YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hello, My Love E02 CM.mp4

259.82 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
Hard Shell, Soft Shell
7.4

IMDb Rating - 6.3/10 Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင် လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီး ကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့ တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက် စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင် သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။ အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော် အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့ မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်....။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.74 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM

7.4 2021 99 mins
Hard Shell, Soft Shell
Unlocked
7.5

ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်က သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါဝင်တဲ့ ဖုန်းကျပျောက်သွားရာမှ ပြန်ရလာတဲ့အခါမှာ ဖုန်းက အရင်လို မဟုတ်‌တော့ဘဲ တစ်ခုခု ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်... အဲ့ဒီပြောင်းလဲမှုတွေကြောင့်ပဲ သူ့ရဲ့ဘဝက ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လာရတယ်... အဲ့ဒါတွေက ဘာကြောင့်များလဲ သူ့ဖုန်းကရောဟက်ခံလိုက်ရတာလား ဘယ်တုန်းကလဲ ဘယ်သူဟက်ခဲ့တာလဲ မေးခွန်းတွေနဲ့ ဘယ်နေရာသွားသွား တစ်ယောက်ယောက်က ဖုန်းကနေတစ်ဆင့် စောင့်ကြည့်နေသလို ခံစားရတဲ့ အဲဒီအမျိုးသမီး... နောက်ဆုံးကျရင် ဘယ်လိုဖြစ်သွားမလဲ တရားခံကိုရော ရှာတွေ့သွားမလားဆိုတာကိုတော့ ..... Unlocked ရုပ်ရှင်ဇာတ်ကားက ၂၀၂၃ တောင်ကိုရီးယား သည်းထိတ်ရင်ဖို Netflix ဇာတ်ကားဖြစ်ပြီးတော့ Kim Tae-joonက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားသော ဇာတ်ကားဖြစ်တယ် Cast တွေအနေနဲ့ Chun Woo-hee Im Si-wanနဲ့ Kim Hee Wonတို့ ပါဝင် သရုပ်ဆောင်ထားပါတယ် File Size :(1.6GB) &(643 MB) Quality :WEB-DL1080P5.1Ch,  720p Format…mp4 Duration…01:57:00 Genre : Crime ,Myster, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn,  Tiff & Miri Encoded by Phyo Pyae

Drama
7.5 2023 117 mins
Unlocked
WarHunt
5.1

၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ် တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်း တစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးက ဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်း ရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီး အတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက် လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန် ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့ အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊ အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေ ဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲ ဖြစ်ပါတယ်ဗျ။ File size…1.35GB / 564MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Romance
5.1 2022 93 mins
WarHunt
Love at First Kiss
6.2

Love at First Kiss (2023) ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော..... မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 578MB | 287MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2023 96 mins
Love at First Kiss
Unlock Your Heart – Open
6.6

Open / Unlock your heart / Hiraite (2021) ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲ အာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်… ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ် တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ် သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(2GB) / (750MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:01:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Documentary
6.6 2021
Unlock Your Heart – Open
Next Goal Wins
6.6

