YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gentlemen of East 8th E16 (720p) CM.mp4

243.08 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Full River Red
6

IMDb Rating (6.5) / Rotten Tomatoes (100%) Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့ သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။ စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာ https://www.facebook.com/tianxiadiyi888888/  ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီး လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့ လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်း တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။ ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ - ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ.......။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ - ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊ လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊ သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့ စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် - ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့ စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် - စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင် ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့ တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။ Quality : WEB-DL 4K HEVC , 1080p , 720p , 480p Size : 5.5 Gb, 2.4 Gb, 900 Mb, 450 Mb Format : mp4 Genres : History , Drama , Comedy Runtime : 2h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Mr. Anderson and Chit Mya Mya Hmwe Encoded by LK

Drama
6 2023 157 mins
Full River Red
HELL DOGS
7.2

ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ... ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။ အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 2.6GB, 1GB, 515MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 18mins Genre              : Action Translated by Zwel Zan Aung Encoded by Kinnov

Comedy
7.2 2022 137 mins
HELL DOGS
The Omen
7.4

~ IMDb - 7.5/10, RT - 86%, Meta - 62% ~ တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး သူ့နေရာအစားဝင်ပြီး သွန်းရဲ့ စည်းစိမ်တွေကို အသုံးချပြီး ဒီလောကကြီးကို စေတန်လိုချင်တဲ့ ပုံစံအတိုင်းဖန်ဆင်းပစ်ဖို့ ရောက်လာခဲ့တာပါ။ ဒီရုပ်ရှင်ဟာ ဒေမီယံရဲ့ နိဒါန်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အိုမန်ဟာ Horror ကားပေမဲ့ ထူးထူးခြားခြား စီနီမာတိုဂရပ်ဖီရော အသံပိုင်းရော အတော်လေးလက်ရာမြောက်ပြီး Best Music Oscar ဆုကိုပါ ရခဲ့ပါတယ်။ ဒီလိုရတယ်ဆိုပေမဲ့ ကြုံနေကျ သရဲကားတွေလို အသံကို ဇွတ်ဆက်တွေ သုံးထားတာမဟုတ်ဘဲ လိုအပ်တဲ့နေရာမှာပဲသုံးပြီး အဲဒီလိုသုံးတဲ့အခါမှာလည်း ကြက်သီးထစရာကောင်းအောင် သုံးခဲ့တာပါ။ ရုပ်ရှင်ရဲ့ Theme Song ဖြစ်တဲ့ Jerry Goldsmith ရေးစပ်ထားတဲ့ "Ave Satani" ဟာလည်း အတော်အောင်မြင်ခဲ့ပါတယ်။ အိုမန်ကို လန်ဒန်မှာအဓိကရိုက်ခဲ့ပြီး ရောမ အီတလီ ဂျေရုဆလင်နဲ့ အစ္စရေးတို့မှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ To Kill A Mockingbird, Roman Holiday, Cape Fear တို့နဲ့ နာမည်ကျော်ခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Gregory Peck ဟာ ဒီကားကို ပိုပြီးထူးခြားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Remick ဟာလည်း ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကာရိုက်တာတွေဟာ ဒေမီယံရဲ့နေရာလောက် မခက်ခဲခဲ့ဘူး။ ဒီကားရဲ့ ဇာတ်သိမ်းပိုင်းမှာ Harvey Spencer Stephens ရဲ့ Damien သရုပ်ဆောင်ပုံဟာ ဒီလိုကျောချမ်းစရာကောင်းလွန်းတဲ့ကားရဲ့ အံ့မခန်း နိဂုံးဖြစ်သလို ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Ending တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုမန်ဟာ Jumpscare တွေကို အလွန်အကျွံမသုံးဘဲ အတိုင်းအတာတစ်ခုလောက်အထိသာ သုံးထားပေမဲ့ သူ့ဇာတ်ဝင်ခန်းတွေက တစ်ခန်းဆိုတစ်ခန်းဆိုသလို ရင်ထိတ်စရာကောင်းတဲ့အပြင်ကို ပဟေဠိတွေချန်ခဲ့နိုင်တဲ့ အတော်ကောင်းတဲ့ Storytelling နဲ့ ချပြထားတာပါ။ အိုမန်ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲ တစ်ခန်းဟာလည်း ကြောက်စရာအကောင်းဆုံး ရုပ်ရှင်အခန်းတစ်ရာမှာ နံပါတ် ၁၆ ချိတ်ခဲ့ပါတယ်။ Horror ကားလည်းဖြစ် Horror အငွေ့အသက်စစ်စစ်ကိုလည်းရနေရင်းမှ ဒီလောက်ကောင်းတဲ့ကားဆိုတာ အတော်ရှားပါလိမ့်မယ်။ (ဒီဇာတ်ကားအညွှန်းကို ရေးပေးထားသူကတော့ WiRa Aung ဖြစ်ပြီး ပြန်ဆိုပေးထားသူကတော့ 666 ဖြစ်ပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 51Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction
7.4 1976 111 mins
The Omen
Wanted
6.7

Wanted (2008) IMDb Rating (6.7) / Rotten Tomatoes (71%) တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ ဇာတ်လမ်းကတော့…. Spoiler Alert…. ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ် တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ် ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင် အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ် ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး သူတို့စခန်းရှိရာကို ခေါ်သွားပါတယ် အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဆလိုအန် [Morgan Freeman] နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် က ဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များ ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ် ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှ နောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီး လျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို သူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီး ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက် ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပေမယ့် ဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က တကယ့်ဇာတ်ရုပ်မှန်ကိုသိရှိသွားတဲ့အခါမှာတော့…..။ (ရုပ်ရှင်အညွှန်းကို Carey Nyein မှ ရေးသားပြီး ဘာသာပြန်ကိုတော့ Garfield မှ တင်ဆက်ထားပါတယ်။)

