YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

House, M.d. S07e10 Carrot Or Stick.1080p.CM.mp4

642.44 MB 1080p video/mp4 924 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Medusa
6.2

IMDb Rating - 6.0/10 ခေါင်းကဆံပင်နေရာမှာ မြွေတွေအများကြီးရှိပြီး သူ့ကိုကြည့် လိုက်ရင် ကျောက်ရုပ်ဖြစ်သွားတဲ့ မက်ဒူဆာအကြောင်း ကြား ဖူးမယ်ထင်ပါတယ်နော်။ ဂရိဒဏ္ဍာရီအရတော့ မက်ဒူဆာဟာ ကတိပျက်ကွက်လို့ အေသီနာနတ်ဘုရားမက သူ့ကို ခေါင်းမှာ မြွေတွေနဲ့ ကြောက်စရာသွင်ပြင်ကို ပြောင်းလဲပစ်လိုက်တာလို့ ဆိုပါတယ်။ ဒီဇာတ်လမ်းကတော့ မက်ဒူဆာအကြောင်းထက် ခေတ်သစ် မက်ဒူဆာလို့ သွယ်ဝိုက်ခေါ်ဝေါ်ရမယ့် မိန်းကလေးတွေအကြောင်း ပါ။ အစွန်းရောက် ဘာသာရေးနဲ့ မိန်းကလေးတွေရဲ့လိင်မှုရေးရာ လွတ်လပ်ခွင့်မရှိတဲ့အဖြစ်ကို မီးမောင်းထိုးပြထားတယ်လို့ ‌ဆိုရ မယ်ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ‌ မာရီနဲ့မီရှဲလ်ဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းပြီး အယူသည်းတဲ့ဘာသာရေးကြားမှာ လှောင်ပိတ်ခံထားရတဲ့ မိန်းက လေးတွေပေါ့။ မာရီ၊ မီရှဲလ်နဲ့မိန်းကလေးတချို့ဟာ နေ့ဘက်မှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြပေမဲ့ ညဘက်မှာတော့ အဖြူ ရောင်မျက်နှာဖုံးတွေ တပ်ပြီး လျှို့ဝှက်လှုပ်ရှားကြပါတယ်။သူတို့ အလုပ်က သူတို့စံနှုန်းနဲ့အကျင့်ပျက်တယ်လို့ ယူဆထားတဲ့ မိန်း ကလေးတွေကို လိုက်ဖမ်းပြီး ရိုက်နှက်ဆုံးမကြတာပါ။ အုပ်စုဖွဲ့ပြီး အကြမ်းနည်းနဲ့ သူတို့အယူဝါဒထဲ အတင်းသွတ်သွင်းတဲ့သဘော မျိုးပါပဲ။ တစ်နေ့တော့ မိန်းကလေးတစ်ယောက်ကိုလိုက်ဖမ်းရင်း မာရီရဲ့မျက်နှာဟာ အမာရွတ်ကျန်တဲ့အထိ ရုပ်ပျက်သွားခဲ့ပါတယ်။ အဲဒီကစလို့ မာရီ့ဘ၀ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့ တယ်။ အဲဒီနောက်ပိုင်း သူတို့ရဲ့လှောင်ချိုင့်ထဲက ဘ၀နဲ့ အယူလွဲမှုတွေကို မြင်လာတဲ့ မာရီနဲ့မီရှဲလ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ အယူသည်း လွန်းတဲ့ သူတို့ရဲ့အသိုင်းအဝိုင်းနဲ့ ဘယ်လိုတွေရင်ဆိုင်ကြရမလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.76 GB) / (690 MB) / (400 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror Translator.......C'mon Encoder..........SWM

Drama • Romance
6.2 2021 128 mins
Medusa
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
The Blair Witch Project