Next Goal Wins (2023) ~ IMDb – 6.6/10, RT – 44%, Meta – 44% ~ ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က “American Samoa” တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ဖြုတ်လိုက်တယ်။ ကျွန်းပေါ်ကနေ နည်းပြအသစ်ရှာဖို့လုပ်တယ်။ သူ့ထက်နည်းနည်းတော်တဲ့ သူ့မိန်းမကတော့ ကျွန်းပေါ်ကလူခန့်လို့ကတော့ ဒီပုတ်ထဲကဒီပဲလာမှာ ကောင်းကောင်းသိတော့ လူဖြူနည်းပြငှားခိုင်းတယ်။ နိုင်ငံတော်သစ္စာဖောက်ရာကျမယ်ဆိုပြီး သူ့လင်က မငှားချင်ပေမဲ့ မိန်းမရဲ့တစ်ချက်လွှတ်အမိန့်အတိုင်း ငှားလိုက်ရတယ်။ စားတာက သူ့သားက အဲဒီအသင်းက ဘောသမားဖြစ်သလို သူအလုပ်ထုတ်လိုက်တဲ့နည်းပြကလည်း သူ့အိမ်မှာတင်နေတာ။ ဒါကို Taika Waititi ကြီး စမိတ်ဆက်သွားတဲ့ပုံကလည်း မိုက်တော့မိုက်တယ်။ မထင်ထားကာမှ ကောက်ကောက်လုပ်ပြသွားတာ။ ဒီကားထဲ အဲဒီလိုအကွက်တွေ သူသုံးသွားတာမနည်းဘူး။ အဲဒီလိုအကွက်တွေက ရယ်ရတဲ့အခန်းမှာ ပိုရယ်ရသွားစေသလို ငိုရမယ့်အခန်းမှာလည်း ပိုငိုရအောင်အသက်သွင်းနိုင်ခဲ့တယ်။ Taika ရဲ့စကေးတစ်ပေါက် သျှမ်းသျှမ်းတောက်အောင် ပြသွားတယ်ပြောရမှာပဲ။ ဒီလိုနဲ့ သူတို့ဆီ Michael Fassbender ရဲ့ ဇာတ်ကောင် ဘောလုံးနည်းပြရောက်လာတယ်။ သူကလည်း အကောင်းတော့ရောက်လာတာမဟုတ်ဘူး။ ပြဿနာရှာလွန်းလို့ ဘယ်သူမှ မသွားချင်တဲ့နေရာကို ထိုးပို့ခံလိုက်ရတာ။ ဒီလိုနဲ့ အမေရိကန်ဆာမိုအာဆိုတဲ့အသင်းတစ်သင်းရဲ့ ဂိုးတစ်ဂိုးသွင်းဖူးချင်တဲ့ဆန္ဒလေးကို ဒီနည်းပြနဲ့ ဒီအသင်းသားတွေ အသက်သွင်းကြတာကို ကြည့်ရမှာပေါ့။ Next Goal Wins (2023) ဟာ သူရထားတဲ့ Rating တွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းနေတာ ထူးထူးခြားခြားဖြစ်နေတယ်။ ရှေ့ကထွက်ထားတဲ့ ဒီဖြစ်ရပ်မှန်ရဲ့ ဒိုကူမန်ထရီကြောင့်လားတော့မသိဘူး။ ဒါပေမဲ့ အာမခံလို့ရတာက ဖျော်ဖြေရေးအရရော၊ ရတဲ့ဖီလင်အရရော၊ ဟာသကားတစ်ကားအနေနဲ့ရော ဒီနှစ်ထွက်ထားတဲ့ မိန်းစထွင်းမ်က ကားကောင်းတွေထက်မနိမ့်ဘူး။ ဘောလုံးကားတွေကြိုက်တဲ့လူတွေဆို ရွှေပဲ။ တချို့အခန်းတွေဆို စတီဖင်ချောင်ရဲ့ ရှောင်လင်ဘောလုံးလို ပုံစံမျိုးတွေ့ရသလို Ted Lasso စီးရီးရဲ့ ပုံစံမျိုးလည်းတွေ့နေရတယ်။ ဆိုတော့ Taika က ဘောလုံးဟာသကားကောင်းတွေက အကွက်တွေကို ရောသမမွှေချလိုက်တာလည်းဖြစ်နိုင်တယ်။ သူကိုယ်တိုင် ဝင်သရုပ်ဆောင်ထားတဲ့ Narrator ဇာတ်ကောင်ကလည်း ထထဖောက်သေးတယ်။ ရယ်ချင်တယ်ဆိုရင်တော့ ပါးစပ်မစေ့အောင်ရယ်နေရမယ့် ကားမျိုးဖြစ်သလို ငိုချင်တယ်ဆိုရင်လည်း ကြည်နူးမျက်ရည်တွေ လှိမ့်ဆင်းလာမယ့်ကားမျိုးပါပဲ။ MCU ရဲ့ ပြင်ပမှာတော့ Taika ဟာ ကျွန်တော်တို့ကို စိတ်မပျက်စေခဲ့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 6.8GB, 2.35GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 44Min Genre – Comedy, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2023 104 mins
Next Goal Wins
The Good Neighbor
6.3