Drama
6.7 2008 110 mins
Wanted
Days of Happiness
6.8

Days of Happiness (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။ အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ… ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃ ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမယ့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဒေါင်းကြည့်လိုက်ကြပါဦးနော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023 118 mins
Days of Happiness
Catch That Kid

ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။ တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို အသုံးချပြီး သူ့အမေ ဒီဇိုင်းဆွဲပေးနေတဲ့ ဘဏ်ကို ဖောက်ထွင်းဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ သူတို့ ကလေးသုံးယောက် ဘဏ်ဖောက်ထွင်းမဲ့အစီအစဉ်က အောင်မြင်နိုင်ပါ့မလား သူ့အဖေကိုရော ခွဲစိတ်ပေးနိုင်ပါမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော သင်ခန်းစာရဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Family, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Drama • History
0 2004
Catch That Kid
Life Hotel
6

အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်… ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်… ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို… မိသားစုကလည်း လက်မခံ… ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး… ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး… နှိမ့်ချချင်ကြတယ်… ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်… ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်… ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ… သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား… ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား… နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

6 2024
Life Hotel
Ted Bundy

ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းက‌ေလး‌ေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အ‌ေတာ်ကြာငြင်းဆိုပြီး‌ေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။ တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။ များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ ” Handsome Devil ” တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှု‌‌ေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။ သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က Ted Bundy အနေနဲ့သရုပ်ဆောင်ပြီး Boti Bliss ကသူ့ရည်းစား Lee အနေနဲ့ပါ၀င်ထားပါတယ်။ တချို့အခန်းတွေက နည်းနည်းကြမ်းလို့ အတူကြည့်မယ်ဆို လူရွေးကြည့်ကြပါနော်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Comedy • Drama
0 2002
Ted Bundy
New York Stories
6.4

New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူး‌ယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့‌ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အ‌မေရဲ့ အရှုပ်တော်ပုံတွေရယ် ‌အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်‌တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်က‌တော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲ‌နေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်‌ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 955MB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 1989 124 mins
New York Stories
Sugarplummed
7

Sugarplummed (2024) IMDb Rating (7.0) Rating ကြမ်းတဲ့ Holiday Romance ကားလေးက Chrismas ရဲ့ လှပမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တို့ကို ကြည့်ရှုသူတွေ‌အနေနဲ့ အနုပညာရသမြောက်စွာခံစားနိုင်ရန် မင်းသမီး Maggie Lawson နဲ့ Janel Parrish တို့က တွဲဖက်ညီညီ တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွန်းမှာ‌တော့ အမ်မလီက ခရစ်စမတ်ကို နှစ်တိုင်းလိုလို အစီအစဉ်တကျ ကျင်းပဖို့ ကြိုးစားခဲ့ပြီး၊ မိသားစုဝင်တွေကို နီးစပ်စေချင်ခဲ့တာပါ။ အဲ့တာကြောင့် မျှော်လင့်ထားတဲ့ ခရစ်စမတ်ဖြစ်လာစေဖို့ Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်ကမ္ဘာက ဇာတ်ကောင်တစ်ဦးဆီ အကူအညီပေးဖို့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်စည်းကမ်းတွေက လက်တွေ့ကမ္ဘာမှာတော့ ပြဿနာတွေ ဖြစ်စေတာကို အမ်မလီ တစ်ယောက် မသိခဲ့ဘူး။ အဲ့လိုနဲ့ အမ်မလီ နဲ့ Sugarplummed တို့က အခက်အခဲတွေကြားထဲက အမ်မလီလိုချင်တဲ့ ရုပ်ရှင်ဆန်ဆန် ခရစ်စမတ်ကို ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့ပေါ့‌။ ရုပ်ရှင်ဆန်ဆန် Chrismas လေးက တကယ်ပဲ အကောင်အထည်ပေါ်သွားမလား၊ Sugarplummed ဆိုတာဘယ်လိုမျိုးလဲ၊ တကယ့်လက်‌ တွေ့မှာကောရှိနိုင်သလား ‌ဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုရင်း ခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2024 84 mins
Sugarplummed
Avengers: Age of Ultron
7.4

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Avengers: Age of Ultron (2015) IMDb Rating (7.3 ) / Rotten Tomatoes (76 %) “Avengers: Age of Ultron” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး၊ Avengers အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒုတိယအကြိမ်ချပြခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tony Stark (Iron Man) နဲ့ Bruce Banner (Hulk) တို့ရဲ့ ကြိုးပမ်းမှုကြောင့် Ultron လို့ခေါ်တဲ့ ဉာဏ်ရည်တု AI စနစ်ကို ဖန်တီးမိပြီး၊ ဒီ AI စနစ်ဟာ လူသားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ultron ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် Vision နဲ့ Scarlet Witch တို့လို စွမ်းအားရှိသူတွေကို ဖန်တီးပါတယ်။ Avengers အဖွဲ့ဟာ Ultron ရဲ့ ခြိမ်းခြောက်မှုကို တားဆီးဖို့အတွက် ပြန်လည်စုစည်းခုခံဖို့ဖြစ်လာတဲ့အခါမှာတော့….။ Vision ရဲ့ နဖူးမှာ တပ်ဆင်ထားတဲ့ Mind Stone ဟာ Infinity Stones တွေထဲက တစ်ခုဖြစ်ပြီး၊ MCU ရဲ့ နောက်ကားတွေအတွက် စကြာဝဠာကျောက်တုံးတွေကို တခုပြီးတခုမိတ်ဆက်နေခဲ့ပါတယ်၊ Budget $444–495.2 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.405 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

7.4 2015 141 mins
Avengers: Age of Ultron