YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Easter.Sunday.2022.480p.(CM).mp4

532.66 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
Deep Blue Sea
6

ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။ Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။ အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ စမ်းသပ်ချက်က အောင်မြင်ပါတယ်။ ငါးမန်းဦးနှောက်ရဲ့ ပရိုတင်းဆဲလ်တွေက အယ်လ်ဇိုင်းမားလူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာအောင် ဓာတ်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ထည့်တွက်မထားမိတဲ့တစ်ချက်က စမ်းသပ်ခံငါးမန်းတွေဟာ သူတို့ရဲ့ဦးနှောက် ငါးဆကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကပါ အလွန်မြင့်မားလာကြတော့တာပါပဲ။ လေးဆယ့်ငါးပေအရှည်ရှိပြီး အလေးချိန် ပေါင် ရှစ်ထောင်လောက်လေးတဲ့ အင်မတန်ဉာဏ်ရည်မြင့်မားနေတဲ့ ငါးမန်းပြာတစ်ကောင် ဘာကိုစဉ်းစားမိမလဲ။ သူ ဘာလိုချင်မှာလဲ။ အဲဒါဟာ အစမှာ ကျွန်တော်ပြောခဲ့တဲ့ ရှုထောင့် အလှည့်အပြောင်းလေးပါပဲ။ ဇာတ်လမ်းအရတော့ ထူးထူးခြားခြားမရှိပေမယ့် တစ်ကားလုံး ပျင်းရတဲ့အချိန်မရှိလောက်အောင် ကြည့်ရှုသူကို ဆွဲခေါ်သွားမှာပါ။ ရယ်ရမှာလိုလို မရယ်ရဘူးလိုလိုအကွက်တွေလည်း ပါပါသေးတယ်။ Samuel L. Jacksonကတော့ ဒီဇာတ်ကားထဲမှာ သိပ်မဆဲလိုက်ရရှာပါဘူး။ အဆိုတော် သရုပ်ဆောင် LL Cool J လည်းပဲ ပါဝင်ထားပါသေးတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်ဇာတ်ကားထဲမှာ သူရဲကောင်း Hector ရဲ့ဇနီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကြည့်ရှုခံစားကြပါစို့။ File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Action / Adventure /  Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Comedy • Horror
6 1999 105 mins
Deep Blue Sea
Pompo the Cinephile
7

IMDb Rating - 7.0/10 ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
7 2021 94 mins
Pompo the Cinephile
For Richer or Poorer
5.9

ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။ File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Drama
5.9 1997 115 mins
For Richer or Poorer
[18+] Assault! Jack the Ripper
6.2

Assault! Jack the Ripper (1976) 1976 မှာ Yasuharu Hasebe ရိုက်ခဲ့တဲ့ Roman Porno လိုင်းလက်ခွဲ “Violent Pink” အမျိုးအစားသုံးကားထဲက တစ်ကားဖြစ်ပါတယ်။ Genre နာမည်အတိုင်း ကြမ်းတမ်းတဲ့အသတ်အဖြတ်နဲ့ လိင်ကိစ္စအသားပေးဇာတ်ကားပါပဲ။ စားသောက်ဆိုင်ဝန်ထမ်းစုံတွဲတစ်တွဲ မတော်တဆလူသတ်အလောင်းဖျောက်မိရာကနေ လူသတ်ခြင်းဟာ သူတို့အတွက် လိင်ရမ္မက်ကို ပိုမိုထက်သန်စေကြောင်းသိရှိသွားပြီး မိန်းမလှလေးတွေကို ရည်ရွယ်ချက်ရှိရှိလိုက်လံသတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားတွေဖြစ်လာခဲ့ရပုံကိုရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး Tamaki Katsura ဟာ ဒီဇာတ်ကားနဲ့ ‌Mainstream ကားတွေကိုဆုပေးတဲ့ Japan Academy Prize မှာ အကောင်းဆုံးမင်းသမီးအဖြစ် ဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 680MB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 12Min Genre – Crime, Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.2 1976 71 mins
[18+] Assault! Jack the Ripper
Rob-B-Hood
6.6

IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ် ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ် အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ … အရွှန်းလည်း ဖောက် ဒရာမာလည်းပါပြီး အက်ရှင်ကားစစ်စစ်မဟုတ်တဲ့ ဟာသ ဒရာမာ အက်ရှင်ကားလေးထဲမှာ ရသစုံ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Access

6.6 2006
Rob-B-Hood
Kahin Pyaar Na Ho Jaaye
4.4

Kahin Pyaar Na Ho Jaaye (2000)”ချစ်မိသွားနိုင်တယ်” ========================================= ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။ အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။ အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)

4.4 2000 165 mins
Kahin Pyaar Na Ho Jaaye
Dune: Part Two
8.8

Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

Drama
8.8 2024
Dune: Part Two
Blade II Blade 2
6.7

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

Horror • Thriller
6.7 2002
Blade II Blade 2
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
Lonely Planet
6

