YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Duel (2017).EP9.WEB-DL.720P.PP(CM).mp4

432.65 MB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Raped by an Angel 4: The Rapist's Union
6.2

Raped by An Angel စီးရီးရဲ့ ၄ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားက ရှေ့ကားတွေထက် ပိုကြမ်းတမ်းတဲ့ဇာတ်လမ်းဇာတ်ကွက်ရှိပါတယ်။ မိန်းကလေးသူငယ်ချင်းတစ်အုပ်စုကို မျက်စိကျပြီး မကောင်းကြံနေတဲ့ နှာဘူးကောင်အုပ်စုလိုက်ကို တွေ့ရမှာပါ။ နှာဘူးကောင်အုပ်စုက သေချာအကွက်ချစီစဉ်ပြီး အုပ်စုလိုက်ယုတ်မာတတ်တာမို့ သူတို့ကို ပြန်တွယ်ဖို့ မိန်းကလေးတွေဖက်က ဘယ်လိုစီစဉ်မလဲ ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို အသည်းတယားယားကြည့်ရှုရမှာပါ။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။ File Size : (3.8 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB

Action • Animation • Fantasy
6.2 1999 81 mins
[18+] Raped by an Angel 4: The Rapist's Union
Hello, Goodbye, and Everything in Between
6.3

IDMb 4.7 ရထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Aidan နဲ့ Claire က အထက်တန်းကျောင်းမှာဆုံခဲ့ကြတဲ့ လူငယ်စုံတွဲလေးပါ။ Claire ကတော့ သူ့မိဘတွေလို ဘယ်တော့မှလိုက်မလုပ်ဘူးဆိုပြီး အနာဂတ်ရည်မှန်းချက်တွေ ကြိုစီစဉ်ထားတဲ့ ကောင်မလေးပါ။ Aidan နဲ့တွဲတော့လည်း အထက်တန်းကျောင်းပြီးရင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ သဘောတူထားတာပါ။ ဒီလိုနဲ့ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ လမ်းခွဲနှုတ်ဆက်ဖို့ Aidan က Claire အတွက် ထူးခြားတဲ့ဒိတ်လေးဖြစ်အောင် စီစဉ်ပေးတာပေါ့။ ဘဝဆိုတာ တစ်ခါတလေကျတော့ ကြိုစီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာလေ။ လမ်းခွဲဖို့ ကြိုသဘောတူထားကြပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမှာတော့ ထင်သလောက်မလွယ်မှန်း သိလာတဲ့အခါ ..... သူတို့နှစ်ယောက် ပြန်တွဲကြမှာလား? နှုတ်ဆက်သွားကြမှာလားဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသားရောမင်းသမီးရော ချစ်စရာလေးတွေဖြစ်တဲ့အပြင် လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးမို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1GB| 604MB | 201MB Format… mp4 Duration….1h  22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Documentary • History
6.3 2022 83 mins
Hello, Goodbye, and Everything in Between
Tabloid Truth
6.1

ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါ အခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ... လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ် အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း... တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး... အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ... ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:02:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Action • Fantasy • Mystery
6.1 2014 121 mins
Tabloid Truth
The Mothman Prophecies
6.4

ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။ ၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။ မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။

