YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Flight To You E27 CM.mp4

221.1 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
Fright Night
7

~ IMDb - 7/10, RT - 82%, Meta - 62% ~ 2011 မှာထွက်ခဲ့တဲ့ Fright Night ကားကို လူတော်တော်ကြိုက်ကြသလို တော်တော်များများလည်း ကြည့်ပြီးလောက်ကြပါပြီ။ ခုကားကတော့ အဲဒီ 2011 ကားရဲ့ မူလပထမ ကလပ်စစ်စာရင်းဝင် Fright Night ကားပါပဲ။ ဇာတ်ဝင်ခန်းတွေက Reboot ကားထက် တော်တော်လန့်စရာကောင်းတာတွေပါသလို Best Horror Film Award တွေကိုလည်းရရှိထားပါတယ်။ Classics တွေကို Remake တွေ ဘယ်လိုရိုက်ရိုက် ကျော်လို့မရနိုင်တဲ့အကြောင်း နောက်ထပ်ဥပမာတစ်ခုလို့လည်း တစ်ချို့က ဆိုကြတယ်။ ခေတ်ဟောင်းပေမဲ့လည်း အထူးပြုလုပ်ချက် Practical Effects တွေက သဘာဝကျကျနဲ့ ကျောချမ်းဖို့ကောင်းနေတယ်လို့လည်း ဆိုကြတယ်။ Fright Night ကားကို ကြိုက်ခဲ့ကြတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့၊ ပြန်ရိုက်ဗားရှင်းထက် အများကြီးပိုသာတဲ့ အော်ရီဂျင်နယ် Fright Night ကားတစ်ကားလို့ ရဲရဲကြီးပြောရဲပါတယ်။ သရဲကားတွေကို စွဲစွဲလမ်းလမ်းကြည့်တတ်တဲ့ ချာလီဘရူးစတားတို့ရဲ့ဘေးက ပြိုပျက်လုနီးပါးအိမ်တစ်လုံးကို အိမ်တွေပြန်ပြင်ရောင်းရင်း အသက်မွေးတဲ့ ဂျယ်ရီဒန်းဒရစ်ဂ်ျဆိုတဲ့လူ ပြောင်းလာခဲ့တယ်။ နေ့ခင်းဘက်တွေမှာ ပျောက်ချက်သားကောင်းနေတတ်ပြီး ညဘက်ကျမှမြင်ရတတ်တဲ့ ကိုလူချောဂျယ်ရီ ရောက်လာပြီးတဲ့နောက် ချာလီတို့နားတစ်ဝိုက်မှာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ တွေ့လာရရင်း တစ်ရက်မှာ အသတ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဟာ အဲဒီနေ့မတိုင်ခင်က ဂျယ်ရီ့အိမ်ဆီ ရောက်လာတဲ့သူမှန်း ချာလီသတိထားမိသွားခဲ့တယ်။ အဲဒီလိုနဲ့ ဘေးအိမ်ကအနေအထားကို ချာလီသတိထားစောင့်ကြည့်ရင်း တစ်ညမှာတော့ ဂျယ်ရီဟာ တခြားမဟုတ်ဘဲ သူ့အသည်းစွဲရုပ်ရှင်တွေထဲကလို သွေးစုပ်ဖုတ်ကောင် ဖြစ်နေမှန်း ချာလီသိလိုက်ရတယ်။ ခက်တာက သူဒီလိုသိသွားတာကို ဂျယ်ရီကပါ သိရှိသွားပြီး သက်သေဖျောက်ဖို့ ချာလီကို အန္တရာယ်ပြုလာတဲ့နောက်မှာ ချာလီတစ်ယောက် သူ့အကြိုက်သရဲရုပ်ရှင်မင်းသား ပီတာဗင်းဆန့်ကို စစ်ကူခေါ်ပြီးတော့ သူချစ်ရသူတွေကို သွေးစုပ်ဖုတ်ကောင်အန္တရာယ်က ကယ်တင်ဖို့ ကြိုးစားရတော့တယ်။ Fright Night ကားတွေဟာ သူ့ရှေ့က ဂန္ထဝင်ကားတွေဖြစ်တဲ့ Nosferatu နဲ့ Dracula တို့လိုကားတွေကို မှီငြမ်းထားတဲ့ စတီဖင်ကင်းရဲ့ Salem's Lot ရဲ့ လွှမ်းမိုးမှုမကင်းခဲ့ပေမဲ့လည်း သူ့ကိုယ်တိုင်ကိုကလည်း အားကောင်းလေတော့ ဒီကားတွေရဲ့ အရိပ်အောက်မှာရှိနေပေမဲ့ Vampire ရုပ်ရှင်နဲ့ပတ်သက်တဲ့ အခြေခံအဆောက်အတည်တွေကိုလည်း ပိုအားကောင်းစေခဲ့ပါတယ်။ ဥပမာပြောရရင် နောက်ပိုင်း ကျွန်တော်တို့ငယ်ငယ်က ကြိုက်ကောင်းကြိုက်ခဲ့လောက်ကြဖူးတဲ့ The Vampire Diaries ဘာညာမှာ ဗမ်ပိုင်းယားတွေကို မဖိတ်ခေါ်ရင် ဝင်မရဘူးဆိုတဲ့ အချက်ကိုလည်း Fright Night က ပိုခိုင်မာစေခဲ့တယ်ပြောလည်း မမှားလောက်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 782MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 46Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
7 1985 107 mins
Fright Night
[21+]Her Older Sister [SSIS-453]

