YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Fateful Love E19 720p WEB-DL CM.mp4

407.88 MB N/A video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Breaking the Surface
5

Breaking the Surface (2006) ဒီကားက Erotic ကားပေမဲ့ ဇာတ်အိမ်ကို တော်တော်သပ်သပ်ရပ်ရပ်လေးရော ပညာပေးဆန်ဆန်ရော ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ Erotic ထဲတော့ တော်တော်သပ်ရပ်ပါတယ်။ ဆုတွေဘာတွေတောင် ရထားပါသေးတယ်။ Erotic ပေမဲ့ Indie ကားလိုလို ဘာလိုလိုလည်း ခံစားရမယ့်ရုပ်ရှင်ပါပဲ။ အရမ်းတော့ ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမဲ့ မထိတထိနဲ့ အသည်းထဲ ငြိချင်ရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်အိမ်ကတော့ အမျိုးသမီးအသားပေးပါ။ ဓာတ်ပုံကျောင်းတက်နေတဲ့ ကျောင်းသူလေးဟာ ကျောင်းနဲ့အလုပ်ကြား နှစ်ဖက်နင်းနေတုန်း အချစ်လို့ခေါ်တဲ့အရာနဲ့တွေ့လာတယ်။ အချစ်လို့ခေါ်တဲ့အရာနဲ့ အမှားအယွင်းတွေဖြစ်လာသလို အလုပ်နဲ့ကျောင်းကြားလည်း အမှားအယွင်းတွေဖြစ်လာတယ်။ ၂၀ကျော် လမ်းပျောက်တုန်းအရွယ်ရဲ့ အနုပညာနဲ့ မိုက်ရူးရဲဆန်စိတ်ကြောင့် ကိုယ့်စိတ်တိုင်းကျ ဖော်ပြမခံရတဲ့ ဓာတ်ပုံတွေအတွက် ခေါင်းမာရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဘဝထဲ ရေလိုက်ငါးလိုက် မနေနိုင်ခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရေနည်းငါးဘဝအကြောင်းကို Erotic ကားပေမဲ့လည်း သေချာအသက်သွင်းပြသွားတာမို့ Erotic အခန်းတွေဖယ်လိုက်ရင်တောင် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.45GB, 720MB Quality - 720p, 480p IMDb Rating - 5.2/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by RGB

Drama
5 2006 92 mins
[18+] Breaking the Surface
Twilight Dinner
3.5

အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။ မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်.... File size…200MB Quality…HD DVD RIP Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Dark V

Comedy • Drama • Fantasy
3.5 1998 64 mins
Twilight Dinner
Shiv Shastri Balboa

Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Drama မင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL

Drama • Romance
0 2023 129 mins
Shiv Shastri Balboa
(18+) Hirugao
6.3

Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ သူတို့ဟာ အချစ်ရဲ့နယ်သတ်စည်းကို ထပ်ကျော်မိကြတာပေါ့။ ဒီကားမှာတော့ သူတို့ကြားကအခြေအနေကိုတင်မဟုတ်ဘဲ တတိယလူဖြစ်သွားတဲ့ ပထမလူရဲ့ ဒဏ်ရာတွေကို ပြသွားခဲ့တယ်။ မကျော်သင့်တဲ့စည်းကို ကျော်မိတဲ့အတွက် သူတို့၃ယောက်ရဲ့ အချစ်ဟာ ဘယ်လိုအခြေအနေ ရောက်သွားကြမလဲ Hirugao မှာ ကျွန်တော်တို့မြင်ကြရမှာပါပဲ။ စနှိုက်ကြော်ခြင်းရဲ့ အကျိုးအပြစ်များကို သေချာပြထားတဲ့ကားမို့ ပညာယူကြည့်ရှုကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 708MB Quality - 720p, 480p IMDb Rating - 6/10 Format - mp4 Duration - 2H 5Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Drama • Family
6.3 2017 125 mins
(18+) Hirugao
Glass Onion: A Knives Out Mystery
7.1

ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။ Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။ Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။ စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖို့ပေါ့လေ၊ အဲဒီအတွက် နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။ အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့ ဆက်ကြည့်ရမှာပါပဲ။ ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို့ ကြိုက်ကြမှာပါ။ File size…3.2GB / 1.3GB  Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Comedy • Horror
7.1 2022 140 mins
Glass Onion: A Knives Out Mystery
Pareshan
7

