YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP122 WEB-DL 1080P(CM).mp4

919.5 MB N/A video/mp4 72 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Suite Française
7.3

Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
7.3 2015 103 mins
Suite Française
To Catch a Killer
6.8

ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။ နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။ အယ်လနောကတော့ သာမန်ရဲတပ်သား။ မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။ သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။ အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။ တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။ မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။ လက်သည်ကတော့ တစ်ယောက်တည်းပဲ။ သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ သေနတ်သမားကတော့လွတ်နေတုန်းပေါ့။ သူတို့ကလည်း ငါ‌ဘာကောင်လဲပြရသေးတာပေါ့ဆိုပြီး ၂ ယောက်တည်းအမှုကိုဆက်လိုက်တယ်။ သဲလွန်စကတော့ လုံးလုံးကိုမ‌တွေ့ရတာ။ ဒါပေမယ့် သဲလွန်စ မရှိတာတော့မဟုတ်ဘူး။ အပိုင်းလေးတွေပြန့်ကျဲနေတာ။ အဲဒီအပိုင်းလေးတွေကို သူတို့၂ယောက် ဘယ်လိုပြန်ချိတ်ကြမလဲ... သေနတ်သမားကကောဘယ်သူဖြစ်နေမလဲ... နောက်ဆုံးအချိန်ထိဖမ်းမိသွားရဲ့လား... ဆိုတာတွေကို လှည့်ကွက်တွေ အက်ရှင်ဇာတ်ခန်းတွေနဲ့ စုံထောက်ကားပုံစံအတိုင်း ရင်တမမကြည့်ရှုရမှာပါ။ Snowden နဲ့ The Fault in Our Stars ထဲက မင်းသမီး Shailene Woodley အပြင် The Outsider, Ready Player One နဲ့ တခြားရုပ်ရှင်တွေမှာပါဝင်ထားပြီး ကျွန်တော်တို့နဲ့မစိမ်းတဲ့မင်းသားကြီး Ben Mendelsohn တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။ လောလောလတ်လတ်ထွက်ရှိထားတဲ့ရုင်ရှင်ဖြစ်တဲ့အပြင် ရဗျူးကောင်းကောင်းလေးတွေပါရထား‌တာကြောင့် မှုခင်းစုံထောက်ကားစောင့်မျှော်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.35GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 59Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • History
6.8 2023 119 mins
To Catch a Killer
Badrinath Ki Dulhania
6.4

မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။ Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော် ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။ သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူး ဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက် အိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်... ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကတော့...။ (ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ, မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ ) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ ခံစားတင်ဆက်ထားပါတယ်။) File size…(8.4 GB)/(2.4 GB)/(999 MB) Quality….BluRay 4K HEVC/1080p/ DVDrip 720p Format…mkv/mp4 Duration….02:19:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Than Htike Zaw Translated by Zaw Htoo

Drama • Romance
6.4 2017 139 mins
Badrinath Ki Dulhania
The Highway Family
6.8

Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။ နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။ အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လို‌ရှေ့ဆက်ဖြတ်သန်းကြမလဲ။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…2.2GB | 960MB | 459MB Format… mp4 Duration….2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August

