YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

For.Him.2023.S01E05.720p.CM.mp4

309.94 MB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Siping Youth: The Past

၁၉၉၀ ခုနှစ်နှောင်းပိုင်းကာလအချိန်...., လီလောင်ပါးဆိုသူဟာ မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး တစ်ဦးတည်းသော ညီမလေးဖြစ်သူ လီရှောင်လိနဲ့အတူ နေထိုင်လာခဲ့ပါတယ် မောင်နှမ နှစ်ဦးသားဟာ အခက်အခဲပေါင်းများစွာကို မရပ်တန်း ရင်ဆိုင်ရင်း လောကဓံကို အံတုလာခဲ့ကြပါတယ် သူတို့မောင်နှမနှစ်ယောက်ဟာ ဆိပ်ကမ်းမှာနေတာဖြစ်တာကြောင့် ရေလုပ်ငန်းကိုပဲ မှီတင်းပြီးတော့ အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ် တစ်နေ့မှာတော့ တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို အညှိုးကိစ္စ တစ်စုံတစ်ရာကြောင့် ညီမဖြစ်သူ လိရှောင်လိရဲ့ အထက်တန်းစာမေးပွဲဝင်ခွင့်ကဒ်ပြားဟာ ဆိပ်ကမ်းခေါင်းဆောင်ဖြစ်သူ လျိုချန် လုယူသွားခြင်းကိုခံခဲ့ပါတယ် အဲဒီနောက်မှာတော့ လီလောင်ပါးဟာ ရေလုပ်ငန်းကနေပြီး နှုတ်ထွက်ဖို့အထိပါ ချိန်းခြောက်ခံခဲ့ပါတယ် ညီမငယ်လေးကို အထက်တန်းစာမေးပွဲ ဖြေကြားပြီး တက္ကသိုလ်တတ်ရောက်သွားတာကို မြင်ချင်တဲ့ အစ်ကိုဖြစ်သူ လီလောင်ပါးရဲ့ ဆန္ဒကြောင့် လျိုချန်ကို ပြန်လည်ချေပဖို့ ကြိူးစားလာခဲ့တဲ့ အချိန်မှာတော့ ....? ❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမလဲ? ❏ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ ဆန္ဒကိုရော လီလောင်ပါးတစ်ယောက် အေးချမ်းအောင်ဆောင်ရွက်နိုင်ပါ့မလား? ❏ ညီမဖြစ်သူကို တက္ကသိုလ်ကျောင်းသူကြီးအဖြစ် မြင်တွေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကရော ပြည့်ဝပါ့မလား? ❏ သူ့ရဲ့ပေးဆပ်မှုတွေ ကရော အရာထင်ပါ့မလား? ဆိုတာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဒီကားထဲမှာ အစ်ကိုတစ်ယောက် ညီမအပေါ်ထားတဲ့ မေတ္တာအပြင် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေ အချင်းချင်းစည်းလုံးမှုတွေ သစ္စာရှိမှုတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ တကယ်ကို နွေးထွေးလှတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်နေမှာ အမှန်ပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
0 2022 66 mins
Siping Youth: The Past
Rock of Ages
6.2

Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။ တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ရှုစားကြည့်လိုက်ကြပါ။ Imdbမှာ 5.9ရထားပြီး Comedy ခပ်ပါးပါးလေး ပုတ်ထားတဲ့အပြင် သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရမှာမို့ ဘဝအမောပြေစေမှာ အမှန်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Musical Quality…. 1080p | 720p | 480p File size… 2.5GB | 1.4GB | 657MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama
6.2 2012 123 mins
Rock of Ages
Magic Crystal
6

စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။ အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears Go By မရိုက်ခင် နှစ်နှစ်ဆိုတော့ ATGB ထဲကထက်တောင် ပျိုမြစ်ဖျတ်လတ်တဲ့ သရုပ်ဆောင်မှုတွေကိုမြင်ရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့... ဂရိနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ရော အလည်အပတ်ရော သွားရောက်ခဲ့ပြီး အပြန်မှာ ထူးဆန်းတဲ့ ကျောက်စိမ်းတုံးတစ်ခု ရောပါလာရာကနေ နောက်ဆက်တွဲအဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ ကျောက်စိမ်းတုံးရဲ့နောက်ကနေ ရူးရူးမူးမူးလိုက်လာတဲ့ တိုက်ခိုက်ရေးသိုင်းပညာရှင်ကြီးရဲ့ရန်ကို Andy Lau တစ်ယောက် ဖိုက်တာရဲမမတစ်ယောက်နဲ့ ဘယ်လိုခုခံကာကွယ်မလဲ။ ကျောက်စိမ်းတုံးကရော ဘယ်ကရောက်လာတာလဲ။ ဘယ်ကိုပြန်ထားရမှာလဲ ဆိုတာတွေကို ကြည့်ရှုရမှာပါ။ ဒါရိုက်တာ ဝေါင်ကျင်းကိုယ်တိုင်ကို​က ဒီကားကို စတီဗင်စပီးဘာ့ချ်ရဲ့ E.T နဲ့ Raiders of The Lost Ark ကို ပေါင်းစပ် မှီးပြီးရိုက်ထားတယ်ဆိုတဲ့အတွက်ကြောင့် အင်ဒီယာနာဂျုံးစ်ရဲ့ နောက်ဆုံးကား Kingdom of Crystal Skulls နဲ့တောင် ပိစိလေးဆင်ပါတယ်။ ရှေးဟောင်းသုတေသန‌သမားတွေလည်း ပါတော့ vibe တောင် ဆင်တူလုနီးပါးပါပဲ။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ စိတ်အပန်းနည်းနည်းပြေစေမယ့်ကားလေးရှာနေတာဆိုရင်တော့ ဒီကားဟာ ခင်ဗျားကြည့်သင့်တဲ့ကားတစ်ကားပေါ့။ Asia နဲ့ West ဘာမှမဆိုင်ပေမဲ့လည်း အင်ဒီယာနာဂျုံးစ် Vibe တွေနဲ့ဆိုတော့ အင်ဒီယာနာကားသစ်မလာခင် အလွမ်းပြေကြည့်ရင်လည်း ကောင်းမှာပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.2GB, 590MB Quality - 1080p, 720p, 480p IMDb Rating - 6/10 Format - mp4 Duration - 1H 39Min Type - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Science Fiction
6 1986 95 mins
Magic Crystal
Bhuvanavijayam

Bhuvana Vijayam(2023) IMDb-6.9/10 ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ် ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni

Horror • Science Fiction • Thriller
0 2023 118 mins
Bhuvanavijayam
[18+] Salakab
5.7

Salakab (2023) Vivamax မင်းသမီးချောလေး Angeli Khang ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ လီနာနဲ့အာသာတို့ဟာ နယ်မြို့လေးတစ်မြို့က ငယ်ချစ်တွေဖြစ်ကြပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ လီနာဟာ ဒီဘဝကရုန်းထွက်ဖို့မျှော်လင့်ချက်နဲ့ မနီလာမှာကျောင်းသွားတက်ခဲ့ပါတယ်။ ကျောင်းသွားတက်တဲ့ကိစ္စနဲ့ မိဘတွေက စွန့်လွှတ်လိုက်တာကြောင့် ချစ်သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းဖို့ အာသာကပဲ အလုပ်အမျိုးမျိုးလုပ်ရင်း နည်းမျိုးစုံသုံးပြီး ငွေရှာရင်း ကျောင်းထားပေးခဲ့ရတာပါ။ ဒါပေမဲ့လည်း မြို့ပါးဝသွားတဲ့ တောသူမတို့ထုံးစံ အာသာကိုခြေစုံကန်ပြီး မြို့သားအသစ်တစ်ယောက်နဲ့ တွဲခုတ်လာတဲ့အချိန်မှာတော့ ဘယ်လိုမှ စွန့်လွှတ်မပေးနိုင်တဲ့ အာသာက နည်းမျိုးစုံနဲ့ ချစ်သူကိုအပိုင်ရဖို့ကြိုးစားရပါတော့တယ်။ မင်းသမီးလေးတွေ မိုက်သလို ဇာတ်လမ်းဇာတ်အိမ်နဲ့သရုပ်ဆောင်တာတွေလည်း တကယ်မိုက်ပါတယ်။ ပရိသတ်ကာလသားတွေအနေနဲ့ ရင်ထဲကရော ဖင်ထဲကပါ တစ်ဆစ်ဆစ်နာကျင်လာတဲ့အထိ ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ်ပါပဲ။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 785MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.7 2023
[18+] Salakab
The Velveteen Rabbit
6.7

The Velveteen Rabbit (2023) ====================== IMDb Rating – 6.7/10 Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။ တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ သံယောဇဉ်ကို ကလေးလေးရဲ့ ရှုထောင့်က တစ်ဖက် အရုပ်လေးရဲ့ ရှုထောင့်က တစ်ဖက် ချစ်စရာကောင်းအောင် ရိုက်ကူးထားလို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ ကောင်း မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(757 MB) Quality…………WEB-DL 1080p Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Drama Translator…….Act Molemy Encoder……….SWM

