YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Gallowwalkers (2012) Blu-Ray,1080p(CM).mp4

1.94 GB N/A video/mp4 323 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Delivery by Christmas
6.2

ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့်  ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။ လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM

Action • Comedy • Family • Romance
6.2 2022 100 mins
Delivery by Christmas
Tomb Adventurer

အခုတစ်ခါ CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့ Tomb Adventure (2022) ဆိုတဲ့ သည်းထိတ်ရင်ဖိုကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟူပါးယီး တို သူငယ်ချင်း (၃) ယောက်ဟာ ရွာသားတွေ ပြောပြတဲ့ ပန်းထိုးဖိနပ်ပုံပြင်နဲ့ အလိမ်ခံလိုက်ရပြီး ရှန်ရှီးဂူလန်ခရိုင်ကို သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အန္တရာယ်တွေနဲ့ကြုံတွေခဲ့ရပြီး တည်းခိုဆောင်မှာ မျက်ကန်းချိန်ရဲ့ သတိပေးမှုကြောင့် ရွာသားတွေရဲ့ ထောင်ချောက်ထဲက ရှောင်ပြေးနိုင်ခဲ့ပါတယ်။ သူတို (၃) ယောက်သား မတော်တဆ Longling ဝင်္ကပါဂူကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုဂူထဲမှာ လင်းနိုတွေ တိုက်ခိုက်တာခံခဲ့ရပြီးနောက် ကိုယ်ပေါ်မှာ အနီရောင်အကွက်တွေ ထွက်လာတော့ ဦးလေးဝမ်အိမ်မှာ အနားယူဖို ဆုံးဖြတ်လိုက်ကြတယ်။ အဲ့အချိန်မှာပဲ အနီကွက်အကြောင်းလာစုံစမ်းတဲ့ Shirley နဲ့ တွေကြတာပေါ့ သူတိုနဲ့ Shirley တိုတွေ့ဆုံပြီးနောက် အနီကွက်ကြီးကို ကုသဖို ဘယ်လိုနည်းလမ်းတွေရှာကြမလဲ...... သူတိုလမ်းခရီးတစ်လျှောက်မှာကော ဘယ်လို အန္တရယ်မျိုးတွေနဲ့ ဘယ်လို ထူးဆန်းတဲ့ အရာတွေကြုံတွေ့မလဲ ဆိုတာတွေကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 30min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Thriller
0 2022 90 mins
Tomb Adventurer
Naradan
6.9

ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလို အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူ ချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့ သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက် နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။ အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena

Action • Drama • History
6.9 2022 150 mins
Naradan
The Bad Seed Returns
7.1

Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။ 2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။ အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို အေးအေးလေးချပြသွားတာမလို့ အခန်းအမှောင်ချပြီး အသံကျယ်ကျယ်လေးနဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပါ။) File Size          : 541MB, 252MB Quality            : 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Drama, Horror, Thriller Translated by May Myat Thu Encoded by Kinnov

Animation • Fantasy • Horror • Science Fiction
7.1 2022 88 mins
The Bad Seed Returns
The New Painted Skin
4

CM chinese ဖန်တွေအတွက် အခုထပ်ပြီး လူနဲ့မိစ္ဆာကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ the new painted skin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... painted skin ဆိုတာနဲ့ မျက်လုံးထဲ version အမျိုးမျိုး ပေါ်လာမယ်လို့ ယုံပါတယ်... ဒီကားလေးက အရင် version တွေနဲ့ အရမ်းကြီး ကွဲလွဲသွားတာတော့မရှိပါဘူး... သို့ပေမယ့် တင်ဆက်မှုပုံစံလေးပြောင်းထားတာတော့ရှိတာပေါ့.. ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင် ဆိုယန်ကို ပြန်လာရှာတဲ့ ချန်မြန်ဆိုတဲ့ မိစ္ဆာမလေးတစ်ယောက် ကိုယ့်ကျေးဇူးရှင်ကို ချစ်မိသွားပေမယ့် ကျေးဇူးရှင်မှာက ဇနီးလောင်း ချိုးစန်းရှိနေတာကို သိခဲ့ရတယ်...ဒီလိုနဲ့ အကြောင်းကြောင်းကြောင့် ချိုးစန်း ဆုံးသွားချိန်မှာတော့ချန်မြန်တစ်ယောက် ချိုးစန်းသားရေနဲ့ ချိုးစန်းအဖြစ် ဆိုယန် အနားရောက်လာပြီး ဆိုယန်နဲ့အတူ မိစ္ဆာဘုရင်ကို ရင်ဆိုင်တာပေါ့... ကဲ ဆိုယန်တစ်ယောက် အနားရောက်လာတဲ့ ချိုးစန်းအယောင်ဆောင်ကို သတိထားမိမှာလား... ကြားထဲ ဘာလှည့်ကွက်တွေရှိနေဦးမလဲ... နောက်ပြီး မိစ္ဆာဘုရင်ကိုရောဆိုယန်တို့ချေမှုန်းနိုင်မှာလား.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery • Thriller
4 2022 91 mins
The New Painted Skin
For Richer or Poorer
5.9

ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။ File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Drama
5.9 1997 115 mins
For Richer or Poorer
Fantasy Football
5.6

စိတ်ကူးယဉ်ရုပ်ရှင်ဆန်းဆန်းကောင်းကောင်းလေးတစ်ကားပါ။ ဘော်ဘီကိုးလ်မန်းဟာတစ်ချိန်က ဆုရနာမည်ကျော်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် အခုချိန်မှာလူငယ်နောက်ပေါက်တစ်ယောက်ရဲ့ ကျော်တက်မှုကြောင့်ခံပြင်းနေရပါတယ်။ အဲ့ဒီလူငယ်ကစားသမားရဲ့အိမ်ပါတီကအပြန် ပါလာတဲ့လက်ဆောင်ကိစ္စ သမီးငယ်နဲ့ စကားများကြရာက နှစ်ယောက်လုံးမိုးကြိုးပစ်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ ဘောလုံးဂိမ်းမှာကျွမ်းကျင်အဆင့်သူ့သမီးငယ်ဟာ ဂိမ်းခလုတ်ကတစ်ဆင့်ကွင်းထဲက သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ကြောင်းအမှတ်မထင်တွေ့ရှိပြီးသွားတဲ့နောက်မှာတော့.. ဘော်ဘီ့အနေနဲ့မကြေပွဲတွေအကြိမ်ကြိမ်နွှဲရင်းအရင်လိုအောင်မြင်မှုမျိုးတွေ ပြန်လည်ရရှိလာပါတော့တယ်။ ဒါပေမယ့်လဲ တစ်ဖက်က သမီးငယ်ဖြစ်သူ ကာလီကတော့ အောင်မြင်လာတဲ့သူ့အဖေရဲ့ အရှိန်နဲ့ ကိုယ်ပိုင်ဘဝတစ်ခုလုံး ပျောက်ဆုံးလာတယ်လို့ခံစားမိတဲ့နောက် ကတောက်ကဆဖြစ်ပြီး သူ့နောက်ကွယ်ကနေ ဗီဒီယိုဂိမ်းမကစားပေးနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ဘော်ဘီ သိပ်လိုချင်ခဲ့တဲ့ အောင်မြင်မှုကနေလွဲချော်သွားတော့မလား? ဒီလိုမရိုးဖြောင့်တဲ့နည်းနဲ့ရတဲ့အောင်မြင်မှုတွေကို သူဘယ်ချိန်ထိဆက်လိုချင်နေဦးမလဲ? သူ့ဘဝရဲ့ တကယ်တမ်းဦးစားပေးတွေက ဘာလဲ ဆိုတာတွေကို ဆုံးဖြတ်ရွေးချယ်ဖို့ဖြစ်လာပါတော့တယ်။ အားကစားနောက်ခံ စိတ်ကူးယဉ် မိသားစု ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သွက်လက်မြူးကြွတဲ့ဇာတ်အိမ်၊ နောက်ခံသီချင်း အမိုက်စားတွေနဲ့အတူ ကြည်နူးနွေးထွေးမှုအပြည့်နဲ့ခံစားရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7GB) / (1.25GB) / (679MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Mystery
5.6 2022 98 mins
Fantasy Football
Detective Karthik
6.8

Detective Karthik 2023 (စုံထောက်ကြီးကာသစ်) Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb – 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။ တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ… တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Detective Karthik
Kinky Boots
7.1

Kinky Boots (2005) IMDb – 7.1 Rotten Tomatoes – 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲ အလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ သတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။ စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲ အလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘ ာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့ သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။ တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့ မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်း ဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့ အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါ ဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size… 1.3 GB / 781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2005 107 mins
Kinky Boots
Gaslit by My Husband: The Morgan Metzer Story
6.7

