YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Heartstrings(2011)EP1.NF.WEB-DL.1080P(CM).mp4

2.6 GB N/A video/mp4 164 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chokher Bali
7.2

ဒီကားက အရှ်ရိုက်ဖူးတဲ့ တခြားဇာတ်ကားတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ စရိုက်မျိုးကို မြင်တွေ့ရမှာပါ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးမှ ယောက်ျားဖြစ်သူဆုံးသွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင်အောင်ပုံဖော်ထားတဲ့ ကားလေးပါ... ရှေးယခင် အိန္ဒိယမှာက လင်သေသွားရင် မယားကို လင်နဲ့အတူမီးရှို့သတ်ပစ်တာ နောက်အိမ်ထောင်ပြုလို့မရတာ ဟိုဟာမစားရ ဒီဟာမစားရ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ စတဲ့ အယူသည်းမှုတွေရှိခဲ့တယ်... ဒီဂယက်က လွတ်လပ်ရေးမရခင် အစောပိုင်းကာလတွေအထိကို ရိုက်ခတ်လာခဲ့ပါတယ်.. ဘီနိုဒီနီဆိုတဲ့ လုံမပျိုလေးကတော့ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ယောက်ျားဖြစ်သူဆုံးပါးသွားလို့ မုဆိုးဖြစ်ခဲ့ရပါတယ်..အရွယ်ကောင်းတုန်းမှာ လင်ယောက်ျားမရှိတဲ့အတွက် စိတ်ခံစားချက်ပေါင်းများစွာနဲ့ ခန္ဓာကိုယ်ရဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရပါတယ်... ဒီလိုနဲ့ သူမဟာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ စိတ်ခံစားချက်တွေ ဖလှယ်မိလာတဲ့အခါ...။ မျက်ကန်းနွံထဲ ခြေစုံပစ်ခဲ့ရပုံတွေကို ဒီဇာတ်ကားမှာ သေသေသပ်သပ် ဖေါ်ပြပေးထားလို့ အမြင်ကျယ်စေမှာအမှန်ပဲ ဖြစ်ပါတယ်နော်... File size…2.4GB / 1.01GB Quality…1080p WEB RIP / 720p WEB RIp Format…Mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Music • Romance
7.2 2003 167 mins
Chokher Bali
Glass Onion: A Knives Out Mystery
7.1

ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။ Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။ Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။ စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖို့ပေါ့လေ၊ အဲဒီအတွက် နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။ အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့ ဆက်ကြည့်ရမှာပါပဲ။ ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို့ ကြိုက်ကြမှာပါ။ File size…3.2GB / 1.3GB  Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Comedy • Horror
7.1 2022 140 mins
Glass Onion: A Knives Out Mystery
Ghost Writer 2
7

(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။ နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။ မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ... Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size          : 1.5GB, 630MB, 334MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 56mins Genre              : Drama, Comedy, Horror Translated by Ko Myo (Kop) Encoded by Kinnov

Drama • Horror • Thriller
7 2022 115 mins
Ghost Writer 2
Gully Boy
7.4

IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့... အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်..... မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်.... တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီး ဆရာဝန်မလေးပါ ...သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ၂ ဦး အချစ်ဇာတ်လမ်းကရော ဘယ်လို ဖြစ်သွားမှာလဲ ဇာတ်နာခဲ့တဲ့ မူရတ်တစ်ယောက် အမြဲငိုနေရတဲ့ သူ့အမေဖြစ်သူကိုရော ဆင်းရဲတွင်းက ကယ်တင်နိုင်ရဲ့လားဆိုတာ ဆက်လက်ကြည့်ရှုကြပါ rap သီချင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ ဂီတကားကောင်းတစ်ခုပါ IMDB rating 8.4 ထိ ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွတ်တန်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်... File size…(6 GB) /(2.3 GB) / (1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mp4 Duration….02:34:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Phyo Pyae Translated by May Tharaphi Lwin & Aye Mon Kyaw