Drama • Romance
6.8 2022 129 mins
The Highway Family
To the Moon
5.8

To The Moon (2021) ဝေးလံခေါင်သီတဲ့ တောတွင်းတစ်နေရာမှာ ဆေးစွဲနေလို့ ပြုတ်ခဲ့တဲ့ မင်းသားပြုတ်တစ်ယောက်ဟာ ဆေးဖြတ်ဖို့ အားယူနေတယ်။ သူ့မိန်းမက သူ့ကို အားပေးရင်း သူကလည်း သူ့မိန်းမထဲကို အားတွေပြန်ပေးရင်း နေလာလိုက်တာ ကံဆိုးချင်တော့ သူ့ဆီက နှစ်ပေါင်းများစွာက မတွေ့ခဲ့ရတဲ့ သူ့အစ်ကို ရုတ်တရက်ကြီး ရောက်လာတယ်။ သူ့အစ်ကိုရဲ့နောက်ကြောင်းကိုတော့ မရှင်းထားဘူးပေမဲ့ သူ့အစ်ကိုက ရူးနေသလိုလို ဘာလိုလိုပဲ။ သူ့မိန်းမကိုပါ ဆိုက်ကိုသွင်းပြီး ရူး‌ကြောင်မူးကြောင်ဖြစ်အောင်လုပ် သူ့ဘက်အရခေါ်ဖို့ကြိုးစားနေတဲ့ သူ့အစ်ကိုရဲ့ ရူးကြောင်မူးကြောင်အကွက်တွေအောက်မှာ ဆေးဖြတ်ဖို့ကြိုးစားရင်း ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ သူဟာ ရူးကြောင်မူးကြောင်အရာတွေနဲ့ ကြုံလာရတော့တယ်။ ဒီကားနဲ့ပဲ American Film Festival ဒါရိုက်တာ ဆုရထားတဲ့ ဒါရိုက်တာရဲ့ ကားသစ်လေးပါ။ ပုံမှန် Thriller ကားတစ်ကားထက်ပိုတဲ့ Ending တစ်ခုကို ခံစားရမယ့်အပြင် ကာရိုက်တာသုံးယောက်ကြားက Chemistry နဲ့ အားပြိုင်မှုကိုပါ ကောင်းကောင်းကြီး ခံစားကြပါလိမ့်မယ်။ Low Budget ပေမဲ့ အတော်လေးကို ကြည့်ရ အဆင်ပြေရုံတင်မက စိတ်ပါကျေနပ်မယ့် ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 635MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 23Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Science Fiction • War
5.8 2021 81 mins
To the Moon
[18+] Alexandra’s Project
6.5

IMDb Rating/(6.5) အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ… အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း….. (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်…) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။)

Romance • Science Fiction
6.5 2003 103 mins
[18+] Alexandra’s Project
The Unborn Soul
5.3

The Unborn Soul (2023) ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။ အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။ တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 668MB | 338MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.3 2023
The Unborn Soul
The Teachers’ Lounge
7.6

