YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Fatal.Attraction.S01E01.1080p.CM.mp4

755.76 MB 1080p video/mp4 343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunt
8.1

The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်‌တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 550MB, 330MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Drama Translated by Themes Encoded by Kinnov

Comedy • Drama
8.1 2012 116 mins
The Hunt
Pale Moon
6.1

လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။ Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။ ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။ စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေ ပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။ ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာ ဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့ ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 610MB | 319MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Drama • Thriller
6.1 2014 124 mins
Pale Moon
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Das Ka Dhamki
5.6

IMDb-6.9/10 Hit The First Case မူရင်းတေလဂူးကားရဲ့ ဇာတ်ဆောင်မင်းသားကြီး Vishwak Sen ကိုယ်တိုင်ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ ဇာတ်လမ်းအညွှန်း ကုဋေ ၁၀၀၀၀ ၀န်ထမ်းပေါင်း ထောင်ချီနဲ့ လည်ပတ်နေတဲ့ ကုမ္မကြီးတစ်ခုရဲ့ ရည်ရွယ်ချက်အိပ်မက်က ကင်ဆာကင်းစေတဲ့ ကမ္ဘာကြီးတဲ့ အဓိကဇာတ်ဆောင်ခရစ်ရှနာဒါ့စ်ဆိုတဲ့ကောင်လေးက မိခင်ကငယ်ငယ်တည်းက ကင်ဆာနဲ့ဆုံးသွားလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သူ ရိုးသားကြိုးစားပြီးဘဝကိုရှင်သန်နေပေမဲ့ ဆင်းရဲတဲ့ဘ၀ကြီးကို နှိမ်ချပြောတတ်ကြတဲ့ပတ်၀န်းကျင်ရဲ့ဒဏ်တွေကြောင့် ချမ်းသာကြွယ်၀လာချင်နေတဲ့သူ တစ်ရက်သူအလုပ်လုပ်တဲ့‌ဟိုတယ်မှာပဲ ကာစတန်မာတစ်ယောက်ရဲ့ မှိုချိုးမျှစ်ချိုးစကားကြောင့် ဘယ်လောက်ကုန်ကုန် အဲဒီဟိုတယ်မှာတစ်ညတာပျော်ပါးဂုဏ်‌ပကာသနတွေ၀ယ်လိုက်မယ်ဆိုပြီး လစာတွေပုံအောသုံးပါရော အဲဒီညမှာပဲ ကီရ်သီးဆိုတဲ့မိန်းမချောလေးနဲ့တွေ့ပြီး သူကြွယ်သူဌေးပါလို့လိမ်ပြီး အနားကပ်တော့တာပေါ့ ဒီဟိုတယ်ကစားပွဲထိုးက ဒီဟိုတယ်ကအထူးဧည့်သည်ဆိုတဲ့လိမ်ဆင်ကြီးက ပေါ်သွားဖို့လွယ်ကူလွန်းမနေဘူးလား ဒီ‌‌ ရွှင်နောက်နောက်ဇာတ်ဆောင်မင်းသားနဲ့ ကင်ဆာကင်းစင်ရေး ပရောဂျက်ကဘယ်လိုတွေပတ်သက်လာမှာလဲ နှစ်ကိုယ်ခွဲဆိုတော့ နောက်တစ်ကိုယ်ကရောဘယ်လိုလူစားဖြစ်နေမလဲဆိုတာ ရှူစားကြည့်ပါဦး File size…2.4GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~BpL~Nyein~HM~Cherry

Drama • History • Music
5.6 2023 150 mins
Das Ka Dhamki
Hocus Pocus 2
7.4

Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်း မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်..... ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။ အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။ သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဟောလိုး၀င်း vibe လေးနဲ့အတူ ကြည့်ရှုပေးကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP,Thiha,Yoon Hocus Pocus 1 Download Link

Drama • Romance
7.4 2022 107 mins
Hocus Pocus 2
A Very Long Engagement
7.3

၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။ စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင် သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။ အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံး ပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေ အလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့ အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။ အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား? သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား? အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Comedy • Romance
7.3 2004 133 mins
A Very Long Engagement
Kill Boksoon
6.9

