YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP58.WEB-DL.1080P(CM).mp4

738.22 MB N/A video/mp4 117 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sachertorte
7

ဗီယင်နာမြို့က ဆာဟာ ဆိုတဲ့ ကဖေးဆိုင်လေးမှာ နေ့လယ် ၃ နာရီရောက်တိုင်း ချစ်ရသူကို ထိုင်စောင့်နေတတ်တဲ့ ကောင်လေး တစ်ယောက်ရှိပါတယ် ကားလ်နဲ့နီနီဟာ ဘာလင်မှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး အကြောင်းကြောင်းတွေကြောင့် ဆက်သွယ်လို့မရ ဖြစ်သွားခဲ့ပါတယ် နီနီက ဗီယင်နာမြို့သူဆိုတာရယ် မွေးနေ့မှာ ဗီယင်နာမြို့က ဆာဟာကဖေးဆိုင်ကို နေ့လယ် ၃ နာရီတိတိမှာ အရောက်လာပြီး ဆာဟာတိုတာ(ဩစတြီးယား ချောကလက်ကိတ်) စားလေ့ရှိတယ်ဆိုတာရယ်ကိုပဲ သိတဲ့ ကားလ်အတွက်ကတော့ နေ့တိုင်း ဆာဟာဆိုင်ကို နေ့လယ် ၃ နာရီအရောက် ချီတက်ရပါတော့တယ် ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်လေတော့..... ရိုမန့်တစ်ဆန်လှတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ အချစ်ရဲ့သိမ်မွေ့မှု နက်နဲမှုတွေကို ခံစားကြည့်ရှုရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1.6GB| 852MB | 480MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Horror
7 2022 112 mins
Sachertorte
Crush
7.5

ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။ Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ အပျော်ဆုံး အချိန်က ဘယ်အချိန်လဲ စဉ်းစားရကြပ်နေခဲ့တယ်။ အချစ်ရေးကို ပြောရအောင်လည်း သူ ငယ်ငယ်တည်းက ကြိတ်ကြိုက်လာခဲ့တဲ့ ဂက်ဘရီရဲလာ ဆိုတဲ့ ကောင်မလေးက သူ့ကို အဖက်တောင် မလုပ်ဘူး။ ကျောင်းရဲ့ နံရံတွေ ကျောင်းပိုင် ပစ္စည်းတွေမှာ ပုံလိုက်ဆွဲတဲ့ အမည်မဖော်လိုသူ ကင်းပန်း ဆိုသူဟာ ပေ့ချ်ဖြစ်တယ်လို့ တစ်ကျောင်းလုံးက ထင်ကြတယ်။ တစ်နေ့ ကျောင်းအုပ်ရုံးခန်းမှာ ကျောင်းပိုင်ပစ္စည်း လက်သရမ်းမှုနဲ့ သူ့ကို ကျောင်းနားပစ်မယ်လို့ ပြောတဲ့အခါ CalArts ကျောင်း ဝင်ခွင့်မရမှာစိုးလို့ ကင်းပန်း ဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးပါ့မယ်ဆိုပြီး သဘောတူညီမှုယူခဲ့လိုက်ရတယ်။ ဒီလိုနဲ့ ပေ့ချ် တစ်ယောက် ကင်းပန်းကို ဖော်ထုတ်နိုင်မလား? CalArts ကျောင်း ဝင်ခွင့်ရဖို့ ကောင်းမွန်တဲ့ အနုပညာလက်ရာတစ်ခု ဖန်တီးနိုင်မလား? တစ်ဖက်သတ်အချစ်ကရော ဘာဖြစ်သွားမှာလဲ? ဆိုတာတွေကို သိရအောင် ဒီကားလေးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size           : 2.4GB, 873MB, 420MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format             : mp4 Duration          : 1hr & 32mins Genre               : Comedy, Romance Translated by Kit Encoded by Kinnov

Horror
7.5 2022 92 mins
Crush
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
Wicked City
6.7

(အသက်မပြည့်သေးသူများ လုံး၀ မကြည့်သင့်ပါ) IMDb 6.7/10 1987ထွက်တာဆိုတော့ မင်မင်တို့တောင်မမွေးသေးဘူးဗျ ဒါပေမယ့် old but gold ထဲမှာပါတဲ့ကားတွန်းပါ သိသလောက်တော့ Novel ခြောက်အုပ်ထွက်တဲ့ထဲက ပထမဆုံးအုပ်ကို anime movieထုတ်တာလို့ပြောတာပဲ တခုတော့ရှိတယ် မုဒိန်းကျင့်တဲ့အခန်းတို့ ဘုတဲ့အခန်းတို့မဟားဒယားများပါတယ် ပြီးတော့ Hentaiမဖြစ်ရုံတမယ် တကယ်ကိုကွက်ကွက်ကွင်းကွင်းပြတာတွေပါလို့ မိသားစုနဲ့ယောင်လို့တောင်မကြည့်မိပါစေနဲ့ နားရင်းအုပ်ခံရပါလိမ့်မယ် ငယ်ရွယ်သူများ တကယ်ကိုကြည့်ဖို့မသင့်ပါ ဇာတ်လမ်းအကျဥ်း ကမ္ဘာနှင့် မိစ္ဆာကမ္ဘာကြား စစ်ပွဲကို တားဆီးရန် ငြိမ်းချမ်းရေးသ​ဘောတူညီမှုယူထားတာဟာ နှစ်​ပေါင်းရာနှင့်ချီ၍ အသက်ဝင်ခဲ့ပြီး သ​ဘောတူညီမှုကို သက်တမ်းတိုးရန် သတ်မှတ်ထားသော်လည်း မကောင်းသော အင်အားစုများက ​ အနှောက်အယှက်​တွေ ​ပေးလာခဲ့ပါတယ်။ မိစ္ဆာအကိုက်ခံရသော လူသား Taki Renzaburo (Greg Snegoff) နှင့် Sexy demon Makie (Alexandra Kenworthy) တို့ဟာ ငြိမ်းချမ်း​ရေးကိုပျက်ပြား​စေတဲ့အ​ဖျက်အ​မှောင့်​တွေနဲ့ပတ်သတ်လာချိန်မှာ​တော့.....