Pareshan 2023 IMDb rating - 6.7/10 ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်‌အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကို ဟာသနှောပြီးကြည့်ရှုရမှာပါ။ မိန်းမရှိလျှက်နဲ့ ‌အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှ ဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊ သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့... စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတော့ ဇာတ်ကားနာမည် Pareshan (ဒုက္ခ)ဆိုတဲ့အတိုင်း လောကဓံဒုက္ခတွေကို သူတို့ဘယ်လို အမျိုးစုံကြိုးခုန်ကြမယ်ဆိုတာ အပန်းဖြေရင်းကြည့်ရှုလိုက်ရအောင်ဗျာ.... (အညွှန်းနဲ့ဘာသာပြန်ကတော့ Moon ~V~Cherry~BpL~Yunni~Aditi တို့ပဲဖြစ်ပါတယ်။) File size…2.05GB / 1GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~V~Cherry~BpL~Yunni~Aditi

Action • Comedy
7 2023
Pareshan
Eingeschlossene Gesellschaft / Lock In Society
6.2

ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ ပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ် ချင်တိုင်း၊ လုပ်ချင်တိုင်း ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေနဲ့ တလွဲတချော်ဖြစ်နေတဲ့သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခုတော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myo

Drama • Thriller
6.2 2022 97 mins
Eingeschlossene Gesellschaft / Lock In Society
Morgan
5.8

မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများက မွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့ မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်.. သူဟာသိပ္ပံပညာ​ရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီး ရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီး ထားတာဖြစ်တဲ့အတွက် ဉာဏ်​ရည်ဉာဏ်သွေးကော ကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာ ကောင်းမွန်တဲ့သူတစ်ယောက်ပေါ့.. တစ်နေ့မှာ​တော့​မော်ဂန်လေးဟာ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့ သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ် ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကို လွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလား အဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့ အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့​ အသက်5နှစ် အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲ အဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ…. အသက်ရှင်ခွင့်ရမလား​ အဆုံးသတ်ခံရမလားဆိုတာကိုတော့ ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ……… File size…1.30GB / 611MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.8 2016
Morgan
Kinds of Kindness
6.9

အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ File size…8.83GB / 2.67GB / 1.26GB Quality…WEB-DL 4k HEVC 1080p / 720p Format…mkv / mp4 Duration….2h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.9 2024
Kinds of Kindness
City of Damnation

City of Damnation (2009) **************************** Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့…. ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင် ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့် ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။ Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လို ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဥ်း- ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့ အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။ ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင် ယန်ဂန်ဆော့ရဲ့ နောက်ကြောင်းကိုလိုက်ပြီး ဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပြီး ဂိုဏ်းသတင်းတွေကို အတိအကျသိရဖို့အတွက် ဂိုဏ်းထဲမှာ သူလျှိုထည့်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါ အရာရှိချန်းတစ်ယောက်အရွေးခံလိုက်ရပါတယ်။ အရာရှိချန်း လူမိုက်ဂိုဏ်းအဖွဲ့ထဲကို လက်သစ်လူမိုက်အနေနဲ့ရောက်ရှိသွားချိန်မှာပဲ တစ်ဖက်လူမိုက်ဂိုဏ်းကလည်း ရဲတွေဟာ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်းသိတဲ့အတွက် ရဲဌာနထဲမှာ သူတို့ရဲ့ တစ်ဦးတည်းသော တက္ကသိုလ်ဘွဲ့ရအဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင် ဉာဏ်ထက်တဲ့ အီဂျုံဒယ်ကို သူလျှိုအနေနဲ့ လွှတ်လိုက်ပါတယ်။ လက်ရည်ရှိတဲ့ ချန်းချွန်းဒုံဟာ တစ်ဖက်လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ယုံကြည်မှုကို ရလာခဲ့ပြီး အဆင့်နေရာတွေ ရလာခဲ့သလို တစ်ဖက်က အီဂျုံဒယ်ကလည်း ထက်မြက်မှုတွေကို အသုံးချကာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့မှူး ရာထူးအထိ ရောက်လာပါတော့တယ်။ အချင်းချင်း သတင်းတွေ ဖလှယ်ရင်း ရဲတပ်ဖွဲ့ဘက်ကပဲ လူမိုက်ဂိုဏ်းကို နှိမ်နင်းနိုင်မလား လူမိုက်ဂိုဏ်းကပဲ ရဲတပ်ဖွဲ့ကို အနိုင်ယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင် ဟာသအနှောကြောင့် တစ်ခဏတာ စိတ်အမောလည်း ပြေစေနိုင်မယ့် ဇာတ်ကားကောင်းတစ်လက်ဆိုတာတော့ မမှားပါဘူး။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.34GB / 880MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 57m Genre ….. Comedy, Crime, Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

