YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

For.Him.2023.S01E04.1080p.CM.mp4

494.59 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Revice Forward: Kamen Rider Live & Evil & Demons

၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့ "အော် အဲလိုလား" ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။ မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်း ဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Action, Adeventure, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 882MB | 415MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Romance
0 2023 117 mins
Revice Forward: Kamen Rider Live & Evil & Demons
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
Ghost Island 2
6

တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရှင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူငယ်လေး ၆ ယောက် မရည်ရွယ်ဘဲ ရောက်သွားပြီး ဒုက္ခတွေ ရောက်ခဲ့ကြတဲ့ Pulau Hantu 1 ရဲ့အဆက် Pulau Hantu 2 လာပါပြီ Pulau Hantu 1 မှာ တုန်းက နေးရိုနဲ့ ဒန်တီတို့ အသက်ရှင်ပြီး ကျန်ခဲ့ကြပါတယ်၊ သူတို့ နှစ်ယောက် ကျွန်းပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲ ပါတီလုပ်ပြီး ကဲချင်ကြတဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါတယ် ဒီလူငယ်တစ်သိုက်ကတော့ ပါတီလုပ်ပြီး မီးကုန်ယမ်းကုန် ကဲကြဖို့ ဒီကျွန်းကိုမှ တမင်ရွေးပြီး ရောက်လာကြတာပါ နေးရိုတို့နှစ်ယောက်နဲ့ နောက်ရောက်လာတဲ့ လူငယ်တစ်သိုက်ကို Ghost Island က အပီအပြင် ဧည့်ခံပေးလိုက်တဲ့ အခါမှာတော့.... အင်ဒို horror ကားပီပီ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားလို့ Horror အရသာကို အပီအပြင် ခံစားရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoXပဲ ဖြစ်ပါတယ်။ Genre.....Horror Quality…. 1080p | 720p | 480p File size…1.6GB | 779MB | 372MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....Roman NoX Encoder .....August

Crime • Romance • Thriller
6 2008
Ghost Island 2
The Pirates: The Last Royal Treasure
6.7

ကဲ...အားလုံးမျှော်နေကြတဲ့ ပင်လယ်ဓားပြကားလေးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော်။ cast တွေအနေနဲ့ Kang Ha Neul,Han Hyo Joo, Lee Kwang Soo, EXO's Sehun, Chae Soo Bin, Kwon Sang Woo ... စတဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေ ပါဝင်ထားတာမို့ စောင့်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ ဒီကားလေးက The Pirates:The Bandit Who Went To The Sea (2014) ရဲ့ အဆက်ဖြစ်ပေမယ့်လည်း plot ရော cast တွေရော မတူညီကြတာမို့ အရှေ့ကားမကြည့်ရသေးတဲ့သူတွေလည်း ဒီကားလေးကို တန်းကြည့်လို့ရပါတယ်နော်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားတဲ့ ဂိုလျောတော်ဝင်မိသားစုရဲ့ ရတနာတွေကို လိုက်ရှာကြတဲ့ ပင်လယ်ဓားပြတွေရဲ့ စွန့်စားခန်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ရှင်ခန်းတွေ အများအပြားပါဝင်လို့ ရင်သပ်ရှုမောဖွယ် ကြည့်ရမယ့်အပြင် comedy နဲ့ romance လေးပါ ပေါင်းစပ်ပါဝင်ထားတာမို့ ကြည့်ရှုသူတွေအတွက် စိတ်အပန်းပြေကြည်နူးစရာကောင်းနေမှာ အမှန်ပါပဲ။ ဒီလိုကားကောင်းလေးကို လက်မလွှတ်တမ်း အားပေးကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်နော်။ File Size          :  3.5GB, 1.6GB, 925MB & 535MB Quality            : 1080p WEB-DL 5.1CH, 720p WEB-DL, 544p & 480p Format            : mp4 Duration         : 2hr & 6mins Genre              : Action, Adventure Translated by  Hnin Ei Khine & Shoon Lwin Encoded by Kinnov

Comedy • Romance
6.7 2022 126 mins
The Pirates: The Last Royal Treasure
[18+] Amazons
4.3

