YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Frances.Ha.2012.BluRay720p(CM).mp4

451.52 MB 720p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fearway
4.6

ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။ စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

4.6 2023 81 mins
The Fearway
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Ahista Ahista
7

အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ် ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့ တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ် ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူး သူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ် သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်

Drama
7 2006
Ahista Ahista
The Inhabitant
5

Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ‌ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။ File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre…Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama
5 2022
The Inhabitant
[18+] Jungle Holocaust
6

Jungle Holocaust (1977) (ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူများအတွက် မဟုတ်ပါကြောင်း သတိလေးပေးလိုက်ပါရစေ) မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ရဲ့ နောက်ထပ် လူသားစားကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ ၂ဦးဟာ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ကင်းစခန်းကို လာရောက်ခဲ့ကြပါတယ်။ လေယာဥ်ဟာ အဆင်းကြမ်းတမ်းတာကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။ ရောဘတ်တို့ ၂ယောက် ကင်းစခန်းကို သွားကြည့်ချိန်မှာတော့ ပစ္စည်းရော လူတွေပါပျောက်ဆုံးနေကြတာကို သိလိုက်ရတယ်။ တောထဲမှာ အနည်းငယ် လှည့်ပတ်ရှာဖွေရင်း အလောင်းတစ်လောင်းကို တွေ့လိုက်ရချိန်မှာ သူတို့လူတွေကို လူရိုင်းမျိုးနွယ်စုက သတ်ဖြတ်သွားတယ်လို့ ယူဆလိုက်ကြပါတယ်။ လေယာဥ်မောင်းသူ ချာလီက ပြင်လို့ပြီးသွားပေမယ့် မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ခွာဖို့ပြောပါတယ် ညအခါမှာ အတူပါလာသူ မိန်းကလေး စွမ်းဟာ အပေါ့သွားရင်း ပျောက်ဆုံးသွားတဲ့နောက်… ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပေးကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 723MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 28Min Genre – Adventure, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Drama • Thriller
6 1977
[18+] Jungle Holocaust
Half Nelson
7.1

ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။ အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ Half Nelson ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ရုန်းထွက်ရခက်တဲ့ နပမ်းချုပ်ကွက်မိနေတဲ့ လမ်းမှားပေါ်ကနေ ရုန်းထွက်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရမယ့်ကားဖြစ်လို့ plotကိုတော့အများကြီးမပြောပြတော့ပါ့ဘူး။ Drama ကောင်းကောင်းကြိုက်တတ်သူတွေအတွက် လုံးဝနောင်တမရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ လုံးဝကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

7.1 2006 107 mins
Half Nelson
172 Days
6.5

172 Days (2023) Netflix ကနေ ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ အင်ဒိုနီးရှား Drama Romantic ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Rating မှာလဲ IMDb 6.5 ထိရရှိထားတဲ့ အချစ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဇီရာဟာ ပေတေလေလွင့်နေပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့တစ်နေ့မှာတော့ အသက်သေမလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဆေးရုံပေါ်ရောက်သွားပြီးမှာ ဘာသာရေးဘက်ကိုလိုက်စားပြီး စိတ်အေးချမ်းမှုကိုစတင်ရှာဖွေခဲ့ပါတယ်။ နောက်တော့ဇီရာက အစ်မဖြစ်သူနဲ့ ဗလီကျောင်းကိုလိုက်သွားခဲ့ရာမှ မထင်မှတ်ထားဘဲ ငယ်သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ရာမှ အာမာဆိုတဲ့ ဗလီဆရာလူငယ်လေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ တိုးလာပြီး သံယောဇဉ်တွေတွယ်လာတဲ့နောက် လက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇီရာရဲ့အတိတ်ကအရိပ်ဆိုးတွေလိုက်လာတဲ့အခါမှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 730MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.5 2023
172 Days
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Ultraman: Rising
7.1

Ultraman:Rising ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix က ရိုက်ကူးထားတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝ စူပါဟီးရိုး Ultraman animated ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကို မြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲ လူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို့ ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေ အရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့ အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေ ပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါ ရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြား ရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လို ဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရော ဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကို အရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်က nostalgic feeling လေးပြန်ရဖို့ ကြည့်လိုက် ကြရအောင်နော်…. File size…2.34GB / 1.03GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
7.1 2024
Ultraman: Rising
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
The Greatest of All Time
6.7