6.7 2023 44 mins
The Velveteen Rabbit
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
Bob Marley One Love
7

Bob Marley One Love(2024) ************************* 20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲက တစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့ လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။ သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။ ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။ ၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက် People’s National Party နဲ့ ကွန်ဆာဗေးတစ် Jamaica Labour Party တို့အကြား ပြိုင်ဆိုင်မှုကနေ လက်နက်ကိုင် ပဋိပက္ခတွေအဖြစ်ပြောင်းလဲလာပြီး ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အရမ်းနီးကပ်လာခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေကို လျှော့ချချင်လို့ ဘော့မာလီဟာ ဂျမေကာအပြုံးဆိုတဲ့ ရှိုးပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်မတူမှုတွေကြောင့် အိမ်ထဲထိဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အသက်ဘေးကလွတ်လာပြီးတော့ ဗြိတိန်ကို ထွက်ပြေးခဲ့ပြီးနောက်မှာ Exodus အခွေကို ထုတ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ရက်ဂေးဂီတာ အိုင်ကွန်၊ ရာ့စတာဖာရိုင် ဘာသာရေးအိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျမေကာကို အသက်အန္တရာယ်ရှိတဲ့ကြားထဲက ပြန်လာပြီး အတိုက်အခံ ပါတီခေါင်းဆောင်နှစ်ယောက်ကိုပါ စင်ပေါ်ခေါ်တင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။ (ရုပ်ရှင်ထဲမှာ ဒီလိုပြပေမဲ့ အပြင်မှာတော့ ဂျမေကာဟာ ပါတီနှစ်ခု အားပြိုင်မှုတွေ၊ ဂိုဏ်းအကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေနဲ့ ၂၀၂၄အထိတောင် မတည်ငြိမ်သေးပါဘူး) 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…5GB/1.7GB/ 736MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 54min Genre …..Biography,Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson

Horror • Thriller
7 2024
Bob Marley One Love
Joker: Folie à Deux
5.3

Joker: Folie à Deux (2024) IMDb Rating (5.3) 2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲ ရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါ နာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်း စကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာ တစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်း နေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ ဒါကြောင့် Greatest Showman တို့ Les Misérables တို့လို သီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(8.3 GB) / (2.9 GB) / (1.1 GB) Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….02:18:29 Genre ….. Crime , Drama , Musicl , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Benjamin, Ka Naung Translated by Mr.Anderson

Action • Crime • Drama
5.3 2024 138 mins
Joker: Folie à Deux
Ted Bundy

ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းက‌ေလး‌ေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အ‌ေတာ်ကြာငြင်းဆိုပြီး‌ေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။ တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။ များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ ” Handsome Devil ” တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှု‌‌ေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။ သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က Ted Bundy အနေနဲ့သရုပ်ဆောင်ပြီး Boti Bliss ကသူ့ရည်းစား Lee အနေနဲ့ပါ၀င်ထားပါတယ်။ တချို့အခန်းတွေက နည်းနည်းကြမ်းလို့ အတူကြည့်မယ်ဆို လူရွေးကြည့်ကြပါနော်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Comedy • Drama
0 2002
Ted Bundy
Three Kingdoms: Resurrection of the Dragon
6.1

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။ File size…(2.1 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

6.1 2008 101 mins
Three Kingdoms: Resurrection of the Dragon
Haile: A Family Nightmare Haile: Bir Aile Kâbusu
4.6