Action • Science Fiction
6.4 2002
The Mothman Prophecies
[18+] Sanctuary
6.5

Sanctuary (2022) ~ IMDb – 6.5/10, Rotten Tomatoes – 90% ~ ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။ အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။ အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ သူဌေးသားလေးရဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရေဗက္ကာဆိုတဲ့ ဒိတ်ဂဲလ်လေးတစ်ယောက်က ခွာချပစ်ဖို့ကြိုးစားခဲ့ပုံကို‌ပြထားတာပါ။ ဟယ်လ်မှာက လိင်စိတ်တစ်မျိုးရှိတယ်။ ဆူနေဆဲနေဟောက်နေတာမျိုးမှ စိတ်ထတာမျိုးပေါ့။ ရေဗက္ကာကလည်း အဲဒီအပိုင်းမှာ ဒေါက်တာဘွဲ့ပါပေးရလောက်အောင်ကိုကျွမ်းတယ်။ အစပိုင်းမှာ ဟယ်လ်အနေနဲ့ ဇာတ်ညွှန်းပေးပြီး သူ့ဇာတ်ကြောင်းအတိုင်း ရေဗက္ကာကိုပြောစေ လုပ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကိုသွေဖည်ရမယ်ဆိုပြီးပါ ထည့်ထားတယ်။ အဲဒီတော့ တချို့ဇာတ်ကွက်တွေက သရုပ်ဆောင်နေသလား အတည်ပြောနေကြလား မသဲမကွဲဖြစ်သွားတာမျိုးတွေပါနေပါတယ်။ ဇာတ်ညွှန်းကနေ လက်တွေ့ဘဝကို ယိမ်းသွားသလိုပေါ့။ ဟယ်လ်က လူကြောက်တတ်တယ်၊ သူ့ကိုယ်သူမုန်းတယ်၊ သူ့အဖေလိုဖြစ်ချင်စိတ်ကလည်း ရှိနေသေးတယ်။ အဲဒါတွေကို သူ့ရဲ့ Sexual Fantasy ကနေတဆင့် ရေဗက္ကာက ဘယ်လိုပြုပြင်ပေးသွားမလဲဆိုတာကို ဟိုတယ်ခန်းလေးတစ်ခုတည်းကနေ ရိုက်ပြသွားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကသဘောကျမိတာက ဇာတ်ညွှန်းရယ် ဒိုင်ယာလော့ခ်တွေရယ် Margaret Qualley ရဲ့ သရုပ်ဆောင်ချက်တွေရယ်ပါ။ ရေဗက္ကာနေရာမှာ သရုပ်ဆောင်တဲ့ Margaret Qualley က သူ့ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်ထားနိုင်ပါတယ်။ Once Upon A Time in Hollywood ထဲမှာ ဘာမှအဖက်မလုပ်တတ်တဲ့ သွေးအေးအေးဇာတ်ကောင်မျိုးကို သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ရုပ်နဲ့လည်းလိုက်ဖက်မယ်လို့ ဒါရိုက်တာ Zachery Wigon က ကြိုသိခဲ့ပုံပါပဲ။ Sex Scenes အနည်းငယ်ပါဝင်ပြီး ရှင်းရှင်းဘွင်းဘွင်းမဟုတ်ပေမဲ့ အသက်မပြည့်သူများကြည့်ရှုဖို့မသင့်တော်ပါဘူး။ Dark Joke တွေကိုလည်း ပေါတောတောမဟုတ်တဲ့ပုံမျိုးနဲ့ သုံးထားပါတယ်။ Psychological Thriller ကြိုက်နှစ်သက်တဲ့ပရိသတ်ဖြစ်စေ မဖြစ်စေ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 830MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 36Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.5 2022
[18+] Sanctuary
Chaw
6.7

Chaw(2009) ************* Train To Busanထဲက မင်းသမီး‌ ဂျောင်ယူမီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်…. ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာ ရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့ လက်‌ဖြောင့် မုဆိုးကြီး‌တွေပဲဖြစ်ကြပါတယ်။ စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာ‌ပါတော့တယ်။ ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက် လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်း အပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။ File size… 3.4GB& 1.5GB Quality… WEB-DL1080p,720p Format…mp4 Duration….2hr 03min Genre ….. Action, Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet

6.7 2009
Chaw
Robots
6.4

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.4 2005
Robots
Blood
6

အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲ တစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ… Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Paul Bettanyပဲဖြစ်ပါတယ်…။ သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက် ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်…။ အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု….။ စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ… တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ…။ သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ…။ ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့ ထင်မထားမိတာတွေဘာတွေကြုံရမလဲ…။ ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ…။ File size…1.3 GB / 585 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama
6 2012 93 mins
Blood
Ben & Lacy
5.1