ဆာတိုရီ နဲ့ အဇီဝါ တို့ ချစ်ခရီးက အခုမှစတာပါ ငယ်ရွယ်သူတွေဖြစ်ကြပြီး အချစ်ကို ရူးရူးမိုက်မိုက်ပဲပေါ့ ချစ်တာတခုပဲသိပြီး ကျန်တဲ့ အရာတွေကို အတွေ့ကြုံမရှိသူတွေ အနမ်းလေးတစ်ပွင့်အတွက်တောင် ခဲရာခဲဆစ်ကြိုးစားနေရသူတွေ အဇီဝဝါရဲ့ အစ်မက တော့ အဲလိုမဟုတ်ပါဘူး သူက ယွန်း တဲ့ ယွန်းကတော့ အသက်ရွယ်ရှိပြီး အတွေ့ကြုံများသူလေး တစ်နေ့မှာတော့ သူတို့နှစ်ယောက်အခြေနေကို ရိပ်မိသွားတဲ့ ယွန်း တစ်ယောက် ဆာတိုရီနဲ့ နှစ်ယောက်တည်း တွေ့ဖို့အကြောင်းဖန်လာတဲ့အခါ ရင်ခွင်မှီအရပ် မောင်လေးတွေကို ကြိုက်တဲ့ မမတွေရော အရပ်ရှည်တဲ့ မမတွေကိုမှကြိုက်တဲ့ ကောင်လေးတွေရော လက်မလွတ်တမ်းကြည့်သင့်ပါတယ် File size…2.3GB / 1.3GB Quality…1080p  / 720p Format…mp4  Duration….2 h 32 min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Crime • Drama • Thriller
null 2022 152 mins
[21+]Her Older Sister [SSIS-453]
Oligosaccharide The Movie
5.6

အခုတစ်ခေါက်က ဟာသဆန်ဆန် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် လူငယ်ဇာတ်ကားလေးပါ သာမန်ရုံးသမားလူငယ်တစ်‌ယောက်ရဲ့ ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းအတိုလေး ငါးခုကို ဇာတ်ကားအဖြစ်ပေါင်းထားတဲ့ ဇာတ်ကားလေးပါ ညီကိုတို့လို လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ လူငယ်တွေ " ဆေးလိပ်နဲ့အရက်သာ မ‌ေသာက်ဘဲနေနိုင်မယ် ဆန္ဒကိုတော့ သိက္ခာနဲ့ မထိန်းနိုင်ဘူး " ဆိုတဲ့ ယောက်ျားလေးတွေအတွက် ကောင်မလေးက အရမ်းတင်းကြပ်တဲ့ အခါ နေရထိုင်ရခက်တဲ့ အကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အချစ်ကားလေး ဖြစ်ပါတယ် လူငယ်တွေ အထူးသဖြင့် အိမ်ထောင်ပြုခါနီး စုံတွဲတွေ တစ်ညတာ ပျော်ပျော်ပါးပါးနဲ့ ရယ်မောရင်း ဖြတ်သန်းချင်ရင်တော့ ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ်နော် အညျွန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 608MB | 257MB Format… mp4 Duration….  1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank

Crime • Mystery • Thriller
5.6 2017 103 mins
Oligosaccharide The Movie
Quo Vadis, Aida?
7.6

IMDb Rating. = 7.9/10 Rotten Tomatoes = 100% July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။ 2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ကာကွယ်မှုရဇုန်အဖြစ် ကြေညာထားတယ်ပေါ့။ ဆာ့ဗ်တွေဘက်က လက်နက်ကြီးတွေကို မရုတ်သိမ်းရင် နေတိုးရဲ့လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်မယ်လို့ UNကနေ ရာဇသံပေးထားတယ်။ ထုံးစံအတိုင်းပေါ့ ဆာ့ဗ်တွေမြို့နားကပ်လာကတည်းက UN က တစ်လက်မမှ ထပ်မကပ်လာစေရဘူး ဘာညာကတိ‌တွေပေးတယ်။ ဟိုဘက်ကတပ်တွေက မြို့ကိုသိမ်းသွားတဲ့အထိကို နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုလည်းမလာ ရိက္ခာတောင်မလာဘူး။အခြေစိုက်စခန်းက အရာရှိတွေပြောတဲ့ "ကျုပ်တို့ လုပ်နိုင်တာ အကုန်လုပ်နေပါတယ်"ဆိုတဲ့စကား ကြားရတာကလွဲ ဘာမှဖြစ်မလာခဲ့ဘူး။နောက်ဆုံး သူတို့ အခြေစိုက်စခန်းထဲ ၀င်သောင်းကြမ်းသွားတဲ့ အထိကို UNက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီကနေမှ ယူအမ်အခြေစိုက်စခန်းချထားတဲ့ ဆာဘရီနီကာမှာ UNကြီးငုတ်တုတ်ရှိနေလျက်နဲ့ UNရဲ့အဆိုးရွားဆုံးကျရှုံးမှု (ဝါ) UN သမိုင်းရဲ့ အကြီးဆုံးအမဲစက်ဖြစ်တဲ့ ဆရီဘရီနီကာ Genocide ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို ရိုက်ပြထားတယ်။ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ တရားခံဖြစ်တဲ့ ဘော့စနီးယား သားသတ်သမားလို့ အမည်တွင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီးတဲ့ ၁၉၉၅ ခုနှစ် ကတည်းက စပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်။ 2017 မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်စီရင်ချက်ကိုဖတ်ကြားတဲ့အချိန်မှာ အသတ်ခံရသူများ၏မိခင်များက လက်ခုပ်သြဘာပေးကြတယ်လို့ဆိုတယ်။ Quo Vadis ,Aida? ကို ဘော့စနီးယားဒါရိုက်တာ Jasmila Žbanićက ရေးသား ရိုက်ကူးထားပြီး 2021 အော်စကာဆုပေးပွဲမှာ Best International Feature Filmဆုအတွက် ဆန်ခါတင်၀င်ခဲ့တယ်။ ဆုကိုတော့ သိတဲ့အတိုင်း ဇိုးဘဲရုပ်ရှင်က ရသွားခဲ့တာပါ။ BAFTAအပါအ၀င် တခြားဆုပေးပွဲတွေမှာ ဆန်ခါတင် အတော်များများ၀င်ခဲ့ပြီး ဆုအချို့လည်းရထားခဲ့တယ်။ Ratingပိုင်းမှာလည်း ပေးချင်တဲ့သူပေးပြီး မကောင်းလည်း မြင့်ချင်သလိုမြင့်သွားနိုင်တဲ့ IMDbလည်း 7.9 ပါ။ 100%ပေးတဲ့ကား အရမ်းများနေလို့ ဖြတ်ရိုက်ချင်စရာ ကောင်းနေတဲ့ Rotten Tomatoes ကလည်း100% ပါပဲ။ နောက် သူတို့ထဲတော့ ကျွန်တော်အယုံဆုံး Rating ဖြစ်တဲ့ Metacritic Ratingက 97% ပါ။ Meta 97%ရတဲ့ကား အတော့်ကိုရှားပါတယ်။ အသေကောင်းပါတယ်ဆိုတဲ့ ကားတွေတောင် 95%မရောက်ပါဘူး။‌ နောက် ဒီရုပ်ရှင်ဟာ Metacriticက စာရင်းလုပ်ထားတဲ့ 2021 ရဲ့ ထွက်ပြီးသမျှ အကောင်း‌ဆုံး ကားစာရင်းမှာ နံပါတ်တစ်နေရာယူထားတယ်။ ဆိုတော့ကာ စိတ်ချလက်ချ ကြည့်လို့ရပါတယ်။ခေတ်ကာလအခြေနဲ့လည်း ကိုက်ညီတာကြောင့် Criticတွေထက်တောင် ကောင်းကောင်းကြီး ပိုခံစားလို့၀င်ကြမှာပါ။ Ref , BBC and Other News Medias (တန်ဖိုးရှိတဲ့ ဒီဇာတ်ကားအတွက် တန်ဖိုးရှိတဲ့ ရုပ်ရှင်အညွှန်းကို WiRa Aung က ဖန်တီးပေးထားတာပါ။) File size…(1.8 GB) / (900 MB) / (441 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by WiRa Aung