Action • Drama • History
7.4 2019 156 mins
Gully Boy
Tiger Mask
6.3

ဒီတစ်ခေါက် Channel Myanmar မှာတင်ဆက်ပေးမယ့် Movie ကတော့ Tiger Mask ဆိုတဲ့ New Hero Adventure ကားလေးပဲဖြစ်ပါတယ် ယူဂုံဖြောင်း ဆိုတဲ့ ဘဝမှာနေရတာကို ငြီးငွေ့နေတဲ့ သူ က ငယ်ငယ်က ကျားမျက်နှာဖုံး လိုမျိုးဖြစ်ချင်ခဲ့ပြီး ကျားမျက်နှာဖုံးပိုင်ရှင်ရဲ့ မျက်နှာအစစ်ကို သိတဲ့ တစ်ယောက်တည်း‌သောသူပါ တစ်နေ့မှာ သူ့အမေဆုံးသွားပြီး နောက်ရက်အနည်းငယ်ကြတော့ သူ့ကို အားပေးပြီး ပညာတွေသင်ပေးတဲ့ ဂျီယာ့ဆာ က အဘိုး ဆုံးသွားပါတယ် အဲ့ အဘိုးမှာ ဘိုမီ ဆိုတဲ့မြေးတစ်ယောက်ရှိပါတယ် ဂုံဖြောင်းကို အဘိုး ပေးဖို့ထားခဲ့တဲ့ သေတ္တာလေးကို တစ်ယောက်တည်းဖွင့်ကြည့်ဖို့ အဘိုးရဲ့ မြေး‌မလေးကို မှာခဲ့ပါတယ် ဂုံဖြောင်း ဖွင့်ကြည့်လိုက်ပြီး ကျားမျက်နှာဖုံး ကို တွေ့သွားတော့..... ဂျီယာ့ဆာကို လိုချင်နေကြတဲ့ ဂျပန်လူမျိုးတွေ လုတာကို မပါသွားအောင် ထိန်းလိုက်နိုင်လား? ဟီးရိုးမင်းသားကြီးရော နိုင်သွားပါ့မလား ... အက်ရှင်ဆန်ဆန် ဟာသလေး‌နှောပြီး အခွီအကြမ်းလေး ကြည့်ချင်ရင် ဒီကားကို ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Htet Eaindray Khin ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy Quality….WEB-DL 1080p and 720p and 360p File size…1.3GB and 808MB 259MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Htet Eaiindray Khin Encoder ..... August

Comedy • Drama • Family
6.3 2021 97 mins
Tiger Mask
The Hustle
6.2

2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ … ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့ အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ … ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့ နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့ တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာ ရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်… ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့ Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)

Horror • Thriller
6.2 2019 94 mins
The Hustle
The Unbeatable
6

CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။ ၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။