ဒီတစ်ခါမှာတော့ CM ကနေ Thriller ရောထားတဲ့ အိမ်ထောင်ရေးကားလေးတစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့ ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။ ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့ ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့ အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာ အပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ် လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးက ထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးက အလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက် အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားက အက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။ ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊ သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ် နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့ အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။ သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေ သွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကို ရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့ ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့ သူက ဘယ်သူဖြစ်မလဲ ။ သူတို့ရဲ့ ရန်ပွဲဟာ စကားနဲ့တင်မဟုတ်ဘဲ လက်ပါ ပါလာတဲ့ အခါ ဒီအကြမ်းဖက်မှုတွေကနေ မော်ဂန် နောက်ဆုံး လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ Gaslit By My Husband ဆိုတဲ့ ရုပ်ရှင်ကားမှာ အတူတူ စောင့်ကြည့်လိုက် ရအောင်နော် ။ File size…1.26GB / 537MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.7 2024
Gaslit by My Husband: The Morgan Metzer Story
Lost Destiny
5.8

ရှေးယခင်တုန်းက မကောင်းဆိုးဝါးမိစ္ဆာတွေကိုထိန်းချုပ်ဖို့ရန်အတွက် နဂါးမျိုးနွယ်ဇာမဏီမျိုးနွယ်အပြင်ထူးဆန်းစွာနဲ့ အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တို့တွေက အသက်နဲ့ပေးဆပ်ပြီးထိန်းချုပ်ထားကြလို့ လူ့ပြည်မှာ သာယာအေးချမ်းမှုတွေရရှိခဲ့ကြတယ်။ ဒါပေမဲ့ မြေခွေးမျိုးနွယ် အမြှီးခြောက်ချောင်းနဲ့ အမြှီးကိုးချောင်းဆိုပြီး မျိုးနွယ်နှစ်ခုကွဲခဲ့တယ်။ အမြှီးကိုးချောင်းကတော့ နတ်အဖြစ်ကျင့်ကြံတဲ့လမ်းစဉ်ကို ကျင့်သုံးပြီး အမြှီးခြောက်ချောင်းကတော့မိစ္ဆာလမ်းစဉ်ကိုကျင့်ကြံကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာဒီမျိုးနွယ်နှစ်ခုပဋိပက္ခတွေဖြစ်ခဲ့ပြီး အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေပျက်သုဉ်းသွားတဲ့အချိန် လူ့ပြည်မှာ မကောင်းဆိုးဝါးတွေ တဖန်ပြန်လည်ခြယ်လှယ်ခဲ့ပါတော့တယ်။ အဲ့အချိန်မှာပဲ အမြှီးကိုးချောင်းမျိုးနွယ်ဝင်စူးရှန်ကလည်းဒီပဋိပက္ခကြားမှာပါခဲ့ပြီး ဒဏ်ရာရတဲ့အချိန်မှာလူ့ပြည်ကစာပေသမားတစ်ယောက် ကျန်းရှန်းရဲ့ ကယ်ဆယ်မှုကြောင့် အသက်ရှင်ခဲ့တယ်။ အချိန်အတော်ကြာတော့စူးရှန်က မြေခွေးကနေလူအသွင်ပြောင်းပြီး နှစ်ဦးသား နှလုံးသားချင်းနီးစပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့တနေ့မှာတော့ သူဘေးတွေ့နေတဲ့အချိန် ကျန်းရှန်းဟာ သူ့အသက်ကိုစတေးပြီးဒီစူးရှန်မြေခွေးလေးကို ရှင်သန်အောင်ပေးဆပ်ခဲ့တယ်။ဒါကို စူးရှန်က ဒီကျေးဇူးနဲ့ခံစားချက်ကိုသိမ်းထားပြီး ကျန်းရှန်းလူသားအဖြစ် ပြန်လည်မွေးဖွားလာမယ့်အချိန်ကို နှစ်ငါးရာတိတိ စောင့်ဆိုင်းရှာဖွေခဲ့တယ်။နှစ်ငါးရာကြာပြီးနောက်မှာ ကျန်းရှန်းကအင်မတန်မှထူးချွန်တဲ့ ဖူအိမ်တော်ရဲ့ ဖူစုန့်လင်အဖြစ်မွေးဖွားလာခဲ့တယ်။ဖူစုန့်လင်ကတော့ တိုင်းပြည်မင်းမှုထမ်းစာမေးပွဲတွေမှာ အဆင့်တစ်နဲ့အောင်လေ့ရှိပြီး ကျိကျိုးမှာပညာသင်ကြားဖို့အတွက် မိဘအိမ်ဆီပြန်လာခဲ့တဲ့နေ့မှာတင် စူးရှန်ကလည်း သူ့ကိုမှတ်မိနေမလားစိတ်နဲ့ ဖူစုန့်လင်နားချဉ်းကပ်ဖို့ရန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့နည်းမျိုးစုံကြိုးပမ်းမှုအောက်မှာ ဖူစုန့်လင်စိတ်ယိုင်ခဲ့သွားတဲ့အချိန်မှာတင် စူးရှန်ကအမြှီးကိုးချောင်းမြေခွေးမှန်းသိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်နေကြမလဲ။ ဖူစုန့်လင်မွေးဖွားလာတဲ့အချိန်က လောကကြီးမတည်ငြိမ်ဖြစ်နေတဲ့အချိန် လူနဲ့မကောင်းဆိုးဝါးကြား ဒွန်တွဲမှုတွေဖြစ်လာတဲ့အခါ ဘာကိုရွေးချယ်သွားမလဲ။ စူးရှန်ကကော သူ့ကိုအသက်နဲ့လဲပြီးပေးဆပ်ခဲ့တဲ့ချစ်ရတဲ့လူကို ဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာတွေတော့ ဒီဇာတ်ကားလေးထဲမှာတဝကြီးဆက်လက်ကြည့်ရူရအောင်

