YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP25.WEB-DL.1080P(CM).mp4

946.53 MB N/A video/mp4 165 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Switch
6.2

ဟိုးအရင်ကတည်းက ကိုယ်တွေကြိုက်ခဲ့ရတဲ့ မင်းသားကြီး Kwon Sang Woo ရဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးထွက်လာပါပြီနော် ဘတ်ဂန်းဟာ ချစ်သူကိုလက်လွှတ်လိုက်ရတဲ့နောက် အရမ်းကိုနာမည်ကြီးပြီး ပေါ့ပျက်ပျက်နေတတ်တဲ့ သရုပ်ဆောင်ဖြစ်လာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းဂျိုယွန်းကတော့ သူ့ဘေးမှာမန်နေဂျာအဖြစ်နဲ့ အမြဲထောက်ပံ့ပေးခဲ့ပါတယ် ဘတ်ဂန်းဟာ အရမ်းအောင်မြင်နေပေမဲ့ စိတ်ထဲမှာတော့ နောင်တတရားတွေရှိနေခဲ့တယ်.. အဲဒီတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့်လားပဲ သူအရင်ကလက်လွှတ်ခဲ့ရတဲ့ဟာတွေကို ပြန်ရလာပြီး နာမည်ကြီးဘဝကိုတော့ ဂျိုယွန်းကိုပေးလိုက်ရတော့တာပဲ Switch ဆိုပေမဲ့ အရင်ကြည့်နေကျ တခြားရုပ်ရှင်တွေလို ဝိညာဉ်ချင်း ခန္ဓာကိုယ်ချင်းလဲတာမဟုတ်ဘဲ ဘဝချင်းပါလဲသွားတဲ့ ဇာတ်လမ်းမို့ တစ်မျိုးတစ်ဖုံထူးခြားနေတာတော့ အမှန်ပါပဲ နာမည်ကြီးရာကနေ အရာမဝင်တော့တဲ့ဘဝရောက်သွားတဲ့ ဘတ်ဂန်းနဲ့ နာမည်ကြီးဖြစ်သွားတဲ့ဂျိုယွန်းတို့ရဲ့ အလွဲတွေကိုတော့ ရုပ်ရှင်ထဲမှာကြည့်ရင်း ရယ်မောလိုက်ကြပါဦးနော် Cast အနေနဲ့ကတော့ Kwon Sang Woo အပြင် မင်းသားကြီး Oh Jung Se, မင်းသမီး Lee Min Jung တို့လည်းပါဝင်ထားပါသေးတယ် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size…1.88GB | 850MB | 400MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Drama • Thriller
6.2 2023 113 mins
Switch
Bros
7

CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။ LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့‌ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်း‌တွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အယ်ရွန်ကတော့ သေတမ်းစာရှေ့နေတစ်ယောက် အဖြစ် လုပ်ကိုင်နေတဲ့သူ ဖြစ်ပြီး သူ့အလုပ်ကို ငြီးငွေ့နေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူလည်းပဲ ဘော်ဘီလို Relationship အတည်တကျ မချိတ်ချင်သူတစ်ဦးပါ။ အတည်တကျမရှိချင်တဲ့ သူတို့နှစ်ဦးသား အစမှာတော့ အပျော်ပဲ တွဲခဲ့ကြပြီးနောက်မှာ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်လာကြပါ တော့တယ်။ ဒါပေမယ့် ကြီးပြင်းရာအသိုင်းအ၀ိုင်းမတူတဲ့အခါမှာတော့ နှစ်ယောက်သား အဖုအထစ်လေးတွေရှိလာရင်း သူတို့ ရှေ့ဆက်ရင်ဆိုင် နိုင်မလား..ပြတ်သွားကြမလားဆိုတာကို ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ LGBTQ ဇတ်ာကားတစ်ကားဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင်တော့ LGBTQ ကွန်မြူနတီ ကလူတွေအနေနဲ့ ဒီဇာတ်ကားကို ကြိုက်တဲ့သူတွေလည်းရှိသလို ‌ဝေဖန်မှုတွေလည်းများခဲ့ပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်မို့ ပရိသတ်တို့ပဲ ကြည့်လိုက်ပြီး ဆုံးဖြတ်ကြည့်ကြပါဦး..။ File size…1.85Gb / 989Mb / 495MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:55:00 Genre...Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Comedy • Drama • Romance
7 2022 115 mins
Bros
Noroi: The Curse
6.8