Drama • Horror • Thriller
0 2009
City of Damnation
Django Unchained
8.4

Django Unchained (2012) IMDb Rating (8.5) / Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။ Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။ ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။ အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။ ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။ လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။ မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ ) နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။ Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။ (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Science Fiction • Adventure
8.4 2012 165 mins
Django Unchained
Thumbelina
6.2

Thumbelina (1994) IMDb Rating (6.2) ဒီကားလေးကတော့ ကလေးဘ၀က ကာတွန်းကားကောင်းလေးတွေထဲက တစ်ကားပါ။ နတ်သူငယ်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ လူသေးသေးလေးတွေကို အရမ်းသဘောကျတဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တယ်ဆို ကြည့်မိလို့ နောင်တရမယ့်ကားမျိုးမဟုတ်ပါဘူး။အချိန်ပေးရတန်ပါတယ်နော်။ ဇာတ်လမ်းလေးက တမ်ဘလီနာဆိုတဲ့ ပန်းပွင့်လေးထဲက မွေးဖွားလာတဲ့ လက်မဆိုဒ်လောက်ပဲရှိတဲ့ ကောင်မလေးသေးသေးလေးပေါ့။ သူက သူ့လိုလူသေးသေးလေးတွေနဲ့မတွေ့မှာကို အရမ်းကြောက်ရှာတယ်။ တစ်နေ့ကျ နတ်သူငယ်မင်းသားလေးကိုနီးလီးယပ်စ်က လှည့်လည်နေရင်း တမ်ဘလီနာသီချင်းဆိုနေတာလေးကိုတွေ့သွားတော့ သူတို့နှစ်ယောက်အချင်းချင်းနှစ်သက်မိသွားကြတယ်။ မင်းသားလေးက မိဘနှစ်ပါးကိုပြောပြီး မနက်ကျ ပြန်လာပါ့မယ်ဆိုတဲ့ စကားလေးကို တွေးရင်း အိပ်ပျော်နေတဲ့ တမ်ဘလီနာကို ဖားမတစ်ကောင်က ခိုးသွားတဲ့အခါမှတော့ ‌ သေးသေးလေးဖြစ်နေတဲ့ တမ်ဘလီနာတစ်ယောက် ဘယ်လိုအခက်အခဲတွေကို တွေ့ရမလဲ အိမ်ကိုကော ပြန်ရောက်နိုင်မှာလား သူချစ်ရတဲ့ နတ်သူငယ်မင်းသားလေးနဲ့ကော ပြန်ဆုံနိုင်မှာလားဆိုတာ ကြည့်ကြည့်လိုက်ကျနော်။ စကားမစပ် နတ်သူငယ်မင်းသားလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။ကလေးဘ၀ရဲ့ စိတ်ကူးယဥ်မင်းသားလေးတွေထဲက တစ်ယောက်ပါပဲနော်။ ဒီကား‌‌လေးကို အရမ်းကြိုက်လွန်းလို့ နာမည်သိဖို့တောင် မနည်းရှာထားရတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThet Khin ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Family, Fantasy, Musical Duration….01:27:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThet Khin

