YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

house.s02e23.720p.bluray {CM}.mp4

315.86 MB N/A video/mp4 628 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
The Up Rank
5.5

ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။ Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။ တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါ ယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်... ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ... စတာတွေကို IMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime, Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Horror • Thriller
5.5 2022 108 mins
The Up Rank
Allegoria
4.6

မိုးအေးအေးမှာ စောင်ခြုံကွေးပြီး Horror Thriller ကားကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် Allegoria ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကွက်တော့ Art ဆိုတဲ့ "အနုပညာ" ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတာပါ ။ " အနုပညာက ထိတ်လန့်တုန်လှုပ်မှု ဖြစ်သလို ကြောက်ရွံ့ တုန်လှုပ်မှုကလည်း အနုပညာတစ်ရပ်ဖြစ်နိုင်ပါတယ် " ဒါကတော့ ဒီကားလေးကနေ ပေးချင်တဲ့ message ပါ ဇာတ်ကားထဲမှာဆိုရင် ပရိသတ်ကြီးအနေနဲ့ အနုပညာ အမျိုးမျိုးဖြစ်တဲ့ သရုပ်ဆောင်တာ ပန်းချီဆွဲတာ စာရေးတာ သီချင်းဆိုတာ နောက်ပြီးပန်းပုထုတာ စတာတွေကို အပိုင်းလိုက် မြင်ရမှာပါ ။ အနုပညာကို ရူးသွပ်ကြတဲ့ သူတွေ ....... သူတို့ရဲ့ဘ၀မှာ စွဲလမ်းမှုတွေ မလုံခြုံမှုတွေက အမှုမဲ့ အမှတ်မဲ့ ရစ်ပတ်လာတဲ့အခါ ... အဲဒီစွဲလမ်းမှုတွေကနေ တဆင့် နတ်ဆိုးတွေ သေခြင်းတရားတွေ မကောင်းဆိုးဝါးတွေကိုပါ ရင်ဆိုင်လာရတဲ့အချိန် ...... ဘာတွေ ဆက်ဖြစ်ကြမလဲ သူတို့ဘယ်လို ရင်ဆိုင်သွားကြမလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးနော် File size…812MB / 385MB Quality…1080p  WEB RIP / 720p Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni ~ Poe ~ Honeyey

Animation • Comedy • Family
4.6 2022 70 mins
Allegoria
Vaan Moondru
7

Vaan Moondru (2023) IMDb-5.7/10 တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ် ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူ ဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry

Action & Adventure • Crime • Drama
7 2023 99 mins
Vaan Moondru
The Laundromat
6

၂၀၁၆လောက်တုန်းကလို့ထင်တယ် ပနားမားစာတမ်းဆိုပြီး စာရင်းရှင်းတမ်းတွေထွက်ပေါ်လာခဲ့ပါသေးတယ် မြန်မာတောင်မှပါပါသေးတယ်။ ဒီကားကပနားမားစာတမ်းထဲကအကြောင်းအရာတစ်ချို့ကို ရိုက်ပြထားတာပါ။ စီးပွားရေးပိုင်းဆိုင်ရာတွေ တရားဥပဒေပိုင်းဆိုင်ရာတွေ ငွေကြေးခဝါချတာတွေ ငွေဖြုငွေမည်းကိစ္စတွေ များစွာပါဝင်နေပါတယ်။ ချမ်းသာတဲ့သူတွေ သူတို့ရဲ့ပိုင်ဆိုင်မှုစာရင်းဇယားတွေကိုသာအမှန်တိုင်းပြထားမယ်ဆိုရင် တကယ်တမ်းပေးရမဲ့အခွန်တွေကမနည်းမနောပဲလေ ။ဒါကိုသူတို့ကိုတိမ်းရှောင်ချင်ကြတယ်။ ၏ဒီတော့ ဒီလိုတိမ်းရှောင်ဖို့ဘယ်လိုလုပ်ရင်ဖြစ်နိုင်မလဲ?? ခင်ပွန်းသည်ကို မတော်တဆမှုမှာ ဆုံးရှုံးလိုက်ရတဲ့အယ်လင်ရယ် မတော်တဆမှှုဖြစ်ပွားတဲ့သဘောၤပိုင်ရှင်ရယ် သူတို့တွေကရောဘယ်လိုဆက်စပ်နေလဲဆိုတာကို ကြည့်ရှုရမှာပါဗျ။ Netflixမှာအခုရက်ပိုင်းတော်တော်လေးလူကြိုက်များနေတဲ့ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။