"ဒီကားရဲ့ 1080p HD Version ဟာ မရှိ‌သလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။" ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်ရတယ် ကိုဘာယာရှိကိုယ်တိုင်လည်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ မှတ်တမ်းတင်ဗီဒီယိုရဲ့ ကျိန်စာကြောင့်လား တိုက်ဆိုင်မှုလားဆိုတာ ပရိသတ်တို့ပါ တွေးခေါ် ကြည့်ရှု ဖော်ထုတ်ရင်း ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း စိတ်ထဲ တစ်ခုခုစွဲကျန်ရစ်စေမယ့် ကား​ကောင်းလေးဖြစ်ပါကြောင်း... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Thriller
6.8 2005 115 mins
Noroi: The Curse
L-O-V-E...... Love
5.3

မင်းသမီးရှုကျီ Shu Qi, Vivian Hsu တို့လို ဟောင်ကောင်မင်းသမီး အချောအလှလေးတစ်သိုက်ကို တစ်ဝကြီးငမ်းလို့ရမယ့် ဟောင်ကောင်မော်ဒယ်ရှိုးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ဟောင်ကောင်ကိုယ်စားပြု မယ်ပြိုင်ပွဲအတွက်လာပြိုင်ကြပေမယ့် တကယ်တမ်းကျ ပိုက်ဆံရှိတဲ့ဘောစိတွေနဲ့ နီးစပ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အလှမယ်တစ်သိုက်... တစ်ရက်ကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှိနေပေမယ့် အလုပ်တွေ အရမ်းများတာကြောင့် လူမသိသူမသိဘဝကို ခဏသွားချင်နေတဲ့ လူငယ်သူဌေးသားလေး စူပါ .... အလှမယ်ပြိုင်ပွဲဝင်ပြိုင်ကြရင်း သူတို့ကြားထဲက အလွဲတွေကို ဟာသလေးတွေနဲ့ရိုက်ပြထားတဲ့ အခွီဇာတ်ကားလေးပါ။ ငယ်ဘဝက မမတို့ကို တစ်ဝကြီးငမ်းရမှာမို့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း။ File size…(3.9 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST & Jo Jo Va

Thriller
5.3 1997 96 mins
L-O-V-E...... Love
Nanpakal Nerathu Mayakkam
8.2

Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10 အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။ သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။ သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။ မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ ဘာကြောင့်လဲ… ဘာဖြစ်လို့လဲ… ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။

8.2 2022
Nanpakal Nerathu Mayakkam
Nuovo Olimpo
7.2

IMDb 7.2/10 Rotten Tomatoes 86% “ ငါတို့ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်သလဲ “ ဆိုတဲ့ဆရာအောင်ချိမ့်ရဲ့ စာအတိုင်းပါပဲ ။ အန်နီယာနဲ့ ပီယက်ထရိုတို့နှစ်ယောက်ကတော့ တစ်ခါလွဲတာ နှစ်ပေါင်း သုံးဆယ်ကြာခဲ့ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ 1970 ခုနှစ်ဝန်းကျင် အီတလီနိုင်ငံ ရောမမြို့က ဆေးကျောင်းသားလေးနဲ့ ရုပ်ရှင်ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ ။ ဇာတ်လမ်းကိုတော့ Nuovo Olimpo ဆိုတဲ့ ခေတ်ဟောင်းရုပ်ရှင်ရုံလေး တစ်ခုမှာ အခြေခံထားပါတယ် ။ အီတလီရဲ့ ရှုပ်ထွေးနေတဲ့ ဆန္ဒပြပွဲတွေကြားမှာ လူချင်းကွဲသွားတဲ့ သူတို့နှစ်ယောက် ဘယ်အချိန်မှ ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေ့ကြမလဲ ။ ဇာတ်ဆောင်တွေ အပြင် ဇာတ်ပို့ကာရိုက်တာတွေအထိ ချစ်ခြင်းတရားကို ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ကျူးထားတဲ့ အီတလီရုပ်ရှင်ကားလေးဖြစ်ပြီး Right Person Wrong Timing ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါရစေ ။ File size…1.12GB / 583MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Thriller • Drama
7.2 2023 112 mins
Nuovo Olimpo
National Secret Agent
5.6

ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။ သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်……

Romance • Music
5.6 2023
National Secret Agent
Romance with a Twist
6.7

Romance with a Twist (2024) ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 703MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2024
Romance with a Twist
My Husband’s Seven Wives
5.1