The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား] TRUE WEB DL Quality Update Genre – Action, Thriller, Sci-fi IMDB – 6.7/10 မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။ မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ နေနေတဲ့ဂန်ဒီကို အထက်ကနေ အရေးကြီးတာဝန်တစ်ခုနဲ့ ပြန်ခေါ်လိုက်တဲ့အခါမှာတော့ နောက်ထပ် အံ့သြသင့်စရာတွေ ဂန်ဒီတစ်ယောက် ကြုံတွေ့ရပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲ နှစ်ကိုယ်ခွဲက ဘာတွေလဲဆိုတာ မင်းသားကြီးဗီဂျေးရဲ့ အလန်းစား သရုပ်ဆောင်ချက် ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့အတူ ၃ နာရီခွဲကြာအောင်တိုင် ဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်။ အညွန်းဖတ်နေတာ ကြာပါတယ် ချက်ချင်းပြေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.7 2024 183 mins
The Greatest of All Time
Merry Birthday, Happy Christmas
5.2

Merry Birthday Happy Christmas (2024) ဇာတ်လမ်းနာမည်အတိုင်းပါပဲ ခရစ်စမတ်နေ့နဲ့ မွေးနေ့နဲ့ တိုက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ဆယ်ရာနဲ့ ကယ်ဗင်တို့ ရဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ။ ငယ်ငယ်ထဲက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတဲ့အလျောက် အသက်လေးတွေရလာတော့ ဘယ်သူက ဘယ်သူ့အပေါ်ကို ခံစားချက်တွေပြောင်းသွားမလဲ။ သူတို့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခရစ်စမတ် Theme လေးနဲ့ရိုက်ကူးထားတာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.5 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family, Romance Duration….01:26:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

5.2 2024 84 mins
Merry Birthday, Happy Christmas
Perewangan
6.5

Perewangan (2024) IMDb Rating (6.5) မာယာနဲ့ဝူလန်တို့ဟာ ဆယ်ကျော်သက်နဲ့ကလေးသာသာအရွယ် ညီအစ်မနှစ်ယောက်ဖြစ်ပြီး မကျန်းမာတဲ့မိခင်နဲ့အတူတူနေပါတယ်။ စိတ်ဝေဒနာသည်အဖေဖြစ်သူ ဆေးရုံကပြန်ဆင်းလာလို့ဝမ်းသာရမယ့်ဆဲဆဲ ထူးဆန်းထိတ်လန့်ဖွယ်အနေအထားနဲ့ အိမ်ပြန်ရောက်တဲ့ညမှာပဲ သေဆုံးသွားတဲ့နောက်မှာတော့ မာယာ့ အနေနဲ့အစ်မကြီးပီပီ အန္တရာယ်အသွယ်သွယ်ကိုဦးဆောင်ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာ သူ့အမေရဲ့မောင်နှမသုံးယောက် သူ့ဦးလေးအဒေါ်တွေက ဒီအိမ်ကြီးကိုအမွေခွဲဖို့ မျက်စောင်းထိုးနေသလို အိပ်ယာထဲလဲနေတဲ့ မိခင်ဖြစ်သူကလည်း အခြေအနေတွေထူးခြားပြောင်းလဲလာပါတယ်။ သူ့ဦးလေး အကြီးဆုံးဖြစ်သူက သူ့မိခင်အခန်းထဲက မှန်ကြီးကိုတစ်ခုခုနဲ့ဖုံးထား ဒါမှမဟုတ် စွန့်ပစ်လိုက်ဖို့အကြံပေးခဲ့ပြီးသူတို့အတွက် အကူအညီတောင်းပေးဖို့သွားတဲ့လမ်းမှာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့ မာယာအနေနဲ့ဒီလျှို့ဝှက်ဆန်းကြယ်အဖြစ်တွေ၊ ထိတ်လန့်စရာကိစ္စတွေရဲ့ နောက်ကွယ်က အဖြေကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။ သူတို့အပေါ်သင့်နေတဲ့ ကျိန်စာဟာ ဒီအိမ်ကြီးကလား? မှန်တစ်ချပ်ဆီကလား? ဒါမှမဟုတ်သူတို့မိသားစုဆီကလား? အစရှိတာတွေကို အင်ဒိုဟော်ရာကားတွေထုံးစံအတိုင်း သဲထိတ်ရင်ဖိုရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (900 MB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:50:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Horror • Mystery
6.5 2024 109 mins
Perewangan
Zhongkui: Snow Girl and the Dark Crystal
5.3

Zhongkui: Snow Girl and the Dark Crystal (2015) တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။ နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို အေးခဲသွားအောင် လုပ်ဖို့ အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။ အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးလီပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားပါတယ်။

Comedy • Drama • Romance
5.3 2015 118 mins
Zhongkui: Snow Girl and the Dark Crystal
Superman
7.6