5.8 2024
Lost Destiny
The Stone
6.7

The Stone (2014) ****************** ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေအတွက် “The Sound of Your Heart” ထဲက မင်းသားကြီး Kim Roi-ha နဲ့ မင်းသားချောလေး Cho Dong-in တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “The Stone” ဆိုတဲ့ Movie ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအညွှန်းကတော့ ******************* မင်ဆူဟာ အရည်အချင်းရှိတဲ့ ဘာဒူ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်ပြီး လူမိုက်ဂိုဏ်းချုပ်တစ်ယောက်ကို ဘာဒူ့ကစားနည်း သင်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ မင်ဆူက လူမိုက်ကြီးရဲ့ လက်အောက် ရောက်ရှိလာခဲ့ပြီး ကြုံခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့် ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ဖြစ်ဖို့အတွက် လက်လျော့ကာ လူမိုက်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးပါတော့တယ်။ သူ့လိုမဖြစ်စေချင်တဲ့ လူမိုက်ဂိုဏ်းချုပ်ကြီးကလည်း ဒါကို ဟန့်တားပါတယ်။ ဒီလိုနဲ့ လူမိုက်ဂိုဏ်းရဲ့ နောက်ဆုံးအလုပ်အတွက် ပြင်ဆင်ဖို့ ဖြစ်လာချိန်မှာ မင်ဆူရဲ့ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဘာဒူ့အပေါ်ထားတဲ့ စိတ်ဝင်စားမှုတွေဟာလည်း ပြန်ပေါ်လာခဲ့ပါတယ် ။ မင်ဆူက ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ထိ ရောက်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Saung Yupar မှ ရေးသားထားပါတယ်) File size…1.17 GB / 534 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Action, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saung Yupar Encoded by AHtet

Thriller • Crime • Horror
6.7 2014 113 mins
The Stone
Casino
8.2

Casino (1995) ************************** IMDb….. 8.2/ Rotten….80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ်… ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်…. ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် …. Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်… Sam Ace Rothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ်… သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်… သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ ဘယ်ဝိုင်းက ထိုးသားအခြေအနေ လောင်းကြေးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင်စွမ်းရှိတယ်.. တစ်ဆက်တည်း သူလိုချင်တဲ့အနေအထားကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်.. ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကို ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်….သူကလည်းလက်ခံခဲ့တယ်… သူ့ကိုလက်ဖျားနဲ့မပြောနဲ့ စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစားတစ်ယောက်ကို သူ့အနားမှာထားပေးတယ်… အဲဒီအလုပ်ကို သူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံရတော့တာပဲ….လူမိုက်တွေ…ရဲတွေ…..အစိုးရအကြီးအကဲတွေ…. ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ….. ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး…… ဒီကားက တချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်…. File Size : 5.19GB/ 1.67GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:58:50 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Yadanar Oo Encoded by Tiff

Comedy • Drama
8.2 1995 179 mins
Casino