The Teachers’ Lounge (2023) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကားနာမည်နဲ့ လိုက်အောင်ပဲ ဒီရုပ်ရှင်မှာ ကျောင်းတစ်ကျောင်းရဲ့ ဆရာများနားနေခန်းထဲက ပြဿနာတွေကို အခြေတည်ပြီး ကျောင်းက ကလေးတွေ ကျောင်းကလူတွေနဲ့ ချိတ်ဆက်ပြသထားတယ်။ ကျောင်းတစ်ကျောင်းမှာ ခိုးမှုတွေဖြစ်နေတယ်။ ဒီခိုးမှုတွေက တော်တော်များနေပေမဲ့ ဘယ်သူလား ဘာလားလဲမသိရသေးဘူး။ ပိုက်ဆံတွေအများကြီးပျောက်သွားတာတွေလည်းရှိတယ်။ ဒီတော့ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်ရေးတွေပေါင်းပြီး ကလေးတွေကို စစ်ကြဆေးကြတယ်။ ဒီနောက် ကလေးတစ်ယောက်ကို မသင်္ကာလို့ မိဘခေါ်ပေမဲ့ မိဘက သူတို့ပေးလိုက်တဲ့ငွေတွေပါလို့ ပြောတဲ့နောက် ကလေးကို မတရားစွပ်စွဲသလိုဖြစ်ပြီး ဆရာမတွေ ကွိုင်တက်ကုန်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမက လျှို့ဝှက်ကင်မရာတပ်ပြီး သူခိုးဖမ်းဖို့ကြံတယ်။ ကျောင်းဝန်ထမ်းတစ်ယောက်ကို ရိုက်မိသွားတယ်။ ဒါပေမဲ့ စစ်တော့ စွပ်စွဲပါတယ်ဆိုပြီး ငိုပြီးယိုပြီး ကျောင်းကထွက်သွားတယ်။ ဒီနောက် ကျောင်းက အကုန်လုံးကို လိုက်စွပ်စွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ သတင်းတွေ မိဘတွေ ကလေးတွေကြား ပြန့်လာရာက ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆရာများနားနေခန်းထဲ ပြဿနာတွေဖြေရှင်းကြတဲ့အကြောင်းပေါ့။ မထင်ထားခြင်းများနဲ့ ဒီဇာတ်ဟာ ပြည့်နှက်နေတယ်။ မဖြစ်မနေဆိုတဲ့ အရာတွေမထည့်ဘဲ လိုအပ်တယ်ထင်တာတွေပဲ ပြသွားခဲ့တယ်။ ဒီကားက ရုပ်ရှင်ပွဲတော်ကြိုက်ကားမျိုးဆိုတော့ ဒီလိုအအေးစား ဒရာမာတွေကို မကြိုက်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူး။ ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်ကြမယ်ဆိုရင်တော့ ကြည့်လို့အရသာရှိတဲ့ ရုပ်ရှင်ပါပဲ။ စီနီမာတိုဂရပ်ဖီဆုတွေ မင်းသမီးဆုတွေ ဇာတ်ညွှန်းဆုတွေလည်း ရုပ်ရှင်ပွဲတော်တွေမှာ တစ်သီတစ်သန်းကြီးရထားတယ်။ သူ့ဇစ်မြစ်ဖြစ်တဲ့ ဂျာမန်က အကယ်ဒမီပေးပွဲမှာလည်း ဆုတွေတစ်သီကြီးရထားတဲ့ ဂျာမန်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Science Fiction
7.6 2023
The Teachers’ Lounge
Bad Blood
6.1

ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ….။ ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျ မင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ….။ မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကို အများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေ လက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်… အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့ သာစိတ်ကူးခဲ့ပါတော့တယ်…. ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ…။ ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရ အလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး… လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်… ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး…။ ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုက ဖမ်းခေါ်သွားတဲ့အခါမှာတော့… လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကို အက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ…။ File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror
6.1 2023
Bad Blood
I Love Lizzy
6

I Love Lizzy (2023) ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ။ ချစ်တိုင်းလည်း မညားကြပါဆိုတဲ့ ဇာတ်ကားကိုမှ ချိုချိုခါးခါးကြည့်ချင်ရင် ဒီဇာတ်ကားကို ကြည့်ရင်း သံဝေဂယူလို့ ရပါတယ်။ ဇာတ်လမ်းကတော့ ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုက လစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာက စပါတယ်။ သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့။ လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့ ဘယ်လိုအကြောင်းတရားတွေနဲ့ “လစ်ဇီကို ချစ်မလဲ” ဆိုတာ ကြည့်ရမှာပါ။ သရုပ်ဆောင်တွေလည်း ကောင်းကြပြီး၊ ဖိလစ်ပိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုအတွက် ဦးတည်ရိုက်ထားသလား မေးရအောင် cinematography လှလှလေးနဲ့ သူ့ကိုယ်ပိုင်ကာလာနဲ့သူ ကြည့်လို့ကောင်းနေတာပါပဲ။ သူ့တန်းနဲ့သူ ကြည့်ပျော်ရှိတာမို့ ခဏတာ စိတ်အပန်းပြေမယ့်ဇာတ်ကားအဖြစ် ညွှန်းပေးချင်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ် Genre….. Romance Quality…. 1080p | 720p File size… 1.6GB | 743MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6 2023
I Love Lizzy
13 Bombs
6.7