(18+)Amazons(1986) ================ အမေဇုန်စစ်သည်တော်မလေးတွေရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ကျစ်လစ်ပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ် တွေကို ရင်တဖိုဖိုကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ အမေဇုန်တွေကို တိုင်းပြည်ကာကွယ်ဖို့ အထူးလေ့ကျင့်ပေးထားပါတယ် ဒါပေမဲ့ သူတို့ရင်ဆိုင်ရမဲ့ရန်သူက သာမန်အဆင့်ရန်သူမဟုတ်ပါဘူး တိုင်းပြည်တစ်ခုလုံးသိမ်းပြီး ကျွန်ပြုမဲ့ မိုးကြိုးလက်နက်မှော်အစွမ်းရထားတဲ့ မှော်ပညာသည်တစ်ယောက်ဖြစ်နေပါတယ် ဒါပေမဲ့ အမေဇုန်တွေမှာ မျှော်လင့်ချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ ပျောက်ဆုံးနေတဲ့ မှော်ဓားနဲ့ မကောင်းဆိုးရွား မှော်ပညာသည်ကို သတ်လျု့ရတယ်ဆိုတာပါပဲ အဲဒီမှော်ဓားကို အမေဇုန်တွေရအောင်ရှာနိုင်မလား မှော်ပညာရှင်ကပဲ သူတို့တွေကို အနိုင်ယူနိုင်မလားဆိုတာကို စိတ်ဝင်စားစရာ သမိုင်းပုံစံနဲ့ အဖေါ်ချွတ်ခန်းတွေ များနေတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်

Drama • Thriller
4.3 1986
[18+] Amazons
The Perfect Find
6.7

The Perfect Find(2023) ********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama
6.7 2023 99 mins
The Perfect Find
The Untamed
6.1

ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror အမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။ အိမ်​ထောင်​​​ရေးသုခ မပြည့်စုံတဲ့ လင်မယား၂​ယောက်၊ ခင်ပွန်း ဖြစ်သူက ​​ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်​နေချိန် ဗာရိုနီကာလို့ ​ခေါ်တဲ့ မိန်းက​လေးတစ်​ယောက်က သူတို့ကြားကို ဝင်လာချိန်က စပြီး ပြဿနာ​တွေမျိုးစုံ ဖြစ်လာပါ​တော့တယ်။ ဗာရိုနီကာက ​တောတွင်းတစ်​နေရာက သစ်လုံးအိမ်ထဲမှာ ​နေသူ ဖြစ်ပြီး ထိုအိမ်ထဲမှာ​ လျှို့ဝှက်ချက်တစ်ခုရှိ​နေပါတယ်။ အစမှာ ​ မောင်ဖြစ်သူ ​ဖေဘီယန်ကို ​အဲဒီကိုခေါ်သွားပြီး ကိုမာ​​ရောဂါရပြီး ​ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို ​နောက်ပိုင်းမှာ အစ်မဖြစ်တဲ့ အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကို​​ခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာ ရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်​နေမလဲ။ ဘယ်လိုပြဿနာ ​တွေကို ဇာတ်လိုက်မိသားစု​၃​​ယောက်ကြား ယူ​ဆောင်လာမလဲ ဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.1 2016 98 mins
The Untamed
Everything Is Unknown
5.9

Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်… ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်… ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်… လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့… ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်… ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်… ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယား မသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့… ကဲ ဇာတ်လမ်းလေးက ဒီလောက်ရိုးရှင်းတာလား… ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ… ကလေးလေးကရော ဘာရောဂါဖြစ်နေတာလဲ… ဘာက အမှန် ဘာက အမှားလဲဆိုတာ ဇာတ်လမ်းလေးကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြပါတော့….