Kill Boksoon(2023) ***************** Netflix က အသစ်ထပ်ထွက်လာတဲ့ ဒီ Action, Drama ရုပ်ရှင်ကတော့ လောလောဆယ်မှာ RT 92% တောင်ရထားတာဖြစ်ပါတယ်... ဘို့ဆွန်းဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြေးစားလူသတ်သမား‌တစ်ယောက်ဖြစ်တယ်.. သူတို့လောက က တကယ်တော့ တရားဝင် ဟန်ပြကုမ္ပဏီထောင်ကြပြီး နောက်ကွယ်မှာတော့ ကြေးစားလူသတ်သမားတွေမွေးထုတ်ပြီး ဒိတ်ဒိတ်ကျဲတွေကို အခကြေးငွေယူပြီးသတ်ပေးပါတယ်.. ဒီလူတွေထဲမှာ ဘို့ဆွန်းကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး အောင်မြင်မှု ၁ ရာခိုင်နှုန်းပဲရှိရင်တောင် ဖြစ်အောင်လုပ်နိုင်လို့ သူတို့လောကမှာတော့ အားလုံးက ကြောက်ရွှံလေးစားကြပါတယ်.. ဘယ်အလုပ်မဆို အနားယူရမဲ့ အချိန်ကာလဆိုတာ ရှိကြတယ်မလား..ဘို့ဆွန်းမှာလည်း သမီးလေးတစ်ယောက်ရှိသလို ဒီလောက က အနားယူပြီး အေးဆေး သာမန်မိခင်တစ်ဦးအနေနဲ့ နေချိန်တန်ပြီလို့ သူမ ယူဆလာတယ်.. ဒါ့ကြောင့် အနားယူဖို့ ပြင်ဆင်ခါ မှ သူမ မမျှောလင့်ထားတဲ့အရာအားလုံးဖြစ်ပျက်ခဲ့သလို ဒီလောကကြီးထဲက အတော်ဆုံးဆိုသော ကြေးစားလူသတ်သမားတွေ သူမနောက်ကို တစ်ပြုံကြီးလိုက်လာကြတဲ့အခါမှာတော့..... ကိုရီးယားရဲ့ အထင်ကရမင်းသမီးကြီး Jeon Do Yeon နဲ့  မင်းသားကြီး Sol Kyung Gu တို့ အဓိက ပါဝင်ကြမ်းရမ်းထားကြပြီး  Esom လေးကလည်း ဇပျင်းပျင်းနဲ့ ဖိုက်တာ  အဖြစ်ပါဝင်ထားတာကြောင့် ခံစားကြည့်ကြပါဦး.... File Size : (1.8GB) (739MB) &(232MB) Quality :WEB-DL1080P5.1Ch,720p Format…mp4 Duration…02:1700 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Shoon & Hnin Estel Encoded by  Phyo Pyae

Drama
6.9 2023 137 mins
Kill Boksoon
Transformers 6
6.7

အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ် အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီး အခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီး စောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့ အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ... ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်... အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ် တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ် သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက် သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ရောက်ရှိလာခဲ့ပါတယ်.. တစ်ဖက်မှာလဲ ရန်သူတွေက ဘမ်ဘယ်ဘီး ဆီက ရေဒီယိုထုတ်လွင့်မှုကို အခြေခံပြီး ကမ္ဘာဆီသို့ ဦးတည်လာခဲ့သောအခါ....။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) File size…(8 GB)/(2 GB)/(700 MB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….01:53:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Ka Naung Translated by Little Neo

Romance
6.7 2018 113 mins
Transformers 6
Kick-Ass 2
6.5

Kick-Ass 2 (2013) IMDb Rating (6.5) / Rotten Tomatoes (32%) ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်… ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ… (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ…ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ….) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်… သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ… ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ… ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး… Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ… သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ…. (သူရဲကောင်းဆိုတာ လက်ရုံးရည်မရှိလဲ နှလုံးရည်ရှိလည်းရတယ် ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ လူကြမ်းမလေး Hit Girl ကတော့ သူ့ရဲ့အဖေ Big Daddy သေဆုံးပြီးနောက်ပိုင်းမှာ ဦးလေးရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရင်း သတ်ဖြတ်မှုတွေကိုတတ်နိုင်သလောက်ရှောင်နေခဲ့ပါတယ်…. ဒီကားမှာတော့ Hit Girl လေး အသက်ကြီးလာပြီဖြစ်လို့ တော်တော်လေးကိုချောနေတယ်ဆိုတာ ငြင်းမရပါဘူး… ဒါဆိုရင် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး Kick Ass ကော….. Kick Ass ကတော့ ထုံးစံအတိုင်းပဲ တုတ်ကလေးနှစ်ချောင်းကိုကိုင်ပြီး လူသားတွေကို ဘာမှမရဘဲ လိုက်လံကာကွယ်ပေးနေတုန်းပါပဲ… သူရတာတွေကတော့ ကွဲပြဲ ဒဏ်ရာတွေပါပဲ…. သူရဲကောင်းတိုင်းမှာ စွန့်လွှတ်မှုတွေအများကြီးရှိကြပါတယ်… ဘာအမြတ်အစွန်းမှမပါဘဲ အားလုံးရဲ့အကျိုးကိုလိုက်လံဆောင်ရွက်ပေးနေတဲ့ Kick Ass ရဲ့စွန့်လွှတ်လိုက်ရတာကတော့ ဒီ Kick Ass 2 မှာ အကြီးမားဆုံးပါပဲ…. ဘာလဲဆိုတာကိုတော့….။ (ရုပ်ရှင်အညွှန်းကို Moe Myint Lwin မှ တင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