ဒီတစ်ခါမှာတော့ မော်ရိုကို နိုင်ငံကို နောက်ခံထားထားတဲ့ မနဲ့မောင် ဇာတ်လမ်းချိုချိုလေး တစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက် ရပါတယ် ။ လောလောလတ်လတ်ကမှ ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားတဲ့ ကတ်သရင်းဟာ သူရေးနေတဲ့ စာအုပ်ကို အပြီးသတ်ဖို့အတွက် မော်ရိုကိုက စာရေးဆရာများ တွေ့ဆုံပွဲကို လာခဲ့ပါတယ် ။ ပထမဆုံး စာအုပ်မှာတင် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ လူငယ်စာရေးဆရာမ လီလီကလည်း ချစ်သူဖြစ်တဲ့ အိုဝမ်ကိုပါ ဆွဲခေါ်ပြီး မော်ရိုကို ကို ရောက်လာခဲ့ပါတယ် ။ အေးအေးဆေးဆေး စာရေးချင်တဲ့ ကတ်သရင်း နဲ့ စာရေးဆရာတွေ ကြားထဲမှာ မနေတတ်မထိုင်တတ် အံဝင်ခွင်ကျမဖြစ်တဲ့ အိုဝမ် ။ လူတွေနဲ့ ဝေးရာကို ရှောင်ထွက်ရင်းကနေ သူတို့နှစ်ယောက်က ပိုရင်းနှီးလာတဲ့အခါ ။ လီလီနဲ့ အိုဝမ်ကြားထဲမှာ ဘယ်လို အဖုအထစ်တွေ ဖြစ်လာမလဲ ။ ကတ်သရင်းနဲ့ရော ဘယ်လို ဆက်ဖြစ်ကြမှာလဲ ။ မ နဲ့ မောင် ဇာတ်လမ်းလေးကို မော်ရိုကို နောက်ခံထားပြီး လှလှပပ ရှုစားရမှာဖြစ်တဲ့အတွက် နေသာတဲ့နေ့မျိုးမှာ အပျင်းပြေကြည့်ဖို့ ကွက်တိကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ် ။ File size…1.37GB / 736MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Family • Adventure • Drama • Comedy
6 2024
Lonely Planet
The Ghost Who Walks
5.5

The Ghost Who Walks(2019) IMDb….5.5 CM ပရိသတ်ကြီးကို Action ,Crime ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် … ဇာတ်လမ်းအကျဉ်းကတော့ ခရစ္စမတ်ရာသီမှာ လူတွေတော်တော်များများပျော်ကြပါတယ် … ဒါပေမဲ့ နိုလန်ဆိုတဲ့တစ်ယောက်ကတော့ ဒုက္ခတွေနဲ့ဆီးကြိုခံလိုက်ရပါတော့တယ်… အကြောင်းကတော့သူဟာ သစ္စာဖောက်လို့ဆိုပြီး သူ့သူဌေးဒွန်နီကြောင့်ထောင်ကျနေခဲ့တာပါ.. ဒါပေမဲ့ ခရစ္စမတ်နေ့မှာသူဟာရက်ပြည့်ပြီးထောင်ကနေ လွတ်လာပါတယ် .. သူလွတ်လာတာကို ဒွန်နီက စိတ်မချဘူးဖြစ်နေတယ် ဘာလို့လဲဆိုတော့ ဒွန်နီက နိုလန်ရဲ့ကောင်မလေးလန်နီကိုအပိုင်သိမ်းထားတာအတွက်ကြောင့်ပါပဲ… အဲဒါအပြင် လန်နီဆီမှာလည်း နိုလန်နဲ့ရတဲ့ကလေးကလည်းရှိနေပါသေးတယ်.. ထောင်ကနေထွက်လာတဲ့ နိုလန်ကို ဒွန်နီက အရင်ကသစ္စာဖောက်ထားတဲ့ကိစ္စရော အခု လန်နီကိစ္စရော နှစ်ခုလုံးရယ်ကြောင့်အပြတ်ရှင်းချင်နေတယ်… အဲဒါကြောင့်သူထောင်ကထွက်ကတည်းက ဒွန်နီဟာသူ့တပည့်တွေကို နိုလန်ကိုလိုက်သတ်ခိုင်းဖို့ကြိုးစားပါတော့တယ်….နိုလန်တစ်ယောက် လွတ်မြောက်နိုင်ပါ့မလား… တခြားဘယ်လိုအန္တရယ်မျိုးတွေရောတွေ့ကြုံရမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…. File Size : 1.45GB / 590MB Quality : WEB-DL 1080p / WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff

Action
5.5 2019 106 mins
The Ghost Who Walks
Ruslaan

Ruslaan (2024) ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။ မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့ အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့ အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။ အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။ သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။ အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ …… ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Drama • Thriller • Mystery
0 2024 140 mins
Ruslaan