Crime • Drama • Thriller
6 2021
The Unbeatable
In Your Eyes
6.9

Genre – Fantasy, Romance IMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ် ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲက တစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျ Lake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ Time Traveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ် ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုး တစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင် ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာ ကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊ အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင် အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကား ဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ ရှိပြီး သူ့ကားတွေကတော့ စာအုပ်ထဲက အသက်ဝင်လာတဲ့ Ruby Sparks တို့ ရောဂါသည်လေးနဲ့ ဟာသလူပြက်အကြောင်း ရိုက်ထားတဲ့ Big Sick တို့ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင် ကောင်လေးနဲ့ ကောင်မလေးပေါ့နော်။ ကောင်လေးကကျ ဖောက်ထွင်းမှုတွေကြောင့် ထောင်ကျထားပြီး လက်ရှိမှာတော့ ခံဝန်နဲ့ အစိုးရက ပေးထားတဲ့အလုပ် လုပ်နေပြီး ဘဝကို လိမ်လိမ်မာမာနဲ့ ဖြတ်သန်းနေရတာပေါ့။ ကောင်မလေး ကကျ အရာအားလုံးကို ကြောက်ရွံတဲ့စိတ်လေးရှိပြီး ဆရာဝန်အစ်ကိုကြီးကို အားကိုးဖို့ ယူထားတာပေမဲ့ သူ့ရဲ့ အလိုတော်ကျ လိုက်ကပြရတဲ့ ရုပ်သေးမလေးလိုသာ နေနေရတဲ့ဘဝပေါ့။ ဒီလိုနဲ့ နှစ်ယောက်သား ကျွန်တော် အပေါ်မှာရှင်းပြခဲ့သလို ချိတ်ဆက်မိပြီး အချင်းချင်း ရင်တွေဖွင့် ခင်မင်ရင်းနှီးလာကြတယ်ပေါ့လေ။ ကောင်မလေးက အိမ်ထောင်သည် ဆိုတော့လည်း ကောင်လေးက စိတ်ရှိသော်ငြားလည်း စည်းမကျော်ရဲ ဘူးပေါ့။ ဒါပေမဲ့ တဖြည်းဖြည်း သံယောဇဉ်တွေက ပိုမိုတိုးပွားလာပြီး တစ်ဦးအတွက် တစ်ဦးဖြစ်တည်နေပေးရတာကို သိလိုက်ကြတဲ့အခါမှာတော့….။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ ပေါင်းစပ်နိုင်ကြပါ့မလား၊ တစ်ယောက်ချင်းစီရဲ့ ဘဝအခက်အခဲပြဿနာတွေကိုလည်း ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ စွန့်စားကြမလဲဆိုတာကို ရိုမန်တစ်ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်တေးထဲကဆိုလည်း ဇာတ်ကားတစ်ဝက် လောက်မှာ ထည့်ထားတဲ့ Trouble I’m In ဆိုတဲ့ သီချင်းလေးက တော်တော်ကောင်းတာမို့ ကျွန်တော်ဆို ခုထိ နားထောင်ဖြစ်နေတုန်းပါ။ ခံစားနိုင်ကြပါစေ…..။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကThura Aung ဖြစ်ပါတယ် ) File size…1.82GB / 797MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.9 2014
In Your Eyes
One Day
7

One Day (2011) ~ IMDb rating – 7/10 ~ One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။ သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။ “အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…” ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ… “ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…” Goodbye ကမ္ဘာရဲ့အတွင်းထဲ နစ်ဝင်သွားသလို သိပ်ရင်းနီးဖူးသော ဘဝကို နှစ်ဦးသားရဲ့တစ်ရံတခါဆီမှာ အမှားတွေဟာလည်း လွမ်းစရာရယ်လို့ ဒီလိုတိုင်းသာဆို… ငါဟာ မင်းအမှားဖြစ်နေခဲ့တာ ရှေးလွန်လေခဲ့ပြီးသော ဘဝများစွာ။ Ref – ” ” – ကတ္တီပါလွမ်းချင်းမှ ” ” – မေမြို့မိုးမှ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 630MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 47Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7 2011 107 mins
One Day
Trauma Therapy: Psychosis
4

Trauma Therapy: Psychosis (2023) ========================= တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1 GB) / (359 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Ngwe Zin Encoder……….SWM

Crime • Drama • Mystery • Thriller
4 2023 82 mins
Trauma Therapy: Psychosis
Under the Boardwalk
7.3

Under the Boardwalk (2023) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး‌ လောကကြီးကို ရင်ဆိုင်ရဲဖို့ ဘာညာ ပညာပေးမက်ဆေ့နည်းနည်းထည့်ပြီး ရိုမီရို ဂျူးလိယက်ဇာတ်ကို အသက်သွင်းထားပါတယ်။ ဒီလိုဆိုလို့ ပျင်းစရာကောင်းမယ်လည်း မထင်ပါနဲ့။ ဟာသတွေလည်း ဖောဖောသီသီထည့်ပြီး ကြည့်ရှုသူကို ဆွဲဆောင်ထားတယ်။ Rotten Tomatoes – 90% ရထားတာမို့ ပေါ့သေးသေးကားတော့ မဟုတ်ပြန်ပါဘူး။ကိုယ်တိုင်ပဲ အပျင်းပြေကြည့်ကြည့် ကလေးတွေကိုပဲပြပြ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရအဆင်ပြေမယ့် ကာတွန်းရုပ်ရှင်လေးပါပဲ။ ဒီနှစ်ထဲထွက်တဲ့ ကာတွန်းရုပ်ရှင် လန်းလန်းလည်း သိပ်မရှိသေးဘူးဆိုတော့ ဒီရုပ်ရှင်ဟာ ဒီနှစ်ရဲ့ကာတွန်းရုပ်ရှင်ကွက်လပ်ကို ဖြည့်ပေးနိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်သလို ကာတွန်းရုပ်ရှင်ကောင်းကောင်းမျှော်နေတဲ့လူတွေအတွက် အများကြီးမဟုတ်တောင် အဆာတော့ပြေစေမယ့် ကာတွန်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 935MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 23Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
7.3 2023 83 mins
Under the Boardwalk
Mercy Road
4.1