My Husband’s Seven Wives (2024) ========================== ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။ နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

5.1 2024 88 mins
My Husband’s Seven Wives
A Match for the Prince
6.2

A Match for the Prince (2023) ====================== IMDb Rating – 6.2/10 အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။ မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကြင်ယာရှာပေးရင်း အောင် သွယ်နဲ့မှ သံယောဇဉ်တွယ်မိသွားတဲ့အခါ အချစ်ကြောက်ရောဂါကနေ ရုန်းထွက်ပြီး နှစ်ယောက်လုံး ရွှေလက်တွဲသွားကြမလား ဒါမှမဟုတ် တော်ဝင်လက်ထပ်ပွဲမှာပဲ စီစဉ်ထားတဲ့အတိုင်း လက်ထပ်လိုက်ရမလား ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Aditi ဖြစ်ပါတယ်) File Size……….(1.39 GB) / (763 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Aditi Encoder……….SWM

6.2 2023 90 mins
A Match for the Prince
A Picture of Her
6.7

ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။ အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.7 2023
A Picture of Her
Enough
5.8

Enough (2002) =========== ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.8 2002 114 mins
Enough
Red vs. Blue: Restoration

Red Vs Blue လို့ခေါ်တဲ့ comic science fiction ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးကားပါ။ ဒီရုပ်ရှင်ထဲက စက်ရုပ်စစ်သားတွေက Xbox ရဲ့နာမည်ကြီး Game franchise တစ်ခုဖြစ်တဲ့ Halo ထဲကပါ။ ဒီစက်ရုပ်တွေမှာ အနီ နဲ့ အပြာဆိုပြီး နှစ်ဖက်ရှိကြတာပေါ့။ အနီတွေနဲ့ အပြာတွေက ဘယ်တုန်းကမှမတည့်ခဲ့ကြဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဆင်နွဲလာခဲ့ကြတာ နောက်ဆုံးမှာ အနီရောင်အဖွဲ့ထဲက စစ်သား လက်တဆုပ်စာလောက်ပဲကျန်တော့တဲ့အထိပေါ့။ တစ်နေ့မှာ အနီရောင်‌စစ်သားတွေကို အပြာရောင်စစ်သားတစ်ယောက်ကဆက်သွယ်လာပြီး စကြ၀ဠာထဲက အဆိုးရွားဆုံးဗီလိန်ကြီးက အဆိုးရွားဆုံးပုံစံနဲ့ပြန်ရောက်လာပြီး အားလုံးကိုသတ်ဖြတ်ဖြစ်တော့မယ့်အကြောင်း သတိပေးလာတဲ့အခါမှာတော့ အနီနဲ့အပြာတွေက မတူညီမှုတွေကို ဘေးချိတ်ထားပြီး Meta လို့ခေါ်တဲ့ ဗီလိန်ကြီးကို အတူ‌ပူးပေါင်းနှိမ်နင်းကြဖို့ ကြိုးစားကြရပါတော့တယ်။ File size…(1.8 GB)/(990 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Animation, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Red vs. Blue: Restoration
Kamla