5.9 2023
Everything Is Unknown
Balls of Fury
5.3

Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းက ကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့ သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။ သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့ မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲက လူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါ နောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီး ငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။ Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ် အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ် ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာ ပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီး ပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲ အဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက် သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာ ပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ FBI တွေက ရောက်လာပြီး နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် သူ့ရဲ့ ပင်ပေါင်အရည်အချင်းကို အလိုရှိကြောင်း လျှို့ဝှက်စစ်ဆင်ရေး စေလွှတ်ချင်ကြောင်းတွေ ပြောပြပြီး တရုတ်တန်းက မျက်မမြင်ဘိုးတော်ကြီးနဲ့ သင်တန်းအပ်ကာ ဒီလူဆိုးကြီးကို ဘယ်လိုတွေ ဖမ်းကြမလဲဆိုတာ ပေါက်တတ်ကရ ဟာသတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရုပ်တည်ကြီးတွေ ထထဖောက်တဲ့ ဟာသတွေဆို တကယ်ရယ်ရပါတယ်။ တစ်ခုပြောချင်တာကတော့ ဒီလိုဟာသကားကို Rating မကြည့်လိုက်ပါနဲ့ ဒီလို စိတ်မောလူမောကာလလေးမှာ မိတ်ဆွေတို့ကို တင်္ဒကလောက်တော့ အမောအပန်းတွေ ပြေသွားစေမယ့် ဟာသကားဟောင်းလေးပါလို့ ပြောလိုက်ပါရစေဗျာ…။ File size… 1.4 GB / 763 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Thriller
5.3 2007 90 mins
Balls of Fury
[21+] The Intern: A Summer of Lust

ဒီရုပ်ရှင်ထဲမှာ ပါတဲ့ဇာတ်ကောင်တွေက Blaire Ivory၊ Casey Calvert၊ Kali Sudhra၊ Michael Vegas။ နာမည်တွေကို သိတဲ့သူတွေလည်း သိလောက်မှာဆိုပေမဲ့ မသိသေးတဲ့သူတွေက ဒီရုပ်ရှင်လေးကို အရင်ခံစားကြည့်ပါ။ ပြီးမှ နာမည်တွေရှာပြီး လိုက်ကြည့်ချင်ရင်လည်း ကိုယ့်ဝေဒနာနဲ့ကိုယ်ပေါ့။ မက်ဒီဆိုတဲ့ကောင်မလေးက ရှေးရိုးစွဲမိဘတွေဆီမှာမနေနိုင်တော့ဘဲ ဘာစီလိုနာကိုထွက်လာခဲ့တယ်။ နာမည်ကြီး အပြာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းရေးရာပိုင်းအလုပ်သင်ဝင်လုပ်တယ်။ လွပ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်သမျှခံစားလိုက်တယ်။ တနေ့ မက်ဒီ ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ ဒီမှာပဲ ညီမဖြစ်သူ ပေစ်လီ အမေရိကကနေ အစ်မဖြစ်သူကိုရှာဖို့ ဘာစီလိုနာကို လိုက်လာခဲ့တယ်။ သူ့အစ်မ ဘာတွေဖြစ်ခဲ့လဲ ဘာဖြစ်သွားတာလဲရှာဖွေရင်း ဘ၀ရဲ့အနှစ်သာရကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ပုံကို အမိုက်စားရိုက်ကူးတင်ဆက်သွားတာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