The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့ အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့ အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်း ကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။ သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာ အဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးက လူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလို နေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော် နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။ Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက် တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albert စမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Harold အပေါ်အသုံးချကြမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီး ကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့ အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကို ကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။ အရင်က အတိတ်ဇာတ်လမ်းဟောင်းတွေထဲက ရုန်းမထွက်နိုင်ဘဲ စိတ်ဝေဒနာရှင် အရက်ဂျိုးကြီးဖြစ်နေတဲ့ Harold နဲ့ အသိဉာဏ်နုနယ်ပြီး မရင့်ကျက်တဲ့ ကျောင်းသား လူငယ်လေးနှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဒီအဖိုးကြီးက ညညဆိုရင် မြေအောက်ခန်းထဲကို ဝင်သွားတာပြီးတော့ ဒီမြေအောက်ခန်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကျောင်းသားနှစ်ယောက်ဟာ မြေအောက်ခန်းထဲမှာ သူတို့သိပ်စိတ်ဝင်စားတဲ့အရာတခုကို ရှာတွေ့နိုင်ပါ့မလား။ Harold ကရော လူတွေနဲ့ ခပ်ကင်းကင်း နေထိုင်တာ ဘာကြောင့်လဲ၊ သူက Ethan ရဲ့မိဘတွေနဲ့ ဘယ်လိုရာဇဝင်ဟောင်းတွေရှိခဲ့တာလဲ ဆိုဝာာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာဖြစ်ပါတယ် File size…933MB / 392MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.3 2016 98 mins
The Good Neighbor
Gunner
6

ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင် Morgan Freeman ပါဝင်ပြီး မင်းသား Luke Hemsworth က အဓိက ဇာတ်ဆောင် Lee Gunner အဖြစ်ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ရုပ်ရှင် တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************** Lee Gunner က ဂုဏ်ပြုဆုတံဆိပ်ရ အမေရိကန်အထူးတပ်ဖွဲ့ စစ်ပြန်တစ်ဦးပါ။ သူက စစ်ပွဲတွေထဲမှာပဲအချိန်ကုန်နေခဲ့တာကြောင့် မိသားစုနဲ့ ဝေးကွာခဲ့တယ်။ သူအိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့သားတွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ပြီး အေးစက် နေခဲ့သလို ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းခဲ့ရပါပြီ။ တစ်ဖက်မှာတော့ ထောင်ကျနေတဲ့မူးယစ်ရာဇာ Kendrick Lyker နဲ့ သားဖြစ်သူ Dobbs တို့ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းက Gunner တို့ရဲ့ နယ်တဝိုက်မှာ ကြီးစိုးနေခဲ့တယ်။ စစ်ပွဲကနေ ပြန်လာပြီး ကလေးတွေနဲ့ ရင်းနှီးမှုယူဖို့ တောထဲကို Camping ထွက်လာတဲ့ Lee Gunner တို့အဖွဲ့ဟာ တောထဲကို ရောက်တဲ့အခါ မထင်မှတ်ပဲ မူးယစ်ဂိုဏ်းရဲ့ဆေးချက်ခန်းတစ်ခုနဲ့ တည့်တည့်တိုးမိပါတော့တယ်။ ပစ်ခတ်မှုတွေကြားမှာ ကလေးနှစ်ယောက်ဟာ မူးယစ်ဂိုဏ်းလက်ထဲ ရောက်သွားပြီးတော့ အဖေဖြစ်သူ Lee Gunner က သူ့ကလေးတွေကို ဘယ်လိုပြန်ကယ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှူစားကြရမှာပါ။ အက်ရှင် အတိုက်အခိုက် အသတ်အပုတ် တွေနဲ့ CGI ကောင်းကောင်းတွေ သုံးပြီး ဖန်တီးထားတာဖြစ်လို့ အနှစ်အပြည့်နဲ့ ခံစားကြည့်ရှုလိုက်ကြရအောင် ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Wil ဖြစ်ပါတယ် ) File size…1.77GB / 960MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 2024 90 mins
Gunner
Mon Mon Mon Monsters
6.3