ကမ်မလာရာဟစ်အယ်ဝမ်ဆိုသူကတော့ အမျိုးသမီးစိတ်ရောဂါကုဆရာဝန် တစ်ယောက်ပါ။ သူဟာ သူ့လူနာတွေနဲ့ ဖခင်အပေါ် ပြုစုစောင့်ရှောက်ပေးတာက လွဲရင် တခြားကိစ္စကို စိတ်ဝင်စားလေ့ မရှိသူပါ။ တနည်းပြောရရင် ဖခင်ကို ပြုစုရင်း သူနဲ့ သင့်တော်တဲ့ အိမ်ထောင်ရှင်ဖက်ကို ရွေးရင်းရွေးရင်း အခုထိ အိမ်ထောင်မကျသေးတဲ့ အပျိုကြီးပေါ့လေ။ ဒီလိုနဲ့ လူနာတွေကို ကုသပေးလိုက် အဖေကြီးကို စောင့်ရှောက်ပေးလိုက်နဲ့ တနေ့မှာတော့ လူ ၂ယောက်ကို တွေ့ဆုံမိရာကနေ ကမ်မလာ့ဘဝဟာ အရာရာပြောင်းလဲသွားပါတော့တယ်။ တစ်ယောက်ကတော့ အက်စမာလို့ခေါ်တဲ့ ပြစ်တန်ဆာ လူနာမလေးရယ်၊ နောက်တစ်ယောက်ကတော့ ယူဆက်ဖ်အက်ဇ်အဲယ်ဒင်လို့ခေါ်တဲ့ စာရေးဆရာရယ်ပါ။ ထိုသူ ၂ယောက်ကိုတွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲ … ပြောင်းလဲခြင်းမျိုးကရော ဘယ်လိုပြောင်းလဲခြင်းမျိုးနဲ့ ပြောင်းလဲသွားမှာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခုရုပ်ရှင်ရဲ့plotဟာ ရုပ်ရှင် တစ်ခုအနေနဲ့ ရိုးရှင်းလှပေမယ့် တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေရဲ့ဘဝတွေကို မျက်ဝါးထင်ထင် အမိအရ ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသက်၄၀အထိ အိမ်ထောင်မပြုရသေးလို့ မင်္ဂလာဆောင်ဖို့ အဒေါ်ရဲ့ဖိအားပေးခံရမှုတွေ၊ ကမ်မလာ့အကြောင်း ပေါက်တက်ကရတွေပြောတဲ့ အဖေ့ဘက်ကအမျိုးတွေ၊ ဝထ္တုစာအုပ်ထဲမှာ တည်ရှိတဲ့ ယောကျ်ားတွေနဲ့ အပြင်လောကမှာ တကယ်ရှိနေတဲ့ ယောကျ်ားတွေရဲ့ကြီးမားတဲ့ ကွာခြားမှုတွေကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်ကို ကြည့်ရှု့ပြီးရင် ဖြစ်လာမယ့်ခံစားချက်ကို ခိုင်းနှိုင်းဖော်ပြရရင် နေကောင်းဖို့အတွက် ဆေးခါးကြီး တစ်ခွက်ကို သောက်လိုက်ရသလိုပါပဲ။ အမှန်တရားက ခါးတယ်၊ လက်တွေ့က ခက်ခဲတယ် ဒါပေမယ့် အရာအားလုံးက ကောင်းလာဖို့အတွက်ပါပဲ။ အညွှန်းနှင့်ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MKKW

0 2022
Kamla
Unit 234
5.8

Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသမီးက ပရိသတ်တွေ ရင်းနှီးပြီးသား Orphan ဇာတ်ကားထဲက အက်စသာအဖြစ် သရုပ် ဆောင်ခဲ့တဲ့ အစ္စဘယ်လာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း သူမရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင် အောင် သရုပ်ဆောင်ထားနိုင်တာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆင်ဗီးလ်က အစွန် အဖျားရပ်ကွက်မှာ မိသားစုအမွေ သိုလှောင်ရုံ ပိုင်ဆိုင် ထားတဲ့ လော်ရီစကိုင်လာဆိုတဲ့ ကောင်မလေးက ပိတ်ရက် နက်ရှ်ဗီးလ်မှာ ရှိတဲ့ သူ့ရည်းစားဆီ မွေးနေ့ အတွက် သွားလည်ဖို့ စီစဉ်နေပါတယ်။ ကံဆိုးချင်တော့ လေယာဉ်ချိန် နောက်ကျသွားတဲ့အပြင် သူ့ဝန်ထမ်း ကောင်မလေးက ရုတ်တရတ် ခွင့်ယူသွားတော့ သွားဖို့ အစီအစဉ် ပျက်သွားပါတယ်။ ရေယိုစိမ့်မှုဖြစ်နေတဲ့ သိုလှောင်ခန်း တစ်ခန်းကို သွားပြင်ရင်း အခန်းနံပါတ် ၂၃၄ ထဲမှာ သတိလစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတဲ့ အခါမှာ လန့်သွား ခဲ့ပါတယ်။ ဒီလူက ဘယ်သူလဲ….. ဒီလူကို ခေါ်ဖို့အတွက် သေနတ်တွေ ကိုင်ထားတဲ့ အဖွဲ့တွေက ရောက်လာတဲ့ အခါမှာတော့….။ ဇာတ်ကားအစကနေ အဆုံးအထိ ပျင်းရိစရာ အခန်း မရှိဘဲ ဇာတ်သိမ်းထိကို Twist ပါတဲ့ Thriller ဇာတ်ကားလေးမို့ ကြည့်ရတာ တန်ပါတယ်လို့‌ ပြောချင်ပါတယ်။ File size… (872 MB) / (563 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Comedy
5.8 2024 86 mins
Unit 234