Superman (2025) IMDb Rating (7.6) / Rotten Tomatoes (83%) ဒါကတော့ HDTC Version ထဲမှာ ရုပ်ရောအသံရော အကြည်ဆုံးဗားရှင်းဖြစ်ပြီး စာတန်းထိုးလည်း ၉၉% လောက်ထိ စုံအောင်ပြန်ဆိုထားပေးပါတယ်။ ဒါရိုက်တာ ဂျိမ်းစ်ဂန်းရိုက်ကူးတဲ့ ပထမဆုံး DC Universe (DCU) အခန်း(၁) ရုပ်ရှင် ထွက်လာပါပြီ။ ပရိသတ်တွေလက်ခံနိုင်တဲ့ စူပါမန်းရုပ်ရှင်ကောင်းတစ်ခုဖြစ်လာပါတယ်။ မင်းသား David Corenswet၊ လိုးဝစ်အဖြစ် Rachel Brosnahan တို့ ကောင်းကောင်းသရုပ်ဆောင်ထားသလို ဗီလိန် လက်စ်လူသာနေရာကနေ Nicholas Hoult က အစွမ်းပြထားပါတယ်။ ဇာတ်လမ်း၊ ရိုက်ချက် တွေ အဆင်ပြေသလို ဂရင်းလန်တန်၊ ဟော့ခ်ဂဲ၊ မစ္စတာထရစ်ဖစ်တို့လို ဇာတ်ကောင်တွေလည်း ပါဝင်ထားလို့ ကြည့်ရတာ မြိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း – – လွန်ခဲ့သော ၃ ရာစုလောက်က ပထမဆုံး စူပါစွမ်းအားရှင်တွေဖြစ်တဲ့ မက်တာလူသားတွေဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်၊ နတ်ဘုရားများနှင့်မိစ္ဆာများရဲ့ခေတ် စတင်လာခဲ့ပါတယ်။ – လွန်ခဲ့သော နှစ် ၃၀ လောက်ကတော့ အခြားဂြိုလ်က ကလေးတစ်ယောက်ဟာ အာကာသယာဉ်နဲ့ ကမ္ဘာပေါ်ကိုအပို့ခံလိုက်ရပြီး ကန်းဆက်လယ်သမားတွေက မွေးစားထားခဲ့ပါတယ်။ – လွန်ခဲ့သော ၃ နှစ်က အဲဒီကလေးဟာ လူကြီးဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် စူပါမန်းအဖြစ် ကြေညာခဲ့ပါတယ်။ မက်တာလူသားအားလုံးထဲမှာ စွမ်းအားအကြီးဆုံးပါပဲ။ – လွန်ခဲ့တဲ့ ၃ ပတ်တုန်းက စူပါမန်းဟာ ဘိုရေးဗီးရားနိုင်ငံက ဂျာဟန်ပူနိုင်ငံကို ကျူးကျော်မှာကို တားဆီးခဲ့ပြီး ကမ္ဘာအနှံ့မှာ အငြင်းပွားဖွယ်တွေ ဖြစ်စေခဲ့ပါတယ်။ – လွန်ခဲ့တဲ့ ၃ နာရီက ဘိုရေးဗီးရားတူကြီးဆိုတဲ့ မက်တာလူသားတစ်ယောက်ဟာ မက်ထရိုပိုလိမြို့ထဲမှာ စူပါမန်းကို တိုက်ခိုက်ခဲ့ပါတယ်။ – လွန်ခဲ့တဲ့ သုံးမိနစ်က စူပါမန်းဟာ ပထမဆုံးအနေနဲ့ တိုက်ပွဲရှုံးသွားပါပြီ။ ဒီလို မိတ်ဆက်အနေနဲ့ စတင်ခဲ့ပြီး စူပါမန်းရဲ့ မဟာရန်သူ လက်စ်လူသာက စူပါမန်းကိုရှင်းပစ်ဖို့ ကြိုးစားချိန်မှာ စူပါမန်း ဘယ်လိုရန်သူတွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ စူပါမန်းရဲ့ခွေးဖြစ်တဲ့ ခရစ်ပတိုကိုလည်း မိတ်ဆက်ထားတဲ့အပြင် role ကောင်းကောင်းပါ ပေးထားခဲ့ပါတယ်။ ကျန်တာကိုတော့ ဆက်ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Mr. Anderson မှတင်ဆက်ထားပါတယ်။) File size… (2.4 GB) / (1.4 GB) Quality…. HDTC 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Sci-Fi Duration…02:08:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Ka Naung Translated by Mr. Anderson

7.6 2025 130 mins
Superman