6.5 2013
Kick-Ass 2
Night of the Killer Bears

Night of the Killer Bears (2023) Horror, Thriller တွေကြိုက်တတ်တဲ့သူတွေအတွက် Worng Turn, Hostel, The Cabin in the Woods တို့လို Vibe လေးရစေမယ့် တစ်စိမ့်စိမ့်ကြောက်နေရမယ့်ထိုင်းဟော်ရာရုပ်ရှင်လေးတစ်ခုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ မင်းသား မင်းသမီးတွေကလည်း အရမ်းချောပြီး နုဖတ်နေအောင် ချစ်စရာကောင်းတာလဲပါတာပေါ့ Horror ကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက်လူသူအရောက်အပေါက်နည်း ဖုန်းလိုင်းမမိတဲ့နေရာကို ရောက်လာပြီး Reunion ပြန်လုပ်ကြပါတယ်။ သူတို့တွေကြားမှာလည်း ဖြေရှင်းလို့မရတဲ့ပြသနာတွေ စိတ်ရှုပ်စေတဲ့အတိတ်ကအကြောင်းအရာတွေ အရှုပ်ဇာတ်တွေနဲ့ သူတို့လေးတွေ ပြန်ပြေလည်ဖို့ရောက်လာကြတာပါ။ Resort လေးကတော့ တောအုပ်ထဲမှာရှိပြီး အရမ်းလှပတဲ့နေရာတစ်ခုပါပဲ။ သူတို့တည်းတဲ့ညမှာတော့ Resort မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ အဲလိုနေရာလေးမှာ ဘယ်လိုနောက်ကွယ်က အကြောင်းတွေရှိနေမလဲ။ ချစ်စရာဝက်ဝံတွေကရော ဘယ်လိုတွေရွံစရာကောင်းမလဲ။ တန်ဆောင်တိုင်ပိတ်ရက်မှာ တောအုပ် resort တွေ သွားတည်းချင်တဲ့သူတွေအဖို့ ကြည့်သင့်တဲ့ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတော့တယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ဖြစ်ပါတယ် Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.4GB | 482MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Aaron

0 2023 96 mins
Night of the Killer Bears
Departure
6.7

Departure (2015) ============= ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့ သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျ အပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကို ရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂ တွေ ကူရှင်းပေးတယ်။ အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေး Clément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာက Elliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့ တာပါပဲ။ ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသား Alex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့ sexuality ကို ​သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦး​ဇာတ် ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.13 GB) / (665 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thwal Htoo Zin Encoder……….SWM

6.7 2015 109 mins
Departure
Alien
8.5

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. Timeline အရကြည့်မယ်ဆိုရင်တော့….. (1) Prometheus (2012) – 2093 (2) Alien: Covenant (2017) – 2104 (3) Alien (1979) – 2122 (4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192 (6) Alien³ (1992) – 2197 (7) Alien Resurrection (1997) – 2381 တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဂန္ဓဝင် စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် “အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင်ပါ” တဲ့… ၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့အထိ ဆက်လက်အောင်မြင်ခဲ့တယ် ဇာတ်လမ်းအကျဥ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဥ်တစ်စင်းမှာ လိုက်ပါလာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဥ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ… သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ “Mother” ကနေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်းလာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုးဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်းတဲ့ Alien နဲ့ အတွေ့မှာတော့ …. နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ်ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…(2.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Action • Adventure
8.5 1979
Alien
Once Upon a Time
7

Once Upon a Time (2008) ************************* ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့ “Hide, Agency”စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young, “Priest, Tracer” ဇာတ်ကားထဲက မင်းသား Park Yong Woo, “Reply 1988, Hospital Playlist”တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာ ဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီက တန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျ ဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲ နာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့ “အရှေ့ဘက်ရဲ့ အလင်းရောင်”လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကို ကိုရီးယားကနေ ဂျပန်ကို တင်ပို့သွားမဲ့ သတင်းကို ရသွားတဲ့အချိန်မှာတော့.. ငတက်ပြားတွေ အဲဒီစိန်တုံးကိုရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမယ့် action, comedy ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်။) File size…1.75GB / 810MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Historical, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Toe Toe Aung

7 2008 110 mins
Once Upon a Time