Drama
7.6 2021 104 mins
Quo Vadis, Aida?
Metro
6.4

Metro (2013) ============ IMDb Rating – 6.4/10 Action, Drama, Thriller ၂၀၁၃ လောက်ကထွက်ခဲ့တဲ့ မက်ထရိုဆိုတဲ့ ရုရှားကားကောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ထဲက ဆောက်လုပ်ခဲ့တဲ့ မော်စကိုမြေအောက်ရထားလှိုင်ခေါင်းကြီး တစ်ခုရှိပါတယ်။ မော်စကိုမြစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး၊ စစ်တွင်းက ဘန်ကာတွေလည်းရှိနေပါတယ်။ ရန်သူတွေကိုရေလွှမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထား ခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ပြည်သူသုံးရထားလမ်းအဖြစ်ပဲ ဆက်လက်သုံးစွဲနေပါတယ်။ ဒါပေမယ့် ငလျင်လှုပ်သွားတာကနေ တစ်ဆင့် မော်စကိုမြစ်ရေနဲ့ လှိုင်ခေါင်း ချိတ်ဆက်ထားတဲ့နေရာက ပျက်စီးသွားပြီး ရေတွေ ဝင်လာပါတယ်။ ရထားတွဲမှာပါသွားတဲ့ လူ တွေလည်းပိတ်မိကုန်ပြီး သူစိမ်းတွေဆိုပေမယ့် အချင်းချင်း ကူညီ ရိုင်းပင်းရင်း ရှင်သန်ရုန်းကန်ကြတာကိုကြည့်ရမယ့် ဇာတ်လမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.25 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Thriller Translator……Thiha Yan Naing Encoder……….SWM

Science Fiction • Mystery
6.4 2013 130 mins
Metro
Her Hobby

Her Hobby (2023) အရိုးစွဲနေတဲ့ဓလေ့နဲ့ နိမ့်ရာကိုလှံစိုက်တတ်ကြတဲ့ လူ့သဘာဝကတော့ နေရာတိုင်းမှာရှိစမြဲပါပဲ ဒီဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ရွာကိုပြန်ရောက်လာတဲ့ ဂျောင်အင်းကို ရွာကလူတွေဟာ ရှေ့မှာပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှာတစ်ဖုံ အမျိုးမျိုးကဲ့ရဲ့ပြောဆိုနေကြတာပါ တစ်ကောင်ကြွက်လိုဖြစ်နေတဲ့ဂျောင်အင်းကို နိုင်စားရာလိုမြင်နေကြတဲ့အတွက် ခိုကိုးရာမဲ့နေခဲ့တာပါ အဲလိုနဲ့ ရွာကိုအသစ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်ပြီးတဲ့နောက် ဂျောင်အင်းဟာ ခံယူချက်တွေပြောင်းလာပြီး ရွာကလူတွေကို လက်စားချေပါတော့တယ် မိန်းကလေးတွေဆို ပြောချင်ဆိုချင်ကြတဲ့လောကကြီးက ဂျောင်အင်းအတွက် ဘယ်လိုလောကကြီးဖြစ်မလဲ… ဂျောင်အင်းကရော နောက်ဆုံးမှာ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.4GB | 679MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Her Hobby
La Haine
8.1

Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။ အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Crime • Mystery • Thriller
8.1 1995 98 mins
La Haine
Ten Inch Hero
7.3

Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်က လူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ် ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ် ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ် အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ် လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီး ကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာ နွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထား ဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။ File size… 938 MB Quality… WEB-DL 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

7.3 2007
Ten Inch Hero
Mr. & Mrs. Smith Mr and Mrs Smith
6.5

Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်က ရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေက သရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။ အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်း ရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာ သူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီး ပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။

6.5 2005 119 mins
Mr. & Mrs. Smith Mr and Mrs Smith
The Lord of the Rings: The War of the Rohirrim
6.6

ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the rings of power စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lord of the Rings ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။ File size… (3.59GB) / (1.63GB) / (1.04GB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….2h 14m Genre ….. Action , Adventure , Animation , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Animation • Adventure • Drama • Family
6.6 2024 134 mins
The Lord of the Rings: The War of the Rohirrim
What a Feeling
6.4

What a Feeling (2024) IMDb Rating (6.4) မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။ အောင်မြင်ချမ်းသာပြီး အချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီး အဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ ချစ်သူတွေထည်လဲတွဲတတ်သူ၊ အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ What a Feeling ဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့ အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:46:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2024 110 mins
What a Feeling
Our Departures
7

Our Departures (2018) *********************** IMDb….. 7.0 ရှူဟေးရဲ့ဇနီးသည်ဟာ သားလေးရွှန်ယာကို မွေးဖွားပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကလေးကို တစ်ယောက်တည်း ကြိုးစားပျိုးထောင်ရင်း အာကိရာဆိုတဲ့ ကောင်မလေးနဲ့အကြောင်းပါပြီး လက်ထပ်လိုက်ဖြစ်သွားပါတော့တယ်။ ရှူဟေးဟာ ရထားတွေကို ချစ်တဲ့သူတစ်ယောက်ဖြစ်သလို သားလေးရွှန်ယာဟာလည်း ရထားတွေကို ချစ်မြတ်နိုးပါတယ်။ ဒီလိုနဲ့ မိသားစု၃ယောက် ပျော်ပျော်ရွှင်ရွှင်နေလာရင်း ကံဆိုးမိုးမှောင်ကျပါတော့တယ်။ ရှူဟေးတစ်ယောက် ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပြီး ဆုံးပါးသွားခဲ့တာပါပဲ။ ယောက်ျားဖြစ်သူဟာလည်း ဆုံးပါးသွား ကလေးတစ်ဖက်ရယ် ၏ အကြွေးတွေကလည်းရှိနေပြန်တော့ အာကိရာတစ်ယောက် မတတ်သာတဲ့အဆုံး ရှူဟေးရဲ့ ဖခင်ဖြစ်သူရှိရာဆီကို သွားရောက်အကူအညီတောင်းရင်း နေထိုင်ခွင့်တောင်းခဲ့ပါတယ်။ အာကိရာနဲ့ ရွှန်ယာတို့ ရှူဟေးအဖေရဲ့ အိမ်မှာနေထိုင်ရင်း ရထားတွေကိုချစ်တဲ့ သားလေး ရွှန်ယာရဲ့ တိုက်တွန်းမှုနဲ့အတူ အာကိရာတစ်ယောက် ရထားမောင်းသမားတစ်ယောက်လုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ အာကိရာတစ်ယောက် ကိုယ်တိုင်က ကလေးမမွေးဖူးပေမဲ့ ယောက်ျားရဲ့သားဖြစ်သူ ရွှန်ယာလေးကို ဘယ်လိုပျိုးထောင်ပေးသွားမလဲ… ယောက်ျားရဲ့ ဖခင်ဖြစ်သူနဲ့ရော အာကိရာတို့ သားအမိ အဆင်ပြေပါ့မလား… ရထားချစ်တဲ့ ယောက်ျားနဲ့ သားဖြစ်သူကြောင့် လုပ်ခဲ့တဲ့ ရထားမောင်းတဲ့အလုပ်မှာရော ဘယ်လိုတွေဖြတ်သန်းရမလဲ… ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Char Ou ပဲ ဖြစ်ပါတယ်။) File Size : 1.55GB/ 720MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:၀6 Genre : Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Tiff

7 2018 120 mins
Our Departures