Ben & Lacy (2023) ============== ရိုးရှင်းလှပတဲ့ လူငယ်‌တွေရဲ့အချစ်နဲ့ဘ၀အကြောင်းကို ရိုးရိုးလေးနဲ့‌ ဆန်းအောင် ရိုက်ကူးထားတဲ့ Rom-com ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် မထူးခြားပေမဲ့ တင်ဆက်သွားပုံလေးက ဆန်းနေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ဘန်ဆို‌တဲ့ ကောင်လေးဟာ အထက်တန်းအောင်ထားပြီး ကော်ဖီဆိုင် မှာ အလုပ်၀င်လုပ်ရင်း ဘ၀ကိုကြောင်းနေသူပေါ့။ အပေါင်းအသင်း မရှိတဲ့ သူ့အတွက် လက်ဆောင်ရတဲ့ကင်မရာတစ်လုံးက အဖော်ပါပဲ။ သူလုပ်သမျှကို အကြောင်းရင်းမရှိဘဲ ဗီဒီယိုတွေ ရိုက်ကူးရတာ စွဲလမ်း နေသူပါ။ တစ်နေ့တော့ အထက်တန်းမှာကျောင်းနေဖက် ဖြစ်ခဲ့တဲ့ လေစီဆိုတဲ့ မိန်းမချောလေးနဲ့ ပြန်‌ဆုံပါတယ်။ လေစီကတော့ ပိုက်‌ဆံချမ်းသာတဲ့ အဖေရှိပြီး တက္ကသိုလ်တက်နိုင်ပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကို ရှာဖွေနေ သူပါ။ အဲဒီလိုနဲ့ ဘန်နဲ့လေစီဟာ လူငယ်တို့သဘာ၀အတိုင်း ရင်းနှီးရာက ရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့။ အခြေခံမတူတဲ့ သူတို့နှစ် ဦးရဲ့သမီးရည်းစားအရေးဟာ ဘယ်လိုဖြစ်လာမလဲ၊ ကိုယ်စီရည်မှန်းချက် တွေကို ဘယ်လိုရှာကြမလဲဆိုတာကို သူတို့ရဲ့ ကင်မရာရိုက်ကွက်တွေ ကနေတဆင့် တွေ့မြင်ကြရမှာပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ… ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကင်မရာရိုက် ကွက်တွေကတဆင့် သူတို့ရဲ့ချစ်ခြင်း၊ လူငယ်တို့ရဲ့ဘ၀တွေကို ဖြည်းဖြည်း ချင်း နစ်၀င်စီးမျောရင်း ကြည့်ရမှာမျိုးဖြစ်ပါတယ်။ လူငယ်တွေရဲ့စကား ပြောဟန်အတိုင်း ခပ်သောသောခပ်မြူးမြူး အရွှန်းဖောက်တာတွေလည်း ပါတာမို့ ပိုကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.3 GB) / (766 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 54Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

5.1 2023
Ben & Lacy
Five Feet Detective

ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့ နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့ အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။ စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲ ပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင် မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။ မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲ အရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။ မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။ အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။ ၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကို ဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။

0 2024
Five Feet Detective
Vasil

စပိန်ကို ရောက်လာတဲ့ ဘူလ်ဂေးရီးယန်း တစ်ယောက် သူစပိန်ကို တကယ် ရောက်လာတဲ့အခါမှာ မျှော်မှန်းထားသလို မဖြစ်ဘဲ နေထိုင်သူတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အခက်ခဲ ဒုက္ခတွေက ဘယ်လိုလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာအာင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကာင်းတစ်ခုပါပဲ။ ကျောတစ်ခင်းစာနေရာလေးတစ်ခုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေ၊ နိုင်ငံသား တစ်ယာက်အတွက် တရားဝင်အလုပ်တစ်ခုရဖို့ ဘယ်လောက်ထိခက်ခဲတယ်ဆို‌‌တာတွေကိုပါ ပုံဖော်ပြသပေးထားတာမလို့ ဒီကာလမှာ ကြည်ကိုကြည့်သင့်တဲ့ ဇာတ်ကား ကောင်း တစ်ခုလို့ ပြောချင်ပါတယ်။ ဒါတွေအပြင် ဇာတ်ကားထဲမှာ Vasil ဟာ ဘယ်လိုပဲ အခက်အခဲဒုက္ခ တွေကြုံနေရပါစေ စိုးရိမ်ပူပန်မှုတွေ မဖြစ်ပဲ စိတ်အေးအးထားပြီး အားလုံးရင်ဆိုင်ဖြတ်ကျာ်ကာ ပျော်ပျော်နေတတ်သူ တစ်ယောက်အဖြစ် တွေ့ရဦးမှာပါ။ အဲ့ဒါကြောင့် ဒီလိုကာလမျိူးမှာ ကျွန်တာ် တွေဟာ လည်း ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ Vasil တစ်ယောက်လိုမျိူး ကျော်ဖြတ်နိုင်တဲ့ ခွန်အားမျိူးတွရရှိဖို့အတွက် ဒီကားလေးက လုံးဝ အထောက်အကူဖြစ်မှာ အ‌သေအချာပါပဲ။ File size…(1.3 GB)/(653 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