0 2019 108 mins
[21+] The Intern: A Summer of Lust
Son of God
5.7

ဒီရုပ်ရှင်ဟာ ဓမ္မသစ်ကျမ်းကို မှီးပြီး ခရစ်တော်ရဲ့ ဘဝဇာတ်ကြောင်းကို သူပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့တွဲစပ်ပြသပြီး ကားစင်အတင်ခံရတဲ့အထိ ပြထားတယ်။ ခရစ်တော်ပြန်လည်ထမြောက်ပြီးတဲ့နောက် သူ့သာဝကတွေဟာ ခရစ်တော်ရဲ့နှုက်ကပတ်တော်တွေကို ဖြန့်ကျက်ခဲ့ကြတယ်။ အဲဒီခေတ်ကာလမှာ ဓမ္မသစ်ကို သိပ်လက်မခံကြသေးတော့ သူ့နောက်လိုက်တွေအကုန်နီးပါး နှိပ်ကွပ်ခံခဲ့ရတယ်။ ဒီဇာတ်ကိုတော့ ခရစ်တော်ရဲ့နောက်ဆုံးကျန်တဲ့သာဝက ယောဟန်က သူကြုံခဲ့ရတဲ့ဇာတ်လမ်းကို ပြန်ပြောပြတဲ့ပုံနဲ့ တင်ဆက်ထားတယ်။ ဒီရုပ်ရှင်မှာ ခရစ်တော်ရဲ့ကာလမှာ ကဲသာဘုရင်လက်ထက် (ဆီဇာ) ဂျူးတွေရောမလက်အောက်ခံဖြစ်ခဲ့ကြပုံတွေ ရောမတွေနဲ့ဂျူးတွေကြာက အဖုအထစ်တွေ ယဇ်ပုရောဟိတ်မင်းက ဘာသာရေးကို ချုပ်ကိုင်ထားပုံတွေ တရားစီရင်မှုအထိပါ ယဇ်ပုရောဟိတ်မင်းတွေက ဝင်စွက်ဖက်ခဲ့ကြပုံတွေကိုလည်း ပြထားတယ်။ ယေရှုခရစ် ဘယ်လိုကာလမှာ ရှင်သန်ခဲ့ရလဲ ကောင်းကောင်းမြင်သာအောင် ပြထားတယ်။ ယေရှုခရစ်ကို ထောက်ခံသူတွေများပြားလာသလို ယေရှုခရစ်ကလည်း ယေရှုရှလင် (ဂျေရုစလင်)ကို လာဖို့လုပ်တဲ့အချိန် ယဇ်ပုရောဟိတ်မင်းကယာဖက ဒီအခြင်းအရာက ပသခါပွဲတော်ကို ထိခိုက်လာမှာကို စိုးရိမ်ပြီး ပွဲမတိုင်ခင်မှာတင် ညတွင်းချင်း ဖမ်းဆီးပြီး တရားစီရင်ဖို့လုပ်ခဲ့တာတွေလည်းပြထားတယ်။ ဒါကို မြို့ဝန်မင်းပိလတ်က ဘာမှ မတတ်နိုင်ရတဲ့ အကြောင်းရင်းတွေ ဘာတွေလည်းပြထားတယ်။ ဒီရုပ်ရှင်မှာ ယေရှုခရစ်ရဲ့ဖြစ်တော်စဉ်ကိုတော့ သေချာပြထားတယ်။ နှုတ်ကပတ်တော်တွေတော့ အကုန်မထည့်ထားဘူးပေါ့။ ယေရှုခရစ်ရဲ့သမိုင်းကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာရေးကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ File Size : 2.5 GB / 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 2hr 18min Format : Mp4 Genre : Biography/ Dram/ History Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

5.7 2014 138 mins
Son of God
The Invisibles
6.7

လက်ရှိအသက်ရှင်နေထိုင်နေရတဲ့ဘ၀ကို ပိုတန်ဖိုးထားတတ်သွား‌အောင် ပညာပေးသွားမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Invisibles ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်လေးအတိုင်း ကိုယ်ပျောက်လူသားတွေအကြောင်းတွေ့ရမှာဖြစ်ပြီး ဒရာမာဆိုပေမဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ချာလီဆိုတဲ့လူက အာမခံကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဘ၀ကြီးကထူးထူး ခြားခြားတော့မရှိပါဘူး။အလုပ်သွားအလုပ်ပြန် မိန်းမနဲ့စကားနည်းနည်းပါးပါးပြောနဲ့ ရိုးရှင်းတဲ့ဘ၀ပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ အဲ့ဒီအရာတွေ အားလုံးကပြောင်းလဲ သွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ သူမနက်နိုးလာတဲ့အချိန်မှာသူ့ကို သူ့မိန်းမကမမြင်ရတော့လို့ပါပဲ။စကားတွေအကျယ်ကြီးအော်ပြော လက်ဟန် ခြေဟန်တွေပြနေပေမဲ့လည်း ဘာမှမထူးခြားလာပါဘူး။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ သူကဒီလောကကြီးနဲ့မသက်ဆိုင်တော့တဲ့ လူသားတွေမမြင်ရတော့တဲ့ ကိုယ်ပျောက် လူသားတစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတော့တယ်။ကံကောင်းချင်တော့ သူ့လိုတခြားလူတွေနဲ့တွေ့ခဲ့ရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုတဖြည်းဖြည်း အဖြေရှာရင်းနဲ့ သူ့မိန်းမရှိတဲ့တကယ့်လူ့လောကအစစ်ထဲကို ပြန်သွားဖို့ ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ File size…1.07GB / 658MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024
The Invisibles
The Fault is Not Yours
7.8