13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10) ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး… ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်… ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်… အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်… ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်… ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်… အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ… ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်… ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ထင်ထားတာထက် အများကြီးအဆင့်မြင့်ပြီး စနစ်တကျလှုပ်ရှားလို့ နေပါတယ်… ဒီလိုအခြေအနေဆိုးကြီးမျိုးကို ဗျူရိုက ဘယ်လိုတိုက်ဖျက်သွားမလဲ… တိုက်ရောတိုက်ဖျက်နိုင်မှာလား အကြမ်းဖက်အဖွဲ့ကပဲ သူတို့လိုချင်တဲ့ ပြည်သူအားလုံးတန်းတူညီမျှရေးကိုပဲ ဖော်ဆောင်သွားနိုင်မလား… ကြားထဲက ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ အော့စ်နဲ့ ဝီလ်တို့ရော ဘာဆက်ဖြစ်သွားကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.7Gb | 924MB Format… mp4 Duration…. 2h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
13 Bombs
The Million Dollar Hotel
5.7

The Million Dollar Hotel (2000) IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်း လော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။ သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။ တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။ အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။ မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါ သူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။ အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။ စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။ တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။ လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက် ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။ သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။ “ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။ လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ကိုလည်းပုံဖော်ပြထားပါသေးတယ်။ သဘောကျစရာကောင်းတဲ့ဇတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ကြည့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (2.3 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….02:02:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