Thriller • Horror • War • Drama
6.2 1994 86 mins
Thumbelina
Depart from It
6.3

Depart from It (2025) အဲလစ်ဆစ်မိုင်းလ်လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောကက်က မူးယစ်ဆေးတွေ လူကုန်ကူးမှုတွေ လိင်အမြတ်ထုတ်မှုတွေကို ကျူးလွန်နေတဲ့လူတစ်ယောက်ရဲ့ သား‌ကောင်ဖြစ်ခဲ့ရပါတယ်။ ပျောက်ဆုံးသွားခဲ့ပြီး သူမကို ပြန်ကယ်တင်နိုင်ခဲ့ကာ ကျူးလွန်သူကို ထောင်ချနိုင်ခဲ့ပေမဲ့ သူမက အရင်တုန်းကလို ပြန်မဖြစ်နိုင်တော့ပါဘူး။ အဲလစ်ဆစ်ရဲ့အဖြစ်အပျက်ကို မြင်တွေ့ခဲ့ကြရတဲ့ သူ့သူငယ်ချင်းတွေကလည်း ကိုယ်စီစိတ်ဒဏ်ရာတွေရကုန်ကြပါတယ်။ အဲ့လိုနဲ့ ၁၈နှစ်‌လောက်အကြာ အဲလစ်ဆစ်က ကြီးပျင်းလာပေမဲ့ ကောင်းမွန်နေတဲ့ ဘဝတစ်ခုမှာရှင်သန်‌နေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ တစ်ရက်မှာတော့ အဲလစ်ဆစ်ရဲ့သူငယ်ချင်းတစ်ယောက်က သူ့ရည်းစားသတ်တာကို ခံလိုက်ရပါတယ်။ အဲ့ကနေ သူတစ်ချိန်က သိခဲ့ဖူးတဲ့ အသိုက်အဝန်းဆီကို ပြန်လာခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့လူက လျှော့ရက်တွေနဲ့ လွတ်လာတာကြောင့် အဲလစ်‌ဆစ်တစ်ယောက် ပြန်လက်စားချေဖို့ ကြံစည်နေလိုက်ပါတယ်။ သူ့သူငယ်ချင်းတွေကတော့ အဲလစ်ဆစ်ကို ဘဝကိုရှေ့ဆက်နိုင်ဖို့ ကူညီနေကြတုန်းပါပဲ။ ဒီလိုနဲ့ပဲ အရင်ကကျူးလွန်ခဲ့တဲ့လူကရော အဲလစ်ဆစ်ကို အလွတ်ပေးပါ့မလား။ အဲလစ်ဆစ်တစ်ယောက်ကလည်း ဆယ်စုနှစ်ကြာ ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်မလားဆိုတာကိုကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3.2 GB) / (1.4 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:32 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Drama • Comedy • Romance
6.3 2025 113 mins
Depart from It
Tune in for Love
7.2