0 2022
Vasil
Knox Goes Away

Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2024
Knox Goes Away
Gharat Ganpati
7.9

Gharat Ganpati 2024 ဂါရတ်စံအိမ်ရဲ့ချွေးမလောင်း ဂါရတ်မိသားစုက အရှင်ဂါနေ့ရှ်ပူဇော်ပွဲကို ကျင်းပလာခဲ့တာ အခုဆို 124 နှစ်တိုင်ခဲ့ပြီပေါ့။ ရိုးရာကိုအလေးထားတဲ့ ရှေးရိုးစွဲမိသားစုပီပီ အခုခေတ်ရဲ့အယူအဆတွေကိုလည်း သိပ်လက်မခံကြပါဘူး။ ဒီလိုနဲ့ တစ်ပတ်လုံးကျင်းပရတဲ့ ဂါနေ့ရှ်ပွဲတော်နေ့ ရောက်လာချိန်မှာတော့ ဂါရတ်မိသားစုကြီးရဲ့ သားဖြစ်သူ ကီတန်တစ်ယောက် ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီးတော့ အိမ်ကိုရောက်ချလာပြီး စပရိုက်စ်တိုက်ပါတော့တယ်။ အမှန်တော့ ဒီကောင်မလေး ကရီတီက ကီတန်နဲ့ အတူနေချစ်သူဖြစ်ပြီး တွဲနေတာ နှစ်နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ရှေးဆန်လွန်းတဲ့ မိသားစုကဆင်းသက်လာတဲ့သူပီပီ ကရီတီနဲ့သူ့ရဲ့ ပတ်သက်မှုကို လက်မခံနိုင်မှာစိုးတဲ့ကီတန်တစ်ယောက် ကရီတီကို သူငယ်ချင်းအနေနဲ့ပဲ မိတ်ဆက်ပေးပြီး မိသားစုထဲက လူကြီးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ကြံပါတော့တယ်။ ဒါပေမဲ့ မိသားစုဝင်တွေကလည်း ကရီတီနဲ့ကီတန်ရဲ့ ဆက်ဆံရေးကို သေချာမသိပေမဲ့ သံသယဝင်နေကြတဲ့အခါမှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Thriller
7.9 2024 136 mins
Gharat Ganpati
A Holy Conspiracy
7.6

A Holy Conspiracy (2022) “ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်” IMDb-7.6/10 အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင် သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကို လက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။ လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက် နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊ အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့ အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး…။ ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးက အမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ…..။ ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာ တရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင် ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ နိုင်ငံရေးလှည့်ကွက်တွေကိုပါ ငြင်းခုံယှဉ်ပြိုင်ကြတာကို ရှုစားရမှာဖြစ်ပါတယ်။ (***များစွာ‌သော ဘာသာရေးအကြောင်းအရာများပါဝင်တာမို့ ဘာသာရေးဆိုင်ရာ အသုံးအနှန်းတစ်ခုခု မှားယွင်းခဲ့တာရှိရင် ခွင့်လွှတ်နားလည်ပေးပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်***) အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.6 2022 122 mins
A Holy Conspiracy