တောအကြောင်း ကြားဖူးနား၀ရှိသူတွေဆိုရင် တောကြီးမျက်မည်းထဲမှာ တောလည်တယ် တောခြောက်တယ် ဆိုတာမျိုး ကြားဖူးကြမှာပါ။ တောအလယ်ကြီးထဲ ဘယ်ကိုသွားသွား ဒီနေရာပဲ ပြန်ရောက်နေတာမျိုး၊ အသံဗလံတွေ ကြားရတာမျိုးပေါ့။ The Blair Witch Project ဆိုတဲ့ ၁၉၉၉ ခုနှစ်ထွက် ဇာတ်ကားလေးမှာလည်း အဲဒီလိုမျိုးအကြောင်းအရာတွေကို အသားပေးရိုက်ကူးထားပါတယ်။ တောကြီးမျက်မည်းထဲမှာ မှတ်တမ်းရုပ်ရှင် သွားရိုက်ကူးကြတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ သူတို့သုံးယောက်ဟာ မှတ်တမ်းရုပ်ရှင်အတွက် Black Hills ဆိုတဲ့တောကြီးထဲကို သွားကြရင်း ပျောက်ဆုံးသွားခဲ့ပြီး သူတို့ကျန်ခဲ့တဲ့ footage ကို ပြန်ပြသတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုရိုက်ကူးထားပါတယ်။ ဟယ်သာ၊ မိုက်ကယ်လ် နဲ့ ဂျော့ရှ်တို့ဟာ မှတ်တမ်းရုပ်ရှင်တစ်ပုဒ် ဖန်တီးဖို့ ကြိုးစားနေကြတဲ့ လူငယ်လေးတစ်စုပါ။ ဒီတစ်ခေါက် သူတို့ဖန်တီးဖို့ကြိုးစားတဲ့အကြောင်းအရာကတော့ The Blair Witch ( ဘလဲရ်စုန်းမ ) အကြောင်းပါ။ မြို့ခံလူတွေအကြား‌လည်း ဟိုးလေးတကျော်ကျော်ပေါ့။ ယုံတမ်းလိုလိုဖြစ်နေတဲ့ ဒီစုန်းမအကြောင်းကို သူတို့က မှတ်တမ်းရုပ်ရှင် ဖန်တီးဖို့ကြိုးစားရင်း Black Hills တောကြီးထဲကို ဖြတ်သန်းတဲ့အခါမှာတော့ လူငယ်သုံးယောက်က တစ်စတစ်စနဲ့ ထိတ်လန့်စရာတွေ တွေ့ကြုံလာရပါတော့တယ်။ ဒီတော့ သူတို့ သုံးယောက် ဖန်တီးဖို့ကြိုးစားနေကြတဲ့ ဘလဲရ်စုန်းမ ဆိုတာဟာ တကယ်ရှိသလား မရှိသလား၊ တောခြောက်တယ် တောလည်တယ်ဆိုတာဘာလဲ ဆိုတာ ဒီဇာတ်ကားထဲမှာ မျက်ဝါးထင်ထင် ‌တွေ့ရှိရမှာမို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8GB) / (1.14GB) / (412MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre…Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama • Thriller
0 1999
The Blair Witch Project
Older Gods
5.1

အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကို ခံစားချင်သူတွေအတွက် ကားကောင်းလေးပါ…။ အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့ ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့ အရာသွင်းစရာတောင်မလိုအပ်ပါဘူး….။ လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့…။ ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊ Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်…။ လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ….။ ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ….။ ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ….။ ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ…. ဇာတ်လမ်းအကျဥ်းကတော့ ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်…။ ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ…၊ သက်သေတွေအစုံပါပဲ….။ ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲ တိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့….။ File size…950MB / 336MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.1 2023
Older Gods
Break In

ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်….။ အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့ နေရာမျိုးမှာရှိတာပါ….။ အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ…။ ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်း တစ်ရက်မှာတော့…. လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကို ဖောက်ထွင်းဖို့ကြံပါတော့တယ်…. ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား…ဒါမှမဟုတ် ဟယ်သာ့ကို အန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား…. ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.16 GB / 449 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023 78 mins
Break In
Hot Rod

ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။ File size…(1.6 GB)/(869 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shune Lei

0 2007
Hot Rod
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Ten Inch Hero
7.3

Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်က လူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ် ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ် ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ် အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ် လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီး ကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာ နွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထား ဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။ File size… 938 MB Quality… WEB-DL 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