Thriller
6.7 1987 82 mins
Wicked City
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Lover for a Day
6.7

Lover for a Day (2017) ~ IMDb – 6.7/10, Rotten Tomatoes – 82% ~ ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။ အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။ အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။ အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ‌ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။ ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။ ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် ‌အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။ တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။ ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။ ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။ ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 610MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.7 2017 76 mins
Lover for a Day
Holiday Harmony
6.2

ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင် တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာ သီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်.. ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာ မျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန် လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲ အချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလား ဆိုတာ … ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါ ခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ် အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။ File size…1.43 GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AOI

6.2 2022
Holiday Harmony
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
[18+] Sorority Sisters from Space
4.2

မာ့ဂ်ျနဲ့ အန်နီတာဆိုတဲ့ စာကြမ်းပိုးမလေးနှစ်ယောက် သူတို့ရဲ့ကောလိပ်နောက်ဆုံးနှစ်မှာတော့ အကြမ်းဆုံးအထင်ပေါ်ဆုံးဖြစ်အောင်လုပ်ကြမယ်ဆိုပြီး ဂမ်မာဖိုင်ဆိုတဲ့ ကျောင်းသူအသင်းဝင်ခွင့်ရအောင်လုပ်ပေမဲ့ ကျောင်းသူအသင်းရဲ့စမ်းသပ်ချက်ကြောင့် အခက်အခဲဖြစ်နေခဲ့ပါတယ်။ တစ်ညမှာတော့ ကြယ်ကြွေတာမြင်လို့ သူငယ်ချင်းနှစ်ယောက်ဆုတောင်းနေကြရင်း အာကာသယာဉ်ပေါ်ရောက်သွားခဲ့ပြီး ယာဉ်ပေါ်က ဂြိုလ်သားက သူတို့အိပ်မက်တွေ တကယ်ဖြစ်လာစေဖို့အတွက် ခပ်လန်းလန်းစော်လေးနှစ်ပွေအဖြစ်ပြောင်းလဲပေးလိုက်တဲ့အခါမှ မာ့ဂ်ျနဲ့ အန်နီတာတို့ရဲ့ ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB) / (625 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:46:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TMMT

4.2 2023
[18+] Sorority Sisters from Space
Peranmai
7.1

Peranmai ( 2009 ) “သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ” ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။ မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။ လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

7.1 2009
Peranmai
The Nature of Love
6.9

2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေး ကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက် ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့ သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမား ဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့် တာတွေကိုလုပ်မိပါတော့တယ်။ နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာ ပါတော့တယ်။ အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလား ဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင် တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ အမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိ မြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama • Romance
6.9 2023 110 mins
The Nature of Love
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead
Girls Will Be Girls
7.1

Girls Will Be Girls (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ဒီဇာတ်ကားလေးကတော့ 2024 ဒီဇင်ဘာလ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယ အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Preeti Panigrahi, Kani Kusruti ,Kesav Binoy Kiron တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Shuchi Talati ပါ။ ဇာတ်လမ်းအကျဉ်း အသက် 18 နှစ်အရွယ် Mira လေးဟာ သူ့ရဲ့ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းမှာ အတော်ဆုံးကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားခေါင်းဆောင်နေရာကိုပါ ရခဲ့ပါတယ်။ Mira ဟာ လူငယ်သဘာဝအရ စိတ်ကစားမှုတွေ ဖြစ်လာပြီးတော့ ဟောင်ကောင်ကပြောင်းလာတဲ့ Sri ဆိုတဲ့ကောင်လေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့်လည်း Mira ရဲ့ သိလိုစိတ်ပြင်းပြမှုတွေ ကလန်ကဆန်ပြုချင်မှုတွေ အရွယ်ရောက်လာမှုတွေက သူ့အမေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ လူငယ်သဘာဝ နဲ့ မိဘနဲ့ သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama • Crime • Thriller
7.1 2024 119 mins
Girls Will Be Girls
Choo Mantar
8.1

Choo Mantar 2025 (ချူမန်တရာအဖွဲ့နဲ့ မော်ဂန်စံအိမ်ကြီး) သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေးရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမိုလို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက်ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြတဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။ ဒီအခါမှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာတွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့ ……… ဒိုင်နမိုဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ……… နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီးကို ပြန်လာခဲ့တဲ့အခါ ……… ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Yunni ~ Cym ~ KKKZ~ ZweYan တို့ပဲဖြစ်ပါတယ်)

Comedy • Drama • Romance
8.1 2025 142 mins
Choo Mantar