Action • Horror
6 2019 96 mins
The Laundromat
Raven’s Hollow
5.3

Raven’s Hollow (2022) ================ အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ “ကျီးကန်း” ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ ထိုမြို့လေးကတော့ “ကျီးကန်း” ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ထိုသို့ ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ ပါတယ်။ “ကျီးကန်း” ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ Horror, Thriller အရသာကို ကောင်းကောင်း ကြီး ခံစားရမှာဖြစ်လို့ ညအချိန် နားကြပ်နဲ့ တပ်ပြီး ကြည့်ရှု့ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Crime • Drama
5.3 2022 98 mins
Raven’s Hollow
Vanished: Searching for My Sister

ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။ File size…(1.81GB) / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre… Action / Crime / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Adventure
0 2022 85 mins
Vanished: Searching for My Sister
Assassination Classroom
6.2

Assassination Classroom (2015) ——————————————————– Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ…

6.2 2015 110 mins
Assassination Classroom
Paranormal Activity 3
5.8

IMDb rating – 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

5.8 2011
Paranormal Activity 3
Kho Gaye Hum Kahan
8.8

Kho Gaye Hum Kahan (2023)”ဘယ်မှာလမ်းတွေပျောက်ခဲ့” ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023 135 mins
Kho Gaye Hum Kahan
Saving Face
7.4

Saving Face (2004) =============== IMDb Rating – 7.4/10 အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes 88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲက မိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chen လည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်- အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ် မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းက အမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြ သလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မ ပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြ ဘူးပေါ့။ ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီး တဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲ နေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျား ရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘ အရိပ်အောက်မှာပဲ တစ်ဘဝလုံးနေလာရတဲ့သူ့အမေ။ ရှောင်ဝေ့အဘိုးက တော့ သူ့သမီး အဲလိုဗိုင်းကောင်းကျောက်ဖိလိမ္မာတာကို ကျေနပ်နေပြီး သူ့သမီးဘဝက အပူအပင်မရှိဘူးလို့ ထင်နေတဲ့သူ။ တစ်နေ့ကျ ရှောင်ဝေ့ အမေဟာ ကိုယ်ဝန်ရှိလာခဲ့တယ်။ သူ့အမေက ကလေးအဖေကိုလည်း ထုတ်မပြောတော့ သူတို့အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုဖြစ်လာတော့ တာပေါ့။ ဒါ့အပြင် ရှောင်ဝေကလည်း သူ့လိုမိန်းကလေးတစ်ယောက်ကိုမှ ချစ်မိနေတဲ့အခါ…။ ထိုခေတ်ထိုအခါက လူမှုအသိုင်းအဝိုင်းကနေ ကွဲထွက်နေတဲ့ ရှောင်ဝေတို့ သားအမိရဲ့ဘဝကို ရှုထောင့်အစုံကနေ တင်ဆက်ထားပြီး လူ့စိတ်လူ့သဘာ ဝတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.64 GB) / (547 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Ngwe Zin Encoder……….SWM

Comedy
7.4 2004 97 mins
Saving Face
Marei El Breemo
5.5

စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့် Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေက မဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ ကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန် လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင် သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်း မှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့ အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူက သူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့ သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကို ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည် ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန် တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့ နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေ အကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါ အိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာက တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကို ပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.61GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 105 mins
Marei El Breemo
Glassmates
7.5

Glassmate 2024 သောက်ဖော်သောက်ဖက် “တစ်တန်းတည်းအတူတက်ပြီး ဘွဲ့အတူရတဲ့သူတွေကို အတန်းဖော်လို့ခေါ်ရင် တစ်ခွက်တစ်ဖလား အတူသောက်တဲ့သူကိုတော့ သောက်ဖော်လို့ခေါ်ရမှာပေါ့” အရက်သမားဖြစ်နေတဲ့ လူနာတွေရဲ့ ကယ်တင်ရှင်လို့ သတ်မှတ်ထားကြတဲ့ ဒေါက်တာဖီးလစ် ‌ပြောရရင်‌ ဒေါက်တာဖီးလစ်ဆိုတာ အရက်သမားကြောင့် ဒုက္ခရောက်နေရတဲ့ မိသားစုတိုင်းရဲ့ ကယ်တင်ရှင်ပေါ့လေ ဒါပေမဲ့ သေသောက်ကြူးယမကာလုလင်ညီနောင်နဲ့အတွေ့မှာတော့ ဒေါက်တာဖီးလစ်တစ်ယောက် ကိုယ်တိုင်ယမကာလုလင်ဘဝရောက်သွားတဲ့အထိပါပဲ။ ဒီလိုအရက်ဖြတ်ပေးမယ့်ဆရာဝန်ကိုပါ သောက်ဖော်သောက်ဖက်ဖြစ်အောင်လုပ်နိုင်တဲ့အထိ အဆွယ်ကောင်းလွန်းတဲ့ညီအစ်ကိုနှစ်ယောက်၊ ဘာလာလာနဲ့အရက်နဲ့ဓာတ်ကြမ်းကုရင်ပြောတယ်ဆိုတဲ့ ယမကာရမ်းကုနှစ်ယောက်ရဲ့ဘဝက အလွဲပေါင်းသောင်းခြောက်ထောင်ကို ရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.5 2024 126 mins
Glassmates
Heroes
5.7