The Fault is Not Yours (2019) ****************************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ All of us Are Dead မှ Yoon Chan-Young, Racket Boys မှ Son Sang-Yeon နဲ့ IZ*ONE အဖွဲ့ဝင် Kim Min-Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပညာပေး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် .. – ဇာတ်လမ်းအကျဉ်း – ဂျွန်ယောင်း (Yoon Chan-Young) ဟာဆိုရင် ရောဂါသည်အမေ့ကို တစ်ယောက်တည်း ပြုစုရင်း ကျောင်းတက်နေရသူလေးပါ .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုး ထားရတဲ့ ဂျွန်ယောင်းကို အမြဲ ကူညီပေးနေတဲ့သူကတော့ ဂျွန်ယောင်းရဲ့ဆရာ မင်ဂျယ် (Kim Jae-Chul) ပဲဖြစ်ပါတယ် .. ဒါပေမဲ့ ဂျွန်ယောင်းတစ်ယောက် တကယ်တမ်း ကူရာမရဖြစ်လောက်တဲ့အထိ စိတ်ပျက်လက်မှိုင် ကျနေတဲ့ အခြေအနေမှာမှ ဆရာဖြစ်သူက အမှုမဲ့အမှတ်မဲ့ သဘောထားလိုက်မိတဲ့အတွက် ဂျွန်ယောင်းလည်း အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ် .. ဂျွန်ယောင်းကို ဆုံးရှုံးလိုက်ရတဲ့ ဆရာဖြစ်သူလည်း နောက်ထပ် ကျောင်းသားတွေကို မဆုံးရှုံးရစေဖို့အတွက် ဆရာတစ်ယောက်အနေနဲ့ အကူအညီလိုအပ်နေတဲ့ ကျောင်းသားတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဖေးမပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ် .. လက်ရှိ ဆရာမင်ဂျယ် အတန်းပိုင်လုပ်နေတဲ့ အတန်းက ကလေးတွေမှာလည်း စိတ်ဒဏ်ရာအသီးသီး ရှိနေကြပါတယ် .. ဒီလို စိတ်ဖိစီးစရာကိစ္စ ကိုယ်စီရှိနေကြတဲ့ ကလေးတွေကို ဒီတစ်ခေါက်မှာတော့ ဆရာမင်ဂျယ်က ဖေးမကူညီ‌ပြီး ကာကွယ်ပေးသွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် .. (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.06GB / 487MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Horror • Thriller
7.8 2019 108 mins
The Fault is Not Yours
Heroes Return
5.6

ဇာတ်ကြောင်းလေးကတော့ ပီအီးလုပ်ငန်းစုဟာ R hemagglutinin ဆိုတဲ့ သွေးရည်ကြည်ဆေးကို ထုတ်လုပ်ဖို့စမ်းသပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီဆေးဟာ လူရဲ့ရိုးတွင်းချဉ်ဆီထဲက သွေးကိုသုံးပြီး စမ်းသပ်ရတဲ့အတွက်ကြောင့် ဆေးထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတယ် အဲ့ဒီလိုရပ်စဲတာကိုမကျေနပ်နိုင်တဲ့ ဝိသမလောဘသားတစ်စုဟာ လျှို့ဝှက်ပြီး R hemagglutinin ကိုဆက်လက်စမ်းသပ်ဖို့ကြံပါတော့တယ် R hemagglutinin စမ်းသပ်ဖို့အတွက်ဓားစာခံလူတွေများစွာကို ဖမ်းဆီးစမ်းသပ်နေတာကို ရဲ့ရင့်ပြီးတာဝန်ယူစိတ်အပြည့်ရှိတဲ့ စစ်သားဟောင်း ဝူဝေသိသွားချိန်မှာတော့… ဝူဝေတစ်ယောက် မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ ဘယ်လိုမျိုးစွန့်စားကယ်တင်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပါ

Thriller
5.6 2021 90 mins
Heroes Return
We Girls
6.2

ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ… ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်… ဟုတ်ပါတယ်… ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်… ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား… ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ… အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ… ဘယ်သူကမြင်မှာလဲ… ဒီလိုမလုပ်သင့်ဘူး… ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်… တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့… ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို… မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့… ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ… ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့… ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်… သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့… ဆွံ့အနားမကြားလေးပေါ့… ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့… ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့… ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား… သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ အရာရှိကောင်းပေါ့… တစ်ချိန်တည်းမှာပဲ ထောင်ထဲ သူတို့ကိုအနိုင်ကျင့်နေတဲ့ ဆေးမှုနဲ့ ထောင်ကျတဲ့ သက်ကြီးသမား ဟူဖျင်ကလည်း ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အခန်းက ပါထားပြန်တယ်…

Horror • Thriller
6.2 2025
We Girls