရာတွေမပါတာကြောင့် စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Fantasy, Adventure, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

0 2022
The Voyagers
Mantra Surugana

အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေ ကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ…၊ ဇာတ်လမ်းနာမည်က “စူရူဂါနာမန္တန်”တဲ့ ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်က သူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ…။ ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကို ဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ…။ ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာ စကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကို ပြောင်းလာခဲ့ပါတယ်…။ တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုး ရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတား အရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့…. နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားဖူးတယ်…။ သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရ‌ပေါ့…။ တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့ လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲ ဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ…။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes

Drama • Thriller • Romance
0 2023 98 mins
Mantra Surugana
Dark Blue Almost Black
7.1

IMDb 7.1% Rotten Tomatoes 70% rating လည်းကောင်း ကြည့်လို့လည်း ကောင်းမယ့် စပိန် dark/comedy ကားလေးဖြစ်ပါတယ် လိင်ဆက်ဆံခန်းတွေနဲ့ အသုံးအနှုန်း တချို့ပါတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ Jorge ဆိုတဲ့ လူငယ်လေးတစ်ယောက်က လူမမာအဖေကို ပြုစုပေးရပြီး စီးပွားစီမံဘွဲ့ကို ၇ နှစ်ကြာ ကြိုးစားယူထားပေမဲ့ အတွေ့အကြုံမရှိလို့ တံခါးစောင့်အလုပ်နဲ့ပဲ ဘဝ လမ်းဆုံးနေသူတစ်ယောက်ပါ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ crush လေးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်ပြီး ပြန်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ကောင်မလေးနဲ့ယှဉ်ရင် သိမ်ငယ်ရတယ်လို့ အမြဲခံစားရပါတယ် ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ အန်တိုနီယိုက ထောင်ထဲမှာ “Paula” ဆိုတဲ့ အကျဉ်းသူတစ်ယောက်နဲ့ ကြိုက်မိသွားပြီး ဒချိပါတော့တယ် Paula ရဲ့ရည်ရွယ်ချက်က ထောင်ထဲမှာ တခြားအကျဉ်းသူတွေ အနိုင်ကျင့်တာမခံရအောင် “မိခင်နှင့်ကလေး” အဆောင်ကို ပြောင်းခွင့်ရဖို့ ကိုယ်ဝန်ရချင်တာပါ ဒါပေမဲ့ ကံဆိုးချင်တော့ Jorge အစ်ကိုက မြုံနေပြီး သူ့ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပေးဖို့ ညီဖြစ်သူ Jorge ကို အကူအညီတောင်းရပါတော့တယ် ဒီလိုနဲ့ Jorge တစ်ယောက် ထောင်ထဲက “Paula” ကို သူ့ crush လေးထက် ပိုချစ်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ လူငယ်တွေရဲ့ အားငယ်စိတ် ပြောင်းလဲလိုစိတ် ရည်မှန်းချက် မိသားစု ငွေရေးကြေးရေးပြဿနာ လိင်ကိစ္စ စတဲ့ အကြောင်းချင်းရာ အဝဝနဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်လေးတွေကို ဟာသလုပ်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဝါးလုံးကွဲရယ်ရဖို့ထက် “ဪ” ဆိုပြီး အတွေးရဖို့ များပါတယ် File size…(1.9 GB)/(894 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.1 2006 105 mins
Dark Blue Almost Black
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
While You Were Sleeping
7.3

While You Were Sleeping (2024) ******************************* နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက် ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့…။ ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ…။ ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲက မင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲက မင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကို ထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1GB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Zuri, Vanessa & Kay Zin

7.3 2024
While You Were Sleeping
Metamorphosis aka Roopanthara
7.6

Roopanthara 2024 အသစ်ပြန်လည်မွေးဖွားခွင့် လူတိုင်းမွေးပြီးရင် သေရမှာပဲဆိုပေမဲ့ ဘဝမှာ ပေါက်ဖတ်လိုပဲ ပိုးအိမ်ထဲမှာပဲရှင်သန်မလား လှပတဲ့လိပ်ပြာငယ်လေးအဖြစ် လောကတစ်ခွင်မှာ လှပမလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လိပ်ပြာလိုဝံ့ကြွားနိုင်မယ့်ဘဝကို ရွေးချင်တာဆိုရင်တော့ ပေးဆပ်ရမယ့် တန်ကြေးနဲ့ အခက်အခဲတွေကတော့ရှိမှာပါပဲ။ အခုဒီရုပ်ရှင်လေးထဲမှာတော့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲကိုရင်ဆိုင်နေရတဲ့ လူလေးယောက်အကြောင်း ဇာတ်လမ်းလေးပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ ကပ်ဘေးဆိုက်ပြီး ပျက်စီးနေတဲ့‌ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှင်းဝါဒက ကြီးစိုးနေတော့ အင်အားကြီးတွေက အားနွဲ့သူတွေကို လက်နက်အားကိုး ဗလအားကိုးနဲ့ အနိုင်ကျင့်နေတာပေါ့။ ဒီလိုနဲ့ အဘိုးကြီးတစ်ယောက်လည်း နေရာလုရင်း အသတ်ခံရခါနီးဆဲဆဲမှာ သူကပုံပြင်ပြောကောင်းသူဖြစ်ကြောင်း သူ့ရဲ့ပုံပြင်နဲ့အသက်ကိုလဲမယ်ဆိုပြီး တစ်ဖက်ကခေါင်းဆောင်ကို ပြောလိုက်တော့တာပေါ့။ ဒီလိုနဲ့ပဲ အာရေဗျတစ်‌ထောင့်တစ်ညပုံပြင်ထဲမှာ ဘုရင်ကြီးကို ပုံပြင်ပြောပြသလိုပဲ အဘိုးကြီးကလည်း သေနတ်နဲ့ချိန်ခံထားရင်းနဲ့ပဲ သူ့ရဲ့ အကောင်းဆုံးပါဆိုတဲ့ ဇာတ်လမ်းလေးပုဒ်ကို စပြီးပြောပြပါတော့တယ်။ သူ့အသက်နဲ့လဲနိုင်တဲ့အထိ အဖိုးတန်ပါတယ်ဆိုတဲ့ ဒီဇာတ်လမ်းလေးခုက ဘာဖြစ်မလဲဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Thura ~ BpL ~ ToMo ~ Vတို့ပဲဖြစ်ပါတယ်။)