Haile: A Family Nightmare (2023) 2020နောက်ပိုင်းမှာတော့ 2000 ရှေ့တုန်းကလိုမျိုး အလယ်ခေတ်ဆန်ဆန် ကျိန်စာတိုက်တဲ့ဇာတ်လမ်းတွေကို ရိုက်ကြတာ ရှာလားပါတယ်။ ဒီဇာတ်ကားကတော့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ ကျိန်စာတိုက်တဲ့ ဇာတ်အိမ်မျိုးကိုဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကာမယ်ဆိုတဲ့သူဟာ သူချစ်တဲ့သူ သူ့ညီနဲ့လက်ထပ်မှာကို မနာလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကစုန်းမကြီးတစ်ယောက်ဆီမှာ ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာကြောင့် သူ့ဆန္ဒအတိုင်းလိုချင်တဲ့ ကာမဆန္ဒကိုဖြေသိမ့်နိုင်ခဲ့ပေမယ့် ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးပါတယ်။ ဒါကတော့ သူ့ရဲ့မယားနဲ့ ပထမဆုံးရတဲ့သားဦးကို ကျိန်စာတိုက်ခဲ့တဲ့နတ်ဆီကို ပူဇော်ပသရမှာပါ။ ဒီလိုနဲ့ နှမြောတွန့်တိုတဲ့စိတ်နဲ့ သားဦးကို စတေးလိုက်ပေမယ့်လည်း ကျိန်စာရဲ့တန်ပြန်မှုတွေက မရပ်သွားတဲ့ ဆက်ပြီးကြီးလာခဲ့ပါတယ်။ ဒီလိုနဲ့ ကာမယ်တို့ လင်မယားနှစ်ယောက်လုံးရဲ့ မိသားစုတွေမှာရှိတဲ့ ညီအစ်ကိမောင်နှမတွေအားလုံး သောကကို ၂၅ နှစ်ကြာဆက်တိုက်ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ လက္ခဏာတူတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအကြောင်းကို အိမ်မက်ရသွားပြီး ကာမယ်တို့ရှိရင်ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘာဖြစ်လို့ ကျိန်စာကြီးဟာ မပျက်သွားဘဲ နက်မှောင်ပြီးချောက်ချားဖို့ကောင်းလောက်အောင် ကာမယ်တို့ ရွာတစ်လုံးကျိန်စာသင့်သွားတဲ့အထိဖြစ်သွာစေလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.2 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:34:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

4.6 2023
Haile: A Family Nightmare Haile: Bir Aile Kâbusu
Bioscope
7.7

Bioscope(2025) “ဘိုင်စကုပ်” တမီးလ်ကျေးလက် ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကုန်တင်ကားစက်ရုံအလုပ်နဲ့ ရက်ကန်းအလုပ်နှစ်မျိုးပဲရှိတဲ့ ရွာလေးတစ်ရွာမှာ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ မာဒရာ့စ်မြို့ကိုသွားပြီး ရုပ်ရှင်ပညာကို မရမကသွားလေ့လာခဲ့တယ် ဒီလိုနဲ့ ပရိုဂျူဆာတွေနဲ့ရအောင်စည်းရုံးပြီး ရိုက်တော့မယ်လုပ်ရာမှ ရွာက သူချစ်ရတဲ့ ဦးလေးဟာ ဗေဒင်ဆရာရဲ့စကားကိုယုံပြီး သေကြောင်းကြံသွားတဲ့အခါ ယူကြုံးမရဖြစ်ပြီး အယူသီးတဲ့ ဓလေ့တွေအကြောင်း ပညာပေးရုပ်ရှင်ကို ရွာသားတွေနဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ရာကနေ အလွဲအချော်တွေ၊ အခက်အခဲမျိုးစုံတွေ့ကြုံရင်ဆိုင်ရပုံကို ပရိသတ်တို့ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance
7.7 2025
Bioscope
The Jönsson Gang Returns
6

ဆွီဒင်ရဲ့ အကျော်ကြားဆုံး သူခိုးဂိုဏ်းလေး ပြန်လာပါပြီ! နှစ်ပေါင်းများစွာ ထွက်ပြေးနေခဲ့ရတဲ့ ဆစ်ကန်ဟာ သူ့ရဲ့ အဖွဲ့ဟောင်း ဗန်ဟီဒန်၊ ဒိုရစ်နဲ့ ဒိုင်နမိုက်ဟယ်ရီတို့နဲ့ ပြန်လည်ပေါင်းစည်းပြီး သဘာဝသမိုင်းပြတိုက်က တီရက်စ်အရိုးစုတစ်ခုလုံးကို ခိုးယူဖို့ အစီအစဉ်ဆွဲတယ်။ ဒီအရိုးစုကို စီးပွားရေးသမား ဝေါလ်အင်ဘတ်ကို ခရိုနာ သန်း ၃၂၀ နဲ့ ရောင်းချဖို့ အသေးစိတ်စီမံထားပြီးပြီ။ ဒါပေမယ့် ဂျွန်ဆင်ဂိုဏ်းကို ဖမ်းဆီးဖို့ စိတ်အားထက်သန်နေတဲ့ ရဲမေရစ်မောဂရင်းကို သူတို့ကို ဖမ်းဆီးဖို့ကြိုးစားတဲ့အခါမှာတော့…. ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်… File Size… (1.86 GB) / ( 885 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Family
6 2024 104 mins
The Jönsson Gang Returns