ဒီဇာတ်ကားကတော့ တရုတ်ဇွန်ဘီဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုပြကွက်ကြမ်းတွေ ပါတာမို့ ရွံတတ်သူများ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ အတန်းထဲက အဆင့် ၁ ကျောင်းသားကို ကျောင်းလူမိုက် အဖွဲ့က အတန်းကြေးတွေခိုးပါတယ်လို့ စွပ်စွဲခံရ‌အောင်လုပ်ပြီး တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခဲ့ပါတယ်။ အဲဒီမှာအတန်းပိုင်က အဆင့် ၁သမားကိုရော ကျောင်းလူမိုက်တွေကိုပါ အဖွဲ့ဖွဲ့ပေးလိုက်ပြီး လူမှုကူညီရေးအလုပ်တွေ ဝင်လုပ်ဖို့ ဒဏ်ပေးလိုက်ပါတယ်။ သူတို့အဖွဲ့သွားလုပ်ရတဲ့ တိုက်ခန်းက လူသားစား မကောင်းဆိုးဝါးတွေ ရှိတယ်လို့ နာမည်ကြီးနေတဲ့ တိုက်ခန်းဖြစ်နေတာပါ။ အဲဒီတိုက်ကနေ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကို ဖမ်းမိလာပြီး လူမိုက်အဖွဲ့ပီပီ ပေါက်ကရနှိပ်စက်နည်းတွေ မျိုးစုံသုံးပြီး အဲဒီဇွန်ဘီမကောင်းဆိုးဝါးကို နှိပ်စက်ခဲ့ပါတယ်။ ထိုအခါဇွန်ဘီအစ်မဖြစ်သူက သူ့ညီမဇွန်ဘီကို လိုက်ရှာနေရင်းနဲ့ အထက်တန်းကျောင်းသားတွေရဲ့ လက်ချက်ဖြစ်ကြောင်း သိသွားတဲ့အခါ ကလဲ့စားချေ သတ်ဖြတ်မှုတွေ လုပ်လာလို့ ကိုယ်မွှေးခဲ့တဲ့မီးကို ကိုယ်ပြန်ငြှိမ်းရတော့မယ့် လူမိုက်အဖွဲ့နဲ့ အဆင့်တစ်ကောင်တို့ဟာ လူသတ်ဇွန်ဘီမနဲ့ ထိပ်တိုက်ရင်ဆိုင်ရ‌‌ပါတော့တယ်။ File Size : 1.6 GB, 811 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Comedy, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