7.6 2023
Metamorphosis aka Roopanthara
Once Upon a Time in Hong Kong
6.1

ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာ ပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ… ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့… ဒါပေမယ့် ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ…. နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့… လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင် မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာ ကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကို တကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်… ဒါကို မကြည့်နိုင်သူတစ်ဦးက အမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ် စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊ အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ် မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကို ဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင်

6.1 2021 106 mins
Once Upon a Time in Hong Kong
King of Dallas
6.2

AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့ ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ် အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့ အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို သုတ်သင်လိုက်ကြပါတယ်.. ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့ ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့ Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့ အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး… File size… (1.70GB) / (893MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

6.2 2024 150 mins
King of Dallas
A Long Shot
6

CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်… တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်… ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ… အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့… ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး… တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့… အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ… သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို…. တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ… ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်..

Horror • Science Fiction
6 2025
A Long Shot
[18+] Habal
6.5

Habal (2025) IMDb Rating (6.5) အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ဘော်ဒီပိုင်ရှင် VMX အလှလေးဖြစ်တဲ့ Athena Red အတွက်ပထမဆုံး အဓိက Role နေရာကပွဲဦးထွက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး မင်းသမီးသစ်လေး Karen Lopez ကိုမိတ်ဆက်ပေးထားပါတယ်။ ဒါနီလိုဆိုတဲ့လိင်ကိစ္စနဲ့ပတ်သက်ပြီ စိတ်ဒဏ်ရာရှိပြီး မိန်းကလေးတွေကိုကြောက်ရွံ့တတ်တဲ့ လူပျိုစစ်စစ် ဆိုင်ကယ်ကယ်ရီသမားလေး။ ပါတနာတွေကိုယ်စီရှိပေမယ့် သူတို့နဲ့မတင်းတိမ်မရောင့်ရဲနိုင်ပဲ မိန်းကလေးချင်းအချစ်တော်ထား သာယာမှုရှာနေတဲ့ အယ်ရီကာနဲ့ လာရာတို့သူငယ်ချင်းနှစ်ဦးတို့ကြားက ရမ္မက်အခြေခံပတ်သက်မှုတွေကတစ်ဆင့် သံယောဇဉ်ပိုလာမိရင်း ရှုပ်ထွေးလာတဲ့ပြဿနာတွေကိုရှူစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(900 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy • Drama • Romance
6.5 2025 70 mins
[18+] Habal
Ocean with David Attenborough
8.6

“Ocean with David Attenborough” ကျွန်တော်တို ပင်လယ်သမုဒ္ဒရာတွေရဲ့ လက်ရှိအခြေအနေကို ပိုပြီးပြင်းထန်တဲ့ သတင်းစကားနဲ့ ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ ပင်လယ်ပြင်က လှပတဲ့ သက်ရှိတွေကို ပြသထားသလိုပဲ၊ ကျွန်တော်တိုလူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပျက်စီးဆုံးရှုးမှုတွေကိုလည်း မဖုံးကွယ်ဘဲ တည့်ဖော်ပြသွားပါတယ်။ ဥပမာအားဖြင့်၊ အစုလိုက်အပြုံလိုက် ရေအောက်ငါးဖမ်းခြင်းနဲ့ သန္တာကျောက်တန်းတွေ ပမာဏကြီးမားစွာ ဖြူဖျော့သွားတာမျိုးတွေကို တွေ့ရပါမယ်။ အက်တင်ဘိုရိုးရဲ့ အဓိက သတင်းစကားကတော့ သမုဒ္ဒရာဟာ ကမ္ဘာမြေပေါ်မှာ အရေးအကြီးဆုံးနေရာဖြစ်ပြီး ကျွန်တော်တို ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုအတွက် အသက်သွေးကြောပဲလို ဆိုပါတယ်။ ဒါပေမယ့် သူက သမုဒ္ဒရာတွေ ကျန်းမာရေး မကောင်းဘူးဆိုတာကိုလည်း ပြောပြပါတယ်။ ကောင်းတဲ့အချက်ကတော့ သူက မျှော်လင့်ချက်ပေးပါတယ်။ ကျွန်တော်တို အခုချက်ချင်း ဆောင်ရွက်နိုင်ရင်၊ သမုဒ္ဒရာတွေဟာ ကျွန်တော်တို ထင်တာထက် ပိုမြန်မြန် ပြန်ကောင်းလာနိုင်တယ်လို ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုပါ။

Drama
8.6 2025 85 mins
Ocean with David Attenborough