YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

High Flying Bird [2019] (MM Sub).mp4

847.18 MB 720p video/mp4 67 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Can't Help Falling in Love
7.4

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။ မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ဂက်ဘ်ဟာ ဒို့စ်ကို လိုက်ရှာပြီးတော့ ကိစ္စအကြောင်းအစုံကို ပြောပြပြီး ကွာရှင်းဖို့ တောင်းဆိုတော့တာပေါ့။ ဖိလစ်ပိုင်နိုင်ငံမှာ လက်ထပ်ပြီးရင် ကွာရှင်းဖို့က မလွယ်ပါဘူး။ ဂက်ဘ်နဲ့ ဒို့စ်ဟာ ကွာရှင်းခွင့် တောင်းခံနိုင်ဖို့အတွက် သက်သေအဖြစ်တင်နိုင်မယ့် အကြောင်းပြချက်မျိုးစုံကို ဖန်တီးရင်း တဖြည်းဖြည်း နီးစပ်လာခဲ့တော့တာပါပဲ။ နီးစပ်လာရင်းနဲ့ ဘယ်သူက အရင်ချစ်မိသွားမလဲ၊ ဂက်ဘ်ကရော သူ့ရည်းစားကို စွန့်ပစ်နိုင်ပါ့မလား၊ ဂက်ဘ်ရဲ့ ရည်းစားကရော ဒီလက်ထပ်စာချုပ်ကိစ္စကို သိသွားမလား၊ လက်ထပ်ပွဲကရော ဖြစ်နိုင်ပါဦးမလား၊ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Can't Help Falling in Love ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/83  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(999 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:59:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Horror • Science Fiction • Thriller
7.4 2017 119 mins
Can't Help Falling in Love
The Kashmir Files
7.3

ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း =================== ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J

Drama
7.3 2022 170 mins
The Kashmir Files
Starship Troopers 2: Hero of the Federation
4.3

Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာ အဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင် ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံး ကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်း ကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်. အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်. ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက် တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာ လူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကို သိလိုက်ရပါတော့တယ်. ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ? ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေက ရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့. Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး r untimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကို အခုထိသဘောကျဆဲဖြစ်ပါတယ်. Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ.

Drama • Fantasy • Romance
4.3 2004 92 mins
Starship Troopers 2: Hero of the Federation
Hubie Halloween
6

မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ချက်ချင်း မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ လူပျောက်မှုတွေ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့..... File size… 1 Gb / 500 Mb Quality… Webrip 1080p /720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Action & Adventure • Crime • Drama
6 2020 103 mins
Hubie Halloween
Great Yarmouth – Provisional Figures
6.9

Great Yarmouth: Provisional Figures (2022) =============================== IMDb Rating – 6.9/10 ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာ Marco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouth မြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာ ကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာ အလုပ်ရှာကြပါတယ်။ ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင် ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)က ဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ်‌ တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home ‌တည်ဆောက်ဖို့ အိမ်မက်ရှိသူပါ။ ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ် နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.84 GB) / (678 MB) / (448 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Theo Kat Encoder……….SWM

Family • Fantasy
6.9 2022
Great Yarmouth – Provisional Figures
My Father’s Violin
6.4

My Father’s Violin (2022) ~ IMDb – 6.4/10, Rotten Tomatoes – 82% ~ ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်… “တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။ နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 940MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2022 112 mins
My Father’s Violin
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
The Chapel
5.8

The Chapel [2023] ( IMDb 5.8/10 ) ဂျနီဖာဟာ ငယ်စဉ်ကလေးဘဝကတည်းက မိခင်ရဲ့ လမ်းညွှန်မှုနဲ့ စန္ဒရားပညာကို လေ့လာသင်ကြားခဲ့ရပါတယ်… မိခင်ဖြစ်သူကလည်း သာမန်စန္ဒရားပညာရှင် ဖြစ်စေချင်ရုံတင်မဟုတ်ပဲ Queen Elizabath ပြိုင်ပွဲမှာ အနိုင်ရတဲ့ထိ ယှဉ်ပြိုင်စေချင်ခဲ့တာပါ… ဒီလိုနဲ့ပဲ ဂျနီဖာဟာ အသိစိတ်ရှိစဉ်ကစလို့ အရွယ်ရောက်တဲ့အထိ ပီယာနိုသာ သူမဘဝဖြစ်ခဲ့ရပါတယ်… သူတို့ရည်မှန်းထားတဲ့ ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာမို့ Chapel ဆိုတဲ့ စံအိမ်မှာ ခေတ္တတည်းခိုရင်း ပြိုင်ပွဲအတွက် လေ့ကျင့်ရပါတော့တယ်… ဒီစံအိမ်မှာ ဖိုင်နယ်ပြိုင်ပွဲဝင် ၁၂ယောက် ရှိနေပြီးတော့ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ ဘယ်လို ဆောင်ရွက်လှုပ်ရှားသွားကြမလဲ… ဂီတဟာ အများထင်သလို နူးညံ့မှု သိမ်မွေ့မှု မွန်မြတ်မှုတွေနဲ့ချည်း ဖွဲ့စည်းထားတာ ဟုတ်ရဲ့လားဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 609MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Horror • Science Fiction • Thriller
5.8 2023
The Chapel
Scooby-Doo! & Batman: The Brave and the Bold
6.5

စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီ ဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ် တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ် DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့ အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ File Size : 1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