Mercy Road (2023) ============== ညအမှောင်ထဲမှာ တွမ်တစ်ယောက် အလောတကြီးကားမောင်းနေတယ်။ တွမ့်အရင်မိန်းမရဲ့အိမ်မှာ တွမ့်သမီးရဲ့ပထွေး(မိန်းမရဲ့နောက်ယောက်ျား) အလောင်းကို ရဲတွေတွေ့တော့ တွမ့်ကိုလိုက်ရှာကြတယ်။ သူ့သမီးလေး ရူဘီလည်း ပျောက်ချင်းမလှပျောက်နေပြီး ‌ရဲတွေက ရူဘီ့ကို တွမ်ခေါ်သွား တယ်လို့ထင်နေကြတယ်။ တွမ် ကားမောင်းရင်း ဖုန်းပြောနေတဲ့ လူ(၅)ယောက်ရှိတယ်။ အလုပ်ကဖုန်း ရယ်၊ သူ့အရင်မိန်းမရယ်၊ ရဲစခန်းရယ်၊ သူ့သမီးကို ကူရှာပေးနေတဲ့ သူ့သမီးရဲ့ ကောင်လေးရယ်၊ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ Unknown ဖုန်းတစ်လုံးရယ်။ Unknown ဖုန်းနံပါတ်ရဲ့တစ်ဖက် ပဟေဠိဆန်တဲ့ယောက်ျားက “ခင်ဗျားသမီး အသက်ရှင်စေချင်ရင်…”ဆိုတဲ့ စကားနဲ့ တွမ့်ကို ကြိုးကိုင်ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.3 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

4.1 2023 85 mins
Mercy Road
Super Nani
4.8

Super Nani (2014)”တုနှိုင်းမဲ့မေတ္တာ” ============================= 3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2014 133 mins
Super Nani
The Black Dahlia

The Black Dahlia (2006) *********************** ခုတခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ The Black Dahlia ဆိုတဲ့ Crime/Thriller အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်…၁၉၄၇ ခုနှစ်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ The Black Dahlia မှုခင်းအပေါ် မှီငြမ်းဇာတ်အိမ်တည်ရေးထားတဲ့ဝတ္ထုကို ဒါရိုက်တာကြီး Brian De Palma က ရုပ်ရှင်အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်… ယင်းဒါရိုက်တာ Brian De Palma ဟာဆိုရင် နာ‌မည်ကျော်ရုပ်ရှင်ကားများဖြစ်တဲ့ Carrie(1976), Dresses to Kill(1980), Scarface(1983), The Untouchables(1987) နဲ့ Mission: Impossible (1996) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနက လက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်း မမျှော်လင့်ထားတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်… အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်… ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ မိန်းမငယ်လေး Elizabeth Short အမှုပေါ်ပေါက်လာပြီး ရဲဌာနတစ်ခုလုံး ခေါင်းရှုပ်ရပါတော့တယ်…တပြိုင်တည်းမှာ Lee ကိုင်တွယ်ဖမ်းဆီးခဲ့တဲ့ လူသတ်မှုတရားခံတွေကလည်း လွတ်ငြိမ်းခွင့်ရကာ လော့စ်အိန်ဂျလိစ်မြို့ဆီပြန်ရောက်နေခဲ့ပါတယ်… မိန်းမငယ်လေး သေဆုံးမှုအတွက် ၎င်းရာဇဝတ်သားများကို သံသယရှိသူ Bucky နဲ့ အပြည့်အဝကာကွယ်ပေးသူ Lee တို့ သဘောထားချင်းမတိုက်ဆိုင်ချိန်မှာတော့… ဒီရုပ်ရှင်ကားလေးဟာ ကျယ်ပြန့်ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေနဲ့ ဖွဲစည်းထားပြီး အမှုကနေအံချော် ကောက်ချက်ဆွဲနိုင်စရာဖြစ်ရပ်တွေနဲ့ ပုံဖော်ထားလို့ ဇာတ်ကားပြီးဆုံးချိန်နားထိ မြှုပ်ကွက်တွေရှာရင်း ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဇာတ်အိမ်ရှုပ်ရှုပ်ထွေးထွေးနှစ်သက်သူ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File Size : 2.05GB / 762MB Quality : BluRay 1080p 5.1ch / 720p Duration : 2hr Genres : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Thiha Htet Encoded by Heather Oo