Crime • Drama • Thriller
6.3 2017 110 mins
Mon Mon Mon Monsters
Juror #2
7.2

မင်းသားကြီး Clint Eastwood ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေက တွေးစရာရင်ခုန်စရာ Plot တွေနဲ့ Crime , Thriller အမှန်အကန်တွေကို ချပြတတ်ပါတယ်… ဒီ Juror 2 ဆိုတဲ့ ရုပ်ရှင်မှာလည်း Xmen ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသား Nicholas Hoult , J.K Simmons , Toni Collete စတဲ့ နာမည်ကြီး Actor တွေနဲ့ အားဖြည့်ထားတာဖြစ်လို့ သေချာပေါက် ကြည့်သင့်တဲ့ကားပါ…. ကိုယ်ဝန်သည်ဇနီးဖြစ်သူ အဲလီဆင်နဲ့ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတဲ့ ဆောင်းပါးရေးဆရာဂျက်စတင်ကန့်ဟာ ပြည်နယ်က ဂျူရီအဖွဲ့ဝင်လုပ်ပေးဖို့ တာဝန်ပေးလို့ မလုပ်ချင်လုပ်ချင်နဲ့ တရားခွင်တဲ့ သွားထိုင်လိုက်ရပါတယ်…ဒါပေမယ့် အမှုအကြောင်းကိုသိသွားတော့ သူ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခြောက်ခြားသွားစေတယ်… ကန်ဒယ်ကာတာနဲ့ ဂျိန်းစ်ဆိုက်ဆိုတဲ့ စုံတွဲက အောက်တိုဘာ ၂၅ ရက် အရက်ဘားတစ်ခုမှာ အရက်သောက် ရန်ဖြစ်ကြရင်း အပြန်မှာ ကောင်မလေးဖြစ်သူ ကန်ဒယ်က သေဆုံးသွားပါတယ်… အမှုအသွားအလာအရ ကောင်မလေးက မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ ညကြီးမှာ ချစ်သူနဲ့ ရန်ဖြစ်စကားများထွက်လာပြီး တစ်ယောက်ယောက်က မာကျောတဲ့အရာတစ်ခုနဲ့ ခေါင်းကိုရိုက်နှက်ပြီး ချောင်းထဲကျ သေသွားတာဖြစ်တယ်… ညမှောင်ပြီးမိုးတွေလည်းရွာ မျက်မြင်သက်သေလည်း မရှိတော့ အားလုံးက သူ့ရည်းစားကောင်လေး ဂျိန်းစ်ဆိုက်ကိုပဲ တရားခံအဖြစ် သတ်မှတ်ပြီး ဖမ်းလိုက်ကြတယ်… တကယ့်လူသတ်သမားက ဒီကောင်မလေးကိုကားနဲ့မတော်တဆ တိုက်မိပြီး သတ်သွားတဲ့ ဂျူရီအဖွဲ့ဝင် ဂျက်စတင်ကန့်ကိုယ်တိုင် ဖြစ်နေပါတယ်…သူကျူးလွန်ခဲ့တဲ့အမှုကို တစ်နှစ်အကြာမှာ ဂျူရီ လူကြီးအဖြစ် ပြန်ပြီး အပြစ်ဒဏ်ကိုဆုံးဖြတ်ပေးလာရတဲ့ ဂျက်စတင် တစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို စိတ်ဝင်တစား ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်……. File size… ( 4.5GB ) / (1.59GB) / (819MB ) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy, Thiha Yan Naing

Drama • TV Movie
7.2 2024 114 mins
Juror #2
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty
Offworld : Alien Planet
4.3

Offworld : Alien Planet (2024) ဒီဇာတ်လမ်းလေးကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို လူတွေရဲ့စိတ်အနေထားတွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတာမျိူးပါ။ ကမ္ဘာကြီးကပျက်စီးနေပြီ လူသားတွေအသက်ရှင်နေထိုင်ဖို့အာကာသကို နယ်ချဲ့ပြီး နယ်မြေသစ်ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ ခရီးသည်တွေကိုရေခဲခဲပြီး ဂြိုလ်တစ်ခုပေါ်အသွားမှာ အာကာသယျာဉ်ပျက်ကျပါတော့တယ်။ ဒီလိုနဲ့ ကွန်မန်ဒါတစ်ယောက် သူ့ရဲ့အဖွဲ့သားတွေရော ခရီးသည်တွေကိုပါကယ်တင်ဖို့ကြိုးစားရင်းနဲ့ အသက်ရှင်သန်ရပါတော့တယ်။ ပျက်ကျသွားတဲ့ဂြိုလ်ပေါ်မှာ လူတွေကသေပြီးရင် ဇွန်ဘီလိုလိုတွေပြောင်းကုန်တာကြောင့် ဘယ်လိုအခက်ခဲတွေကြုံရမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ အရမ်းကိုအားထည့်ထားတဲ့ရုပ်ရှင်မဟုတ်ပဲ cgiတွေကလည်း သိပ်တော့မကောင်းပေမဲ့ သူ့ရဲ့ပေးချင်တဲ့အဓိပ္ပာယ်ကိုတော့ သေချာထိမိနေအောင်ပေးနိုင်တာမို့လို့ အပျင်းပြေကြည့်ရင်တောင် အချိန်ဖြုန်းလို့ကောင်းတာတော့အမှန်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.3 GB) / (690 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi Duration….01:33:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror
4.3 2024 92 mins
Offworld : Alien Planet
Demon Sealer Bureau

ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီး မှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကို မြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန်း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကို ညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကိုအသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ… သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီးပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့ အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့…သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာစိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော်

Thriller • Mystery
0 2022
Demon Sealer Bureau