6.5 2018 76 mins
Scooby-Doo! & Batman: The Brave and the Bold
Door to Door
7.8

ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊ မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့ သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။ အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့် သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။ စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း သူ့ကို လူအများ သဘောကျစေတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ဘဝမှာ သည်းခံမှုနဲ့ဇွဲလုံ့လတို့ကို သင်ပြပေးခဲ့တဲ့ အမေဖြစ်သူကလည်း အယ်ဇိုင်းမားရောဂါကြောင့် တစ်နေ့ထက်တစ်နေ့ မှတ်ဉာဏ်တွေ ဆုံးရှုံးလာခဲ့ပါတယ်။ သူ့အမေသေဆုံးပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ကြံ့ကြံ့ခံပြီး နိမ့်ချီမြင့်ချီ ဘဝဇာတ်ခုံမှာ ကြိုးဆွဲရာကပြရတဲ့ ဘေလ်ပေါ်တာရဲ့ဘဝထဲကို ရှယ်လီဆိုတဲ့ အမျိုးသမီး ဝင်ရောက်လာခဲ့ပါတယ်။ ဘေလ်ပေါ်တာရဲ့ ဘဝဇာတ်ကြောင်းပေါ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားတက်မှု၊ စိတ်အားငယ်ရမှု၊ ဆွတ်ပျံ့မှု၊ ကြေကွဲမှု၊ ဆုံးရှုံးမှု၊ အောင်မြင်မှုအားလုံးကို လိုက်ပါစီးမျောခွင့်ရစေရန် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 1.7 GB, 840 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.8 2002 90 mins
Door to Door
Inside Out 2
7.8

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ File Size : 5.4 GB / 1.8 GB / 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 36min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation/Drama / Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Action • Crime
7.8 2024 97 mins
Inside Out 2
Foremost by Night

ဒီဇာတ်လမ်းလေးကတော့ Crime/ Drama အမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံအတွင်း Francisco Franco အာဏာရစဥ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုတွေကိုအခြေခံထားပြီး အဲဒီကာလမှာသားကောင်ဖြစ်ခဲ့ရတဲ့သူတွေဖြစ်တဲ့ Vera, Egoz နဲ့ Cora ဆိုတဲ့ လူသုံးယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခိုးယူခံလိုက်ရတဲ့မိမိရဲ့ရင်သွေးကိုရှာဖို့အတွက် နည်းမျိုးစုံကြံစည်ရင်း ရှာဖွေနေတဲ့ Vera ဟာ ခိုးယူမှောင်ခိုကူးခံလိုက်ရတဲ့သားတစ်ဖြစ်လည်း ကလေးမရနိုင်တော့လို့ ကလေးမွေးစားဖြစ်ခဲ့တဲ့ Cora ဆိုသူအမျိုးသမီးရဲ့ မွေးစားသားအဖြစ် Egoz တို့ဟာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခုလိုတွေ့ဆုံဖြစ်ကြရင်း Vera က သူရဲ့နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ မှောင်ခိုသမားတွေကို လက်စားချေဖို့ကြိုးစားရမှာပါ။ ဒီလိုနဲ့ Vera ရဲ့အကြံအစည်တွေဟာ အောင်မြင်သွားမလား သူတို့သုံးယောက်ကရော ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကြည့်ရှုရင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုရဲ့ နောက်ကွယ်က ဆိုးရွားတဲ့အကြောင်းအရာတချို့ကို တစေ့တစောင်းသိရှိနိုင်မယ့် စပိန်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien Cho

0 2024
Foremost by Night
Pumpkinhole

IMDb rating – 5.9/10 ဒီကားကို reviewပေးသူတွေက underratedဖြစ်နေတဲ့ Indie Gemဟော်ရာကားလို့ပြောကြပါတယ်။ Pumpkinholeကို ရိုးရှင်းတဲ့၀မ်းနည်းစရာဇာတ်လမ်းနဲ့စတင်ထားပါတယ်။ ဒါပေမဲ့ ဇာတ်ကြောင်း အနည်းငယ်ရှင်းလင်းလာတဲ့အခါမှာတော့ လူ့စိတ်ရဲ့ရှုပ်ထွေးမှုတွေနဲ့အတူ ပိုနက်ရှိုင်းတဲ့ဇာတ်ကြောင်းနဲ့တကွ နောက်ဆုံးဇာတ်၀င်ခန်းအထိကို ခန့်မှန်းရခက်တဲ့ မေးခွန်းတွေကိုချန်နိုင်ခဲ့တဲ့ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ – နစ်က ဘေ့စ်ဘောကစားသမားဟောင်းတစ်ယောက်ပါ။ မနှစ်က ဟောလိုး၀င်းမှာ ကလေးတစ်ယောက်ကိုကားတိုက်ပြေးမိပြီး တောထဲမှာအလောင်းဖျောက်လိုက်ပါတယ်။ ဒီနှစ်လည်း ဟောလိုး၀င်း နီးလာတဲ့အချိန်မှာ ဖရုံသီးတစ်လုံးနဲ့အတူ တခြားအမြင်အာရုံတွေမြင်လာပါတယ်။ အဲဒါက သူ့ရဲ့အပြစ်အတွက် လိပ်ပြာမလုံတဲ့စိတ်ကြောင့် ထင်ယောင်ထင်မှားဖြစ်တာလို့ နစ်ထင်ခဲ့ပေမဲ့ တခြားအရာတစ်ခုကနေ သူ့ကိုအမှားပြင်ဖို့အခွင့်အရေးပေးနေတာဆိုတာ သူသိမြင်လာတဲ့အခါ နစ်ဘယ်လိုရွေးချယ်မလဲ ကြည့်ရှုရမှာပါ။ File size…(1 GB)/(736 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Comedy • Drama • Romance
0 2024
Pumpkinhole