Heroes (2008) သူရဲကောင်းများ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ.. နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ “အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။ (ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်)

5.7 2008
Heroes
We Were Dangerous
6.4

We Were Dangerous (2024) IMDb Rating (6.4) / Rotten Tomatoes (97%) New Zealand ကို Maori အခေါ် Aotearoa လို့ခေါ်ပါတယ်။ Maori တွေက ပိုလီနီးရှန်းမျိုးနွယ်စုထဲက တစ်ခု ဖြစ်ပြီး New Zealandနိုင်ငံကို ၁၃ရာစုမှာရေကြောင်းကနေ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ Maori အမျိုးသမီးငယ်လေးတွေအပေါ် ဆိုးသွမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရဲ့ ဖိနှိပ်ဆက်ဆံမှုတွေကို ရိုက်ပြထားပြီး 1954 ခုနှစ် မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီခေတ် အခါမှာ မိန်းကလေးတွေဟာ ပူဆွေးမှု၊ စိတ်ဓာတ်ကျဆင်းမှု စတဲ့ စိတ်ရောဂါလက္ခဏာတွေ ပြလာခဲ့ရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားတွေဟာ မိမိတို့ရဲ့ ဇနီးတွေ၊ သမီးတွေကို စိတ်ရောဂါကုဆေးရုံ သို့မဟုတ် ဦးနှောက်ခွဲစိတ်မှုတွေ အတင်းအကြပ် လုပ်စေတဲ့ ကာလမျိုးဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Nellie, Daisyရယ် Louisa တို့ မိန်းကလေး သုံးယောက်ရဲ့ နောက်ခံ ဇာတ်လမ်းက ကွာခြားပေးမယ့် စည်းကမ်းကြီးပြီး နှိပ်စက်တတ်တဲ့ မေထရွန်ကြီး ရဲ့ ကျောင်းမှာတော့ မိန်းကလေးအားလုံးဟာ တန်းတူညီမျှ အဖိနှိပ်ခံရတာပဲ ဖြစ်ပါတယ်။ မေထရွန်ကြီး ကိုယ်တိုင်ကလည်း Maori လူမျိုး တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးကိုင်းရှိုင်းလွန်းပြီး လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေအပေါ် ကလေးမွေးစက်တစ်ခုအပြင် ပိုမမြင်တဲ့ အစွဲကိုလည်း မသိလိုက်မသိဘာသာ အားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘာသာရေးစည်းကမ်း တင်းကြပ်လွန်းတာကြောင့် ကျောင်းရှိ မိန်းကလေးတွေဟာ ကတာတို့၊ သီချင်းဆိုတာတို့၊ Maori ရိုးရာ Haka အကတို့ လုပ်မိရင်လည်း ရိုက်နှက်အပြစ်ပေးခံကြရပါတယ်။ ဒီလို လူ့အဖွဲ့အစည်းကနေ ကျဥ်ဖယ်ထားတဲ့ အမျိုးသမီးလေးတွေကို ကျွန်းတစ်ကျွန်းပေါ်မှာ စုပေါင်းပြီး အိမ်ထောင်မှုသားမွေးအတွက် လေ့ကျင့်ပေးနေတဲ့ မေထရွန်ကြီးဆီကို အထက်အဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး အမျိုးသမီးငယ်တွေအပေါ် သားကြောဖြတ်တဲ့ ဆေးဝါးခွဲစိတ် စမ်းသပ်မှုတွေ ပြုဖို့ ပြောလာပါတယ်။ အဲ့ဒီနောက်ပိုင်း Nellie, Daisy နဲ့ Louisa တို့ သုံးယောက်ဟာ ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ တိုင်ပင်ကြပါတော့တယ်။ သူတို့အစီအစဥ်အောင်မြင်ပါ့မလား၊ မေထရွန် သိသွားပြီး သူတို့ကိုဒဏ်ခတ်မလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.6 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Leonie

Drama
6.4 2024 82 mins
We Were Dangerous