7.3 2007
Ten Inch Hero
High Tide
6.7

LGBTQIAP+ အသိုင်းဝန်းအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ “High Tide” ဟာ ရုပ်ရှင်နာမည်လိုပဲ ဒီရေလိုမျိုး ပျော်ရွှင်မှု၊ အားငယ်မှု၊ ရှုပ်ထွေးမှုနဲ့ တိတ်ဆိတ်တဲ့မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သရုပ်ဆောင်များ – Leandro Faria Lelo (Lourenço အဖြစ်) – Maurice Compte (Maurice အဖြစ်) – Cristina Almeida (Crystal အဖြစ်) – Benjamin Weaver (Todd အဖြစ်) – Thom Hilton (Scott အဖြစ်) _______________ ဇာတ်လမ်းအကျဥ်း ဘရာဇီးလ်နိုင်ငံသား Lourenço ဟာ ခရီးသွားဗီဇာနဲ့ အမေရိကကို ရောက်နေပေမယ့်၊ Provincetown ဆိုတဲ့ စည်ကားတဲ့ဒေသမှာ အခြေမကျသေးဘဲ ဘဝကို ရုန်းကန်ရင်း… အချစ်၊ ကိုယ်ပိုင် identity နဲ့ နေရာအသစ်တစ်ခုမှာ ဘယ်လိုရပ်တည်ရမလဲဆိုတာတွေကို ရှာဖွေနေသူတစ်ဦးပါ။ Lourenço ဟာအမေရိကမှာ ရည်းစားဟောင်း Joe ကိုမေ့မရဖြစ်နေပြီး အချစ်ရေး၊ အခက်အခဲတွေ၊ သစ်လွင်တဲ့မိတ်ဆွေတွေနဲ့ ကြုံတွေ့လာရပါတယ်။ LGBTQIAP+ Community ရဲ့လူနေမှုပုံစံတွေ၊ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ရဲ့ဘဝ၊ လူသားတွေရဲ့ဆက်နွယ်မှုတွေနဲ့ စိတ်အား ထက်သန်မှုတို့ကို နူးညံ့စွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Lourenço ရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝမှာ ဘယ်သူတွေနဲ့ ဘယ်လိုတွေ့မလဲ… ဘယ်လိုခံစားချက်တွေ ဖြတ်သန်းမလဲဆိုတာ… ကြည့်ရှုသူတိုင်းအတွက် စိတ်ဝင်စားစရာပါပဲ။ File Size… (1.42 GB) / (960 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

6.7 2024 105 mins
High Tide
The Ancestral Home aka Nha Gia Tien aka
7.1

The Ancestral Home (2025)”ဘိုးဘေးအိမ်” ================================== ဗီယက်နမ် သရဲဟာသရုပ်ရှင်သစ်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မင်တို့မိသားစုဟာ မိသားစုပိုင်စံအိမ်ကြီးတစ်လုံးမှာနေထိုင်ကာ စားသောက်ဆိုင်လုပ်ငန်းလုပ်ကြသူတွေဖြစ်ပါတယ်။ မင်ရဲ့ အဘိုးလက်ထက်ထိ စားသောက်ဆိုင်ဟာ အတော်အသင့်အောင်မြင်ခဲ့ပြီး မင်ရဲ့အဖေနဲ့ မင်ရဲ့လက်ထက်မှာလည်း အရှိန်ရခဲ့ပေမဲ့ မင်နဲ့ သူ့အဖေနှစ်ယောက်လုံးဟာ စားသောက်ဆိုင်ကို ကိုယ်စီလက်လွှဲယူပြီးချိန်တွေမှာ မတော်တဆမှုတွေနဲ့ ကွယ်လွန်သွားကြပါတယ်။ မင် ကွယ်လွန်ပြီးနှစ်တွေကြာတဲ့အချိန်မှာ မင်ရဲ့ညီမ တိန်ဟာ ဆိုရှယ်မီဒီယာမှာ အတန်အသင့်နာမည်ကြီးတဲ့ ကွန်းတန့်ဖန်တီးသူတစ်ယောက်ဖြစ်လာပါတယ်။ ကွယ်လွန်ပြီးနောက် မကျွတ်မလွတ်ဖြစ်နေတဲ့ မင်ဟာ သူ့ညီမနဲတိန်နဲ့ ပူးပေါင်းပြီး သဘာဝလွန်ကွန်းတန့်တွေဖန်တီးကာ သူတို့ရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းစားဖို့ကြံနေတဲ့အမျိုးတွေလက်ထဲကနေ ကယ်တင်ဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)

Animation • Science Fiction • Action
7.1 2025 117 mins
The Ancestral Home aka Nha Gia Tien aka