YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Emily in Paris_S03E01_I Have Two Lovers 720P {CM}.mp4

252.65 MB N/A video/mp4 1048 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
Don't Look Up
7.1

ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။ သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။ လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊ တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။ ဇာတ်လမ်းအကျဉ်း။ ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။ အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။ ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။ အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။ ခက်တာက သမ္မတက စောင်ပေါ။ နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။ သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။ အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း မီဒီယာတွေကနေ ကမ္ဘာပျက်တော့မယ်ဆိုတာ ယုံအောင်ကြိုးစားရတော့တာပေါ့။ ဆိုရှယ်မီဒီယာ အကြောင်းတွေ နိုင်ငံရေးအကြောင်းတွေကို ထိုင်လှောင်ထားတာ။ အူနာနေအောင်ကို ရယ်ရမယ့် ဟာသကားမျိုးပဲ။ ကြည့်လိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Sci-fi, Drama Quality….WEB-DL 1080p and 720p and 360p File size…1.8GB and 1.1GB and 330 MB Format…mp4 Duration….2h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson and Thiha Yan Naing Encoder .....August

Action • Crime
7.1 2021 138 mins
Don't Look Up
Glass
6.7

ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ကအဓိကလွှမ်းမိုးနေတော့ သောင်းကျန်း၊ အထူးသဖြင့်သူနဲ့ယှဉ်နိုင်တဲ့ David နဲ့ထိပ်တိုက်တွေ့ချင်နေတာပါပဲ။ အဲဒီနောက် ပွဲစီစဉ်သူကြီး Mr.Glass ရဲ့ကောင်းမှုနဲ့ Demon စရိုက်ရှိတဲ့Keven နဲ့ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ David တို့ဘယ်လိုထိပ်တိုက်တွေ့ကြမယ်ဆိုတယ စောင့်ကြည့်စေချင်ပါတယ်။ ေ့ရှကားတွေနဲ့အတူအဆက်အစပ်ရှိရှိကြည့်မယ်ဆိုရင် တော်တော်စိတ်ဝင်စားစရာကောင်းပြီး ဝါရင့်မင်းသားကြီးတွေရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ရသအမျိုးမျိုးခံစားနိုင်ကြမှာလည်းဖြစ်ပါတယ်။

Comedy • Romance • TV Movie
6.7 2019 129 mins
Glass
WWII: The Long Road Home
4.9

WWII: The Long Road Home (2017) ========================== ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.7 GB) / (822 MB) / (530 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History Translator…….Tin Myo Lwin Encoder……….SWM

Horror • Thriller
4.9 2017 90 mins
WWII: The Long Road Home
Friends: The Reunion
8.7

Friends: The Reunion (2021) ===================== IMDb Rating – 8.7/10 FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။ Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလို စကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကို မြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoiler အကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် အညွှန်းလေးသေချာဖတ်ပြီးမှ ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ဒီဇာတ်ဆောင် ၆ ယောက်အပြင် Gunther တို့ Janice တို့လို အခြားသရုပ်ဆောင်တွေ အများကြီးကိုလဲ စုံစုံလင်လင်ပြန်မြင်တွေ့ကြရမယ့်အပြင် အထင်ကရဖြစ်တဲ့ အခန်းတွေ ဒိုင်ယာလော့တွေအကြောင်း ဇာတ်လမ်းတွဲနောက်ကွယ်က ပုံပြင်တွေ အကြောင်းစသဖြင့်ကို ရယ်မောစရာ လွမ်းဆွေးစရာကောင်းအောင် ပြန်လည်ခံစား ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေလဲဖြစ်/Fan တွေလဲ ဖြစ်တဲ့ David Beckham, Lady Gaga, Justin Bieber, BTS စတဲ့ အခြားအနုပညာရှင်တွေရဲ့ cameo ကိုလဲတွေ့မြင်ရမှာပါ။ ၁၇ နှစ်ကြာမှ ပထမဆုံးပြန်ဆုံကြရတာဖြစ်တဲ့အတွက် တကယ်ကို emotional ဖြစ်ရတဲ့အပြင် ပျော်စရာကောင်းတာတွေလဲ အများကြီး ပါဝင်တာမို့ Friends Fan ဆိုရင် တကယ်ကိုကြည့်သင့်တယ်လို့ညွှန်းပါရစေနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pan Pwint Phyu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ idiot Myoko, Pan Pwint Phyu, Han Htoo Zaw တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration – 1h 40min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – idiot Myoko, Pan Pwint Phyu, Han Htoo Zaw Encoder – SWM

8.7 2021
Friends: The Reunion
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Cloudy with a Chance of Meatballs 2
6.5

အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာ ငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။ သူ့နာမည်ကတော့ ချက်စတာဗွီပါ။ ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့ စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်က ဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီက ဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။ ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့် သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။ အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖို့ လှည့်ကွက်တွေ ထုတ်သုံးတော့တယ်။ ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလို့ သူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။ ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါ ဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရော ဒီစက်ကိုယူပြီး ဘာလုပ်ဖို့ ကြံစည်ထားတာလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။ ဇာတ်ကားထဲမှာက သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေ၊ ကိစ္စတစ်ခုကို ပုံသေမမှတ်ဘဲ ရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရှုသင့်ပုံတွေကို တင်ဆက်ထားတာမလို့ အထူးသဖြင့် ကလေးငယ်တွေကို ပြသင့်တဲ့ ကာတွန်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းကလည်း ပထမကားလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာမလို့ မိသားစုနဲ့အတူ အချိန်ပေးကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Horror • Drama • Mystery
6.5 2013 94 mins
Cloudy with a Chance of Meatballs 2
Upon Entry
7

ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။ ဇာတ်လမ်းလေးကတော့ …. စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ …. ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။ “ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(996 Mb)/(431 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Thriller • TV Movie
7 2022 77 mins
Upon Entry
8 A.M. Metro
7

8 A.M Metro (2023) ရှစ်နာရီမက်ထရို Saithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသား Gulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ. ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက် မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာ လူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။ အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။ အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက် နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။ အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲ ပိုရင်းနှီးလာခဲ့တယ်။ အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။ အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့ တစ်ယောက် စာနာနားလည်ကြတဲ့ သူတို့အတွက် ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)

7 2023
8 A.M. Metro
Kill Your Lover
5.8

သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်က ဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲ ကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။ အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာ အချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေ အတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါ ပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာ အစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီး လမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေ ခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲ ပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်း တစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက် ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။ အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင် ပါတော့တယ်။ ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာ သူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီး ခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာ လောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်း တစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ် လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့ အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့ အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်း သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size…1.1GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 7m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2023 77 mins
Kill Your Lover
[18+] Violence in a Women’s Prison
5

Italian erotic cinema ရဲ့နာမည်ကျော် မင်းသမီး Laura Gemser ရဲ့နာမည်အကြီးဆုံး Emanuelle series ဇာတ်ကားတွေထဲကတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ သတင်းထောက် အီမန်နျူရယ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့နဲ့ပူးပေါင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ အကျဉ်းသူယောင်ဆောင်ပြီး Santa Catarina အမျိုးသမီးအကျဉ်းထောင်ထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီမှာတော့ သူထောက်လှမ်းဖို့လာခဲ့တဲ့ အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတွေကို ဘက်ပေါင်းစုံကနေ ကိုယ်တိုင်တွေ့ကြုံခံစားရပါတော့တယ်။ သူတို့ခေတ်ကာလဇာတ်ကားတွေထုံးစံအတိုင်း အဖော်အချွတ်တွေ၊လိင်တူလိင်ကွဲဆက်ဆံခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်ခန်းတွေတစ်ကားလုံးလိုလို ဖောဖောသီသီ တင်ဆက်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Horror • Thriller
5 1982 98 mins
[18+] Violence in a Women’s Prison
A Hundred Lies
6.5

ဒီတစ်ခါမှာတော့ Canadian Crime Drama ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Rouzbeh Heydari က ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Rob Raco, Dana Abraham, Humberly González, Brandon McKnight တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သီချင်းဆို၊သီချင်းရေးရတာကို ဝါသနာပါတဲ့ ရစ်ကီဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကို ထောက်ပံ့ဖို့အတွက် ဘားတစ်ခုမှာ စားပွဲထိုးနေရပါတယ်။ တစ်နေ့တော့ သူဟာ သီချင်းထုတ်လုပ်သူ တစ်ယောက်နဲ့တွေ့ပြီးတော့ သီချင်းခွေထုတ်ဖို့ဖြစ်လာပါတယ်။ အဲဒီလိုနဲ့ သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီးတော့ ရုတ်တရက် နာမည်ကြီးလာ၊ ပရိသတ်တွေရလာပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ မထင်မှတ်ထားတဲ့ လောကဓံရဲ့ရက်စက်မှုတွေ၊ နေ့ချင်းညချင်းရလာတဲ့ အောင်မြင်မှုတွေကြားကနေ ရစ်ကီဘယ်လို ရုန်းကန်ရမလဲ။ ဘယ်လိုလှည့်ကွက်တွေ ရှိနေမလဲ။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (902MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Drama • Thriller
6.5 2024 95 mins
A Hundred Lies