0 2006 121 mins
The Black Dahlia
Ordinary Decent Criminal

Ordinary Decent Criminal ကားကတော့ ၂၀၀၀ ခုနှစ်တုန်းကထွက်ထားတဲ့ မင်းသားကြီး Kevin Spacey ရဲ့ criminal ကားဖြစ်ပါတယ်။ ဒီကားမှာ Colin Farrell , Stephen Dillane (GOT ထဲက စတန်းနစ်ဘရာသီယွန် သရုပ်ဆောင်တဲ့ မင်းသားကြီး) Christoph Waltz တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဘဏ်ဖောက် ရတနာတိုက် ဖောက်တာကိုမှ mastermind criminal ရဲ့ ရဲတွေကို အကွက်ရွေ့တာတွေ၊ ဥာဏ်ကောင်းတာတွေကိုရိုက်ပြထားတဲ့ Ireland နိုင်ငံမှာဇာတ်အိမ်တည်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မိုက်ကယ်လင့်ချ် ကဒဗ်လင်မြို့ရဲ့ အကြီးစားဂိုဏ်းသားတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ ရဲတပ်ဖွဲ့ (Gardaí) ကို စိတ်ညစ်စေတဲ့ ရဲရင့်တဲ့ ဓားပြတိုက်မှုတွေကြောင့် မြို့လူထုအတွက်တော့ သူရဲကောင်း တစ်ဦးအဖြစ်မြင်ခံရသူပါ။ပြီးတော့ သူ့မိသားစုဖြစ်တဲ့ သူ့ရဲ့ မိန်းမနှစ်ယောက် (နှစ်ယောက်ကလဲ ညီအစ်မဖြစ်ကြတဲ့ Christine နဲ့ Lisa) နဲ့ သားသမီးတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်နေတာကို ပြထားပေမယ့်၊ သူ့အလုပ်ကတော့ ရှုပ်ထွေးပြီးတော့အန္တရာယ်များတဲ့ ဘဏ်ဖောက်တာတွေ ဓားပြတိုက်တာတွေ ခိုးဝှက်မှုတွေ ဖြစ်ပြီး မိုက်ကယ်ကိုယ်တိုင်ကလဲ ရဲတွေကိုမုန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားက ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့အပြင် အစီအစဉ်တွေကိုလဲ နောက်ကွယ်ကနေစနစ်တကျ စီစဉ်ရတဲ့ ဥာဏ်ကြီးရှင် ရာဇဝတ်သား တစ်ယောက်ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဘယ်လိုမှ ဖမ်းလို့မမိအောင် နည်းမျိုးစုံနဲ့ ရှောင်ရှားရင်းနဲ့ နောက်ဆုံးမှာ ဖမ်းမိသွားမလား… မိန်မ ၂ယောက်နဲ့အတူတူပဲ မိသားစု ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမလားဆိုတာကို စိတ်ဝင်စားစွာ တင်ဆက်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း ကတော့ ကြည့်လို့တော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်။ Crime movies တွေကြိုက်တဲ့သူဆိုရင်တော့ ကြိုက်မယ်လို့ထင်ပါတယ်။ File size…(1.8 GB)/(941 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Drama • Romance
0 2000
Ordinary Decent Criminal