5.7 2000 122 mins
The Million Dollar Hotel
Green Bones
7.2

ဖိလစ်ပိုင်တွေရဲ့ ရိုးရာအယူအဆတစ်ခုရှိတယ်.. လူတစ်ယောက်သေသွားပြီးတဲ့နောက်မှာ သူ့ရဲ့အရိုးပြာတွေထဲမှာ အရိုးစိမ်းလေးတစ်ခုတွေ့ရတယ်ဆိုရင် အဲ့ဒီလူဟာ ဘဝတစ်လျှောက်မှာ ကောင်းတဲ့အရာတွေလုပ်ပြီး ရှင်သန်ခဲ့တဲ့သူပဲတဲ့.. လူကောင်းတစ်ယောက်ပဲတဲ့..။ Green Bones ဆိုတဲ့ ဒီဇာတ်ကားကလည်း ဒီအယူအဆထဲမှာပါတဲ့ အရိုးစိမ်း(Green Bone)ဆိုတာကို အစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တိုတွေ လူတစ်ယောက်အကြောင်းကို ကြားလိုက်တာနဲ့ အဲ့လူဟာ ဘယ်လိုလူပါဆိုပြီး တန်းပြီးဆုံးဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးဟာ တစ်ခါတလေမှာ အကြီးအကျယ်မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အခုလို သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာပိုတောင်ဆိုးပါသေးတယ်။ သတင်းတစ်ပုဒ်.. စာတစ်ပုဒ်.. လူတစ်ယောက်ရဲ့ဇာတ်လမ်း.. ဒါကိုဖတ်လိုက်တာနဲ့ တန်းပြီး အမှန်လိုမယူဆသင့်ပါဘူး။ တခြားသော အထောက်အထားတွေရှာတာ.. တခြားသူတွေကရော ဒီအကြောင်းအရာအပေါ်မှာ ဘယ်လိုပြောနေကြလဲဆိုတာ နားထောင်သင့်ပါတယ်။ နားတစ်ဖက်ထဲနဲ့ နားထောင်တဲ့အခါမှာ ကိုယ်မကြားနိုင်တဲ့.. ကိုယ်မနိုင်တဲ့တစ်ဖက်မှာ အမှန်တရားရှိနေနိုင်ပါတယ်။ ကိုယ်သိထားတာကြီးကလည်း အမှားကြီးဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် စိတ္တဇဒွန်လိုခေါ်တဲ့ လူတစ်ယောက်က သူ့ညီမအရင်းကိုလည်း သတ်ခဲ့တဲ့အပြင်.. ကောလဟာလတွေအရ သူ့ညီမရဲ့ သမီးလေး.. သူ့တူမလေးကိုပါ သတ်ပြီး မြစ်ထဲမျော..အလောင်းဖျောက်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ယောက်ပေါ့။ သူ့တူမလေးရဲ့ အလောင်းကို မြစ်ထဲပစ်ချခဲ့တဲ့ တံတားပေါ်မှာပဲ သူ့ကိုဖမ်းမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့အချိန်မှာ သူက စိတ်ရူးဖောက်နေသလိုမျိုး ခြေဟန်လက်ဟန်တွေ မနားတမ်းလုပ်ပြနေခဲ့တယ်။ အဲ့လိုနဲ့ စိတ္တဇဒွန်ကို မနီလာမြိုစင်ထရယ်အကျဉ်းထောင်ကနေ သီးသန်းတစ်ကျွန်းထောင်ဖြစ်တဲ့ ဆန်ဖာဘီယန်အကျဉ်းထောင်ကို လွှပြောင်းထိိန်းသိမ်းထားခဲ့တယ်။ အဲ့လိုနဲ့ ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ မှုခင်းသိပ္ပံကျောင်းဆင်း အကျဉ်းမှူးအရာရှိအသစ်လေး ဂွန်ဂျဂါက အဲ့ဒီဆန်ဖာဘီယန်အကျဉ်းထောင်ကို တာဝန်ကျခဲ့ပါတယ်။ အကျဉ်းမှူးဂွန်ဂျဂါရဲ့ကလေးဘဝမှာတုန်းက သူ့အစ်မကို စိတ္တဇလူသတ်ကောင်တစ်ယောက်သတ်တာကို မေ့မရဘဲ စိတ်ဒဏ်ရာတစ်ခုရှိခဲ့သူပါ။ သူ့အစ်မအသတ်ခံရပြီးနောက်ပိုင်းမှာ “လောကမှာ လူကောင်းနဲ့လူဆိုးနှစ်မျိုးပဲရှိတယ်.. လူကောင်းနဲ့လူဆိုးကြားက တံတိုင်းတစ်ခုအဖြစ် ရပ်တည်မယ်” ဆိုတဲ့ ခံယူချက်နဲ့ မှုခင်းသိပ္ပံဘွဲကိုယူပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့သူပါ။ ဒီနှစ်ယောက်က ဆန်ဖာဘီယန်မှာတွေ့ကြတဲ့အခါ အတိတ်မှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကိုပြန်ပြီး တူးဆွမိခဲ့ကြပါတယ်။ အဟောင်းတွေ အသစ်ပြန်ဖြစ်လာတဲ့အခါ.. တိမ်မြုပ်နေတဲ့ အမှန်တရားတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ထောင်တွင်းအကြမ်းဖက်မှုတွေရှိနေတဲ့ အကြောင်းတွေကို တစ်ခုပြီးတစ်ခု စုံစမ်းနိုင်ခဲ့တယ်။ ဒီလိုနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းမှာ ဘယ်သူအမှန်.. ဘယ်သူကအမှားလဲ။ ဘယ်သူက လူဆိုး.. ဘယ်သူက လူကောင်းလဲ။ ဇာတ်လမ်းစိတ်ဝင်စားဖိုလည်းကောင်းသလို.. ဝမ်းနည်းဖွယ်ရာဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။ လူကောင်းနဲ့လူဆိုးဆိုတာကို ဘာတွေနဲ့သတ်မှတ်ကြတာလဲ။ ဘယ်ပေတံတွေနဲ့တိုင်းတာကြတာလဲ။ ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာတစ်ခုက လွဲချော်သွားခဲ့ရင်ရော ဆိုးတဲ့အရာတစ်ခုအဖြစ်ပြောင်းသွားနိုင်လား။ အတိတ်မှာမကောင်းခဲ့ဘူးဆိုတာနဲ့ပဲ.. နောင်တစ်ချိန်မှာရော လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ဘူးတဲ့လား..။ File Size… (2.00 GB) / ( 857 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

7.2 2025 100 mins
Green Bones