Tune in for Love (2019) ********************** IMDb… 7.2 လမ်းကလေးတစ်ခုမှာ အတူဖြတ်လျှောက်မိကြတဲ့ သူစိမ်းနှစ်ယောက်ဟာ မတော်တဆ အဝတ်အစားအချင်းချင်း ပွတ်တိုက်မိခဲ့ရုံဆိုရင်တောင် အတိတ်ဘဝမှာ သူတို့ဟာ ရေစက်ဆုံခဲ့ကြဖူးလို့ ဖြစ်ပါတယ်။ အကယ်၍များ လူနှစ်ယောက်ဟာ ဖူးစားကံပါပြီး ဘဝတစ်သက်တာ အတူ ဖြတ်သန်းခွင့်ရခဲ့ရင်တော့ သူတို့ဟာ ဘဝပေါင်း ၈၀၀၀ လောက် ရေစက်ဆုံခဲ့ကြဖူးလို့ပါပဲတဲ့။ ချစ်ရသူနဲ့ပေါင်းဖက်ရဖို့က အဲဒီလောက်အထိ ရှားပါးခက်ခဲပါတယ်။ အကြောင်းတစ်စုံတစ်ခုကြောင့် မကိုင်မိတဲ့ ဖုန်းတစ်လုံး၊ မသွားခဲ့မိတဲ့နေရာလေးတစ်နေရာကြောင့် ဝေးရဖို့အကြောင်းဖန်လာခဲ့ရင် ခင်ဗျားတို့ ခံနိုင်ရည်ရှိပါ့မလား… နာမည်ကြီး ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Jung Hae In နဲ့ Kim Go Eun တို့ကတော့ ဒီလိုသေးငယ်တဲ့ ရွေးချယ်မှုလေးတွေကြောင့် အတူလျှောက်မဲ့လမ်းတွေမှာ အဖော်မဲ့သွားနိုင်ကြောင်းကို ဆွေးမြေ့ချစ်ကြည်နူးဖွယ်ကောင်းအောင် Tune in for love မှာ အတူပုံဖော်ပေးထားကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောပြရရင်တော့ “မီဆူ” ဟာ သူ့အစ်မဖြစ်သူနဲ့ မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ အဲဒီမုန့်ဆိုင်မှာပဲ လူငယ်ထိန်းသိမ်းရေးစခန်းက လွတ်မြောက်လာတဲ့ “ဟျွန်းအူ” နဲ့ တွေ့ဆုံကြတယ်ပေါ့နော်။ “ဟျွန်းအူ” တစ်ယောက် မုန့်ဆိုင်လေးမှာ အချိန်ပိုင်းဝင်လုပ်ရင်း “မီဆူ” နဲ့ ရင်းနှီးလာရာကနေ အချင်းချင်း ခံစားချက်တွေဖြစ်တည်လာခဲ့ကြပါတယ်။ သို့သော်လည်း “ဟျွန်းအူ” မှာ လူသိမခံချင်တဲ့ ဆိုးရွားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာတော့ ရုတ်တရက် မုန့်ဆိုင်‌လေးကနေ ထွက်ခွာသွားရာက “မီဆူ” နဲ့ အဆက်အသွယ်ပြတ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇာတ်လမ်းက ဒီမှာတင် အဆုံးမသတ်သေးဘဲ တစ်နေ့မှာ ပြန်ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်လမ်းလေးဆိုပေမဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ရွေးချယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်ကြီးတို့ စိတ်ပျက်ရမှာ မဟုတ်တာတော့ သေချာပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကို သိချင်ရင်တော့ အခုပဲ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 2.09GB/ 850MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…02:02:50 Genre : Romance, Life, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Action • Horror • Mystery • Science Fiction • Thriller
7.2 2019 122 mins
Tune in for Love
Sira
6.4

Sira (2024) ဒီကားက‌တော့ အာဖရိကရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Apolline Traoré က မကြာခဏ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိတဲ့ အာဖရိကမြောက်ပိုင်း Sahel ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝကို အခြေခံထားပါတယ်။ “မကြာခဏဆိုသလို အမျိုးသမီးတွေကို မျှော်လင့်ချက်မဲ့တဲ့ သားကောင်တွေအဖြစ် မြင်တတ်ကြတယ်” လို့ Apolline က Toronto မှာ ကျင်းပတဲ့ မြောက်အမေရိကရှိ ပထမဆုံးပြသပွဲမှာ ပြောကြားခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း မင်္ဂလာဆောင်မည့်အမျိုးသမီးဖြစ်သူ စီရာဟာ ချစ်သူနဲ့အတူရှိဖို့ မိတ်ဆွေများ၊ မိသားစုဝင်များနဲ့အတူ လူသူမနေတဲ့ ကျယ်ပြန့်တဲ့ ကန္တာရကြီးကို ဖြတ်သန်းနေစဉ်မှာ၊ မွတ်စ်လင်မ်ဘာသာဝင်မဟုတ်တဲ့သူနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားကြောင်း သတင်းက ပျံ့နှံ့သွားပါတယ်။ အဲ့တာကြောင့် လက်နက်ကိုင်အစွန်းရောက်သမားများက ရောက်ရှိလာပြီး သူတို့အုပ်စုကို တိုက်ခိုက်ကာ စီရာကို ရိုက်နှက်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒါပေမယ့် စီရာက မျှော်လင့်ချက်ကို လွယ်လွယ်မစွန့်လွှတ်တတ်တဲ့သူမို့ ဘယ်လိုစွန့်စားခန်း‌တွေထုတ်ပြီး လက်စားပြန်‌ချေမလဲဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်မှုနဲ့ စကားပြောဆိုမှုများ အားနည်းနေ‌ပေမယ့် ဒီရုပ်ရှင်လေးဟာ ဒေသခံ အမျိုးသမီး‌တွေရဲ့ ဖြစ်ရပ်နဲ့ သူတို့လေးတွေရဲ့ သတ္တိကိုအဓိကထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (1.6 GB) / (960 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:03:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe

Drama • Mystery
6.4 2024 122 mins
Sira